သြစကြေးလျတိုက်
____________________\
သြစတြေးလျ နိင်ငံသည်ပစ္စိဖိတ်သမုဒ္ဒရာတောင်ပိုင်းနှင့်အိန္ဒိယ
သမုဒ္ဒရာကြားတွင်တည်ရှိသည် ။
ကမ္ဘာ့တိုက်ကြီး ၇ - တိုက်တွင်အသေးဆုံးတိုက်နိင်ငံဖြစ်ပြီး
ကျွန်းကြီးတကျွန်းနှင့်တူကာမြို့ တော်မှာ Canberra ဖြစ်သည် ။
တောင်ဖက်ရှိ Tasmania ကျွန်းမှာသြစတြေးလျ၏ အစိတ် အပိုင်းတခုဖြစ်ပြီးသည် ။
ထိုကျွန်းသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာအချိန်က
သြစတြေးလျနှင့်တဆက်တစပ်တည်းရှိခဲ့သော်လည်းသမုဒ္ဒရာ
ရေပြင်မြင့်တက်မှုကြောင့်တဆက်တစပ်တည်းကုန်းမြေများ
ရေထဲသို့ ကျရောက်ခဲ့သည်ဟုဆိုသည် ။
သြစတြေးလျသည် ဒေသတွင်းနေထိုင်ကျက်စားသည့်
သားပိုက်ကောင်များ ၊Koala စသည့်ထူးခြားသောတရိစ္ဆာများ
ကြောင့်လည်းကျော်ကြားသည် ။
သြစတြေးလျဒေသသည်ကမ္ဘာပေါ်တွင်ကုန်းမြေအညီညာဆုံး
ဒေသလဲဖြစ်သည် ။
နိင်ငံ၏အရှေ့ ဖက်အခြမ်းတွင်သာတောင်များကိုမြင်တွေ့ နိင်ပြီး
ကမ်းခြေဒေသများတွင်သစ်တောအနည်းငယ်တွေ့ ရှိနိင်သည် ။
အတွင်းပိုင်းညီညာသည့်ကုန်းမြေဒေသများကို“ The outback ”
ဟုခေါ်ကာပူပြင်းခြောက်သွေ့ ပြီးလူနေနည်းပါးသည့် ဒေသဖြစ်
သည် ။
ထို“ The outback ” ဒေသထဲရှိ အမျိုးသားဥယာဉ်ထဲတွင်
ထူးရှားတဲ့ Geological ပုံရိပ် နှစ်ခု ရှိသည် ။
၎င်းတို့ မှာကမ္ဘာပေါ်ရှိအကြီးဆုံးသောကျောက်တလုံးနှင့်အုပ်စု
အလိုက်တည်ရှိနေသည့်အလုံးပုံကျောက်တုံးများဖြစ်သည် ။
သြစတြေးလျ၏ အခြားထင်ရှားသည့်ဒေသတခုမှာကမ္ဘာ့အကြီးဆုံး
သန္တာကျောက်တန်းများတည်ရှိရာ Great Barrier Reef
ဖြစ်ပြီး နိင်ငံ၏ အရှေ့ မြောက်ကမ်းခြေဒေသတွင်တည်ရှိသည် ။
သြစတြေးလျ လူမျိုးအများစုမှာ ကမ်းခြေဒေသရှိမြို့ ကြီးများတွင်
နေထိုင်ကြပြီး Sydney မြို့ မှာ အကြီးဆုံးနှင့်ရှေးအကျဆုံးမြို့ ဖြစ် သည် ။
သြစတြေးလျ တိုက်၏ဒေသခံလူမျိုးများမှာ Aborigines
လူမျိုးများဖြစ်ပြီးသူတို့ ၏ရှေးခေတ်ဂူနံရံပန်းချီကားများ ၊ဂီတများမှာထင်ရှားသည် ။
အေဒီ ၁၇၈၈ တွင်ဗြိတိသျှလူမျိုး နယ်မြေချဲ့ ထွင်သူများရောက်ရှိ
လာပြီးနောက်ပိုင်းကိုလိုနီနယ်မြေအများအပြားပေါ် ပေါက်လာ
ခဲ့သည် ။
အေဒီ ၁၉၀၁ - ခုနှစ်တွင် ထိုကိုလိုနီနယ်မြေများကို ပူးပေါင်းပြီး
နောက်သြစတြေးလျ သည်လွတ်လပ်သည့်နိင်ငံဖြစ်လာခဲ့သည် ။
ယနေ့ အချိန်တွင်သြစတြေးလျ လူမျိုးအများစု၏ ဘိုးဘေးဘီဘင်
များမှာဗြိတိသျှလူမျိုးများဖြစ်သည် ။
သြစတြေးလျနိင်ငံသည် ဗြိတိသျှနှင့်နီးကပ်သည့် ဆက်ဆံမှုရှိ
သည့်နိင်ငံဖြစ်ကာ နိင်ငံ၏ Official name မှာ
Commonwealth of Australia ဖြစ်သည် ။
Credit: (အကယ်ဒမီ)
တက္ကသိုလ်စာသင်သား
No comments:
Post a Comment