သာသနာကို အသက်ထက်ချစ်သော ဒုဋ္ဌဂါမဏိ( ၁ )
*************************************
(သာသနာ -၃၈၃.၄၀၇။၁၀၁-၇၇ ဘီစီ)
ကာကဝဏ္ဏတိဿ မင်းကြီးသည် သားကြီးဂါမဏိ
ငါးနှစ်ပြည့်၍ ညီတော်တိဿ သုံးနှစ်အရွယ်သို့ရောက်
သောအခါ သံဃာတော်အရှင်သူမြတ်များ ပင့်ဖိတ်၍
ထမင်းခွံ့မင်္ဂလာကျင်းပလေ၏။
သံဃာတော်များ ဆွမ်းဘုန်းပေးပြီး၍ ကျန်သော
နို့ဃနာထမင်းကို ဝိဟာရဒေဝီ မိဖုရားကြီးကိုကျွေး၏။
"ကဲသားတော်တို့လဲစားကြ သင့်တို့ဟာ မြတ်စွာဘုရား
သာသနာတော်ကိုပစ်ပယ်လျှင် ဤစားသော ထမင်းများ
အဆိပ်ဖြစ်ပါစေ "ဟုဆိုကာ ကျွေးလေ၏။ မင်းသားနှစ်
ပါးလည်း အားရဝမ်းသာစားကြလေ၏။
သိတတ်သောအရွယ်မှစ၍ သာသနာသွေးမွေးပေး
လိုက်ခြင်းဖြစ်ပေသည်။
တဖန် ၁၂နှစ်/၁၀နှစ်အရွယ်သို့ရောက်သောအခါ
တွင်လည်း သံဃာတော်ငါးရာပင့်ဖိတ် ဆွမ်းကပ်ပြီး
ဘုန်းပေးပြီး၍ကျန်သော ထမင်းကျန်ဟင်းကျန်များကို
ပန်းကန်သုံးခု၌ထည့်၍ ဦးစွာ တပန်းကန်စီကို သား
တော်နှစ်ပါးအားပေးပြီးနောက် -
"သားတော်တို့ဒီထမင်းကို သစ္စာဆိုပြီးစားကြရမယ်
ငါတို့သည်ဘိုးဘေးစဉ်လာပျက် ဆက်ဆင်းကိုးကွယ်
လာသော သံဃာတော်အရှင်သူမြတ်တို့အား ဘယ်
သောအခါမှ မျက်ကွယ်မပြု ဂရုမမူ မကြည်ဖြူပဲ မနေပါ။
အကယ်၍ ထိုသို့နေမိခဲ့လျှင် ဤထမင်းသည် အစာမ
ကြေ အဆိပ်သဖွယ်ဖြစ်ပါစေ" ဟုသစ္စာဆို၍ စားစေ၏။
သားတော်နှစ်ပါးလည်း ခမည်းတော် ဆိုပေးသည့်
အတိုင်း သစ္စာဆို၍ ဝမ်းသာအားရ စားကြလေ၏။
ဒုတိယထမင်းပန်းကန်ပေးသောအခါ ညီနှောင်နှစ်
ပါး" မည်သည့်အခါမှမျှ မသင့်မတင့်မဖြစ်ပါဟု "သစ္စာ
ဆိုကြရ၏။ထိုအခါ၌လည်း ဝမ်းသာအားရပင်စားကြ
လေ၏။
တတိယ တပန်းကန်ကိုမူ သားတော်တို့၏ စိတ်အ
လိုကို စမ်းသည့်အနေဖြင့် ဂင်္ဂါဖြစ်တဖက်ကမ်း မြောက်
ဘက်ဒေသရှိ သီဟိုဠ်နိုင်ငံအား မိစ္ဆာဒိဋ္ဌိ ကျေးကုလား
မင်းများအုပ်စိုးနေသည်ကိုအကြောင်းပြု၍ "ထိုကျေးကု
လားများကို စစ်မတိုက်ပါ"ဟု သစ္စာဆို၍ အစားခိုင်းစေ
ရာ ညီတော် တိဿ သည် ထမင်းကိုယူ၍ လွင့်ပစ်လိုက်
၏။ နောင်တော် ဂါမဏိကား ထမင်းများကို ပစ်ချချေမွ
ပြီး မစားပဲ ခမည်းတော်အား ရှိခိုး၍ထသွားလေ၏။
အိပ်ယာသို့ ရောက်သောအခါ စန့်စန့်ရန့်ရန့်
မအိပ်ဖဲ ကောက်ကွေးကွေး တဆစ်ချိုးကြီးလုပ်၍ အိပ်
နေလေရာ မယ်တော်ကြီးက အနားသို့လာ၍-
"သားကြီးရယ် ဘာဖြစ်လို့ခွေခွေခေါက်ခေါက်ကြီး
အိပ်နေရတာလဲ ခြေလက်ဆန့်တန်းပြီး ချမ်းချမ်းသာသာ
အိပ်ပါတော့လား သားရယ်"ဟုချော့မော့ ပြောဆိုလျှင်
"မယ်မယ်ဘုရား ဂင်္ဂါမြစ် တဘက်ကမ်းမှာ ကျေးကု
လားတွေ အုပ်စိုးနေတယ်မဟုတ်လား ပြီးတော့
ဂေါဌသမုဒ္ဒကြီးကလဲ အိမ်နားမှာပဲကပ်နေတယ်။
ဒီဆောက်ကျဉ်းကျပ်နေတဲ့ (နေရာကျဉ်းကျဉ်းကလေးဟု
ဟူလို)နေရာကလေးမှာ သားတော်ဘယ်လိုလုပ် ခြေ
လက်ဆန့်ပြီး အိပ်လောက်မှာလဲ အိပ်နိုင်မှာလဲ
မယ်မယ်ဘုရား"ဟု သားကြီးဒုဋ္ဌဂါမဏိမှ ပြန်လည်
လျှောက်ထားလေ၏။
ဆက်လက်တင်ပြပါမည်။
( စံတော်ဝင်အရိယာများ ဓမ္မာစရိယဦးဌေးလှိုင် )
စာအုပ်မှ ဒုဋ္ဌဂါမဏိမင်းကြီး၏ စွမ်းစွမ်းတမံအားကျဖွယ်
သာသနာတော်ကြီးကို ကာကွယ်စောင့်ရှောက်ခဲ့ပုံများ
မျှဝေခြင်းဖြစ်ပါသည်။
အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးတတ်ပါစေ.
No comments:
Post a Comment