Sunday, June 17, 2018

ဂျော့ဝါရှင်တန်(၁၇၃၂-၁၇၉၉)

GEORGE WASHINGTON (1732- 1799)
ဂျော့ဝါရှင်တန်(၁၇၃၂-၁၇၉၉)

ဗာဂျီးနီးယားဝိတ်ဖီးလ်မှာ ၁၇၃၂ကဂျော့ဝါရှင်တန်ကို မွေးဖွါးခဲ့ပါတယ်။ စိုက်ခင်းကြီးရှင် လူချမ်းသာတစ်ဦးရဲ့ သားဖြစ်လို့ အသက်

နှစ်ဆယ်မှာ ကြီးမားတဲ့နယ်ကိုအမွေရခဲ့ပါတယ်။ ၀ါရှင်တန်ဟာ ၁၇၅၃ က၁၇၅၈ထိ စစ်မှုထမ်းခဲ့ပြီးပြင်သစ်နဲ့အင်ဒီယမ် စစ်ပွဲတွေ

မှာပါဝင်တိုက်ခဲ့ဖူးတဲ့အတွက် စစ်ပွဲအတွေ့အကြုံလည်းရတဲ့အပြင် တိုက်ခိုက်ရေးမှအောင်မြင်သူအဖြစ်နဲ့ ဂုဏ်သတင်းထွက်လာ

ခဲ့ပါတယ်။ ဇာတိဗာဂျိနိယားကို ၁၇၅၈ကုန်ကာနီးပြန်လာခဲ့တဲ့အခါ စစ်ဗိုလ်အဖြစ်ကနှုတ်ထွက်ပြီးဖြစ်ပါတယ်။ နောက်မကြာမီ

ကြွယ်ဝချမ်းသာတဲ့ကလေးနှစ်ယောက်မိခင် ၊ မုဆိုးမမာသာဒဲန်ဒရစ်ကပ်စ်တိစ်နဲ့လက်ထပ်တယ်။(သားသမီးမထွန်းကားပါ။)
ဝါရှင်တန်ဟာတစ်ဆယ့်ငါးနှစ်လုံးလုံးမိမိပိုင်စိုက်ခင်းကြီးကို နိုင်နိုင်နင်းနင်းစီမံအုပ်ချုပ်ခဲ့ပါတယ်။ ဗာဂျီးနီးယားနယ်ကပထမ

ကွန်တီနင်တယ်ကွန်ဂရက် (The First Contirental Congress) ပထမအကြိမ်အမေရိကတိုက်တစ်ခုလုံးအစည်းအဝေးကြီးကို

၁၇၇၄ ကကျင်းပတဲ့အခါ အင်္ဂလိပ်လက်အောက်ခံပြည်နယ်တွေရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာသူ့ကိုလည်းအပါအ၀င်တစ်

ယောက်ဖြစ်တယ်ဆိုပြီး၊ ကိုယ်စားလှယ်တစ်အဖြစ်ရွေးကောက်စေလွှတ်ခဲ့ပါတယ်။ ဒါမေမယ့်“ငါတို့အမေရိကတိုက်သားတွေ

အင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေးရယူမယ်” ဆိုပြီးစတင်ကြွေးကြော်သူတွေထဲမှာ သူမပါဘူး။ ဒါပေမယ့်ဇွန်၁၇၇၅ ဒုတိယ

ကွန်တီနင်တယ်ကွန်ဂရက်နောက်တစ်ကြိမ်ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့အခါသူ့ကိုကွန်တီနင်တယ်တပ်မတော်ကို

ဦးစီးဖို့ကန့်ကွက်သူမရှိ။ အများသဘောတူရွေးကောက်ခန့်ထားခဲ့ပါတယ်။ သူဟာစစ်ပွဲအတွေ့အကြုံလည်းများတယ်။ စီးပွါး

ဥစ္စာလည်းကြွယ်ဝတယ်။ (အရပ် ၆ပေ ၂လက်မရှိ) ခန့်ညားတဲ့ဥပတိရုပ်ရှိတာရယ် ကျန်းမာရေးကောင်းတာရယ်၊ စီမံအုပ်ချုပ်မှု

ဖက်မှာလည်းတော်တာရယ် ၊ အဲဒါအပြင်စာရိတ္တကောင်းတယ်။ ကိုယ့်ရည်မှန်းချက်မပျက်မကွက်အစွမ်းထက်ဆောင်ရွက်တတ်

တဲ့အစွမ်းရှိတယ်ဆိုတဲ့အဂါင်္ရပ်တွေကြောင့်ဒီရာထူးကို သူ့မှမရွေးရင်ဘယ်သူ့ကိုရွေးမှာလဲ။ သူ့ပဲအထိုက်အတန်ဆုံးပုဂ္ဂိုလ်မဖြစ်

ပေဘူးလားလို့ဆိုနိုင်ပါတယ်။ စစ်တိုက်ခဲစဉ်လစာမယူဘူး။ လုံးလ၀ီရိယစံပြအဖြစ်ကြိုးစားပြီး

တာဝန်ကိုထမ်းဆောင်သွားပါတယ်။
ဝါရှင်တန်ရဲ့အပြောင်အမြောက်ဆုံးဆောင်ရွက်ချက်တွေကိုဇွန်၁၇၇၅ ကွန်တီနင်တယ်တပ်မတော်ရဲ့ဗိုလ်ချုပ်ကြီးဖြစ်တဲ့ အချိန်ကစ

ပြီး သမ္မတဒုတိယသက်တမ်းကုန်ဆုံးတဲ့ မတ်၁၇၉၇ အတွင်းမှာအထင်အရှားတွေ့နိုင်ပါတယ်။ ဗာဂျီးနီးယားဗာနွန်တောင်နေအိမ်

မှာ ဒီဇင်ဘာ၁၇၉၉နေအိမ်မှာကွယ်လွန်ပါတယ်။“
အမေရိကန်ပြည်ထောင်စုတည်ထောင်တဲ့အခါ ၀ါရှင်တန်ဟာ အကြီးအမားဆုံးနေရာကပါဝင်ခဲ့ပုံကို ထင်ရှားစေတဲ့အချက်ကြီးသုံး

ချက်ရှိပါတယ်။
ပထမသူဟာအမေရိကန်လွတ်လပ်ရေးစစ်မှာအောင်မြင်တဲ့ စစ်ခေါင်းဆောင်ဖြစ်တယ်။ သူ့ကိုစစ်ဖက်မှာသိပ်တော်တဲ့လို့မပြော

နိုင်၊ ထိပ်တန်းနာမည်ပေါက်တဲ့မဟာအလက်ဇန္ဒားလို ၊ ဂျူးလီးယက်ဆီဇာလိုခေါင်းဆောင်ကြီးတွေနဲ့နီးစပ်ဖို့ဝေးပါတယ်။

သူအောင်မြင်တာကသူတော်တာထက် သူ့ကိုလာတိုက်တဲ့အင်္ဂလိပ်ဖက်က စစ်ဗိုလ်တွေအဆမတန်ညံ့လို့လို့ပြောနိုင်ပါတယ်။

အဒီအထဲအထဲမှာ အခြားအမေရိကန်စစ်ဗိုလ်တွေအကြီးအကျယ်ရှုံးတဲ့အခါ ၀ါရှင်တန်လည်းခံရတဲ့အလှည့်ရှိပါတယ်။ ဒါပေမယ့်

သူ့အစွမ်းနဲ့အခြေအနေကိုသူ့ဖက်ကသိပ်မနာအောင်ထိန်းနိုင်လို့ နောက်ဆုံးပိတ်အောင်မြင်ရပါတယ်။
ဒုတိယက၀ါရှင်တန်ကိုဖွဲ့စည်းပုံဥပဒေပြုဥက္ကဌတင်မြောက်တယ်။ အမေရိကန်ဖွဲ့စည်းပုံဥပဒေဆွဲတော့ဝါရှင်တန်ဟာ

စိတ်ကူးအကြံဥာဏ်ဆိုတာမျိုးတွေမှာ သူကေ၇ှ့ဆောင်မဟုတ်ပေမယ့်သူကထောက်ခံတယ်ဆိုရင်

သူ့ရဲ့ကြီးမားတဲ့ဂုဏ်ရှိန်ကြောင့် ပြည်နယ်အစိုးရတွေကအလွယ်တကူလက်ခံကြပါတယ်။

အဲဒီအခါကဖွဲ့စည်းပုံဥပဒေကိုကန့်ကွက်သူမနည်းပါ။ ၀ါရှင်တန်ရဲ့သြဇာအရှိန်သာမပါရင် အဲဒီဥပဒေသစ်ကိုအမှန်အကန်လက်ခံ

ကြမည်ဟုမပြောရဲပါ။
တတိယက၀ါရှင်တန်ဟာအမေရိကန်ပြည်ထောင်စုရဲ့မထမသမ္မတဖြစ်ပါတယ်။ ဂျော့ဝါရှင်တန်လိုအရည်အချင်းကြီးပြီး စာရိတ္တ

ကောင်းသူမျိုးကို ပထမသမ္မတတင်မြောက်နိုင်ခြင်းကို ကံကောင်းတယ်လို့ဆိုနိုင်ပါတယ်။ တောင်အမေရိကနဲ့အာဖရိကပြည်နယ်

တွေရဲ့ သမိုင်းကိုပြန်ကြည့်ရင်ပွဲဦးထွက်မှာ အများပြည်သူအစိုးရနဲ့စပြီး မကြာခင်လက်နက်ကိုင်စီမံအုပ်ချုပ်တဲ့ အခြေအနေကို

ကူးပြောင်းသွားတာတွေ့ရတယ်။ အဲဒီအခြေအနေမျိုးမှာဝါရှင်တန်ကအင်မတန်အစွဲအယူသန်တဲ့ ခေါင်းဆောင်ဖြစ်ပြီးမူလချ မှတ်

တဲ့ ပုံစံကိုမတိမ်းမယိမ်းအောင် ထိန်းမယ်။ ကိုယ်တိုင်ကလည်းတန်ခိုးအာဏာကြာရှည်ယူထားလိုစိတ်မရှိ။ သူကမင်း၊ အဏာရှင်

ဆိုသူမျိုးမဖြစ်လို၊။ အာဏာကိုအေးအေးသာသာလက်လွှတ်တဲ့ အစဉ်အလာလည်းသူကစပြီးဖြစ်စေချင်တယ်။ သူဖြစ်စေချင်သလို

လည်းပြည်ထောင်စုမှာကနေ့အထိဖြစ်ပါတယ်။
ဂျော့ဝါရှင်တန်ဟာဟိုခေတ်အခါအခြားအမေရိကားခေါင်းဆောင်ကြီးတွေဖြစ်တဲ့ သောမတ်ဂျက်ဖာဆန်၊ ဂျိမ်းမဒီဆင်၊

အလက်ဇန္ဒာဟာမိလ်တန်၊ ဗင်ဂျမင်ဖရန်ကလင်တို့လို အတွေးအခေါ်ထိုးထွင်းဥာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်မဟုတ်ပါ။ ဒါပေမယ့်အခု

ပြောတဲ့လူစွမ်းကောင်းတွေထက်သူကပိုအရေးကြီးနေပါတယ်။ ၀ါရှင်တန်ဟာစစ်အတွင်းမှာရောစစ်ပြီးငြိမ်းတဲ့အခါမှာရော ၀န်ထမ်း

တွေကိုကောင်းကောင်းထိန်းသိမ်းကွတ်ကဲပြီး ရှေ့ဆောင်နိုင်တဲ့ဂုဏ်သတ္တိကြီးမားသူပါ။ သူလိုလူမပါရင် ဘယ်နိုင်ငံရေးလှုတ်ရှား

မှုမှအောင်မြင်မှာအဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုဖြစ်မြောက်လာမယ့်ဒီအရေးမှာ မဒီဆင်ကအရေးပါတယ်၊ ၀ါရှင်တန်က

တော့ဒီအရေးမှာမပါလို့ကိုမဖြစ်တဲ့အရေးပါသူဖြစ်ပါတယ်။ ဂျော့ဝါရှင်တန်ကိုအမေရိကန်ပြည်ထောင်စုရဲ့အရေးပါပုံအပေါ် သမိုင်း

အမြင်နဲ့ကြည့်ပြီးအခု ကျော်စွာ၁၀၀ စာရင်းမှာနေရာပေးတာဖြစ်ပါတယ်.။ အဲဒီခေတ်ကအမေရိကသားတွေဟာဘက်မလိုက်ဘဲ

တန်ဘိုးအမှန်ကိုပြောနိုင်ကြမယ်မထင်ပါ။ နောက်၂၀ရာစုနှစ်လည်ရောက်လာတော့ အမေရိကန်ပြည်ထောင်စုဟာစစ်အင်အားမှာ

ရော နိုင်ငံရေးမှာရော ရောမအင်ပါယာ ပိုင်ဆိုင်တဲ့အင်အားနဲ့သြဇာထက် ပိုမိုကြီးမားပေမယ့်ရောမလောက် တန်ခိုးကြီးချိန်ကြာ

မြင့်မယ့်သဘောထားမတွေ့ရပါ။ တစ်ဖက်ကကြည့်ပြန်ရင်ပြည်ထောင်စုရဲ့အစွမ်းနဲ့ (စက်မှုလက်မှု) အသိပညာပိုင်းကတိုးတက်

ချက်တွေဟာ အခြားဓလေ့နဲ့အခြားခေတ်တွေမှာ တန်ဖိုးသိပ်ကြီးတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဥပမာလေယဉ်ပျံတီထွင်ခြင်း၊

လကမ္ဘာကိုလူလွှတ်ခြင်းဆိုတာတွေလို ခေတ်အဆက်ဆက်ကစိတ်ကူယဉ်ခဲ့တာတွေကို ဖြစ်မြောက်အောင်လုပ်ဆောင်တာတွေ

အနုမြူညူကလိယလက်နက်တီထွင်နိုင် ချိန်မှာမသိချင်ပြုပြီး အရေးမပါဘူးပြောလို့ဘယ်ဖြစ်နိုင်ပါ့မလဲ။
ဂျော့ဝါရှင်တန်ကအမေရိကန်နိုင်ငံရေးမှာထင်ရှားသူလို့ ရောမရဲ့သြဂတ်စတတ်ဆီဇာနဲ့ ခပ်လွယ်လွယ်ရှင်မယ်ဆိုရင် ဒီကျော်စွာ

၁၀၀စာရင်းမှာ သူတို့နှစ်ဦးဟာအနီးအစပါမှာဘဲပါဝင်လာကြမှာဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ဝါရှင်တန်ဟာ မဟာအလက်ဇန္ဒား

နဲ့ နပိုလီယံတို့ထက် အဆင့်မြင့်တယ် ။ ဘာလို့လည်းဆိုတော့သူ့ဆောင်ရွက်ချက်ကပိုပြီးရေရှည်တည်တန့်ပါတယ်။

((မြန်မာပြည်မှာဒီလိုကောင်းတဲ့ခေါင်းဆောင်ပေါ်ခဲ့တယ်။ဘာလို့အဲလိုမဖြစ်လာတာလဲ။

ကျွန်တော်တို့ဗိုလ်ချုပ်အချိန်တိုတိုနဲ့ဘ၀အဆုံးသတ်သွားလို့ လို့ပြောကြမလားးးးးးးးးးးးး)

ဘာသာပြန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း(မန်းတက္ကသိုလ်)

တဆင့်​ဖြန့်ဝေသူ
               တက္ကသိုလ်​စာသင်​သား

မဟတ္တမဂန္ဒီ

မဟတ္တမဂန္ဒီ

မဟတ္တမဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကို စွမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀ ရာစု၏ ပထမပိုင်း ရာစုနှစ်တဝက်တွင် အိန္ဒိယ အမျိုးသားကွန်ဂရက်နှင့် အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ တနိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကို စတင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များနှင့် ၁၉၃၀ တို့တွင် မဟတ္တမဂန္ဒီ၏ ဦးဆောင်မှုဖြင့် အဟိံသခေါ် အကြမ်းမဖက်ရေး လမ်းစဉ်အောက်တွင် သန်းပေါင်းများစွာသော ဆန္ဒပြသူတို့သည် တစုတဝေးတည်းသော အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ နောက်ဆုံး၌ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် အိန္ဒိယသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရခဲ့သည်။
ငယ်ဘဝ
ဂန္ဒီသည် ငယ်စဉ်က ရာဂျကုတ်နှင့် ဘနဂါးမြို့တွင် ပညာသင်ကြားသည်။ ဂန္ဒီသည် မျိုးရိုး အလိုက် အသက်ငယ်ငယ်နှင့်ပင် အိမ်ထောင်ပြုခဲ့သည်။ သို့ဖြစ်၍ ၁၇ နှစ်သား အရွယ်တွင် အင်္ဂလန်ပြည် လန်ဒန်မြို့သို့ ဝတ်လုံအတတ်ကို သင်ကြားရန် အိန္ဒိယမှ ထွက်ခွာသွားသော အခါ သားသည် အဖေပင် ဖြစ်၍နေချေပြီ။ ဥပဒေပညာကို ၄ နှစ်ခန့် သင်ခဲ့ပြီးနောက် ၁၈၈၉ ခုနှစ်တွင် ဝတ်လုံဖြစ်၍ အိန္ဒိယပြည်သို့ ပြန်လာပြီးလျှင် မုံဘိုင်းမြို့၌ စတင် ရှေ့နေလိုက်သည်။ သို့သော်� ကောင်းစွာ အကျိုးမပေးသေးချေ။ ၁၈၉၃ ခုနှစ်၌ ကားတိအာဝါးရှိ ကုန်သည်တဦးက ငှားရမ်းသဖြင့် တောင်အာဖရိကသို့ သွားရောက်ကာ ထိုကုန်သည်၏ အမှုအတွက် ရှေ့နေလိုက်သည်။ ဂန္ဒိသည် တောင်အာဖရိက၌ ကြာကြာနေရန် စိတ်မကူးခဲ့ချေ။ သို့သော် ကြာကြာနေရန် အကြောင်းတရပ် ပေါ်ပေါက်လာခဲ့သည်။
နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှု (တောင်အာဖရိက)
ထိုအကြောင်းမှာ လူဖြူလူမဲ ခွဲခြားသောစနစ်ကြောင့် တောင်အာဖရိက၌ ထာဝရနေသော အိန္ဒိယတိုင်းရင်းသားတို့သည် နိုင်ငံသား အခွင့်အရေးနှင့် အခြားအခွင့်အရေးများ မရခြင်းဖြစ်သည်။ ထို့ကြောင့် ဂန္ဒီသည် နာတဲပြည်၌ အခြေစိုက်ကာ နာတဲအန္ဒိယ ကွန်ဂရက်ကို တည်ထောင်ပြီး အိန္ဒိယသားတို့၏ အခွင့်အရေးကို စဆင် တိုက်ယူလေသည်။ ဂန္ဒီသည် တောင်အာဖရိက၌ အိန္ဒိယပြည်သားတို့၏ နိုင်ငံရေးကို ကြိုးပမ်းရင်း ဝတ်လုံအဖြစ်ဖြင့် ၁၇ နှစ်တိုင် လုပ်ကိုင်ခဲ့ရာမှ ကမ္ဘာတွင် ဥဒါန်းတွင်ရစ်သော သူ၏ နိုင်ငံရေး ကြိုးပမ်းမှုဝါဒကို ကြံစည်တွေးတောကာ လက်တွေ့ ကျင့်သုံးခဲ့လေသည်။
တောင်အာဖရိကတွင် အိန္ဒိယတိုင်းရင်းသားတို့သည် တနယ်မှ တနယ်သို့ ဖြတ်ကျော် ကူးပြောင်းခွင့် မရကြချေ။ ဂန္ဒီသည် ထိုအခွင့်အရေးရရန် အိန္ဒိယတိုင်းရင်းသား ၃၀၀၀ တို့ကို ဦးစီး၍ ပြည်နယ်၏ နယ်နိမိတ်ကို ဖြတ်ကျော်လေသည်။ ရည်ရွယ်ချက်မှာ မတရား ချုပ်ချယ်သော ဥပဒေကို တိုက်ဖျက်ရာ၌ တောင်အာဖရိက အစိုးရက အိန္ဒိယတိုင်းရင်းသား အများစုကို ဖမ်းဆီးခြင်းအားဖြင့် အိန္ဒိယနိုင်ငံရှိ သူ၏ အမျိုးသားအားလုံး နိုးကြားလာစေရန် ဖြစ်သည်။
ဤအာဏာဖီဆန်ရေး တိုက်ပွဲကို သစ္စာဂြဟဟု ဂန္ဒီက အမည်ပေးသည်။ သစ္စာဂြဟ၏ နည်းပရိယာယ်မှာ အကြမ်းမဖက်သော အနုနည်း သက်သက်ဖြင့် အာဏာဖီဆန် တော်လှန် ရန် အဓိဋ္ဌာန် တည်ဆောက်ခြင်းပင် ဖြစ်သည်။ ဤနည်းပရိယာယ်ကို အခြေခံသော ဂန္ဒီ၏ ဝါဒမှာ အဟိံသဝါဒ ဖြစ်သည်။ အဟိံသဟူသည်ကား ပါဏာတိပါတကံကို ကြဉ်ရှောင် ခြင်းတည်း။ ဂန္ဒီသည် အဟိံသ၏ သဘောတရားကို အကျယ်ချဲ့ကြည့်ပြီးလျှင် ကိုယ်နှုတ်နှလုံး သုံးပါးစလုံးဖြင့် အကြမ်းမဖက်မှုကို သူ၏ နိုင်ငံရေးဝါဒ အနေဖြင့် ပြဋ္ဌာန်းခဲ့သည်။
ဂန္ဒီသည် ၁၉၀၈ ခုနှစ်မှသည် သစ္စာဂြဟတည်ဆောက်သော ၁၉၁၄ ခုနှစ်အထိ ဝင်ငွေအလွန်ကောင်းသော ရှေ့နေအလုပ်ကို စွန့်ကာ တောင်အာဖရိကအရေးကို ကြိုးပမ်းခဲ့သည်။ နောက်ဆုံး၌ တောင်အာဖရိကဘုရင်ခံ ဗိုလ်ချုပ်မှူး စမတ်သည် အိန္ဒိယသားတို့ကို ပညတ်သော ဥပဒေနှင့် စည်းကြပ်သော တနှစ်လျှင် ၃ ပေါင်ကျ အခွန်တော်တို့ကို ပလပ်လိုက်ရသည်။
အိန္ဒိယလွတ်လပ်ရေး လှုပ်ရှားမှု
၁၉၁၅ ခုနှစ်တွင် ဂန္ဒီသည် အိန္ဒိယနိုင်ငံသို့ ပြန်လာခဲ့သည်။ ထိုအချိန်၌ ပထမ ကမ္ဘာစစ်ဖြစ်၍ နေပြီ။ ထိုစစ်ကိုမှီ၍ လက်အောက်ခံနိုင်ငံများသည် နိုးကြားလာခဲ့သည်။ သို့ဖြစ်ရာ အိန္ဒိယ၌ ဂန္ဒီသည် တောင်အာဖရိက အရေးထက် ကြီးကျယ်သော အိန္ဒိယနိုင်ငံရေး ကြိုးပမ်းမှုကြီးကို စတင်ဆောင်ရွက်သည်။ အိန္ဒိယသို့ ပြန်ရောက်လျှင်ပင် ဂန္ဒီသည် အိန္ဒိယအမျိုးသား ကွန်ဂရက်၏ ဥက္ကဋ္ဌဖြစ်လာသည်။ အိန္ဒိယ အမျိုးသားစိတ်ဓာတ်ကို လှုံ့ဆော်ပေးရာဖြစ်သော သတင်းစာတို့ကိုလည်း တည်ထောင်ခဲ့သည်။ ဂန္ဒီ၏ ‘ယန်းအိန္ဒိယ သတင်းစာ’ (Young India)� မှာ အထူးကျော်ကြားခဲ့သည်။
ဂန္ဒီသည် ရုရှားစာရေးဆရာကြီး လီယို တော်စတွိုင်းအား အလွန်ကြည်ညိုသည်။ တော်စတွိုင်း၏ အတွေးအခေါ်တို့သည် ဂန္ဒီအား လွှမ်းမိုးခဲ့သည်။ ထို့ကြောင့် တော်စတွိုင်း၏ ခြိုးခြံမှုကို အတုယူကာ တောင်အာဖရိက၊ ဒါဗန်မြို့၌ ဖီးနစ်ဟုခေါ်သော ဓမ္မသာလာယံ ကျောင်း၊ ဂျိုဟန္နက်စဘတ်အနီး၌ ’တော်စတွိုင်းယာတော’ ဟုခေါ်သော ဓမ္မသာလာယံကျောင်း တို့ကို တည်ထောင်သည်။ ခြိုးခြံမှု၊� စည်းကမ်းကြီးမှု၊ ကြောက်ရွံ့ခြင်းကင်းမှုစသော အကျင့်တို့ကို ထိုကျောင်းများမှ ပြုစုပေးခဲ့သည်။
စင်စစ် တော်စတွိုင်းယာတောကို တည်ထောင်သည်မှာ အိန္ဒိယနိုင်ငံရေး ကြိုးပမ်းမှုကြီးအတွက် သစ္စာဂြဟတည်ဆောက်ရာတွင် အခြေခံ စာရိတ္တဗလ ပြည့်စုံစေရန် ရည်ရွယ်သည်။ ဤရည်ရွယ်ရင်းအတိုင်း ဆောင်ရွက်ရန် အခွင့်အခါမှာ အိန္ဒိယ၌ ပေါ်လာခဲ့ပြန်သည်။ ဂန္ဒီသည် အိန္ဒိယနိုင်ငံ အာမာဒဘတ်မြို့တွင် တော်စတွိုင်းယာတောနည်း သူကျောင်းသင်ခန်းတခု တည်ထောင်လေသည်။ ထိုကျောင်းသင်ခန်း၏ ပရိဝုဏ်မှနေ၍ ဇာတ်နိမ့်သူ လယ်သမား၊ အလုပ်သမားတို့၏ အရေးကို ဆောင်ရွက်ခဲ့သည်။
ဤသို့ ဆောင်ရွက်ဆဲ ၁၉၁၉ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဗိုလ်မှူးချုပ် ဒိုင်ယာသည် သူ၏ အဏာကို ဖီဆန်သည်ဟုဆိုသော အိန္ဒိယတိုင်းရင်းသား လူထုအစည်းအဝေး တရပ်ကို အမ္မရစ်ဆာမြို့တွင် သေနတ်ဖြင့် ပစ်ဖောက်၍ လူစုခွဲလိုက်သည်။ ဤအချိန်မှာ အိန္ဒိယနိုင်ငံအား ဗြိတိသျှ အစိုးရက မွန်တေဂူနှင့် ချမ်းစဖို့တို့၏ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး စီမံကိန်းကို ပေးအပ်ဆဲ အချိန်ဖြစ်သည်။ လူထုကို သေနတ်နှင့် ခွဲရာ၌ သေကြေဒဏ်ရာရသူ များပြားလေရာ ဂန္ဒီ၌ စိတ်အလွန်ထိခိုက် သွားလေရကား ဗြိတိသျှ အုပ်ချုပ်ရေးကို အပြင်းအထန် ဆန့်ကျင်ဘက်ပြုလုပ်သည့် လမ်းစဉ်ကို ချမှတ်လိုက်လေသည်။
ဂန္ဒီသည် မွန်တေဂူ၊ ချမ်းစဖို့ပြုပြင်ရေးကို သပိတ်မှောက်သည့်အပြင် အိန္ဒိယ တိုင်းရင်းသား အပေါင်းတို့သည် မိမိတို့ရရှိထားသော ရာထူး၊ ဂုဏ်ထူးတို့ကို စွန့်�၍� ဗြိတိသျှအစိုးရတို့ တည်ထောင်ထားသော ကျောင်းနှင့် အဖွဲ့အစည်းမှ နုတ်ထွက်ကြပြီး အခွန်တော်ကို မပေးဆောင်ကြရန် ဆော်ဩလေသည်။ ဤလှုပ်ရှားမှုကြောင့် ဂန္ဒီ၏ ခါဒါဝတ်ဆင်ရေးဟူသော ဝံသာနုရက္ခိတ တရားသည် ပေါ်ပေါက်လာပြန်လေသည်။ ဂန္ဒီ၏ နိုင်ငံရေး ကြိုးပမ်းမှုခေတ်၌ မြန်မာပြည်တွင်လည်း ပင်နီအင်္ကျီကိုသာ ဝတ်ဆင်ရမည်ဟူသော ဝံသာနုအဖွဲ့အစည်းတို့ လှုပ်ရှားလာခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် ဂန္ဒီသည် အစိုးရနှင့် မဆက်ဆံရေး နည်းပရိယာယ်ကို တနိုင်ငံလုံး ပျံ့နှံ့အောင် ဆောင်ရွက်လေသည်။ ထိုမှစ၍ ဂန္ဒီကို မဟတ္တမ ဂန္ဒီဟု အိန္ဒိယပြည်သူလူထု တရပ်လုံးက ခေါ်ဝေါ်လာကြသည်။ ထိုအစိုးရနှင့် မဆက်ဆံရေး လုပ်ငန်းတွင်လည်း အခြေခံမှာ အနုနည်းသက်သက်ဖြစ်သော သစ္စာဂြဟပင်ဖြစ်သည်။ သို့သော် ဗြိတိသျှ ဆန့်ကျင်ရေး စိတ်ဓာတ်တို့ ပေါက်ကွဲသည့်အခါ အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ၁၉၂၄ ခုနှစ်တွင် ဂန္ဒီသည် ထောင် ၇ နှစ် အပြစ်ပေးခြင်း ခံရသည်။ သို့ပါသော်ငြားလည်း ပြည်သူ့လှုပ်ရှားမှုကြောင့် အပြစ်ဒဏ် ၆ လ ခံပြီးနောက် လွတ်လာသည်။
၁၉၃၀ ပြည့်နှစ် ဧပြီလတွင် ဂန္ဒီသည် အိန္ဒိယပြည် ဆားခွန်တော် ဥပဒေကို ဖောက်ဖျက်ရန် လူစုလူဝေးနှင့် ပင်လယ်ကမ်း��ခြေတွင် ဆားချက်လေသည်။ ဤကိစ္စကြောင့် ၁၉၃၀ ပြည့်နှစ် မေလ ၅ ရက်နေ့တွင် ဂန္ဒီသည် ထောင်ဒဏ် အပြစ်ပေးခံရပြန်၍ ၁၉၃၁ ခုနှစ် ဇန္နဝါရီလတွင် ထောင်မှ လွတ်လာသည်။
ဤအချိန်၌ အိန္ဒိယပြည်သည် လန်ဒန်မြို့တွင် ကျင်းပမည့် မျက်နှာစုံညီ အစည်းအဝေး၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အရေးဆိုနေသော အချိန်အခါဖြစ်သည်။ အိန္ဒိယ ဘုရင်ခံ လော့အာဝင်သည် ဂန္ဒီနှင့် စေ့စပ်ရာတွင် ဂန္ဒီသည် အာဏာဖီဆန်ရေး လုပ်ငန်းကို ခဏရပ်စဲထား၍ လန်ဒန်မြို့ မျက်နှာစုံညီ အစည်းအဝေးပွဲသို့ ကွန်ဂရက်၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။ လန်ဒန်မြို့မှ ပြန်လာသောအခါ ဂန္ဒီနှင့် အာဝင်တို့၏ စေ့စပ်ရေးမှာ ပျက်သွားပြီဖြစ်၍ ဂန္ဒီသည် အကျဉ်ချထားခြင်း ခံရပြန်သည်။ ဤတွင် ဂန္ဒီသည် အစာမစားပဲ အသေခံမည်ဟု အဓိဋ္ဌာန်ပြုသည်။ ထို့နောက် လူထု၏ ဆူပူ အရေးဆိုမှု များကြောင့် ဗြိတိသျှ အစိုးရက သူ့အား ထောင်မှ လွှတ်ရပြန်သည်။
ဤအတောအတွင်း ဂန္ဒီသည် ဇာတ်နိမ့်သူများ၏ အရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ရာ ထောင်ကျခံရသေးသည်။ ဇာတ်နိမ့်သူတို့၏ အရေးကို ထောင်အတွင်းမှပင် ဆက်၍ ဆောင်ရွက်ရာ နောက်ဆုံး၌ ဂန္ဒိကို ဗြိတိသျှ အစိုးရက ထောင်မှလွှတ်လိုက်ရပြန်သည်။ ၁၉၃၄ ခုနှစ်ရောက်သော် အိန္ဒိယပြည် အုပ်ချုပ်ရေးအသစ် ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာချိန် ဂန္ဒီသည် အိန္ဒိယအမျိုးသား ကွန်ဂရက်ကို ခေါင်းဆောင်ရာမှ အနားယူလိုက်သည်။ ကွန်ဂရက်ဝင်တို့အား အုပ်ချုပ်ရေးသစ်၌ ရာထူးယူ၍ ဆောင်ရွက်ကြရန် ညွှန်ကြားသည်။ ထို့နောက် ကျေးလက်တောရွာ ပြုပင်ရေးစခန်း ဌာနချုပ်ဖြစ်သော ဆေးဗာဂရံ ရွာကလေးတွင် နေ၍ ကျေးလက်ပြုပြင်ရေးကို ဆောင်ရွက်လေသည်။
၁၉၃၉ ခုနှစ်၌ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ ဂန္ဒီသည် အိန္ဒိယပြည် လွတ်လပ်မှသာလျှင် မဟာမိတ်တို့ကို ကူညီပူးပေါင်းနိုင်မည်ဟု ကြေငြာခဲ့သည်။ မူလက ဂန္ဒီသည် နာဇီဝါဒနှင့် ဖက်ဆစ်ဝါဒကို ဆန့်ကျင်၍ ဗြိတိသျှ အစိုးရ အကျဉ်းကျပ်တွေ့စေမည့် အလုပ်ကို ရှောင်ခဲ့သည်။ သို့သော် လွတ်လပ်ရေးအတွက် လူထုဆန္ဒ ပြင်းပြလာသောအခါ ဂန္ဒီသည် ဘုရင်ခံ လော့လင်လစ်ဂိုက ပူးပေါင်းကူညီရန် ဖိတ်ခေါ်ခဲ့သည်ကို လက်မခံခဲ့ချေ။ ကွန်ဂရက်၏ သဘောထားမှာ လုံးဝလွတ်လပ်ရေး မရလျှင် မကူညီဟူသော သဘောထား ဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှအစိုးရသည် ဆာစတက်ဖို့ကရစ်ကို ဂန္ဒီနှင့် စေ့စပ်ရန် စေလွှတ်သော်လည်း မအောင်မြင်ချေ။ ဂန္ဒီလည်း အာဏာဖီဆန်ရေးကို စတင်လုပ်ဆောင် ပြန်သည်။ ထို့ကြောင့် ဂန္ဒီနှင့်တကွ ကွန်ဂရက်ခေါင်းဆောင်တို့ကို စစ်အတွင်း၌ ဗြိတိသျှ အစိုးရက ဖမ်းဆီးချုပ်နှောင်ထားပြန်သည်။ သို့သော် အစာငတ်ခံပြီးနောက် ဂန္ဒီသည် ၁၉၄၄ ခုနှစ် မေလတွင် ထောင်မှ လွတ်လာပြန်သည်။ ထို့နောက် ၁၉၄၆ ခုနှစ် မေလ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ဝေသော ဗြိတိသျှတို့၏ စက္ကူဖြူစာတန်းပါ အိန္ဒိယပြည် လွတ်လပ်ရေး စီမံကိန်းကို ဂန္ဒီသည် ပယ်ချခဲ့ပြန်သည်။
သို့သော် ဟိန္ဒူနှင့် မူဆင်တို့သည် အိန္ဒိယနှင့် ပါကစ္စတန်ခွဲရေး တွဲရေးကိစ္စကြောင့် အကြီးအကျယ် အဓိကရုဏ်းဖြစ်နေကြသည်။ ထိုအဓိကရုဏ်းကို ပိတ်ပင်တားမြစ်ရန် ဂန္ဒီသည် ၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် အင်္ဂလားအရှေ့ပိုင်းနယ်ဖျားသို့ နယ်လှည့်တရားဟော ထွက်ပြီးလျှင် ဟိန္ဒူနှင့် မူဆလင်တို့ သင့်တင့်ရေးအတွက် အစာငတ်ခံခဲ့သည်။ ဂန္ဒီသည် အိန္ဒိယနှင့် ပါကစ္စတန်ခွဲရေးကို အလိုမရှိ၊ မနှစ်သက်ချေ။ သို့သော် ရှေ့အလားအလာ၌ ဟိန္ဒူ မူဆလင်တို့ စိတ်ဝမ်းကွဲမှုကိုသာ မြင်နေရ၍ ခွဲရေးကို လက်ခံလိုက်ရသည်။
ဟိန္ဒူ မူဆလင် အဓိကရုဏ်း
ဤအတွင်း ၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် ကာလကတ္တားမြို့၌ ဟိန္ဒူ မူဆလင် အဓိကရုဏ်းဖြစ်ပြန်လေရာ ဂန္ဒီသည် အစာငတ်ခံပြန်လေသည်။ အဓိကရုဏ်း နောက်ထပ် မဖြစ်ပွားစေရပါဟု ခေါင်းဆောင်တို့က အာမခံသောကြောင့် အစာကို ပြန်၍စားသည်။ သို့သော်လည်း ၁၉၄၈ ခုနှစ် ဇန္နဝါရီလတွင် ဟိန္ဒူ မူဆလင် အဓိကရုဏ်း ပြန်၍ ဖြစ်ပြန်လေသည်။ ထို့ကြောင့် ဇန္နဝါရီ ၁၃ ရက်နေ့တွင် အစာငတ်ခံပြန်သည်။ ယင်းသို့ အစာငတ်ခံ၍� နာရီပေါင်း ၁၇၁ နာရီနှင့် ၄၅ မိနစ် စေ့သောအခါ ဟိန္ဒူ၊ ဆစ်ခ်နှင့် မူဆလင်ခေါင်းဆောင်တို့သည် သင့်မြတ်ညီညွတ်ရေး ကတိကို ဂန္ဒီအား ပေးကြသဖြင့် ဂန္ဒီသည် အစာကို ပြန်၍ စားပြန်သည်။ ဇန္နဝါရီလ ၂၁ ရက်နေ့တွင် ဟိန္ဒူ လူငယ်တဦးသည် ဟိန္ဒူ မူဆလင် ငြိမ်းချမ်းရေးကို မလိုအားသော ဆန္ဒကို ပြသည့်အနေနှင့် ဂန္ဒီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲသည်။ ဂန္ဒီသည် ထိုသူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံလေသည်။
ဂန္ဒီလုပ်ကြံခံရ
ဇန္နဝါရီလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဒီသည် ဒေလီမြို့ရှိ သူ၏ ဗီယာလာနေအိမ်၌ ဘုရားဝတ်ပြုရန် အလာတွင် ဟိန္ဒူ လူငယ်တဦးဖြစ်သော ဂတ်ဆေး ဆိုသူသည် ဂန္ဒီအား ခြောက်လုံးပူးနှင့် သုံးချက်ပစ်သည်။ ဂန္ဒီသည် နာရီဝက်ခန့်အကြာတွင် အနိစ္စရောက်လေသည်။ နောက်တနေ့၌ ဂန္ဒီ၏ ရုပ်ကလာပ်ကို နေအိမ်မှ ယမုန်နာ မြစ်ကမ်းခြေသို့ ပို့ဆောင်ကြပြီးလျှင် မီးသင်္ဂြိုဟ်၍ ဂန္ဒီ၏ ပြာကို ယမုန်နာရေအယဉ်၌ မျှောလိုက်ကြသေည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ - ၃ အပိုင်း - က ၊ စာ ၉၂

တဆင့်​ဖြန့်ဝေသူ
               တက္ကသိုလ်​စာသင်​သား