Sunday, March 18, 2018

ဥရောပတိုက်

ဥရောပတိုက်
_____________________
ဥရောပတိုက်သည် ကမ္ဘာ့တိုက်ကြီး ၇ - တိုက်
ထဲတွင် ဩစတြေးလျတိုက်ပြီးလျှင်ဒုတိယ အငယ်ဆုံး
တိုက်ဖြစ်သည် ။

ဥရောပတိုက်တွင်ကျွန်းကြီးများစွာရှိကာ ဗြိတိသျှကျွန်း ၊
အိုင်ယာလန်ကျွန်း ၊ အိုက်စလန်ကျွန်း နှင့်
မြေထဲပင်လယ်ဒေသရှိ Sardinia, Corsica, Sicily,
Crete ကျွန်းများပါဝင်သည် ။

ဥရောပတိုက်တွင်ကျွန်းဆွယ်ဒေသများစွာရှိသည် ။

ဂရိ ၊ အီတလီနိင်ငံများသည်ကျွန်းဆွယ်နိင်ငံများဖြစ်သည် ။

စပိန် နှင့် ပေါ်တူဂီ နှစ်နိင်ငံတည်ရှိသည့်ကျွန်းဆွယ်ကို
Iberia ကျွန်းဆွယ်ဟုခေါ်သည် ။

မြောက်ဖက်ရှိဒိန်းမတ်နိင်ငံသည် Jutland
ကျွန်းဆွယ်ကို၎င်း ၊ ဆွီဒင် နှင့် နော်ဝေ နိင်ငံသည်
Scandinavian ကျွန်းဆွယ်ဒေသကို၎င်း ပိုင်ဆိုင်ကြသည် ။

ဥရောပတိုက်နှင့်အာရှတိုက်ကို Ural တောင်တန်းမှ
ပိုင်းခြားထားသည် ။

Ural တောင်တန်းသည် ရုရှနိင်ငံကိုဖြတ်ကျော်သွားပြီး
ရုရှား၏ အရှေ့ ဖက်အပိုင်းသည် အာရှ ၊ အနောက်ဖက်
အပိုင်းမှာ ဥရောပဒေသဖြစ်သည် ။

ဥရောပတိုက်၏ကျော်ကြားသည့် Alps တောင်တန်းသည်
ဆွေဇလန် ၊ ပြင်သစ် ၊ အီတလီ ၊ Austria နိင်ငံများကို
ဖြတ်ကျော်သွားပြီး ထိုတောင်တန်း၏ Matterhorn
တောင်ထိပ်သည်ကမ္ဘာ ကျော် တောင်ထိပ် တခု
ဖြစ်သည် ။

ဥရောပ အနောက်မြောက်ဒေသတွင် တောင်တန်းများ ၊
တောင်ကုန်းများ စွာတည်ရှိသည် ။

နော်ဝေကမ်းခြေဒေသတွင် ရေခဲတောင်များစွာရှိကာ ၊
glaciers များစွာလဲဖုံးလွှမ်းနေဆဲဖြစ်သည် ။

ဥရောပတိုက်သည် အမေရိကန်ပြည်ထောင်စု
အရွယ်အစားမျှသာရှိသော်လဲ လူဦးရေသန်း
၈၀၀ - ခန့်  နေထိုင်ကြသည် ။

ဥရောပတိုက်တွင်နိင်ငံပေါင်း ၄၀ - ကျော်ပါဝင်ပြီး
ဘာသာစကားပေါင်း ၆၀ - ကျော်ကိုပြောဆို
ကြသည် ။

ဥရောပတိုက်တွင်ကြီးကျယ်ခန်းနားသည့်မြို့ ကြီး
ဒါဇင်ပေါင်းများစွာရှိသည် ။

လန်ဒန်မြို့  ၊ ပဲရစ်မြို့ များသည်ရှေးခေတ်အချိန်မှ
စတင်တည်ရှိခဲ့သည့်မြို့ များဖြစ်သည် ။

ဂရိမှအေသင်မြို့  ၊ ဂျာမဏီမှ ဘာလင်မြို့ ၊
ဟန်ဂေရီမှ ဘူဒါဘတ်မြို့ ၊ စပိန်မှ မက်ဒရစ်မြို့ ၊
ရုရှားမှမော်စကိုမြို့  ၊ ချက်နိင်ငံမှ Prague မြို့  ၊
အီတလီမှ Rome မြို့  နှင့် သြစတြီးယားမှ ဗီယင်နာမြို့  များသည်
ဥရောပတိုက်မှထင်ရှားကျော်ကြားသည့်မြို့ များဖြစ်ကြသည် ။
.
.
.
ခန်းနားတဲ့ယဉ်ကျေးမှု

***************
ဥေ၇ာပတိုက်၏ယဉ်ကျေးမှုသည်မြေထဲပင်လယ်
ဒေသမှစတင်ခဲ့သည် ။

လွန်ခဲ့သည့် နှစ် ၂၅၀၀ - ကျော်အချိန်မှစ၍
ဂရိကျွန်းဆွယ်ဒေသများပေါ်တွင် ရှေးခေတ်ဂရိ
ယဉ်ကျေးမှုစတင်ခဲ့သည် ။

နောက်ပိုင်းတွင်သူတို့ ၏ သြဇာအာဏာများသည်
ရောမအင်ပါယာ အဖြစ်ပြောင်းလဲလာခဲ့သည် ။

ရောမအင်ပါယာသည် ယနေ့ အီတလီနိင်ငံရောမမြို့ တွင်
အခြေစိုက်ပြီး မြောက်ဖက်ဗြိတိသျှဒေသမှသည်
ယနေ့ အီရတ်နိင်ငံအထိကျယ်ပြန့် ခဲ့သည် ။

ဂရိ နှင့် ရောမခေတ်သည်ခေတ်သစ်ဥရောပအတွက်
အခြေခံအုပ်မြစ်ဖြစ်သည် ။

ဂရိများသည်သင်္ချာပညာ ၊ အတွေးအခေါ် နှင့်
ဒီမိုကရေစီကိုစတင်ခဲ့ကြသည် ။

ရောမန်များ၏ ဥပဒေ ၊ အုပ်ချုပ်ရေး နယ်ပါယ်တွင်
ထူးချွန်ကြပြီး ကြီးကျယ်ခန်းနားသည့် လမ်းတံတားများ ၊
တူးမြောင်းများ ၊ ရဲတိုက်ကြီးများ ၊ နန်းတော်ကြီးများကို
တည်ဆောက်ခဲ့ကြသည် ။

ရော်မန်များ၏ လက်ရာများကိုယနေ့ အချိန်အထိ
ဥရောပဒေသ အနှံ့ တွင်မြင်တွေ့ နိင်ဆဲဖြစ်သည် ။

(ခရစ်ယန်ဘာသာထွန်းကားလာခြင်း)

**************************

ခရစ်ယန်ဘာသာသည် အရှေ့ အလယ်ပိုင်းဒေသမှ
စတင်ခဲ့ပြီး ရောမခေတ်တွင်ဥရောပသို့ ပြန့် နှံ့ 
သွားခဲ့သည် ။

ရာစုနှစ်ပေါင်းများစွာကြာ ဥရောပ အနောက်ဖက်မှ
လူများသည် ရိုမန်ကက်သလစ် ဘာသာဝင် များ
ဖြစ်ကြသည် ။

အရှေ့ ဥရောပဒေသမှသူများသည် Orthodox ခရစ်ယန်ကို
ကိုးကွယ်ကြပြီး သူတို့ ၏အဓိက ဘုရားကျောင်းသည်
Constantinople ( ယနေ့ တူရကီနိင်ငံ အစ္စတန်ဘူမြို့ အနီး )
ဒေသတွင်ရှိခဲ့သည် ။

နောက်ပိုင်းတွင်ရိုမန်ကက်သလစ်ဘာသာမှ
ပရိုတက်စတစ် ဘာသာခွဲထွက်ပြီး ထိုဒေသရှိ
လူဦးရေတ၀က်ခန့် မှာ ပရိုတက်စတစ်ဘာသာဝင်များ
ဖြစ်လာခဲ့ကြသည် ။

ဥရောပဒေသတွင်တခြား ဂျူးဘာသာ ၊ အစ္စလမ် နှင့် ဗုဒွ
ဘာသာကိုးကွယ်သူများလဲ အနည်းငယ်ရှိကြသည် ။
.
(ဥရောပဒေသ ဖြတ်သန်းခဲ့သည့်သမိုင်း)

***************************

အေဒီ ၄၇၆ - ခန့် အချိန်တွင်ရောမအင်ပါယာပြိုလ်ကွဲ
လာပြီးနောက်ဥရောပဒေသ သည်အလယ်ခေတ်သို
့ရောက်ရှိလာခဲ့သည် ။

ရောမအင်ပါယာပြိုလ်ကွဲမှု နှင့်အတူ ဘုရင့်နိင်ငံငယ်
များစွာပေါ်လာခဲ့ပြီး ၊ ထိုနိင်ငံငယ်များသည်လဲ ရော်မန်
ဥပဒေအတိုင်းအုပ်ချုပ်ခဲ့ကြသည် ။

ဘုရင့်နိင်ငံငယ်များအကြား ကုန်သွယ်မှုအခွင့်အရေး
ပိုမိုရရှိအောင်ကြိုးစားရင်း စစ်ပွဲဆက်များစွာဖြစ်ပွားကာ
အနိင်ရဘုရင်များသည်သြဇာပါဝါကြီးမားလာခဲ့သည် ။

ကြီးမားသည့်စစ်တပ်များ ၊ ရေတပ်များထူထောင်
နိင်ပြီးနောက် အေဒီ ၁၄၀၀ - ခန့် အချိန်တွင်
ဥရောပဒေသ၌ စပိန် နှင့်ပေါ်တူဂီတို့ သည်
အင်အားအကြီးဆုံးဖြစ်လာခဲ့သည် ။

စပိန် နှင့်ပေါ်တူဂီတို့ သည်ကမ္ဘာတလွှားရွက်လွှင့်
သွားလာပြီး အာရှ ၊ အာဖရိက နှင့် အမေရိက
ဒေသများတွင် ပထမဆုံးအင်ပါယာထူထောင်ခဲ့ကြသည် ။

နောက်ပိုင်းတွင် ဗြိတိန် ၊ ပြင်သစ် ၊ ဒါတ်ခ်ျ တို့ မှလဲ
ကမ္ဘာတလွှား အင်ပါယာကို အပြိုင်အဆိုင်
ထူထောင်လာခဲ့ကြသည် ။

ဥရောပတိုက်သားများ၏နယ်မြေချဲ့ ထွင်မှု နှင့်အတူ
ရိုမန်ကက်သလစ် ခရစ်ယန်ဘာသာသည်လဲ
ကမ္ဘာတလွှားသို့ ပြန့် နှံ့ သွားခဲ့သည် ။

ဥရောပတိုက်သားများသည်ချမ်းသာကြွယ်ဝလာမှု နှင့်အတူကြီးကျယ်ခန်းနားသည့်အနုပညာများ ၊
ပိသုကာပညာများ ၊ သိပွံပညာများကိုတည်ထွင်
လာနိင်ခဲ့သည် ။

အေဒီ ၁၇၀၀ - ၁၈၀၀ အချိန်များတွင်စက်များကို
အသုံးပြုကာ ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်လာနိင်သည့်
စက်ရုံများကိုတည်ထောင်လာနိင်ခဲ့သည် ။

၎င်းကိုစက်မှုတော်လှန်ရေးဟုခေါ်ပြီး ဥရောပဒေသ သည်
ပို၍ချမ်းသာကာ ပို၍ သြဇာကြီးမားလာခဲ့သည် ။

၁၉၁၄ - ခုနှစ်တွင် ဥေ၇ာပနိင်ငံများသည်
ကိုလိုနီနယ်မြေအငြင်းပွားမှု နှင့်အတူ
ပထမ ကမ္ဘာစစ်ဖြစ်ပွားလာခဲ့သည် ။

၁၉၁၇ - ခုနှစ်တွင် ဥရောပ မှ ရုရှားနိင်ငံတွင်
ကွန်မြူနစ်စနစ်ကြီးစိုးလာပြီး ဆိုဗီယက်ယူနီယံ အမည်ရှိ
ရုရှား အင်ပါယာကြီးထွန်းကားလာခဲ့သည် ။

၁၉၃၆ - ခုနှစ်တွင် အင်အားကြီးထွားလာသည့်
ဂျာမန် နာဇီများသည် စစ်ပွဲများဖန်တီးရာမှ
ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားလာပြန်သည် ။

ဒုတိယကမ္ဘာစစ်တွင်ဂျာမန်များစစ်ရှုံးမှု နှင့်အတူ
ဆိုဗီယက်ယူနီယံ၏သြဇာသည် ဥရောပတွင်
ကြီးမားလာခဲ့ကာ အရှေ့ ဥရောပဒေသရှိနိင်ငံ
အများအပြားသည် ဆိုဗီယက်အုပ်စုဝင်
ကွန်မြူနစ်နိင်ငံဖြစ်လာခဲ့သည်။

၁၉၈၀ - ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု
ပြိုလ်ကွဲမှု နှင့်အတူ ဥရောပအရှေ့ ဖက်ဒေသမှ
နိင်ငံအများအပြားသည် လွတ်လပ်သည့်
နိင်ငံဖြစ်လာခဲ့သည် ။

(ယနေ့ ဥရောပ)

***********

ဆိုဗီယက်ပြည်ထောင်စုပြိုလ်ကွဲမှု နှင့်အတူ
ကွန်မြူနစ်စနစ်ကျင့်သုံးခဲ့သည့် အရှေ့ ဥရောပ နိင်ငံ
အများအပြား သည်လဲဒီမိုကရေစီနိင်ငံဖြစ်လာခဲ့သည် ။

၂၀ -ရာစုအချိန်တွင်ဥရောပနိင်ငံကြီးများသည်
ကမ္ဘာတလွှားရှိ သူတို့ ၏ကိုလိုနီနယ်မြေများကို
စွန့်  လွှတ်ခဲ့ရသည် ။

သို့ သော် ဥရောပဒေသ သည် ရှေးယခင် အချိန်ကကဲ့သို့ ပင်
အနုပညာနယ်ပါယ် ၊ သိပွံပညာရပ်ဆိုင်ရာနယ်ပါယ် နှင့်
စက်မှု ပညာရပ်နယ်များတွင်လဲ ကမ္ဘာ့ရှေ့ ဆောင်ဒေသ
အဖြစ်ရပ် ရပ်တည်ကာ ချမ်းသာကြွယ်ဝသည့် ဒေသအဖြစ်
ရှိနေဆဲဖြစ်သည် ။

Credit:  အကယ်ဒမီ
ဗဟုသုတ​ကျေးရွာ

No comments:

Post a Comment