အန္တာတိကတိုက်
_________________
အန္တာတိကတိုက်၏တောင်ဝင်ရိုးစွန်းဒေသသည်
ကမ္ဘာပေါ်တွင်အအေးဆုံး၊ရေအခဲဆုံး၊လေအပြင်းဆုံး
ဒေသဖြစ်သည် ။
အအေးဆုံးမှာ သြဂုတ်လဖြစ်ပြီး လေထုအပူချိန်
(–၈၈° C ) ထိရှိကာ နွေရာသီတွင် (- ၃၀°C ) ရှိသည် ။ ကြီးမားသည့်ရေခဲတုံးများသည်လွန်ခဲ့သည့်နှစ်သန်း
ပေါင်းများစွာကတည်းကတည်ရှိပြီးကမ္ဘာ့ရေခဲထု၏
၉၀ % သည်ဤ ဒေသတွင်တည်ရှိသည် ။
အားလုံးသောသမုဒ္ဒရာရေစီးကြောင်းများသည်
အန္တာတိကတိုက်ကိုနာရီလက်တံအတိုင်းလှည့်ပြီး
အတ္တလန်တိတ် ၊ ပစ္စိဖိတ် နှင့်အိန္ဒိယသမုဒ္ဒရာများကို
နာရီလက်တံပြောင်းပြန်လှည့်သည် ။
ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဒီဒေသမှရေခဲတုံးများ
အရေပျော်ခဲ့လျှင်ကမ္ဘာကြီး၏ပင်လယ်ရေမျက်နှာပြင်
မြင့်တက်လာပြီး ဒေသတော်တော်များများသည်
လဲရေအောက်သို့ ရောက်သွားပေလိမ့်မည် ။
၁၉- ရာစုအချိန်ထိ ဒီဒေသသည် နှင်းမုန်တိုင်း ၊
အလွန်အေးခဲတဲ့ရေခဲတုံးတွေကြောင့်လူသူမရောက်
သည့်နေရာဖြစ်သည် ။
၁၉၁၁ တွင် တောင်ဝင်ရိုးစွမ်းသို့ လူသားများစတင်
ရောက်ရှိခဲ့ကြသည် ။
နောက်ပိုင်း အာဂျင်တီးနား ၊ သြစတြေလျှ ၊ အင်္ဂလန်၊
ချီလီ ၊ ပြင်သစ် ၊ နယူးဇီလန် ၊ နော်ဝေ စတဲ့နိင်ငံများမှ
နယ်မြေချဲ့ ထွင်ရယူရန်ကြိုးစားခဲ့ကြသည် ။
သို့ သော်လဲအမေရိကန် ၊ရုရှား အပါအ၀င်တခြားနိုင်ငံ
များမှအသိအမှတ်မပြုပေ။
၁၉၅၉ ခု ဒီဇင်ဘာ ၁ ရက် တွင် Antarctic Treaty
စာချုပ်ချုပ်ဆို၍ဤ ဒေသတွင် ငြိမ်းချမ်းတဲ့သိပွံပညာ
လေ့လာမှုများသာပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ
သဘောတူညီခဲ့ကြသည် ။
Credit:အကယ်ဒမီ
No comments:
Post a Comment