" ဆရာတော် အရှင်နန္ဒမာလာဘိဝံသ "
၏
" အတ္ထုပ္ပတ္တိ အကျဉ်း "
နှင့်
" ငယ်ဘဝ ပုံရိပ်များ "
* ကျေးဇူးတော်ရှင် ဆရာတော်လောင်းလျာ သတို့
သားကို
" ၁၃၀၁ ခု တပေါင်းလပြည့် "
" 22 March 1940 " စနေနေ့တွင်
" မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် "
" ညောင်ပင်ရွာ "
" ခမည်းတော် ဦးစံလှ + မယ်တော် ဒေါ်ခင် "
တို့မှ ဖွားမြင်တော်မူသည် ။
" မွေးချင်း ညီအစ်ကို မောင်နှမ ( ၉ ) ယောက်
တို့တွင် အငယ်ဆုံး အထွေးဆုံးသားရတနာဖြစ်
၍ ငယ်အမည်မှာ မောင်ထွန်းဝင်း ဖြစ်သည်။ "
" ညောင်ပင်ရွာသည် ဧရာဝတီမြစ်လက်တက်
မြောင်မြစ်ကမ်းနဖူးတွင် တည်ရှိသည် ။ "
* ၁၃၀၅- ၁၉၄၄ ခုနှစ် အသက် ( ၅ ) နှစ်သား
အရွယ်တွင် စဥ့်ကူးမြို့နယ် ညောင်ပင်ရွာ
ပေါ်တော်မူကျောင်းဆရာတော်
ဦးကေလာသ ( ဦးလေးဘုန်းကြီး ) ထံတွင်
မြန်မာစာ နှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့
သည် ။
* ၁၃၁၁-၁၉၄၉ ခုနှစ် ဝါဆိုလဆန်း ( ၁၁ ) ရက်
အသက် ( ၁၀ ) နှစ်အရွယ်တွင်
စစ်ကိုင်းတောင်ရိုး ဝိပဿနာမဟာဂန္ဓာရုံ
ကမ္မဋ္ဌာန်းတိုက်၌ အဘိဓဇမဟာရဋ္ဌဂုရူ
နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘု
ရားကြီးကို ဥပ္ဈာယ်ပြုလျှက် ရှင်သာမဏေပြုခဲ့
လေသည် ။
* ၎င်းနောက် တင်ပြပြီးဖြစ်သော ဘွဲ့လက်မှတ်
များရှိကာ ၁၃၄၈-၁၉၈၆ ခုနှစ်တွင် ပထမဆုံး
အကြိမ် နိုင်ငံရပ်ခြားသို့ ပညာတော်သင်ခရီး
စတင်ကြွရောက်ခဲ့သည် ။
* ထိုသို့ကြွရင်း ၁၃၄၈-၁၉၈၆ ခုနှစ်တွင်အိန္ဒိယ
နိုင်ငံ အာသံ နှင့် အရုဏပရာဒေ့ရှ်မှ ရဟန်း
သာမဏေ ကျောင်းသားငယ်များ အား မြန်မာ
စာ နှင့် အဘိဓမ္မာတို့ကို၎င်း ……………
* ၁၃၄၉-၁၉၈၇ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ
ဘော်ရဲလာမြို့ Y.M.B.A အသင်းသားများ
အား အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့်၎င်း
သင်ကြားပို့ချပေးခဲ့သည် ။
* သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ မကုဋာရာမ
မြန်မာကျောင်း၌ မြန်မာသင်္ဘောသားအချို့အား
ဒုလ္လဘရဟန်းပြုပေးခဲ့လေသည် ။
* ၁၃၅၅-၁၉၉၄ ခုနှစ်တွင် အမေရိကန်ပြည်
ထောင်စု မေရီလင်းပြည်နယ် ဆဲလ်ဗားစပရင်း
မြို့ မင်္ဂလာရာမကျောင်း၌ ဗုဒ္ဓဘာသာဝင်တို့
အား အဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲ့သည် ။
No comments:
Post a Comment