'' သာသနာ့မိခင်ကြီး(သို့မဟုတ်)၂၁-ရာစု
ဝိသာခါ''(ကုဋေရာချီစွန့်လွှတ်နေသူ)
✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤
(၁)
''မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာစီးဆင်းလျှက်
ရှိသော မဟာသမုဒ္ဒရာကား အလျှားအားဖြင့်
သော်လည်းလည်း အနံအားဖြင့်သော်လည်း
ကောင်း ရှည်လျှားလှပေ၏။အနက်အားဖြင့်
သော်လည်းကောင်း၊အစောက်အားဖြင့်သော်
လည်းကောင်း နက်ရှို င်းလှပေ၏။ထိုမဟာ
သမုဒ္ဒရာအတွင်းရှိ ရေထု၏ပမာဏသည်
လည်း ဤရွေ့ဤမျှ ရှိသည်ဟု ဂဏန်းသချာင်္
ချပြ၍မရနိုင်ပေ။''
'' ယုဇနာပေါင်း တာပြန်လောင်းသော်
ရှစ်သောင်းလေးထောင် အမြင့်ဆောင်သား
တောင်မြင်းမိုရ်ရှိ''စသည်ထိုထို ဆိုကြလေသ
ကဲ့သို့ မြင်းမိုရ်တောင်၏ အတိုင်းအတာသည်
လည်း ကြီးမားလှပါ၏။
''မဟာပထဝီ မြေအထုသည်လည်း အလျားအား
ဖြင့်သော်လည်းကောင်း၊အနံအားဖြင့်သော်
လည်းကောင်း ဤရွေ့ဤမျှရှိ၏ဟူ၍ တိုင်း
တာနှို င်းချိန်ဖို့ မလွယ်ကူလှပါပေ။''
''စကြာဝဠာသည်လည်း အလျားအားဖြင့်လည်း
ကောင်း၊အနံအားဖြင့်လည်းကောင်း ဤရွေ့
ဤမျှရှိ၏ဟူ၍ တိုင်းတာမရနိုင်ပေ။''
(၂)
ဤမြန်မာပြည်ဟုခေါ်သောထေရ်ဝါဒဗုဒ္ဓဘာသာနိုင်ငံတော်၌သူတော်ကောင်းတရားမှီဝဲ
လျက် သူတော်ကောင်းတရားကို အားထုတ်
နေကြကုန်သော ကလျာဏနွယ်ဝင်သူတော်
စင်ပုဂ္ဂို လ်များသည်လည်းကောင်း၊သာသန
ဟိတ၊သာသနသုခကိုဆောင်ရွတ်နေသော
သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့သည်
လည်းကောင်း ဤရွေ့ဤမျှရှိ၏ဟူ၍ ဂဏန်း
သချင်္ာချပြ၍ မရနိုင်အောင်ပင် များပြားလှပါ
သည်။
(၃)
ထိုပုဂ္ဂို လ်အပေါင်း သူတော်ကောင်းတို့တွင်
သာသနာတော်အတွက် စွမ်းစွမ်းတမံလုပ်
ဆောင်နေသော…
သာသနာတော်အဓွန့်ရှည်
ကြာဖို့ကိုသာ ရည်ရွယ်လျက် သာသနဟိတ
ကို အသက်နှင့်ထပ်တူချစ်မြတ်နိုးလျက်
သာသနာ့အကျိုးသယ်ပိုးနေသော…
သာသနာတော်၏ မိခင်သဖွယ်ဖြစ်သော…
၂၁ ရာစု ဝိသာခါဟူ၍ ကင်ပွန်းနာမတ် ကမ္ဗည်းတပ်၍ ခေါ်ဝေါ်သင့် ခေါ်ဝေါ်ထိုက်
သော…
သူတော်ကောင်းတရားလက်ကိုင်
ထားလျက် သူတော်ကောင်းအလုပ်များဖြင့်
နေ့ညမပျက် ပျော်မွေ့နေသော သူမှာ…
'' ရှို င်းဟုတ်ကုမ္ပဏီ၏ မိခင်
သာသနမိခင်…ဒေါက်တာ ဒေါ်ခင်ခင်ရီ''
ပင်ဖြစ်ပါတော့သည်။
(၄)
သူမသည် သူများနှင်မတူ ပရယတ္တိသာသနာ
အကျိုးကို ပိုမိုထောက်ပံ့လိုသူပင်ဖြစ်၏။
မြစကြာဆရာတော် စသောပရိယတ္တိအကျော်
အမော် စာချဆရာတော်များကို မှီဝဲဆည်းကပ်
နေသူပီပီ ''သာသနာ၏အသက်သည် ပရယတ္တိ''ဟူ၍ သဘောပေါက်နေသူတစ်ဦး
ဟုဆိုရပေမည်။သူမ၏ ပရိယတ္တိသာသနာ
တော်ကို ချီးမြှင့်ထောက်ပံ့နေမှုများမှာ ဗုဒ္ဓဘာ
သာနွယ်ဝင်သူတော်စင်တို့ အားကျသင့်ရုံမက
မြင်ရကြားရသည်မှာ ကြက်သီးထဖွယ်ပင်ဖြစ်
ပါသည်။
စာရေးသူတို့သိသလောက် ဖောက်သည်ပြန်
ချရသော်…
#နှစ်စဉ် တစ်နိုင်ငံလုံးရှိ စာချဆရာတော်တို့
အား သိန်း ၆ ထောင်ကျော် ၇ ထောင်နီးပါး
လှူ ဒါန်းနေသည်မှာ 2010 ခုနှစ်မှစ၍ ယခု
နှစ်တိုင်ပင်ဖြစ်သည်။(မြန်မာငွေဖြင့် ကုဋေ
၄၈၀/၅၀၀ နီးပါးရှိနေပြီ)
#တစ်နိုင်ငံလုံးရှိ ငယ် လတ် ကြီး နိကာယ်
ပါဠိစာမေးပွံအောင် သံဃာများကိုလည်း
လှူ ဒါန်းနေခြင်း(ငယ် လတ် ကြီးတန်းများ
ကားယခုနှစ်မှစတင်ဟုထင်။သိန်းပေါင်း
ရာချီဖြစ်မည်)
#ဓမ္မစကူးသင်တန်း များကိုဖွင့်လှစ်ထောက်
ပံ့ခြင်း(အနယ်နယ် အရပ်ရပ်၊သိန်း ရာချီ
မည်)
#တစ်နိုင်ငံလုံးရှိ စာချဘုန်းကြီးများအား နှစ်
စဉ် အလှည့်ကျ ဗုဒ္ဓဂယာသို့ပို့ပေးခြင်း။(သိန်း
ရာချီ ထောင်ချီမည်)
#ဘုန်းတော်ကြီးပညာသင်ကျောင်းများ အား
ထောက်ပံ့ပေးခြင်း၊
#နှစ်စဉ်စာသင်တိုက်ကြီးများ၌ ကျန်းမာရေး
ဗဟုသုတဟောပြောပွဲများပြု လုပ်ပေးခြင်း၊
#တစ်နိုင်ငံလုံး သာမဏေကျော်စာသင်တိုက်
၁၀၀ ခန့်တည်ထောင်ရန်ဆောင်ရွတ်နေခြင်း။
#စာမေးပွဲများကျင်းပပေး၍ ချီးမြှောက်နေခြင်း။
#ထေရ်ကြီးဝါကြီး ဆရာတော်များသို့ အခွင့်
သင့်လျှင်ဆည်းကပ်၍ ဆေးဝါးစသည်လှူ ဒါန်း
ခြင်း။
ဤသို့ စသည် စသည်ဖြင့် သာသနာအကျိုး
အတွက် သိန်းပေါင်းကုဋေချီကာ စွန့်လွှတ်
လှူ ဒါန်းနေသည်မှာ မြင်ရသူ ကြားရသူတို့
စိတ်နှလုံးကို ကြည်နူးဖွယ် နှစ်သက်ဖွယ်
ကောင်းလှပါသည်။
(၅)
မဟာသမုဒ္ဒရာရေတို့ကိုလည်းကောင်း၊မဟာ
ပထဝီမြေအထုကိုလည်းကောင်း၊မြင်းမိုရ်
တောင်၏ အတိုင်းအရှည်ကိုလည်းကောင်း၊
စကြာဝဠာ၏ အကျယ်အပြန့်ကိုသော်လည်း
ကောင်း ခေတ်မီစက်ကိရိယာများဖြင့် တိုင်း
တာသော်ကား ရကောင်းရနိုင်ပေလိမ့်မည်။
သို့သော်…
ဒေါက်တာဒေါ်ခင်ခင်ရီ၏ ကျေးဇူးဂုဏ်တို့မှာ
မည်မျှခေတ်မီသော စက်ကိရိယာများဖြင့်
တိုင်းတာပါသော်လည်း ဤရွေ့ဤမျှ ရှိ၏ဟူ
၍ ဂဏန်းသချင်္ာချပြ၍ ရနိုင်မည်မဟုတ်ပါချေ
ထို့ကြောင့်ပင်…
''သူမ(ဒေါက်တာဒေါ်ခင်ခင်ရီ)အား
သာသနာ့မိခင်(သို့မဟုတ်)၂၁ ရာစု ဝိသာခါ''
ဟူ၍ တင်စားခေါ်ဆိုလိုက်ရပါတော့သည်။
လွန်အံ့မထင်ချေ။အမှန်မှာ ထိုထက်ပိုသည်
ဟု စာရေးသူအရှင် မြင်မိပါတော့သတည်း။
အရှင်ဂန္ဓမာ(မစိုးရိမ်)=22.12.2017(pm:5:00)
မေတ္တာများစွာဖြင့်
ပြန်လည်မျှဝေဂုဏ်ပြု့ပါသည်"
ရှင်ကေသရ(မေတ္တာရေစင်)
No comments:
Post a Comment