တောင်အမေရိကတိုက်
________________________
ကမ္ဘာ့တိုက်ကြီး ရ- တိုက်ထဲတွင် အာရှ ၊
အာဖရိက နှင့် မြောက်အမေရိကပြီးလျှင်
စတုထ္ထ အကြီးဆုံးတိုက်ဖြစ်သည် ။
ဧရိယာစတုရန်းမိုင် ၆၈၈၀ရ၀၀ ကျယ်ဝန်းပြီး
လူဦးေ၇ထူထပ်သည့်မြို့ များစွာ ၊
ခေတ်သစ်အဆောက်အဦးများစွာ နှင့်
ယဉ်ကျေးမှုပေါင်းများစွာရှိသော်လည်း
လူနေထိုင်ခြင်းမရှိသေးသည့် နေရာများစွာ
ကျန်ရှိသေးသည့်ဒေသဖြစ်သည် ။
ကမ္ဘာ့အကြီးဆုံးတောင်တန်းများထဲတွင်
ပါဝင်သည့် အင်ဒီး တောင်တန်းသည်
တောက်အမေ၇ိကတိုက် တခုလုံးနီးနီး
အနောက်ဖက်ဒေသတွင်တောင်မြောက်
သွယ်တန်းနေသည် ။
ဘိုလီးဗီးယားနိင်ငံ၏ တချို့ မြို့ များသည်
ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ - ၁၂၀၀၀ ကျော်သည့်
အင်ဒီးတောင်တန်း၏အမြင့်ပိုင်းတောင်ထိပ်များရှိရာ
Altiplano ဒေသတွင်တည်ရှိသည် ။
ဤဒေသတွင် ကမ္ဘာ့အမြင့်ဆုံး ကူးသန်း
သွားလာနိုင်သော Lake Titicaca အမည်ရှိ
ရေကန်ကြီးသည်ပင်လယ်ရေမျက်နှာပြင်အထက်
၁၂၅၀၀ - ပေ အမြင့်တွင်တည်ရှိသည် ။
ရှေးတချိန်က ကမ္ဘာ့သမိုင်းတွင်ထင်ရှားသည့်
Inca အင်ပါယာ သည်ဤဒေသတွင်တည်ရှိခဲ့သည် ။
တောင်အမေရိကတိုက်၏အရှည်ဆုံးမြစ်ဖြစ်သည့်
အမေဇုံမြစ်သည်ပီရူးနိင်ငံ အင်ဒီးတောင်တန်းမှ
မြစ်ဖျားခံကာ ဘရာဇီးနိင်ငံတွင်အများဆုံး
ဖြတ်ကျော်ပြီး အတ္တလန်တိတ်သမုဒ္ဒရာထဲသို့ စီးဝင်သည် ။
ကမ္ဘာ့အကြီးဆုံးအမြဲစိမ်းအမေဇုံမိုးသစ်တောသည်
စတုရန်းမိုင် ၁.၄ သန်း ခန့် ကျယ်ဝန်းပြီး ထိုအထဲတွင်
လူသူမသိသေးသည့်အပင်မျိုးစိတ်ပေါင်းများစွာနှင့်
ကုန်းနေ ၊ ရေနေ သတ္တ၀ါများစွာရှင်သန်ကျက်စား
လျှက်ရှိသည် ။
ဗင်နီဇွဲလားနိင်ငံရှိ Angel Falls ရေတံခွန်သည်
အမြင့်ပေ ၃၂၁၂ - ပေ အမြင့်မှစီးဆင်းနေသည့်
ကမ္ဘာ့ အမြင့်ဆုံး အဆက်မပြတ်စီးဆင်းနေသည့်
ရေတံခွန်ဖြစ်သည် ။
Iguaçu Falls ရေတံခွန်သည် ဘရာဇီးနိင်ငံ နှင့်
အာဂျင်တီးနားနိင်ငံ နယ်စပ်တွင်တည်ရှိပြီး
တောင်အမေရိကတိုက်၏ထူးခြားသည့်
သဘာဝ အလှတခုဖြစ်သည်။
အာဂျင်တီးနားနိင်ငံအလယ်ပိုင်းရှိ Pampas
အမည်ရမြက်ခင်းလွင်ပြင်သည်
တောင်အမေရိကတိုက်၏ ထင်ရှားသည့်နေရာ
တခုဖြစ်သည် ။
၁၈ -ရာစုနောက်ပိုင်းမှစ၍ ထိုနေရာတွင်
ကျက်စားသည့် နွားရိုင်းများကို ဖမ်းဆီးသည့်
gauchos ခေါ် Cowboys များပေါ်လာခဲ့သည် ။
Gauchos များသည်တောင်အမေရိကဒေသ၏
လူစွမ်းကောင်းများ အမှတ်သင်္ကေတဖြစ်သောကြောင့်
cattle on the pampas ဟုတင်စားခေါ်ဝေါ်ကြသည် ။
တောင်အမေရိကတိုက်တွင် ကန္တာရ ၃ - ခုတည်ရှိသည် ။
၎င်းတို့ မှာ တောင်အမေရိကတောင်ဖက် ၊
အာဂျင်တီးနားနိင်ငံတွင်တည်ရှိကမ္ဘာပေါ် တွင်
တတိယ အကြီးဆုံး Patagonia ကန္တာရ ၊
ပီရူးနိင်ငံအနောက်ဖက်ကမ်းရှိ Sechura ကန္တာရ ၊
ချီလီနိင်ငံမြောက်ဖက်ရှိ Atacama တို့ ဖြစ်သည် ။
တောင်အမေရိကတွင်နေထိုင်သည့်လူဦးရေမှာ
သန်း ၄၀၀ ကျော်သာရှိပြီးကမ္ဘာ့လူဦးရေ၏ ၆ % ခန်
သာနေထိုင်ကြကာ ထိုလူဦးရေ၏ ထက်ဝက်ခန့် မှာ
ဘရာဇီး နိင်ငံတွင်နေထိုင်ကြသည် ။
ဤဒေသမှ ဒေသခံများ၏ အဓိက အင်ပါယာမှာ
Inca အင်ပါယာဖြစ်ခဲ့ပြီးသူတို့ ၏အမြင့်ဆုံး အချိန်သည်
အေဒီ ၁၅ - ရာစုခေတ်အချိန်မှဖြစ်သည် ။
၁၆ -ရာစုအစတွင်စပိန်များရောက်လာပြီးနောက်
Inca အင်ပါယာခေတ် ပျောက်ကွယ်ခဲ့ရသည် ။
တောင်အမေရိကနိင်ငံတွင်နေထိုင်ကြသူများသည်
ခြားနားသည့်သမိုင်းနောက်ခံများစွာမှ
ဆင်းသက်လာကြသူများဖြစ်သည် ။
အဓိက လူမျိုးအုပ်စု ၃ - စုရှိခဲ့ကာ ဒေသခံလူမျိုးများ ၊
စပိန်နှင့်ပေါ်တူဂီဒေသမှဥရောပတိုက်သားများ ၊
အာဖရိကတိုက်မှခေါ်ဆောင်လာခဲ့သည့်လူမဲကျွန်များမှ
ရောနှောဆင်းသက်လာသူအများစုဖြစ်သည် ။
တောင်အမေရိကတိုက်တွင်နိင်ငံ ၁၁ -နိင်ငံ နှင့်
ပြင်သစ်ကိုလိုနီနယ်တခုပါဝင်သည် ။
နိင်ငံ ၁၂ - နိင်ငံမှာ အာဂျင်တီးနား ၊ ဘိုလီဗီးယား ၊
ဘရာဇီး ၊ ချီလီ ၊ ကိုလံဗီယာ ၊ အီကွေဒိုး ၊
Guyana ၊ ပါရာဂွေး ၊ ပီရူး ၊ Suriname ၊ ဥရုဂွေး နှင့်
ဗင်နီဇွဲလားနိင်ငံတို့ ဖြစ်သည် ။
ဘရာဇီးနိင်ငံသည်တောင်အမေရိကတိုက်တွင်
အကြီးဆုံးနိင်ငံဖြစ်ပြီး ၊ ကမ္ဘာ့တောင်ဖက်အကျဆုံးမြို့ မှာ
အာဂျင်တီးနားနိင်ငံရှိ Ushuaia မြို့ ဖြစ်သည် ။
တောင်အမေရိက ၉ -နိင်ငံတွင်စပိန်ဘာသာစကားကို
ပြောဆိုကြပြီး ၊ ဘရာဇီးနိင်ငံတွင် ပေါ်တူဂီ ဘာသာစကား ၊
Guyana နိင်ငံတွင်အင်္ဂလိပ်ဘာသာစကား ၊
Suriname နိင်ငံတွင် ဒါတ်ခ်ျဘာသာစကား ၊
ပြင်သစ်ကိုလိုနီဒေသတွင်ပြင်သစ်ဘာသာစကားကို
အဓိကပြောဆိုကြသည် ။
သို့ သော် သန်းချီသည့်လူများမှာလဲ ဒေသခံ
ဘာသာစကားများဖြစ်သည့် Quechua နှင့် Aymara
ဘာသာစကားကိုပြောဆိုနေကြဆဲဟုဆိုသည် ။
Credit:(အကယ်ဒမီ)
No comments:
Post a Comment