Saturday, February 10, 2018

အဖျောက်မြို့သမိုင်း

အဖျောက်မြို့သမိုင်း
=============

        တိုက်ကြီးမြို့ အနောက်မြောက်ယွန်း၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဘေးတွင်ရှိသည်။ တိုက်ကြီးမြို့မှ မြောက်ဘက် ရန်ကုန်-ပြည် ကားလမ်းအတိုင်း ၆ မိုင်၊ ဥတိုလမ်းဆုံမှ အဖျောက်မြို့အရောက် ၁၈ မိုင် စုစုပေါင်း ၂၄ မိုင်ရှိသည်။
        မွန်ဘာသာစကား 'အော့ဖရော့' မှ 'အဖယောက်' ဟု ဆင်းသက်လာခဲ့ပြီး ယခုအခေါ် 'အဖျောက်' ဟူ၍ တွင်လာခဲ့သည်။ အင်းအိုင်၊ ချောင်းမြောင်းများ ပေါများပြီး ငါးပိ၊ ငါးခြောက်ပေါများစွာ ထွက်ရှိရာအရပ် 'ငပိဆိပ်' ဟူ၍ ဆိုလိုသည်။ ကင်းဝန်မင်းကြီး၏ ခရီးသွားမှတ်တမ်းတွင် 'အဖျောံ' ဟူသော အရေးအသားကို တွေ့ရသည်။ ကနဦး အိမ်ခြေ ၂၀၀ ကျော် ၃၀၀ ခန့်သာ ရှိခဲ့ပြီး မြို့သက် ၁၅၅ နှစ် ကျော်ခဲ့ပေပြီ။ ပန်းတုန်းပိတ်ကျောင်းတိုက် မှ 'ဓမ္မဝိလာသိနီ' သိမ်ကျောက်စာအရ မွန်တို့၏ ရာမညတိုင်း တလိုင်းသုံးရပ် ထူထောင်ခဲ့စဉ်က ကုသိမအဝန်း၊ ဟံသာဝတီအဝန်း၊ မုတ္တမအဝန်း တို့တွင်
အဖျောက်မြို့သည် 'ကုသိမအဝန်း' တွင် ပါဝင်ကြောင်း မှတ်တမ်းတင်ခဲ့သည်ကို တွေ့ရှိရသည်။ မြို့တည်သက္ကရာဇ်ခုနှစ်ကိုကား မတွေ့ရှိရသေးပေ။ သို့ရာတွင် ဟံသာဝတီအဝန်းဟု ဆိုရာတွင် ဗဒုံမင်း လက်ထက် ၁၁၄၅၊ ၁၁၄၆၊ ၁၁၆၄ စစ်တမ်းများအရ ဟံသာဝတီသုံးမြို့ရှိကြောင်း  လေ့လာတွေ့ရှိရသဖြင့် ထိုနှစ်များ၌ မြို့ငယ် တစ်မြို့ တည်နေပေပြီ။ ၁၂၈၅ ခုနှစ်မှ မြို့ကွက်ဖော်ထုတ် အုပ်ချုပ်ခဲ့သည်။

အဖျောက်တိုက်နယ်
•••••••••••••••
          တစ်ချိန်က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်အတွင်းမှ တိုက်နယ်ရွာကြီး တစ်ရွာဖြစ်သည်။ ကိုလိုနီခေတ် တိုက်နယ်သူကြီး ဦးလူမောင် (အဖျောက်၊ ရင်းဧ၊ ဇလွန်၊ ပိုင်ကျုံ) လေးတိုက်နယ် သူကြီးမှစ၍ တိုက်နယ်သူကြီး ဦးကျော်လှိုင် (၁၂၈၅ ခုနှစ်) အထိ မြို့ကွက်သည် ရေကာတာအလျားအလိုက် အပိုင်း သုံးပိုင်း ပိုင်းပြီး ရေလဲ ရဲစခန်းပိုင်အဖြစ် အုပ်ချုပ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှ အဖျောက်ရဲစခန်းပိုင် ဖြစ်လာခဲ့သည်။

အဖျောက်မြို့ သတ်မှတ်ချက်
••••••••••••••••••••••
         ၁၉၆၂ ခုနှစ်တွင် တိုက်နယ်မှ 'အဖျောက်မြို့' ဟူ၍ ဖြစ်လာသည်။ မြို့ကွက် လေးရပ်ကွက် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ မြို့အလျား ၂မိုင်၊ အနံ ၁ မိုင် မြို့တန်းရှည်ဖြစ်ပြီး အကျယ်အဝန်း ဧရိယာ စတုရန်းမိုင် ၃၉ ဒသမ ၂၇ ရှိသည်။ ယခုအခါ အိမ်ခြေပေါင်း ၃၀၀၀ ကျော်၊ လူဦးရေ ၁၅၈၃၀ ရှိနေပေပြီ (စာကြွင်း ၂၀၁၂ ခုနှစ် စစ်တမ်း ဖြစ်ပါသည်)။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းသို့
•••••••••••••••••••••••••••••••••••••••
           တစ်ချိန်က အဖျောက်မြို့ ဒေသခံတို့သည် မြို့နယ်ရုံးစိုက်ရာ ဇလွန်မြို့၊ ခရိုင်ရုံးတည်ရာ ဟင်္သာတမြို့နှင့် တိုင်ရုံး ပုသိမ်မြို့ တို့သို့ အချိန်ကုန် လူပန်း အဆင့်ဆင့် ခက်ခဲစွာ သွားလာနေကြရာမှ
အဖျောက်-တိုက်ကြီး-ရန်ကုန် ခရီးသို့ အားထားသွားလာလိုကြသဖြင့် အဖျောက်မြို့ကို ရန်ကုန်တိုင်းအတွင်း သွတ်သွင်း ဖွဲ့စည်းပေးရန် နိုင်ငံတော်သို့ တင်ပြလျှောက်ထားခဲ့ကြသည်။ သို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ၁-၂-၁၉၉၉ ရက်စွဲပါ စာအမှတ် ၁၀၀/၂၃-၂၄၁/ ဥ-ဒ-၁ အမိန့်အရ မူလ ဟင်္သာတခရိုင် ဇလွန်မြို့နယ်အတွင်းမှ အဖျောက်မြို့ ရပ်ကွက် လေးရပ်ကွက်နှင့် ရေပေါ်သောင်၊ ကြွေပန်းကန်ချောင်း၊ ငါးလာချောင်း၊ သဲဖြူ၊ မိုးကုလား၊ အုန်းပင်ကွင်း ကျေးရွာအုပ်စု ၆ စု နှင့် ကျေးရွာခွဲပေါင်း ၃၄ ရွာ စုစုပေါင်း ဧရိယာ အကျယ်အဝန်း ၃၉ ဒသမ ၂၇ စတုရန်းမိုင်ကို တိုက်ကြီးမြို့နယ်အတွင်း ထည့်သွင်းဖွဲ့စည်းခွင့်ပြုခဲ့ပေသည်။
         သို့ဖြစ်၍ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့် (ပ/၃၃၄၆) ထံမှ တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း (ပ/၃၀၆၉) က ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်
လွှဲပြောင်းလက်ခံရယူခဲ့သဖြင့် အဖျောက်မြို့သည် ယနေ့ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ပါဝင်လာခဲ့သော မြို့တစ်မြို့ ဖြစ်ခဲ့ပေသည်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ တွင် ထုတ်ဝေခဲ့သော
စာရေးဆရာ သောင်းညွှန့်သစ် ၏
"လှိုင်ဝန်းကျင်" စာအုပ်မှ ပြန်လည်ကူးယူ ကောက်နုတ်ရေးသားဖော်ပြပါသည်။
မူလစာအုပ်တွင် မြို့သက် ၁၅၀ ကျော်ဟု ဖော်ပြထားသော်လည်း စာအုပ်ထုတ်သည့်နှစ်မှာ ၅ နှစ် ရှိပြီဖြစ်၍ မြို့သက် ၁၅၅ နှစ်ကျော်ပြီဟု
ပြင်ဆင် ဖော်ပြထားပါသည်။
မူရင်းစာရေးဆရာ သောင်းညွှန့်သစ် အား
လေးစားစွာဖြင့်....

cd #အောင်ထွန်းလေး

Friday, February 9, 2018

မော်တင်စွန်းစေတီတော်မြတ်ကြီး၏ အံ့သြထူးဆန်းဖွယ် ( ၁၈ ) ပါး

မော်တင်စွန်းစေတီတော်မြတ်ကြီး၏ အံ့သြထူးဆန်းဖွယ် ( ၁၈ ) ပါး
==========================
( ၁ ) ညအခါစေတီတော်အားတစ်ယောက်တည်းအဓိဌာန်ပြီး(၇)ပတ်ပြီး
       ရစ်ပတ်ပါကရွှေသံငွေသံကြားရခြင်း။
( ၂ ) ဒုတိယကမ္ဘာစစ်အတွင်းကအင်္ဂလိပ်များအမြောက်မိုး၊စက်သေနတ်မိုး၊
        ဗုံးမိုးရွာသော်လည်းကျည်ဆန်တစ်ခုမျှမခခြင်း။
( ၃ ) လပြည့်-လကွယ်ရောင်ခြည်တော်လွှတ်လေ့ရှိခြင်း။
( ၄ ) တောင်ကုန်းနှင့်ပရ၀ဏ်တွင်ရာသီပန်းတို့မပြတ်ပွင့်ခြင်း။
( ၅ ) ညချမ်းအခါစေတီကုန်းတော်တွင်အမွှေးရနံ့လှိုင်တက်ခြင်း။
( ၆ ) ခေါင်းလောင်းများမတီးဘဲမြည်တတ်ခြင်း။
( ၇ ) ယခုထက်တိုင်ရံဖန်ရံခါဆွမ်းများဦးအောင်မတင်နိုင်ခြင်း။
( ၈ ) နှစ်စဉ်နှစ်တိုင်းဘုရားပွဲတော်ဖြစ်သော်လည်းခိုက်ရန်ဖြစ်ပွားသော
        ဘေးအန္တရာယ်မရှိခြင်း။
( ၉ ) နတ်ကျား၊နတ်နဂါးတို့ဘုရားလာဖူးသော်လည်းလူတို့ကိုဒုက္ခမပေးခြင်း။
( ၁၀ ) လပြည့်-လကွယ်တွင်စေတီကုန်းတော်မှမောင်းသံ၊ဗုံသံစသော
          တူရိယာအမျိုးမျိုးတို့၏အသံကိုအရုဏ်ဦးတွင်ကြားရတတ်ခြင်း။
( ၁၁ ) ဘေးအန္တရာယ်များကျရောက်ပါကစေတီတော်ကြီးအား
          အာရုံပြုဆုတောင်းလိုက်ပါကဘေးအန္တရာယ်မှကင်းဝေးခြင်း။
( ၁၂ ) တပေါင်းလပွဲတော်ကြီးဖြစ်ခါနီးတွင်ကျီးအုပ်ကြီးများ၊
          အမျိုးအမည်မသိသောငှက်အုပ်ကြီးများ
          တောင်တော်နှင့်စေတီတော်အားပျံဝဲကြခြင်း။
( ၁၃ ) ဘုရားပွဲတော်တွင်လူအပေါင်းသိန်းသန်းချီရောက်သော်လည်း
          တောင်တော်တွင်လူပြည့်သည်ဟုမရှိခြင်း။
( ၁၄ ) ဘုရားပွဲတော်တွင်ဆွမ်းတော်တင်တောင်ပုံရာပုံစွန့်ထားသော်လည်း
          ကျီးတစ်ကောင်မျှလာရောက်စားသောက်မှုမရှိခြင်း။
( ၁၅ ) ဘုရားပွဲတော်တွင်လူအပေါင်းသိန်းသန်းချီရောက်သော်လည်း
          တောင်တော်တွင်လူပြည့်သည်ဟုမရှိခြင်း။
( ၁၆ ) ယုံကြည်စွာဖြင့်စေတီတော်ရင်ပြင်တွင်သစ္စာအဓိဌာန်ကာ
          ပုတီးစိပ်ပါကရင်ပြင်တော်မှမြည်ဟိန်းသံကြားရတတ်ခြင်း။
( ၁၇ ) နှစ်စဉ်တပေါင်းလတွင်အကြောင်းတစ်စုံတစ်ရာကြောင့်
          ဘုရားပွဲတော်မကျင်းပနိုင်ပါကတောင်တော်မြည်ဟိန်းခြင်း။
( ၁၈ ) စေတီတော်ကိုအဝေးမှမြင်ရလျှင်လည်းကောင်း၊
          စေတီတော်ပရ၀ိဏ်သို့ကြည်ညိုစိတ်ဖြင့်ရောက်မိသည်နှင့်
          ဖူးမြော်ဦးတိုက်လျှင်ကာယသုခ၊စိတ္တသုခနှစ်ပါးချမ်းမြေ့ရခြင်းဖြင့်

ထူးခြားအံ့ဖွယ် ဤ (၁၈)သွယ် နောင်တော်နဂါးမင်းသစ္စာပြုတည်
မြတ်မော်တင်ဘုရား နဂါးဆက်များဦးတိုက်ကြ
တစ်နှစ်တစ်လဖူးမဝ မော်တင်စွန်းမှာ မြူပျော်ကြ
တပိုးတွဲလ တပေါင်းည ထူးခြားပွင့်မည်ည
ဓာတ်အပေါင်းစုံညာ တို့သာသနာ နေရောင် လရောင်ထွန်းလင်းမည်

နတ်နဂါး သိုက်နဂါး ကောင်းကင်နဂါး တောတောင်နဂါး ကုန်းဂါး ရေနဂါး နဂါးနီ နဂါဖြူ နဂါးစိမ်း ရွှေနဂါး မြွေနဂါးများ အရှေ့ အနောင် တောင် မြောက် ဘောဂဝတီဆွေတော်မျိုးတော်များ နဂါးမင်းကြီး နဂါးမယ်တော်ကြီး၏ အခြွေတော်အရံတော် အနွယ်ဝင်များ ရေစင်္ကြဝလာနဂါးသိုက်ချုပ်ဘိုးဘိုးများ မယ်တော်ကြီးများ ဇေယျသေနနဂါးမင်းနှင့် ညီမတော်များ အမတော်မြနန်းနွယ်တို့မိသားစုနှင့် ၁၀၂၄မျိုးသော သာသနာအကျိုးပြုနဂါးမျိုးနွယ်စုအားလုံးတို့ကြွငေ်္ာက်ဦးတိုက်သည့် မဟာအောင်မြေဘုရား ဘောဂဝတီမျိုးနွယ်စုအားလုံး၏ ထူးခြားသည့်နယ်မြေ မော်တင်စွန်းဘုရားအောင်မြေသို့ အရောက်လှမ်းဖို့ ဖိတ်ခေါ်ချက်ဖြင့် အောင်စေ ပိုင်စေ အေးချမ်းစေဖို့ ဘဝဘောဂတောင်းတိုင်းတ လိုတိုင်းရစေမည့် မြတ်မော်တင်စွန်းဘုရားမှာ ဆုတောင်းသစ္စာပြုပြီး အောင်မြင်မူအပေါင်းရရှိနိုင်ကြစေသတည်

(မှတ်သားဖူးသောစာပုဒ်များ)
Sai Thi Ha

ဇလုံတောင်တော်-ဘုရားသမိုင်း အကျဉ်း

ဗန်း​မောက်​မြို့နယ်​က ဇလုံ​တောင်​(သို့)လွယ်​စန့်​​တောင်
(“ ဇလုံတောင်တော်-ဘုရားသမိုင်း အကျဉ်း”)

==========================
==========================

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ
မြောက်ဘက် (၁၄)မိုင် (၆)ဖာလုံခန့်အကွာ တောအတွင်း ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ (၃၀၉၀)မြင့်သော တောင်ပေါ်တွင် တည်ရှိသည်။

(1 inches ) မြေပုံညွှန်းမှာ SG- 451349 ဖြစ်၍ Tha Lon ( သလွန်တောင်)
ဟု ဖေါ်ပြထားသည်။

ဇလုံတောင်ဒေသသည ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး တစ်နှစ်လုံး ပျမ်းမျှ
အပူချိန်မှာ (၇၀.၅)ဒီဂရီ ဖာရင်ဟိုက်ရှိသည်။

အမြင့်ဆုံးအပူချိန် 90ံF နှင့် အနိမ့်ဆုံးအပူချိန် 35ံF ရှိသည်။

မိုးရေချိန်မှာ တစ်နှစ်ပတ်လုံး (၆၂)လက်မ ရှိပြီး၊ ပုံမှန်မိုးရွာသွန်းရက်မှာ
(၈၅)ရက်ခန့်ရှိသည်။

တောင်တော်ထိပ်ဝန်းကျင်တွင် ရာသီမရွေး မြူဆိုင်းနေတတ်သဖြင့်
(၂၀၁၄ ခုနှစ် Update )Google ၏ ဂြိုဟ်တုမြေပုံတွင် တောင်တော်အားမတွေ့ရဘဲ
တိမ်များသာတွေ့ရှိရသည်။

ဇလုံတောင်ထိပ်တွင် ph.7 အဆင့်ရှိ နတ်ရေတွင်းရှိပြီး ရေအမြဲထွက်လျက်ရှိသည်။

ဇလုံတောင်တော်သည် အမဲရောင် ကျောက်တောင်ဖြစ်ပြီး
ကျောက်တောင်ကြီးများမှာ ပြောင်ချော၍ တောတောင်အလယ်ထီးထီးကြီး
သပ္ပါယ်စွာတည်ရှိနေသည်။

ဇလုံတောင်၏

အရှေ့ဖက်တွင် - ကျောက်မဲတောင်၊ ကလပ်တောင်၊ တောင်နီတောင်

အနောက်ဖက်တွင်- ဆူးပုတ်တောင် ၊ပေ (၂၀၀၀ )အထက် တောင်နှစ်တောင်နှင့် အနောက်တောင်ဖက်မှာလည်း (၃၁၁၅)ပေ မြင့်သော တောင်ကြီးများရှိသည်။

တောင်ဖက်တွင်- ယောက်ချိုတောင်၊ ဆာဘားတောင၊ နောင်ချိုတောင်

မြောက်ဖက်တွင် ကျောက်မိုးဂါးတောင်၊ နွေသိန်တောင်၊ မောက်သလွန်တောင်၊နှင့် ပေ(၂၀၀၀)ကျော် တောင်ကြီး (၂)တောင်၊ ပေ(၃၀၀၀)ကျော် တောင်ကြီး (၃)တောင် တို့ ၀န်းရံလျက်ရှိသည့် တောင်ထူထပ်သော သဘာဝတောအလယ်တွင် တည်ရှိသည်။

ဇလုံတောင်ဒေသရှိ တောနောက်(နားတောနောက်)ကျေးရွာတွင် နမ့်မွေတောင်ချောင်းဖျားတွင် အမြင့်ပေ(၃၀)ကျော်မှစီးဆင်းနေသော နမ့်မွေတောင်ချောင်းရေတံခွန်ကြီးတစ်ခုရှိသည်။

ဇလုံတောင်တော်သည် ကျောက်တောင်ကြီး(၄)ခုပူးကပ်စုစည်းဖြစ်ပေါ်နေသော
တောင်တော်ကြီးဖြစ်၍ ဘေးမှကြည့်သော် ဆင်ကြီးတစ်ကောက် ကုန်းထနေပုံနှင့်
တူလေသည်။

တောင်မကြီးနှစ်တောင်မှာ ပူးကပ်၍ ၄င်း၏အရှေ့ဖက်ကပ်လျက်တွင် ကျောက်တောင်ငယ် နှစ်တောင်ရှိသည်။ ထိုတောင်တော်(၄)ခုမှာ တစ်စုတည်းတည်ရှိပြီး တောင်ကြီးများအား ခမည်းတော်တောင်၊ သားတော်တောင်၊ မယ်တော်တောင်၊ နှင့် သမီးတော်တောင် ဟု
အမည်ခေါ်ဝေါ်ကြောင်းသိရသည်။

ကျောက်တောင်ထိပ်ကို တက်သည့်အခါတွင် ကျောက်တောင်နှစ်လုံးကြားမှ အုတ်လှေခါးနှင့် ကွေ့ပတ်တက်ရပြီး ကျဉ်းကြပ်သောနေရာ ကျောက်တံခါးကြီးလည်းရှိပါသည်။

သဘာဝမှ အလွန်ထူးဆန်းစွာဖန်တီးထားသော ဤတောင်တော်အား ယခု(၂၀၁၅)အခါ တိုင်းဒေသကြီးအစိုးရမှ ကြီးမှူး၍ တောင်ထိပ်အထိ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန် ကွန်ကရစ်ကားလမ်းမကြီးအား ဖေါက်လုပ်နေသည်ဟုသိရပါသည်။

ယခုအချိန်တွင် 4x4 ကားများဖြင့် တောင်ထိပ်အထိ တက်ရောက်နိုင်ပြီး နှစ်စဉ် တန်ခူးလတွင် သင်္ကြန်အပြီး ဇလုံတောင်တော် ဣ စ္ဆာသယချမ်းသာကြီးဘုရား ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။

နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ အသံမစဲ ပဋ္ဌာန်းပွဲများ၊ ရဟန်းခံ ရှင်ပြုပွဲများအား
ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗန်းမောက်မြို့မှ (၃)မိုင်အကွာ ခမိုးရွာ ထိုမှ (၃)မိုင်ခန့်ရှိ ပဲမနရွာဟောင်းရှိရာ ညောင်သာယာ ရွာအထိ မြေပြန့်ကားလမ်းရှိပြီး ထိုနေရာမှ ဇလုံတောင်တော်သို့ ကားဖြင့် တောင်တက်ခရီးကိုစတင်ပါသည်။

ပဲမနရွာဟေား ဖြစ်သည့် ညောင်သာယရွာမှ ဇလုံတောင်တက်လမ်းအား
(၀) မိုင် အဖြစ်သတ်မှတ်၍ တောင်ထိပ်ဇရပ်အထိ (၉)မိုင်တိတိရှိသည်။
ဗန်းမောက်မှ ဇလုံတောင်တော်ထိပ်ထိ ကားလမ်းမှာ (၁၄)မိုင် (၆)ဖာလုံခန့်ရှိသည်။

==================
==================

“ ဇလုံတောင်တော်-ဘုရားသမိုင်း အကျဉ်း”

---

ဇလုံတောင်တော်ပေါ်ရှိ ကျောက်စာအရ ဂေါတမမြတ်စွာဘုရားသခင်သည် ကောဇာသက္ကရာဇ်(၁၂၃)ခု ၀ါတော်(၂၀)အရတွင် ရဟန္တာ(၅၀၀)ခြံရံလျက် ကောင်းကင်ခရီးမှ ကြွချီလာခဲ့ရာ ဧရာဝတီ နှင့် သလ္လာဝတီမြစ်နှစ်သွယ် အလယ်ဗဟိုနေရာဖြစ်သော ဂေါဒေါပလ္လင် တောင်တော်သို့
ရောက်သောအခါ ဧရာပထ နတ်နဂါးမင်း သားအဖတို့၏ တောင်းပန်လျှောက်ထားမှုကြောင့် တောင်တော်တွင် (၇)ရက်သီတင်းသုံးကာ နဂါးမင်း သားအဖလှူဒါန်းသော ဆွမ်းကိုဘုန်းပေး သုံးဆောင်ခဲ့သည်။

ဘုန်းပေးပြီး ကျန်ရှိသော ဆွမ်းများကိုလည်း စိန်ရွှေငွေ ကျောက်သံပတ္တမြား ရတနာများဖြစ်စေကြောင်း အဓိဋ္ဌာန်ပြုလျက် တောင်၏ပတ်လည်သို့ စွန့်ကြဲပက်ဖျန်းခဲ့သည် ဟုပါရှိသည်။

ဂေါတမ မြတ်စွာဘုရားက ညီတော် အာနန္ဒာအား ဗျာဒိတ်စကားမိန့်ကြားသည်မှာ
“ဤဂေါဒေါပလ္လင် တောင်ကလပ်၌ ပွင့်တော်မူလတ္တံသော အရိမေတ္တယျ ဘုရားရှင်သည် ငါဘုရားကဲ့သို့ အလှူခံယူကာ တရားထူးကို ဟောကြားလိမ့်မည် ” ဟု မိန့်တော်မူသည်။

သို့ဖြစ်ရာ ဤကျောက်တောင်တော်သည် ငါးဆူမြောက် အရိမေတ္တယျဘုရားရှင် တရားထူးဟောမည့် နေရာဖြစ်ပါကြောင်း ကျောက်စာတွင် ဖေါ်ပြထားသည်။
ဘုရားသမိုင်းကျောက်စာကို ယခုအခါ ကျောက်တောင်၏ အရှေ့ဖက်တွင် စိုက်ထူထားပါသည်၊

ကျောက်စာအရ-
သက္ကရာဇ်(၄၉၂)ခုနှစ်တွင် ဘုရားတည်ခဲ့ကြောင်း ရေးထိုးထားရာ ဇလုံတောင်စေတီတော်သည် နှစ်ပေါင်း (၉၀၀)နီးပါးသက်တမ်းရှိပြီဖြစ်သည်။
ဇလုံတောင်စေတီတော်ကို အရှင်ဓမ္မဒဿီ အမည်ရှိ ရှင်အရဟံ မထေရ်မြတ်နှင့် တပည့်အရှင်အာစာရ မထေရ်မြတ်နှစ်ပါးက ဂေါဒေါပလ္လင် ဇလုံတောင်တော်သို့
ကြွရောက်လာပြီး ဣ စ္ဆာသယလိုတရ ချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူ စေတီများကို ဦးစွာတည်ထား ကိုးကွယ်ခဲ့ပါသည်။

ထို့နောက် သက္ကရာဇ် ( ၁၂၁၁ )ခုနှစ်တွင် ၀ိဇ္ဖာမဟိဒ္ဓိ အရှင် ဟု ထင်ရှားသော ဘုန်းကြီး ဥိးသာအေး အရှင်မြတ်က အောင်တော်မူ၊ အောင်ဆုယူ စေတီများကို ဒုတိယအကြိမ်ပြုပြင်၍ “ အောင်ကျော်အေးအောင် ဇလုံတောင် ” ဟု မော်ကွန်းတင်ခဲ့ပါသည်။

ဇလုံတောင်တော်စေတီရှိရာ သလွန်တောင်တော်ပေါ်တွင် ကြေးပိဿာချိန်(၂၅)ရှိသော ခေါင်းလောင်းတစ်လုံးရှိပြီး ယင်းခေါင်းလောင်းပေါ်တွင် ရေးထိုးထားသော
ခေါင်းလောင်းစာအရ -

(၁၂၇၆)ခုနှစ်တွင် စက်တောကိုးဌာနတွင်ပါဝင်သော ကန်ရွာကျောင်းဆရာတော်နှင့်
တိုက်သူကြီးဦးရွှေသီး၊ ဝေးနီးမြို့ရွာ ဒါယကာတို့က ကြေးပိဿာချိန် (၂၅)ပိဿာရှိ
ကြေးခေါင်းလောင်းသွန်းလုပ်လှူဒါန်းပြီး (၁၂၉၇ )ခုနှစ်တွင် သောင်သွပ်မြို့
ဝဲတက်ရွာဇာတိ အရှင်ကုဝေရေ က သားတော်ကျောက်ပလ္လင်၌ ဂန္ဒကုဋိတိုက် စေတီ ငါးဆူ တည်ထားပြီး ဥာဏ်တော်(၄)ပေရှိ လိုတိုင်းပြည့် ဗျာဒိတ်ပေး (ပဉ္စလောဟာ) ဗုဒ္ဓရုပ်ပွားတော် သွန်းလောင်း၍ တတိယအကြိမ်သာသနာပြုခဲ့ကြောင်းမှတ်တမ်းပါရှိသည်

=============

မောလူးစာမျက်နှာ
#​ဖေ​အောင်
crd

#ခရီးသည်

Sunday, February 4, 2018

ကျားရွာ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှ(၁၂) )မိုင်ခန့်ဝေးပါတယ် ကျားရွာလို့ခေါ်ပါတယ် အိမ်ခြေ (၁၀၀၀ )ကျော်ရှိပါတယ်။သက္ကရဇ် (၄၈၂ )ခုနှစ်မှာ အလောင်းစည်သူမင်းကြီး ဤနေရာသိုရော က်ရှိလာပြီး ရွှေလင်းပင် ၊ရွှေဘုန်းသာ၊ ရွှေစည်းခုံ၊ရွှေသိမ်တော်၊ဖောင်တော်ဦးအစရှိသော စေတီငါးဆူနှင့်ရွာတည်ခဲ့သည်မှာ လာမယ့် (၁၃၈၂ )ခုနှစ် (2020)တွင် နှစ်ပေါင်း (၉၀၀) ပြည့်တော့မည်ဖြစ်ပါတယ်။နှစ် (၉၀၀)သက်တမ်းတကယ်ပြည့်ခဲ့သည်မှာ မှန်ကန်ကြောင်းသမို င်းသုတေသန ပညာရှင်ကြီး ဦးဝင်းမောင်(တမ္ပဝတီ)မြန်မာမှု့ရှေးဟောင်ပိသုကာပညာရှင်ြ ကီး၏ ထောက်ခံမှု့ရရှိခဲ့ပြီးဖြစ်ပါတယ်။နှစ် ၉၀၀ ပြည့်ပွဲတော်ကို ရွှေလင်းပင်စေတီတော်မြတ်ြ ကီးဆီမီးပူဇော်ရေးအဖွဲ့မှဦးဆောင်၍ ကျားရွာ သမိုင်း စာအုပ်ထုတ်ဝေခြင်းနှင့် နှစ် (၉၀၀)ပြည့် ပွတော်ဖြစ်မြောက်ရေးကိစ္စများကို ရွာသူရွာသားများနှင့်ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျားရွာသမိုင်းတွင် ရွာသမိုင်းနှင့်ဘုရားသမိုင်းအပြင် စီးပွါးရေး ကျန်းမာရေး လူမှုရေး ပညာေ ရး ဘာသာရေး အုပ်ချုပ်ရေးနှင့် ရှေးဟောင်းသမိုင်းဝင် စေတီ ဘုရား ကျောင်းကန် ဇရပ် သိမ် ကျောင်း စသည့် ဗဟုသုတဖြစ်ဖွယ်သမိုင်းကြောင်းများကို သီးခြားစီဖော်ပြပေသွားပါမည် ဖြစ် ပါ၍ ရွာနှင့်သက်ဆိုင်သောစာမူများ ကဗျာများကို တောင်ရွာကျောင်းဆရာတော်ဦးကဝိသာရ ထံတွင် စတင်၍လက်ခံနေပြီဖြစ်ပါတယ်။ နှစ် ၉၀၀ ပြည့် သမိုင်းပြတိုက် ဆောက်လုပ်မှာဖြစ်သ ည့်အတွက်ရှေးဟောင်းဓာတ်ပုံ သမိုင်းစာပေများနှင့် တိကျသော အကိုးအကား အထောက် အထားများ ပေးပို့ကူညီကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ကျနော်တို့၏ ဆီမီး ပူဇော်ရေးအဖွဲ့တွင် တစ်လလျှင် (၅၀၀၀)ကျပ်နုန်းဖြင့် လစဉ်အလှူရှင် (၄၀)ယောက် ဖြင့်တစ်လလျှင် (၂၀၀၀၀၀)ကျပ်အလှူငွေရရှိပါသည်။ထိုအလှူငွေများထဲမှနုတ်ယူ၍ ရွှေလင်းပင်စေတီတော်မြ တ်ကြီးကို online. မှဖူးမျှော်နိုင်စေရန် လစဉ်ကျသင့်သော internet bill နှင့် ဘုရားသွားရာလမ်း တလျှောက်လမ်းမီးများ ရေသန့်ရေအေးပေးစက်အတွက် လိုအပ်သောအပိုပစ္စည်းများ ဘုရား ဆလိုက်မီများ ၏နှစ်စဉ်ပြုပြင်စရိတ်များ သင်္ကြန်ကာလတွင် ရွာရှိ ဓမ္မာစရိယ အောင်မြင်သော သံဃာတော်များကိုတရားပွဲများစီစဉ်ပေးခြင်း စတုဒိသာများကျွေးမွေးခြင်း အစရှိသော ကောင်း မှုများကိုဆီမီးပူဇော်ရေးအဖွဲ့နှင့်ရွာသူရွာသားများ မိတ်ဆွေများ စုပေါင်းအားဖြင့်လှူဒါန်းလာခဲ့သ ည်မှာ (၁၀)နှစ်ပြည်ခဲ့ပြီဖြစ်ပါသည်။ (2020)တွင်ရောက်ရှိတော.မည့် နှစ် (၉၀၀)ပြည့်ပွဲတော်ြ ကီးကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကျနော်တို့၏ ဆီမီးပူဇော်ရေး အဖွဲ့နှင့်ပူးေ ပါင်း၍ဖြစ်စေ
သီးခြားးအလှူရှင်အနေဖြင့် ဖြစ်စေ မိမိတို့တတ်စွမ်းသည့်နေရာမှ ပါဝင်ပူးပေါင်းဆောင်ရွက်ေ ပးကြပါရန်ဖိတ်ခေါ်အပ်ပါသည်။အသေးစိတ်သိရှိလိုပါက ဦးကဝိသာရ (၀၉၇၉၇၂၅၂၂၁၇)ကို ဒီဝမ်း (၀၉၇၉၀၁၃၇၄၂၁ ) ကိုဘိုဘိုလွင် (၀၉၇၉၂၁၄၃၂၇၉) ဦးအေဝမ်း(၀၉၇၇၉၂၀၁၀၅၈) ဦး ဘီဝမ်း(၀၉၇၉၇၈၂၀၇၆၀)တို့သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မိမိတို့၏ လစဉ် ဝင်ငွေမှ ခွဲ၍ တလလျှင် ၅၀၀ကျပ် ၁၀၀၀ ကျပ် ၂၀၀၀ ကျပ် ၃၀၀၀ ကျပ်
၄၀၀၀ ကျပ် ၅၀၀၀ကျပ် ၁၀၀၀၀ ကျပ် စသည်ဖြင့် မိမိတို့ အဆင်ပြေသလို ပါဝင်လှူဒါန်း နိုင်ြေ

၄၀၀၀ ကျပ် ၅၀၀၀ကျပ် ၁၀၀၀၀ ကျပ် စသည်ဖြင့် မိမိတို့ အဆင်ပြေသလို ပါဝင်လှူဒါန်း နိုင်ြေ ကာင်း အသိပေးအပ်ပါသည်။
ယခု လက်ရှိ လစဉ် အလှူရှင်များမှာ
၁/ အရှင်သောဘန (သီရိမင်္ဂလာပရိယတ္တိစာသင်တိုက်) ၂/အရှင်စက္ကိန္ဒ (သီရိမင်္ဂလာပရိယတ္တိစာသင်တိုက်) ကျပ်
၃/ဦးတိုက်ကြီးအားရည်ဇူး၍ ဒေါ်ဆန်း မိသားစု ၄/ဆရာဦးဘသန်းဒေါ်စောကွန့်တို့ကိုအမှူးထား၍ သား
ကိုထွန်းထွန်းနိုင်+မသန္တာအေး သမီး မသန့်သဇင် မချိုသဇင် ၅၀၀၀ကျပ်
မိသားစု
၅/ဦးညီညီဝင်း+မဆုမွန်အောင် သားမောင်ရဲမင်းသူ ၅၀၀၀ကျပ်
မောင်သီဟတေဇာ မိသားစု ၆/ဆရာဦးတင်မောင်+ဒေါ်သန်းတင်တို့ကိုအမှူးထား၍
သမီး မထားထား မိသားစု
၅၀၀၀ကျပ်
၇/ဆရာမဒေါ်ကေသွယ်ဝင်း မိသားစု
၅၀၀၀ကျပ်
၈/ဦးဇော်ဝင်း+ဒေါ်ဆွေဆွေဝင်း သမီး မရတီစိုး မဆုမြတ်စန္ဒီ ၅၀၀၀ကျပ်
ရွှေဘိုမြို့ မန္တလေးမြို့
မန္တလေးမြို့ မြစ်ကြီးနားမြို့
မန္တလေးမြို့
မြစ်ကြီးနားမြို့ ကျားရွာ
၅၀၀၀ ကျပ် ၅၀၀၀
၅၀၀၀ကျပ်
မိသားစု
၉/ကိုဒီဝမ်း +မရွှေဇင်စိုး +သား မောင်သော်ဇင်ဝမ်း မိသားစု
၅၀၀၀ကျပ် ၁၀/ဦးငွေဝင်း+ဒေါ်နန်းပြုံး+သားမောင်လှိုင်ဘုန်းမြင်.မြတ်မိသားစု မိုးညှင်းမြို့ ၅၀၀၀ကျပ်
၁၁/ဦးကျော်ဆွေ+ဒေါ်ပြည+့် သားမောင်အောင်မြင့်မြတ်
၅၀၀၀ကျပ်
သမီးမေမြတ်နိုးကျော် ခင်ဘုန်းမြတ်သူမိသားစု ၁၂/ဦးကျော်ငွေ+ဒေါ်ခင်စန်းမွန် မိသားစု
၅၀၀၀ကျပ်
၁၃/ဦးမောင်နိုင်+ဒေါ်တင်တင်ခိုင+် သမီးမိုးမိုးဖြူမိသားစု
ရွှေဘိုမြို့
မန္တလေးမြို့ ရွှေဘိုမြို့
မန္တလေးမြို့ ရန်ကုန်မြို.

၁၃/ဦးမောင်နိုင်+ဒေါ်တင်တင်ခိုင+် သမီးမိုးမိုးဖြူမိသားစု ၅၀၀၀ကျပ် ၁၄/ကိုတိုးနိုင်ဝင်း+ဒေါ်တင်ဆန်း+သားမောင်ကိုကိုနိုင်
ငယ်ငယ်နိုင် သမီး ဟေမာနိုင်မိသားစု
၅၀၀၀ကျပ် ၁၅/ကိုအောင်မျိုးဆွေ+မချိုဇာထွန်း+သားမောင်စွမ်းရည်ထက် ၅၀၀၀ကျပ်
၁၆/ကိုမော်မော်ထွန်း+မဆွေဆွေဝင်း မိသားစု
၅၀၀၀ကျပ်
၁၇/ကိုအောင်မျိုးဝင်း+မဝါဝါဦး မိသားစု
၅၀၀၀ကျပ် ၁၈/ဦးအေဝမ်း+ဒေါ်ပြုံးအေး+သားမောင်မျိုးထက်ဇော်သမီး ၅၀၀၀ကျပ်
မျိုးမီမီမော် မိသားစု ၁၉/ဦးမောင်လေး+ဒေါ်တင်မ+သားမောင်ဆန်းဦး+မောင်ကံညွန့် ၅၀၀၀ကျပ်
မောင်မောင်အေး+မောင်ဆန်းထူး+သမီးမဆန်းမြင့်+ မအေးအေးခိုင်မိသားစု
၂၀/ဦးဝင်းဆွေ+ဒေါ်ကြွယ်ဌေး+သားမောင်ကျော်မိုးဆွေ+ ၅၀၀၀ကျပ်
သမီးမသန်းသန်းမိုး+ဝေဝေဖြိုးမိသားစု ၂၁/ဒေါ်ညိုအ+ိ သမီးမခင်မျိုးသက်မိသားစု ၂၂/ဦးစိုးမိုးကျော်မင်း+ဒေါ်သင်းသင်းလှိုင် မိသားစု ၅၀၀၀ကျပ် ၂၃/ဦးတာနော+ဒေါ်သီသီဝင်း+သမီးမဥမ္မာစော ၅၀၀၀ကျပ်
၂၄/ဆရာမ မကြည်ကြည်သန်း
၅၀၀၀ကျပ်
၂၅/ကိုဇော်ခင+် မယဉ်ယဉ်ဆန်း+သားမောင်မျိုးမင်းဟန်+
မောင်ထက်ဝေယံ သမီးဆုရတီခင်မိသားစု ၅၀၀၀ကျပ်
၂၆/ဦးဝင်းဗိုလ် ၅၀၀၀ကျပ်
ရွှေဘိုမြို့
ကျားရွာ စင်္ကာပူ
စင်္ကာပူ စင်္ကာပူ
ကျားရွာ
ကျားရွာ
ရန်ကုန် ကျားရွာ စင်္ကာပူ
စင်္ကာပူ မန္တလေး
မြစ်ကြီးနား ရန်ကုန်

၅၀၀၀ကျပ်
၂၇/ဦးမြင့်ဝင်း+ဒေါ်ထွေးတင် မိသားစု
၅၀၀၀ကျပ်
၂၈/ကိုကျော်မျိုးနိုင်+မလင်းလင်းမော်မိသားစု
၅၀၀၀ကျပ်
၂၉/ကိုဖိုးလပြည့်+မယမင်းသီတာမျိုး မိသားစု
၅၀၀၀ကျပ်
၃၀/ကိုချမ်းမြေ့အောင်
၅၀၀၀ကျပ်
၃၁/မောင်ပေါက်ကျိုင်း
၅၀၀၀ကျပ်
၃၂/မောင်မျိုးလွင်+မဝိုင်းဝိုင်းမိသားစု
၅၀၀၀ကျပ်
၃၃/ဦးအောင်ဇော+် ဒေါ်ဇင်မာအေး+သားမောင်ကောင်းပြည့်စုံမင်း
မောင်စွမ်းပြည့်စုံမင်း မိသားစု ၅၀၀၀ကျပ်
၃၄/ကိုအောင်မျိုးမင်း(မင်းမင်း)
၅၀၀၀ကျပ်
၃၅/ဦးဇော်မင်းလေး +ဒေါ်အေးမြခိုင် သားမောင်ဟိန်းနန္ဒဇော် ၅၀၀၀ကျပ်
၃၆/မိခင်ကြီးဒေါ်သောင်းစိန်အားအမှူးထား၍
ဦးမြတ်ထွန်း+ဒေါ်ခင်ဌေးကြူ မိသားစု ၅၀၀၀ကျပ်
၃၇/ဦးခွန်ထွန်းတင်+ဒေါ်သင်းသင်းခိုင်သားခွန်သိင်္ခရဲဝင့် ၅၀၀၀ကျပ်
၃၈/ဒေါ်ရှင်မိုး မိသားစု
၅၀၀၀ကျပ်
၃၉/ဆရာထွန်းထွန်း+မထက်ထက်စိုး မိသားစု ၅၀၀၀ကျပ်
၄၀/ဦးနန်းတင်+ဒေါ်ပွဲမိသားစု
၅၀၀၀ကျပ်
၄၁/ မောင်ဟန်စိုးအောင် ၁၀၀၀၀ကျပ်
ဖားကန့် ကျားရွာ မလေးရှား
မြစ်ကြီးနား ရန်ကုန်
ဖားကန့်
မိုးညှင်းမြို့ စင်္ကာပူ မန္တလေးမြို့
ရန်ကုန်မြို့ ရန်ကုန်မြို့ ရန်ကုန်မြို့
ကျားရွာ ညောင်ကန်ရွာ
ရန်ကုန်

၁၀၀၀၀ကျပ်
၄၂/မအေး မန္တလေး ၃၀၀၀ကျပ်