Tuesday, December 19, 2017

စဉ်​ကူမင်း

မန်ချူးတရုတ်များ ဆုတ်ခွာသွားပြီးနောက် ဆင်ဖြူ ရှင်သည် ဇရပ်ဆောက်ခြင်း၊ဘုရားတည်ခြင်း၊ ဘုန်းတော်ကြီး ပြဿ      ဒ် များကိုဆောက်လုပ်လှူ ဒါန်းခြင်းများ ပြု လုပ်ကာ အေးချမ်းစွာ နေထိုင်လေ၏။ မန်ချူးကျူးကျော်စစ် အပြီးတွင် အင်းဝအင်ပါယာ၏ သတင်း၊ အထူးသဖြင့် ဆင်ဖြူ ရှင်၏ သတင်းသည် အနယ်နယ်အရပ်ရပ်သို့ ကျော်ကြားလေ၏။ AD 1771 , 6 လ , 7 ရက်နေ့ မနက်လင်းအားကြီးချိန်တွင် မကွေးမြို့ အနီးတောစပ်နား တွင် ဆင်ဖြူ တော် တွေ့ကြောင်း မြို့ သူ၊မြို့ သားများမှ မကွေးစားကို လျှောက်တင်ကြလေ၏။

မကွေးစားလည်း နေပြည်တော်ကို သတင်းပို့လေ၏။ အင်းဝနေပြည်တော်မှ ဆင်ဖြူ တော်အစစ် ဟုတ်မဟုတ် စစ်ဆေးရန် အမတ် နှင့် ပညာရှိ တချို့  မကွေးသို့ ဆင်းလာကြလေ၏။ ထိုနောက် တောနင်းရှာဖွေရာ တော တနေရာတွင် တွေ့သဖြင့် ကြင်အင်ကို လေ့လာကြပြီး ဆင်ဖြူ တော် ဖြစ်ကြောင်း နေပြည်တော်သို့ သတင်း ပို့ လေ၏။ ထိုနောက် မောင်ရွ (ခေါ်) ဆင်ဖြူ ရှင် သည် ရတနာဆင်ဖြူ တော်ကို ရှေးနည်းများအတိုင်း ဖမ်းစေပြီး ဆင်ဖြူ တော် ကို စောင့်ရှောက်ရန် အမတ်တဦးကို ခန့်ကာ သွားရောက် သယ်ဆောင်စေလေ၏။ ထိုနောက် ဆင်ဖြူ တော် ဘွဲ့ ခံယူလေသည်။ (မှတ်ချက်။  ။ ဆင်ဖြူ တော် ပေါ်လျှင် ထိုဆင်သည် မင်းသား ရာထူး ရပြီး၊ ရွှေပြဿ      ဒ် (ညတွင်းချင်း ဆောက်ရ) ၊ ထီးဖြူ ၊ ယပ်ခပ် သူ အပျို တော်၊ စောင့်ရှောက်သူ ကျွန် ၄ ဦး၊ ဆင်ဖြူ တော်ဆီ လာလှူ ဒါန်းသော ငွေများ၊ရွှေများ နှင့်တကွ ကိစ္စအ၀၀ ကို စီမံရန် အမတ်တဦး ဖြင့် ဘုရင် ကိုယ်တိုင် ခန့် ထားတတ်၏။ )

အင်းဝ နှင့် မန်ချူးတရုတ် စစ်ဖြစ်နေစဉ် အမြတ်ထွက်သူ တဦးရှိ၏။ ထိုသူမှာ ယိုးဒယား တုံပူရီမင်းဆက်ကို     ထူထောင်သူ King Taksin (AD 1767 - 1782) ဖြစ်၏။ အင်းဝစစ်တပ်မှ အယုဒ္ဒယကို သိမ်းပိုက်ပြီးနောက် ယိုးဒယားနယ်ကို ကွပ်ကဲရန် နရသီဟပတေ့မှ အစစအရာရာ စီစဉ်ခဲ့၏။ သို့သော် ယိုးဒယားပြည်သူများ    မထောက်ခံသဖြင့် ရေရှည်စွာ ကွပ်ကဲနိုင်ခြင်းမရှိပေ။ Taksin ၏ အဖေမှာ တရုတ်လူမျိုးဖြစ်ပြီး၊ အမေမှာ ယိုးဒယားသူ ဖြစ်သည်။ ငယ်စဉ်ကတည်းက ချမ်းသာပြီး အမတ်မျိုးရိုးဖြစ်သည်။

အယုဒ္ဒယ မြို့ ပျက်ချိန် တွင် မြို့ တော်မှ ထွက်ခွာပြီး နယ်စွန်နယ်ဖျားတွင် စည်းရုံးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့၏။ ယိုးဒယားမင်းဆက် ပြတ်သွားသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရင်လုပ်လိုသူများစွာ ထွက်ပေါ်ခဲ့သည်။ သို့သော် Taksin ကို မှူးမတ်ဟောင်းများမှ လာရောက် ၀ိုင်းရံသဖြင့် တန်းခိုးအာဏာ ကြီးထွားလာခဲ့သည်။ အင်းဝကို မန်ချူးတရုတ်များ ကျူးကျော်နေသဖြင့် ဆင်ဖြူ ရှင်မှ ထိုသတင်းကို ကြားသိသော်လည်း မန်ချူးကိုသာ ခုခံရန် ပြင်နေရသဖြင့် ယိုးဒယားကို အင်းဝစစ်တပ် မစေလွှတ်ခဲ့ပေ။

ထိုကြောင့် Taksin သည် အနှောက်အယှက်ကင်းစွာဖြင့် တုံပူရီမင်းဆက် (Thonburi Kingdom 1767- 1782) ကို ယခု ဘန်ကောက်နေရာ တုံပူရီဒေသ တွင် ထူထောင်နိုင်ခဲ့လေသည်။AD 1767 ဒီဇင်ဘာလ ၂၈ တွင် နန်းတက်ပွဲ ကျင်းပလေ၏။ နန်းတက်ချိန်တွင် အသက် ၃၄ နှစ်သာရှိသေး၏။ နန်းတက်ပြီးသည့်နောက် ယိုးဒယားအနယ်နယ်အရပ်ရပ်ရှိ မြို့ များနယ်များကို မိမိလက်အောက်သို့ ၀င်ရန် အမိန့်စာများ ပို့၏။ မနာခံသူ မှန်သမျှ ကို စစ်ချီခြင်းဖြင့် အနိုင်ယူသဖြင့် ယိုးဒယားနယ်ပယ်များစွာ Takin လက်အောက်သို့ ကျရောက်ရလေသည်။

ဆင်ဖြူ ရှင်သည် မန်ချူးရန်ကို အောင်မြင်စွာ တွန်းလှန်နိုင်ပြီးနောက် ယိုးဒယားတွင် မင်းဆက်အသစ် တည်နေသော Taksin ကို အပြတ်ရှင်းရန် ၀န်ကြီး မဟာသီဟသူရကို ဦးဆောင်စေကာ ဘန်ကောက်သို့ ချီတက်စေလေသည်။ ထိုသို့ ယိုးဒယားကို စစ်ချီရန်ပြင်နေစဉ် ဆင်ဖြူ ရှင်သည် စတင်ဖျားနာလေသည်။ မဟာသီဟသူရ သည် စစ်သည် ၄ သောင်းကို ဦးဆောင်ပြီး ချီတက်ခြင်းဖြစ်သည်။ ထိုသို့ ချီတက်နေစဉ် ၀န်ကြီး မဟာသီဟသူရ အဖို့ အခက်အခဲများစွာ ရှိနေလေသည်။

နန်းတော်တွင် ဆင်ဖြူ ရှင် နေမကောင်းခြင်းကြောင့် ၀န်ကြီးများ၊ အမတ်များသည် နောက်တက်မည့် ဘုရင်ဖြစ်လာမည့် မင်းသားများထံ အပြေးအလွှား ကပ်ကြ၏။ မင်းသားများထဲတွင် ယခင် အလောင်းမင်းတရား၏ သားတော်များဖြစ်သည့် ဗဒုံမင်းသား(ဘိုးတော်ဘုရား) လည်း အပါအ၀င်ဖြစ်သည်။

ဆင်ဖြှူရှင်သည် နေမကောင်းဖြစ်နေသဖြင့် တခါတရံ ယောင်ယောင်မှားမှား စကားများပြောသဖြင့် သစ္စာမရှိသော မှူးမတ်များ၊ ဗိုလ်မှူးများသည် ဆင်ဖြူ ရှင်၏ အမိန့်ကိုပင် နားမထောင်ကြတော့ပေ။ ထိုသို့ နန်းတွင်းအရေး ရူပ်ထွေးစပြုနေစဉ် ဆင်ဖြူ ရှင်မှ ၀န်ကြီး မဟာသီဟသူရကို စစ်ချီတက်ခိုင်းလေသည်။ မဟာသီဟသူရ သည် ဘုရင်အတွက် စိတ်ပူပန်နေရုံသာမက မိမိ၏ သမီးအတွက်လည်း စိတ်ပူနေရလေ၏။

မိမိ၏ သမီးသည် အိမ်ရှေ့စံမင်းသားဖြစ်သည့် ဆင်ဖြူ ရှင်သား စဥ့်ကူးမင်းသားနှင့် လက်ဆက်ထားသောကြောင့်ဖြစ်သည်။ ဆင်ဖြူ ရှင် ညီတော် အမြင့်မင်းသားသည် ဆင်ဖြူ ရှင်ပြီးလျှင် နန်းတက်ရမည့်သူ ဖြစ်သည်။ သို့သော် ဆင်ဖြူ ရှင်မှ အလောင်းဘုရားစကားကို ပယ်ပြီး မိမိသားကို အိမ်ရှေ့စံပေးထားခြင်းဖြစ်၏။ အင်းဝနန်းတော်ကို လည်း နောင်တော်ကြီး ကို လုပ်ကြံသတ်ဖြတ်ပြီးမှ ယူထားခြင်းဖြစ်သည်။ယိုးဒယားကို တိုက်နေစဉ် ဆင်ဖြူ တော် နတ်ရွာစံလျှင် နန်းတော်အတွင်း နန်းလုပွဲ ဖြစ်ပေါ်လာနိုင်ပြီး မိမိမရှိလျှင် စဥ့်ကူးမင်သား ကျရူံးနိုင်ကြောင်း ရိပ်မိထား၏။

သို့သော် ဘုရင်ကို ထိုသို့ လျှောက်တင်လို့မရပေ။ ဘုရင်ကို မြန်မြန်သေခိုင်း သလိုဖြစ်ပြီး သေဒဏ်ပေးခံရနိုင်သည်။ ထို့ကြောင့် မဟာသီဟသူရသည် အနေအေးသော စဥ့်ကူးမင်းသားအတွက် စစ်သားများ ပေးထားလေ၏။ အင်အား ၁ ထောင်နီးပါး ရှိသော ဘုရင်သစ္စာခံ တပ်ဖွဲ့ကို လျှို့ ဝှက်ဖွဲ့ပေးခဲ့ပြီးအရေးအကြောင်းပေါ်လျှင် ခုခံ ရန် စဉ့်ကူးမင်းသားကို အတန်တန် နားချ ရလေ၏။

စဉ့်ကူးမင်းသား၏ နန်းတော်အတွင်းနေစဉ်တွင် စစ်မက်မလိုလားဟန်ကို မပြပေ၊ ကဗျာများ ဖွဲ့ခြင်း၊ သီချင်းဆိုခြင်း၊ အကက ခြင်း များ အစရှိသည့် အနုပညာ အလုပ်ကိုသာ စိတ်ဝင်တစားပြုလုပ်၏။ ထိုကြောင့် မင်းသား အသိုင်းအ၀ိုင်းတွင် ယောင်္ကျားမပီသ သူအဖြစ် နောက်ကွယ်မှ ပြောခံနေရသူဖြစ်သည်။ မဟာသီဟသူရမှ ထိုမျှဖြင့် စိတ်မချနိုင်သောကြောင့် မိမိ၏ လက်ရုံး တိမ်ကြားမင်းခေါင်ကို ဘုရင့်သက်တော်စောင့်အထိ ရာထူးတိုးပေးခဲ့ပြီး၊ နန်းတော်အားလုံးရှိ ရဲမက်များကို အုပ်ချူ ပ်စေပြီး စဥ့်ကူးမင်းသားကို အသက်နဲ့လဲ စောင့်ရှောက်ရန် ပြောဆိုထားခဲ့၏။

ဆင်ဖြူ ရှင်သည် ဖျားနာချိန်တွင် နန်းတော်တွင် မနေလိုသဖြင့် အင်းဝပိုင်နက် ထက်အောက် ရေယဉ်နန်းတော်ဖြင့် ဘုရားဖူးထွက်၏။ ၀န်ကြီး မဟာသီဟသူရ သည် Taskin မှ သိမ်းပိုက်ထားသော ချင်းမိုင်ကို ခက်ခက်ခဲခဲ ပြန်လည် တိုက်ခိုက်သိမ်းယူရသည်။ အမိန့်မနာခံသော ဗိုလ်များစွာကိုလည်း သေဒဏ်ပေးရသည်။ ထိုကြောင့် ထိုဗိုလ်ကို သစ္စာရှိသော တပ်သားများစွာ ထွက်ပြေးကြ၏။ ထိုသို့သော အခက်အခဲများထဲမှ ချင်းမိုင်ကို ရအောင် သိမ်းပိုက်နိုင်ခဲ့လေ၏။

ချင်းမိုင်ကို အောင်မြင်ပြီးလျှင် အောက်ဘက်သို့ ဆက်လိုက် ချီတက်ပြီး တိုက်လေသည်။ သို့သော် Taskin ဘက်မှ အပြင်းအထန် ခုခံသဖြင့် ယိုးဒယားခံတပ်များကို မထိုးဖောက်နိုင်ခဲ့ပေ။ ထိုသို့ အပြင်းအထန်ခုခံသော တိုက်ပွဲ တွင် Taskin ၏ လက်ရုံးဖြစ်သည့် ဗိုလ်မှူး Chakri ( မွန် သွေး ပါသူဖြစ်ပြီး ယခု ထိုင်းကို အုပ်ချူ ပ်နေသော ချက္ကရီ မင်းဆက် ကို ထူထောင်သူ) ၏ ခုခံမူကို မဟာသီဟသူရမှ သဘောကျလေ၏။

အသက် ၇၀ ကျော် ရှိနေပြီ ဖြစ်သော ၀န်ကြီး မဟာသီဟသူရ သည် ထိုတိုက်ပွဲ ဦးဆောင်သူ ဗိုလ်မှူး Chari ကို စစ်ကိုရပ်ကာတွေ့ဆုံရန် အချိန်းအချက် ပြု ပြီး လက်ဆောင်များ ပေးအပ်ကာ စကားများဆိုကြလေသည်။ စကားများထဲမှ ထူးခြားသော စကားတခွန်းကို ပြောခဲ့လေ၏။ ထိုစကားမှာ" ဗိုလ်မှူးလို့သာ ပြောသာပါ၊ ဥပတိရုပ်မှာ မင်းဖြစ်ထိုက်၏ " ဟူသော စကားဖြစ်လေသည်။

ထိုသို့ တွေ့ဆုံရခြင်းမှာ အင်းဝနန်းတော်တွင် မင်းပြောင်းမင်းလွဲ ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ဆင်ဖြူ ရှင်သည် ကုသမရသောရောဂါဖြင့် AD 1776 ၊ 6 လပိုင်း၊ ၁၀ ရက်နေ့ နေပြည်တော်အပြန် ရေယဉ်နန်းတော် ပေါ်တွင် နတ်ရွာစံလေသည်။ နတ်ရွာစံသော် စဥ့်ကူးမင်းသားသည် အင်းဝနန်းတော်ကို သိမ်းပိုက်လေ၏။ မဟာသီဟသူရ၏ ကောင်းမွန်စွာ စီစဉ်ထားမူကြောင့် သွေးမစွန်းဘဲ စဉ့်ကူးမင်းသား နန်းသိမ်းနိုင်ခဲံသည်။ ထိုနောက် စဉ့်ကူးမင်းမှ ၀န်ကြီး မဟာသီဟသူရကို နေပြည်တော်သို့ အမြန်ပြန်လာရန် အမိန့်တော်ထုတ်ပြန်လေသည်။

ဝန်ကြီး မဟာသီဟသူရလည်း ဗိုလ်မှူး Chari နှင့် တွေ့ဆုံပြီးနောက် ယိုးဒယားမှ ဆုတ်ခွာလာခဲ့လေသည်။ အင်းဝ နန်းတော်ရောက်လျှင် ၀န်ကြီးချူ ပ်ရာထူးကို အပ်နှင်းခံရလေ၏။ AD 1776၊ 12 လပိုင်း၊ 23 ရက်နေ့တွင် စဥ့်ကူးမင်းသည် အင်းဝတွင် ရာဇဘိသိတ်ခံကာ ဘုရင်အဖြစ် နန်းတက်လေသည်။

စဥ့်ကူးမင်းသည် ၀န်ကြီးချူ ပ် မဟာသီဟသူရ ၏ ကူညီမူဖြင့် ဘုရင်ဖြစ်လာသူဖြစ်၏။ ဘုရင် မဖြစ်ခင်က ကဗျာရေးဖွဲ့ခြင်း၊ သီချင်းဆိုခြင်း၊ အစရှိသည့် အနုပညာတွင်သာ မွေ့လျော်နေသူဖြစ်သဖြင့် စဥ့်ကူးမင်းကို အများမှ အထင်အမြင်သေးကြလေသည်။ သို့သော် ထိုအထင်အမြင်သည် စဥ့်ကူးမင်းနန်းတက်သော် ထက်တက်စင် လွဲလေတော့၏။

AD 1777၊ 5 လပိုင်း၊ 22 ရက်နေ့ တွင် လွှတ်တော်တွင် ထူးခြားသော အမိန့်တခု ဖတ်ကြား စေခဲ့သည်။ စဥ့်ကူးမင်းမှာမူ လွှတ်တော်အစည်းအဝေးမတက်ပေ။ အမိန့်တော်ကား ၀န်ကြီးချူ ပ် မဟာသီဟသူရကို စစ်ကိုင်းသို့ နယ်နှင်ဒဏ်ပို့သော စာဖြစ်၏။ ထိုအပြင် မဟာသီဟသူရ၏ သမီးတော် မြောက်နန်း မိဖုရားကိုလည်း သေဒဏ်ပေးလေ၏။ ပေးရသော အကြောင်းအရင်းအမှန်ကို မည်သူမျှ မသိရှိရပေ။

မဟာသီဟသူရ မှာလည်း ရုတ်တရက် အမိန့်ပေးခံရသဖြင့် ဘုရင်ကို တွေ့ခွင့်တောင်းသော်လည်း မရဘဲ ချက်ခြင်း ထိုနေ့တွင် စစ်ကိုင်းသို့ သွားရလေ၏။ မိမိ၏ သမီးအတွက်လည်း အလွန်ဝမ်းနည်းကာ စဥ့်ကူးမင်း ကိုလည်း လွန်စွာမှ ဒေါသဖြစ်လေသည်။

စဥ့်ကူးမင်း သည် ထိုနှစ် ၉ လပိုင်းတွင် ဦးရီးတော် အမြင့်မင်းသား ကိုလည်း မသင့်သော အကြံကို ကြံသည်ဟု စွပ်စွဲကာ ဖမ်းဆီးပြီး သေဒဏ်ပေးပြန်လေသည်။ ထိုနောက် ကျန်ရှိနေသော ဦးရီးတော် ၃ ပါး ဖြစ်သည့် ဗဒုံမင်း(ဘိုးတော်ဘုရား) ၊ ပခန်းမင်းသား၊ ပင်းတလဲမင်းသား တို့ကို လည်း နယ်နှင်ဒဏ်ပေးကာ မြို့ အသီးသီးတွင် ဆင်းရဲစွာ နေထိုင်စေ၏။

AD 1780၊ 2 လပိုင်း၊ 4 ရက်နေ့တွင် အင်းဝနေပြည်တော်တွင် အခမ်းအနားကြီးစွာဖြင့် မန်လည်ဆရာတော် ကို သာသနာပိုင်အဖြစ် အပ်နှင်းလေသည်။ ထိုပွဲ ကျင်းပပြီးနောက် ၃ လ အကြာ နောင်တော်ကြီးမင်း ၏ သားတော် မင်းသားမောင်မောင်ကို ဖောင်းကားရွာသို့ ရွာစား အဖြစ်ပို့လေသည်။ မင်းသားမောင်မောင် လည်း မိမိကို ရွာစား အဆင့်သို့ ပို့သဖြင့် ငယ်ရွယ်သူပီပီ အမျက်ထွက်ပြီး အငြိုးထားလေ၏။

စဉ့်ကူးမင်း သည် ထိုသို့ မိမိထီးနန်းကို အန္တရာယ်ဖြစ်စေနိုင်မည့် သူတွေကို ဖယ်ရှားပြီးသော် နေ့စဉ် နန်းတော်တွင် အရက်သောက်ခြင်း၊ ကခုန်ခြင်း၊ ကြက်တိုက်ခြင်း များဖြင့် ပျော်ပါးလေ၏။ တုံပူရီဘုရင် Taskin မှ  အင်းဝပိုင် ချင်းမိုင်ကို ပြန်လည် တိုက်ခိုက်သော အခါ စဉ့်ကူးမင်းမှ စစ်တပ်လွှတ်ခြင်းမရှိခဲ့ပေ။ ထိုကြောင့် နှစ်ပေါင်း ၂၀၀ ကျော်ကြာ မြန်မာ လက်အောက်တွင် ရှိခဲ့သော ချင်းမိုင်သည် ယိုးဒယားအောက်သို့ လုံးဝ ကျရောက်သွားလေ၏။

လွှတ်တော် အစည်းအဝေးကိုလည်း မှန်မှန်မတက်သဖြင့် ၀န်ကြီးများ၊ မှူးမတ်များမှ မကြည်ညို ကြတော့ပေ။ သို့သော် စဥ့်ကူးမင်း သည် မိမိလုပ်ချင်သည်ကိုသာ လုပ်နေပြီး မည်သူကိုမှ ဂရုမစိုက်ပေ။ ပျော်ချင်တိုင်း ပျော်နေပြီး မိမိ ရှေ့ရှေးအတွက်ပင် စိတ်မပူခဲ့ပေ။ ထိုသို့ နန်းစံနေပြီး AD 1782၊ 2 လပိုင်း၊ 2 ရက်နေ့တွင် အင်းဝ နေပြည်တော်သည် ပျင်းဖို့ ကောင်းသည်ဟု ဆိုပြီး မယ်တော်အပါအ၀င် မိဖုရား မောင်းမအပေါင်းတို့နှင့် သက်တော်စောင့်ရဲမက်၂ ထောင် ကျော်ဖြင့် အညာသီဟတောသို့ ဘုရားဖူး ထွက်လေသည်။

ကုန်းဘောင်ခေတ် ရာဇဘိသိတ်မင်္ဂလာ ခံယူပွဲ
စဉ့်ကူးမင်း အညာသီဟတောသို့ ဘုရားဖူးထွက်နေစဉ် ဖောင်းကားစား မောင်မောင် သည် ညအချိန် တွင်   ဘုရင်ကဲ့သို့ မင်းခန်းမင်းနား ဖြင့် အင်းဝနေပြည်တော်သို့ ရောက်လာလေ၏။ တံခါးမှူးတို့လည်း မင်းခမ်းမင်းနား ဖြင့် အင်းဝဘုရင့်အလံများ ထောင်ထားသည်ကို တွေ့သဖြင့် မမေးမြန်းဘဲ တံခါးကို ဖွင့်ပေးလေသည်။   နန်းတော် တံခါးမှူးလည်း ဘုရင် ပြန်လာသည် ဟုသာ ထင်ပြီး တံခါးဖွင့်ပေးလေ၏။

ဖောင်းကားစား မောင်မောင် သည် ၀န်ကြီးချူ ပ်ဟောင်း မဟာသီဟသူရ ၏ အကူအညီဖြင့် အင်းဝနန်းတော် ကို သိမ်းပိုက်နိုင်လေ၏။ လွှတ်တော်ဝန်ရှင်တော်မင်း နှင့် မှူးမတ်များကို ဘုရင်အမိန့်တော်ဖြင့် နန်းတော်သို့ ၀င်ရောက် စေပြီး အားလုံးကို သစ္စာပေးလေသည်။ ၀န်ကြီး များ၊ မှူးမတ်များ လည်း ကြောက်ရွံသဖြင့် သစ္စာ ခံကြလေ၏။ မဟာသီဟသူရ ကို သက်တော်ရှည် မင်းအတိုင်အပင်ခံ ၀န်ကြီးချူ ပ်အဖြစ် ဖောင်းကားစား မောင်မောင် မှ ခန့်အပ်လေ၏။

ထိုနောက် အလောင်းဘုရား၏ သားတော်များဖြစ်သည့် ဗဒုံမင်းသားကြီး၊ပခန်းမင်းသားကြီး နှင့် ပင်းတလဲမင်းသားကြီး တို့ကို အင်းဝသို့ ပြန်လည် ခေါ်ဆောင်ပြီး အိမ်တော်ဟောင်းတွင် အကျယ်ချူ ပ် ထားလေ၏။      အင်းဝမြို့ ကို မိမိ၏ သစ္စာခံ ဗိုလ်မှူးများဖြင့် အုပ်ချူ ပ်စေပြီး စစ်ရေးကိစ္စတို့ကိုလည်း စီရင်လေသည်။ ဖောင်းကားစား မောင်မောင် နှင့် အတူပါလာသော ရွာသားများ၊ တောသားများသည် အင်းဝနေပြည်တော်၏ ကြီးကျယ်မူကို မြင်ရ သော အခါ လောဘတက်ပြီး ဘုရင်နာမည်ဖြင့် သဌေးအိမ်တွေထံ ၀င်ကာ ရမ်းကား လေ၏။ လိုချင်သမျှ တို့ကို လည်း လုယူလေ၏။

ကုန်းဘောင်ခေတ် လွှတ်တော်တွင် အိမ်ရှေ့မင်းသား သည် ဘုရင်ထက် ငယ်သော ပလ္လင် နှင့် ရွှေထီးမိုးကာ ခစားခွင့်ရ၏။
ထိုအခြင်းအရာ ကို မြင်သော ဗဒုံမင်းသား သည် စိတ်မချမ်းမမြေ့ ဖြစ်ရလေသည်။ ထိုအခါ ဗဒုံမင်းသား ထံ ခစားနေသော ဦးပေါ်ဦး မှ အလောင်းမင်းတရားကို သစ္စာရှိနေသေးသော အမတ်များ၊ ဗိုလ်မှူးများ နှင့် ဗဒုံမင်းသား ကို တွေ့ဆုံနိုင်အောင် လျှို့ ဝှက် စီစဉ်ပေးလေသည်။ ဖောင်းကားစား မောင်မောင် မှ အင်းဝနန်းကို သိမ်းပိုက် လိုက်သော အခါ ဇေတ၀န်ဆောင်တော်မြဲ မောင်လှ သည် နန်းတော်မှ ထွက်ပြေး ပြီး စဥ့်ကူးမင်း ရှိရာ သို့ အပြေးအလွှား သွားကာ နန်းတော် သိမ်းပိုက်ခံရကြောင်း လျှောက်တင်လေ၏။

စဉ့်ကူးမင်းလည်း အင်းဝကို ပြန်လည် သိမ်းရန် စီရင်ကာ ကျောက်မြောင်းမြို့ သို့ ၀င်လေသည်။ သို့သော် စစ်သည်ဗိုလ်ပါများ အလွန်နည်းသဖြင့် ရှမ်းပြည်စော်ဘွားများထံ အကူအညီတောင်းရန် အတွက် မြစ်ညာ သို့ ဆန်တက်လေ၏။ သို့သော် ခရီးလမ်း တလျှောက်တွင် နေပြည်တော်မှ ပါလာသော ဗိုလ်မှူး၊ တပ်မှူးများ ရဲမက်များ အသီးသီး ထွက်ပြေးကြရာ နောက်ဆုံးတွင် ဖောင်တော်ကို ဆွဲငင်မည့်သူ မရှိ ဖြစ်သွားလေသည်။

စဉ့်ကူးမင်းလည်း ကြံရာမရ ဖြစ်ပြီး ကျန်ရှိနေသော မိဖုရား နှင့် မောင်းမ၊ အခြွေအရံတော် အနည်းအငယ် တို့နှင့် ကံအတိုင်းသာ ဖြစ်ပါစေတော့ ဟုဆိုကာ အင်းဝသို့ စုန်ဆင်းလေ၏။ ဖောင်တော်ကို မောင်းမ နှင့် အခြွေအရံ များမှ ဆွဲငင် လှော် လာခဲ့ရလေ၏။

ဖောင်းကားစား မောင်မောင်  အင်းဝနန်းတော်ကို သိမ်းပိုက်ထားပြီး ၇ ရက်မြောက်နေ့တွင် ဗဒုံမင်းသား မှ အင်းဝနန်းတော်ကို ၀င်စီးလေသည်။ ဗဒုံမင်းသား ကိုယ်တိုင် ဦးဆောင်ပြီး မြင်သမျှ ခုခံသူ မှန်သမျှ သတ်ပစ် လေ၏။ အလောင်းမင်းတရား ကို သစ္စာခံသူ အများအပါး ပါဝင်သဖြင့် အရေးတော်ပုံ အောင်မြင် လေသည်။ ဖောင်းကားစား မောင်မောင် ကိုလည်း ဖမ်းမိသော နေရာတွင် ဗဒုံမင်းသား ကိုယ်တိုင် သတ်ပစ်လေ၏။

အင်းဝသို့ စုန်ဆင်းလာသော စဉ့်ကူးမင်း ကိုလည်း ဖမ်းဆီးလာစေပြီး ရှေ့တော် ရောက်သော် လက်စွဲတော် ဓါးဖြင့် ကွပ်မက်လေ၏။ မိဖုရား ၄ ပါး လည်း အတူတူ ကွပ်မက် ခြင်း ခံရလေသည်။ သို့ဖြင့် မဟာဆီ မဟာသွေးများ အခြင်းခြင်း အာဏာလုသော နန်းသိမ်းပွဲ သည် တခဏ ငြိမ်းသွားရလေ၏။ ဗဒုံမင်းသား လည်း အင်းဝ ထီးနန်းကို သိမ်းပိုက်လေသည်။

Credit to သမိုင်းပုံရိပ်

No comments:

Post a Comment