Sunday, March 18, 2018

ကမ္ဘာအကြောင်း

(ကမ္ဘာအကြောင်း)
^^^^^^^^^^^^

(ကမ္ဘာ့တိုက်ကြီးများ)

၁။ အာရှတိုက် (အကြီးဆုံး) ၁၇၂၁၂၀၀၀ စ/မိုင်။
၂။ အာဖရိကတိုက် စ/မိုင် (၁၁) သန်းကျော်။
၃။ မြောက်အမေရိကတိုက် စ/မိုင် (၉) သန်းကျော်။
၎။ တောင်အမေရိကတိုက် စ/မိုင် (၈) သန်းကျော်။
၅။ ဥရောပတိုက် စ/မိုင် (၃) သန်း (၈) သိန်းကျော်။
၆။ ဩစတြေးလျတိုက်(အငယ်ဆုံးတိုက်) စ/မိုင် (၃) သန်း (၁)သိန်းကျော်။
၇။ အန္တာတိကတိုက်။
=======================================
(ကမ္ဘာ့သမုဒ္ဒရာကြီးများ)

၁။ ပစိဖိတ်သမုဒ္ဒရာ(အကြီးဆုံး)။
၂။ အတ္တလန္တိတ်သမုဒ္ဒရာ။
၃။ အိန္ဒယသမုဒ္ဒရာ။
၎။ အာတိတ်သမုဒ္ဒရာ။
=======================================
(နေစင်္ကြာဝဠာအတွင်းရှိဂြိုလ်ကြီးများ)

၁။ ဗဒ္ဓဟူးဂြိုလ် (Mercury)။
၂။ သောကြာဂြိုလ် (Venus)။
၃။ ကမ္ဘာဂြိုလ် (Earth)။
၎။ ကြာသပတေးဂြိုလ် (Jupiter)။
၅။ အဂါင်္ဂြိုလ် (Mars)။
၆။ စနေဂြိုလ် (Satun)။
၇။ ယူရေးနတ်ဂြိုလ် (Uranus)။
၈။ နပ်ပကျွန်းဂြိုလ် (Neptuns)
_____________________________________________

ကမ္ဘာ့အရှေ့ခြမ်းနှင့် အနှောက်ခြမ်းကို
ပိုင်းခြားထားသောမျဉ်း>(ဂရင်းနစ်မျဉ်း)

ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းကို
ပိုင်းခြားထားသောမျဉ်း>(အီကွေတာမျဉ်း)

ကမ္ဘာ့စံတော်ချိန်(၂)မျိုးမှာ
၁။ ဒေသစံတော်ချိန်။
၂။ ဂရင်းနစ်စံတော်ချိန်။

ကမ္ဘာ့သက်တမ်း>(၄၅၅၀)နှစ်သန်းပေါင်း။

ကမ္ဘာ့၏ အလေးချိန် (တန် သန်းပေါင်း)>(၆၀၀)။

ကမ္ဘာ့အကြီးဆုံး ရေတံခွန် -{နိုင်ရာဂါရာ}>(ကနေဒါ)။

ကမ္ဘာ့အကျယ်ဆုံး ရေတံခွန် -(ခွန်)>(အင်ဒိုချိုင်းနား ကျွန်းစွယ်)။

ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် -(အိန်ဂျယ်)>(ဗင်နီဇွဲလား)။

ကမ္ဘာ့အကြီးဆုံး ရေခဲမြစ်- (ဘီယက်မိုး) >(ကနေဒါ)။

ကမ္ဘာ့အကြီးဆုံး ကျွန်းစု-(အင်ဒိုနီးရှားကျွန်းစု)> {အင်ဒိုနီးရှား}။

(ကမ္ဘာ့လူဦးရေ- သန်း(၇၀၀၀)ကျော်)

ကမ္ဘာ့ပေါ်ရှိ နိုင်ငံပေါင်း-(၁၉၇) နိုင်ငံ။

ကမ္ဘာ့ ကုန် မြေ အကျယ်အဝန်း-စတုရန်းမိုင်ပေါင်း>
(၅၇၅၀၆၀၀၀)။

ကမ္ဘာ့ ရေပြင် အကျယ်အဝန်း-စတုရန်းမိုင်ပေါင်း>
(၁၃၉၄၃၄၀၀၀)။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Credit:NMT-(RTD) ,နေမင်းထွန်း(ရသေ့တောင်)
ဗဟုသုတ​ကျေးရွာ

အာရှတိုက်

အာရှတိုက်
__________________

အာရှတိုက်သည် ကမ္ဘာပေါ်ရှိတိုက်ကြီး
( ၇ )တိုက်ထဲတွင်အကြီးဆုံးတိုက်ဖြစ်သည် ။

ခန့် မှန်းခြေဧရိယာစတုရန်းမိုင် ၁၇.၁၄ သန်း ခန့် 
ကျယ်ဝန်းပြီး ကမ္ဘာ့ကုန်းမြေအာလုံး၏ ၃၀% ခန့် 
တည်ရှိသည် ။
အနောက်ဖက်တွင်ဥရောပတိုက်နှင့်ဆက်စပ်နေပြီး
အကြမ်းအားဖြင့် Ural တောင်တန်း နှင့်ပိုင်းခြား
ထားသည် ။

အရှေ့ ဖက်တွင် ဘာရိမ်းရေလက်ကြားသည်
အာရှတိုက် နှင့် မြောက်အမေရိကတိုက်အား
ပိုင်းခြားထားသော်လဲ အနီးဆုံးအပိုင်းမှာ
၅၁ မိုင်သာ ကွာဝေးပြီးထိလုနီးတည်ရှိသည် ။

မြောက်ဖက်ဒေသတွင်ရုရှားနိင်ငံ၏
ဆိုက်ဘေးရီးယား သစ်တောကြီးတည်ရှိသည် ။
တောင်ဖက် မလေးရှား နှင့် အင်ဒိုးနီးရှားကျွန်ဆွယ်
ဒေသများတွင် အပူပိုင်းအမြဲစိမ်းသစ်တောများ
ဖုံးလွှမ်း နေဆဲဖြစ်သည် ။

ကမ္ဘာ့ဒုတိယ အကြီးဆုံး Gobi ကန္တာရသည်
တရုတ်နိင်ငံတွင်တည်ရှိသည် ။
ကမ္ဘာ့အရှည်ဆုံးမြစ်ကြီး ၁၀ - မြစ် ထဲတွင် ၇ - မြစ်
မှာ အာရှတိုက်တွင်တည်ရှိသည် ။

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်သည်
နီပေါနိင်ငံတွင်တည်ရှိသည် ။
ကမ္ဘာ့မြေမျက်နှာပြင်အနိမ့်ဆုံး Dead Sea သည်
အရှေ့ အလယ်ပိုင်းဒေသတွင်တည်ရှိသည် ။
ကမ္ဘာပေါ်ကအနက်ဆုံးရေချိုရေကန် Lake Baikal သည် ရုရှားနိင်ငံတောင်ပိုင်းတွင်ရှိပြီးတချို့ နေရာများသည်
အနက်ဆုံး ( ၅၃ရ၁ - ပေ ) ထိရှိသည် ။

အာရှတိုက်တွင်အလွန်ပူပြင်းခြောက်သွေ့ သည့်
ဒေသများရှိသကဲ့သို့ အလွန်အေးသည့်ဒေသများနှင့်
အမြဲစွတ်စိုနေသည့်ဒေသများလဲများစွာရှိသည် ။

( ယဉ်ကျေးမှုစတင်ရာဒေသ)
================

ရှေးဟောင်း သမိုင်းပညာရှင်များ၏ မှတ်တမ်းများအရ
အစ္စရေး နှင့်ဂျော်ဒန် နိင်ငံဒေသ အနီး
အနောက်ဖက်ကမ်း အနီးရှိ Jericho မြို့ သည်
ရှေးနှစ်ပေါင်း ၈၀၀၀ - အချိန်မှ စတင်တည်ရှိခဲ့သည့်
ကမ္ဘာ့ရှေးအကျဆုံးမြို့ ဖြစ်သည် ။

လွန်ခဲ့သည့် နှစ် ၁၀၀၀၀ - အချိန်က
အရှေ့ အလယ်ပိုင်းဒေသ တွင်ရှိခဲ့သည့်
“ မက်ဆိုပိုတေးမီးယား” ဒေသသည်
ကမ္ဘာ့ရှေးအကျဆုံးယဉ်ကျေးမှု စတင်ခဲ့ရာ
ဒေသဖြစ်သည် ။

ထို့ အတူ တရုတ် နှင့် အိန္ဒိယ လူမျိုးများသည်လဲ
ရှေးအကျဆုံး ယဉ်ကျေးမှုစတင်ခဲ့သည့်
လူမျိုးများဖြစ်သည် ။
. . ...........................
( ဘာသာရေးစတင်ရာဒေသ)
===============

ယနေ့ ကမ္ဘာပေါ်မှ အကြီးဆုံးဘာသာကြီး ၅ - ခု
သည် အာရှတိုက်မှစတင်ခဲ့သည် ။
အရှေ့ အလယ်ပိုင်းဒေသမှ ဂျူးဘာသာ ၊ ခရစ်ယန် နှင့်
အစ္စလမ်ဘာသာကိုစတင်ခဲ့ပြီး အိန္ဒိယဒေသမှ
ဟိန္ဒူ ဘာသာ နှင့် ဗုဒွဘာသာကိုစတင်ခဲ့သည် ။

ထိုဘာသာရေးများကြောင့်ပင်လျှင်
အာရှတိုက်ရှိလူ့ အဖွဲ့ အစည်းများထဲတွင်
တခါတရံ ပဋိပက္ခပြသနာများဖြစ်ပွားနေဆဲဖြစ်သည်။

( လူဦးရေ)
.....,.......................
အာရှတိုက်တွင်လူဦးရေ ၄ - ဘီလီယံကျော်
နေထိုင်ကြပြီး လူဦးရေတိုးပွားနှံန်း ကလဲ
များပြားလျှက် ရှိသည် ။

ကမ္ဘာပေါ်ရှိလူဦးရေ ၅ -ဦးလျှင် ၃ - ဦးမှာ
အာရှတိုက်ရှိနိင်ငံ ၄၈ - နိင်ငံတွင်နေထိုင်ကြသည် ။
တရုတ် နှင့် အိန္ဒိယနိင်ငံသည် ကမ္ဘာပေါ်တွင်
လူဦးရေ အများဆုံး နှင့် ဒုတိယ အများဆုံး
နိင်ငံများဖြစ်ကြသည် ။

အာရှတိုက်တလွှားရှိလူများပြောဆို
သုံးစွဲနေကြသည့် ဘာသာစကားပေါင်း
၁၀၀၀ ကျော်ရှိ နေဆဲဖြစ်သည် ။

အာရှတိုက်ရှိလူအများစုသည်
လျှပ်စစ်မီး နှင့် ရေးကောင်းရေသန့် မရှိ ဘဲ
အလွန်ဆင်းရဲသည့် အခြေအနေတွင်
နေထိုင်နေရဆဲဖြစ်သည် ။
သို့ သော်အာရှတိုက်တွင် အလွန်ချမ်းသာသည့်
လူများလဲ များစွာရှိသည် ။

ကိုးရီးယား ၊ ဂျပန် နိင်ငံများသည် အာရှတိုက်မှ
ချမ်းသာသည့် ကမ္ဘာထိပ်တန်းစက်မှု နိင်ငံများ
ဖြစ်သည် ။
ထို့ ကြောင့် ဆင်းရဲမှု ၊ ချမ်းသာမှု ၊ ရှေးကျမှု ၊ ခေတ်မှီမှု ၊
မတူကွဲပြားတဲ့ယဉ်ကျေးမှုများ နှင့် ရောယှက် နေသည့်
အာရှတိုက်သည် ကမ္ဘာ့တိုက်ကြီး များထဲတွင်
အထူးခြားဆုံးတိုက်ဖြစ်သည် ။

Credit: ( အကယ်ဒမီ)
ဗဟုသုတ​ကျေးရွာ

ဥရောပတိုက်

ဥရောပတိုက်
_____________________
ဥရောပတိုက်သည် ကမ္ဘာ့တိုက်ကြီး ၇ - တိုက်
ထဲတွင် ဩစတြေးလျတိုက်ပြီးလျှင်ဒုတိယ အငယ်ဆုံး
တိုက်ဖြစ်သည် ။

ဥရောပတိုက်တွင်ကျွန်းကြီးများစွာရှိကာ ဗြိတိသျှကျွန်း ၊
အိုင်ယာလန်ကျွန်း ၊ အိုက်စလန်ကျွန်း နှင့်
မြေထဲပင်လယ်ဒေသရှိ Sardinia, Corsica, Sicily,
Crete ကျွန်းများပါဝင်သည် ။

ဥရောပတိုက်တွင်ကျွန်းဆွယ်ဒေသများစွာရှိသည် ။

ဂရိ ၊ အီတလီနိင်ငံများသည်ကျွန်းဆွယ်နိင်ငံများဖြစ်သည် ။

စပိန် နှင့် ပေါ်တူဂီ နှစ်နိင်ငံတည်ရှိသည့်ကျွန်းဆွယ်ကို
Iberia ကျွန်းဆွယ်ဟုခေါ်သည် ။

မြောက်ဖက်ရှိဒိန်းမတ်နိင်ငံသည် Jutland
ကျွန်းဆွယ်ကို၎င်း ၊ ဆွီဒင် နှင့် နော်ဝေ နိင်ငံသည်
Scandinavian ကျွန်းဆွယ်ဒေသကို၎င်း ပိုင်ဆိုင်ကြသည် ။

ဥရောပတိုက်နှင့်အာရှတိုက်ကို Ural တောင်တန်းမှ
ပိုင်းခြားထားသည် ။

Ural တောင်တန်းသည် ရုရှနိင်ငံကိုဖြတ်ကျော်သွားပြီး
ရုရှား၏ အရှေ့ ဖက်အပိုင်းသည် အာရှ ၊ အနောက်ဖက်
အပိုင်းမှာ ဥရောပဒေသဖြစ်သည် ။

ဥရောပတိုက်၏ကျော်ကြားသည့် Alps တောင်တန်းသည်
ဆွေဇလန် ၊ ပြင်သစ် ၊ အီတလီ ၊ Austria နိင်ငံများကို
ဖြတ်ကျော်သွားပြီး ထိုတောင်တန်း၏ Matterhorn
တောင်ထိပ်သည်ကမ္ဘာ ကျော် တောင်ထိပ် တခု
ဖြစ်သည် ။

ဥရောပ အနောက်မြောက်ဒေသတွင် တောင်တန်းများ ၊
တောင်ကုန်းများ စွာတည်ရှိသည် ။

နော်ဝေကမ်းခြေဒေသတွင် ရေခဲတောင်များစွာရှိကာ ၊
glaciers များစွာလဲဖုံးလွှမ်းနေဆဲဖြစ်သည် ။

ဥရောပတိုက်သည် အမေရိကန်ပြည်ထောင်စု
အရွယ်အစားမျှသာရှိသော်လဲ လူဦးရေသန်း
၈၀၀ - ခန့်  နေထိုင်ကြသည် ။

ဥရောပတိုက်တွင်နိင်ငံပေါင်း ၄၀ - ကျော်ပါဝင်ပြီး
ဘာသာစကားပေါင်း ၆၀ - ကျော်ကိုပြောဆို
ကြသည် ။

ဥရောပတိုက်တွင်ကြီးကျယ်ခန်းနားသည့်မြို့ ကြီး
ဒါဇင်ပေါင်းများစွာရှိသည် ။

လန်ဒန်မြို့  ၊ ပဲရစ်မြို့ များသည်ရှေးခေတ်အချိန်မှ
စတင်တည်ရှိခဲ့သည့်မြို့ များဖြစ်သည် ။

ဂရိမှအေသင်မြို့  ၊ ဂျာမဏီမှ ဘာလင်မြို့ ၊
ဟန်ဂေရီမှ ဘူဒါဘတ်မြို့ ၊ စပိန်မှ မက်ဒရစ်မြို့ ၊
ရုရှားမှမော်စကိုမြို့  ၊ ချက်နိင်ငံမှ Prague မြို့  ၊
အီတလီမှ Rome မြို့  နှင့် သြစတြီးယားမှ ဗီယင်နာမြို့  များသည်
ဥရောပတိုက်မှထင်ရှားကျော်ကြားသည့်မြို့ များဖြစ်ကြသည် ။
.
.
.
ခန်းနားတဲ့ယဉ်ကျေးမှု

***************
ဥေ၇ာပတိုက်၏ယဉ်ကျေးမှုသည်မြေထဲပင်လယ်
ဒေသမှစတင်ခဲ့သည် ။

လွန်ခဲ့သည့် နှစ် ၂၅၀၀ - ကျော်အချိန်မှစ၍
ဂရိကျွန်းဆွယ်ဒေသများပေါ်တွင် ရှေးခေတ်ဂရိ
ယဉ်ကျေးမှုစတင်ခဲ့သည် ။

နောက်ပိုင်းတွင်သူတို့ ၏ သြဇာအာဏာများသည်
ရောမအင်ပါယာ အဖြစ်ပြောင်းလဲလာခဲ့သည် ။

ရောမအင်ပါယာသည် ယနေ့ အီတလီနိင်ငံရောမမြို့ တွင်
အခြေစိုက်ပြီး မြောက်ဖက်ဗြိတိသျှဒေသမှသည်
ယနေ့ အီရတ်နိင်ငံအထိကျယ်ပြန့် ခဲ့သည် ။

ဂရိ နှင့် ရောမခေတ်သည်ခေတ်သစ်ဥရောပအတွက်
အခြေခံအုပ်မြစ်ဖြစ်သည် ။

ဂရိများသည်သင်္ချာပညာ ၊ အတွေးအခေါ် နှင့်
ဒီမိုကရေစီကိုစတင်ခဲ့ကြသည် ။

ရောမန်များ၏ ဥပဒေ ၊ အုပ်ချုပ်ရေး နယ်ပါယ်တွင်
ထူးချွန်ကြပြီး ကြီးကျယ်ခန်းနားသည့် လမ်းတံတားများ ၊
တူးမြောင်းများ ၊ ရဲတိုက်ကြီးများ ၊ နန်းတော်ကြီးများကို
တည်ဆောက်ခဲ့ကြသည် ။

ရော်မန်များ၏ လက်ရာများကိုယနေ့ အချိန်အထိ
ဥရောပဒေသ အနှံ့ တွင်မြင်တွေ့ နိင်ဆဲဖြစ်သည် ။

(ခရစ်ယန်ဘာသာထွန်းကားလာခြင်း)

**************************

ခရစ်ယန်ဘာသာသည် အရှေ့ အလယ်ပိုင်းဒေသမှ
စတင်ခဲ့ပြီး ရောမခေတ်တွင်ဥရောပသို့ ပြန့် နှံ့ 
သွားခဲ့သည် ။

ရာစုနှစ်ပေါင်းများစွာကြာ ဥရောပ အနောက်ဖက်မှ
လူများသည် ရိုမန်ကက်သလစ် ဘာသာဝင် များ
ဖြစ်ကြသည် ။

အရှေ့ ဥရောပဒေသမှသူများသည် Orthodox ခရစ်ယန်ကို
ကိုးကွယ်ကြပြီး သူတို့ ၏အဓိက ဘုရားကျောင်းသည်
Constantinople ( ယနေ့ တူရကီနိင်ငံ အစ္စတန်ဘူမြို့ အနီး )
ဒေသတွင်ရှိခဲ့သည် ။

နောက်ပိုင်းတွင်ရိုမန်ကက်သလစ်ဘာသာမှ
ပရိုတက်စတစ် ဘာသာခွဲထွက်ပြီး ထိုဒေသရှိ
လူဦးရေတ၀က်ခန့် မှာ ပရိုတက်စတစ်ဘာသာဝင်များ
ဖြစ်လာခဲ့ကြသည် ။

ဥရောပဒေသတွင်တခြား ဂျူးဘာသာ ၊ အစ္စလမ် နှင့် ဗုဒွ
ဘာသာကိုးကွယ်သူများလဲ အနည်းငယ်ရှိကြသည် ။
.
(ဥရောပဒေသ ဖြတ်သန်းခဲ့သည့်သမိုင်း)

***************************

အေဒီ ၄၇၆ - ခန့် အချိန်တွင်ရောမအင်ပါယာပြိုလ်ကွဲ
လာပြီးနောက်ဥရောပဒေသ သည်အလယ်ခေတ်သို
့ရောက်ရှိလာခဲ့သည် ။

ရောမအင်ပါယာပြိုလ်ကွဲမှု နှင့်အတူ ဘုရင့်နိင်ငံငယ်
များစွာပေါ်လာခဲ့ပြီး ၊ ထိုနိင်ငံငယ်များသည်လဲ ရော်မန်
ဥပဒေအတိုင်းအုပ်ချုပ်ခဲ့ကြသည် ။

ဘုရင့်နိင်ငံငယ်များအကြား ကုန်သွယ်မှုအခွင့်အရေး
ပိုမိုရရှိအောင်ကြိုးစားရင်း စစ်ပွဲဆက်များစွာဖြစ်ပွားကာ
အနိင်ရဘုရင်များသည်သြဇာပါဝါကြီးမားလာခဲ့သည် ။

ကြီးမားသည့်စစ်တပ်များ ၊ ရေတပ်များထူထောင်
နိင်ပြီးနောက် အေဒီ ၁၄၀၀ - ခန့် အချိန်တွင်
ဥရောပဒေသ၌ စပိန် နှင့်ပေါ်တူဂီတို့ သည်
အင်အားအကြီးဆုံးဖြစ်လာခဲ့သည် ။

စပိန် နှင့်ပေါ်တူဂီတို့ သည်ကမ္ဘာတလွှားရွက်လွှင့်
သွားလာပြီး အာရှ ၊ အာဖရိက နှင့် အမေရိက
ဒေသများတွင် ပထမဆုံးအင်ပါယာထူထောင်ခဲ့ကြသည် ။

နောက်ပိုင်းတွင် ဗြိတိန် ၊ ပြင်သစ် ၊ ဒါတ်ခ်ျ တို့ မှလဲ
ကမ္ဘာတလွှား အင်ပါယာကို အပြိုင်အဆိုင်
ထူထောင်လာခဲ့ကြသည် ။

ဥရောပတိုက်သားများ၏နယ်မြေချဲ့ ထွင်မှု နှင့်အတူ
ရိုမန်ကက်သလစ် ခရစ်ယန်ဘာသာသည်လဲ
ကမ္ဘာတလွှားသို့ ပြန့် နှံ့ သွားခဲ့သည် ။

ဥရောပတိုက်သားများသည်ချမ်းသာကြွယ်ဝလာမှု နှင့်အတူကြီးကျယ်ခန်းနားသည့်အနုပညာများ ၊
ပိသုကာပညာများ ၊ သိပွံပညာများကိုတည်ထွင်
လာနိင်ခဲ့သည် ။

အေဒီ ၁၇၀၀ - ၁၈၀၀ အချိန်များတွင်စက်များကို
အသုံးပြုကာ ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်လာနိင်သည့်
စက်ရုံများကိုတည်ထောင်လာနိင်ခဲ့သည် ။

၎င်းကိုစက်မှုတော်လှန်ရေးဟုခေါ်ပြီး ဥရောပဒေသ သည်
ပို၍ချမ်းသာကာ ပို၍ သြဇာကြီးမားလာခဲ့သည် ။

၁၉၁၄ - ခုနှစ်တွင် ဥေ၇ာပနိင်ငံများသည်
ကိုလိုနီနယ်မြေအငြင်းပွားမှု နှင့်အတူ
ပထမ ကမ္ဘာစစ်ဖြစ်ပွားလာခဲ့သည် ။

၁၉၁၇ - ခုနှစ်တွင် ဥရောပ မှ ရုရှားနိင်ငံတွင်
ကွန်မြူနစ်စနစ်ကြီးစိုးလာပြီး ဆိုဗီယက်ယူနီယံ အမည်ရှိ
ရုရှား အင်ပါယာကြီးထွန်းကားလာခဲ့သည် ။

၁၉၃၆ - ခုနှစ်တွင် အင်အားကြီးထွားလာသည့်
ဂျာမန် နာဇီများသည် စစ်ပွဲများဖန်တီးရာမှ
ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားလာပြန်သည် ။

ဒုတိယကမ္ဘာစစ်တွင်ဂျာမန်များစစ်ရှုံးမှု နှင့်အတူ
ဆိုဗီယက်ယူနီယံ၏သြဇာသည် ဥရောပတွင်
ကြီးမားလာခဲ့ကာ အရှေ့ ဥရောပဒေသရှိနိင်ငံ
အများအပြားသည် ဆိုဗီယက်အုပ်စုဝင်
ကွန်မြူနစ်နိင်ငံဖြစ်လာခဲ့သည်။

၁၉၈၀ - ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု
ပြိုလ်ကွဲမှု နှင့်အတူ ဥရောပအရှေ့ ဖက်ဒေသမှ
နိင်ငံအများအပြားသည် လွတ်လပ်သည့်
နိင်ငံဖြစ်လာခဲ့သည် ။

(ယနေ့ ဥရောပ)

***********

ဆိုဗီယက်ပြည်ထောင်စုပြိုလ်ကွဲမှု နှင့်အတူ
ကွန်မြူနစ်စနစ်ကျင့်သုံးခဲ့သည့် အရှေ့ ဥရောပ နိင်ငံ
အများအပြား သည်လဲဒီမိုကရေစီနိင်ငံဖြစ်လာခဲ့သည် ။

၂၀ -ရာစုအချိန်တွင်ဥရောပနိင်ငံကြီးများသည်
ကမ္ဘာတလွှားရှိ သူတို့ ၏ကိုလိုနီနယ်မြေများကို
စွန့်  လွှတ်ခဲ့ရသည် ။

သို့ သော် ဥရောပဒေသ သည် ရှေးယခင် အချိန်ကကဲ့သို့ ပင်
အနုပညာနယ်ပါယ် ၊ သိပွံပညာရပ်ဆိုင်ရာနယ်ပါယ် နှင့်
စက်မှု ပညာရပ်နယ်များတွင်လဲ ကမ္ဘာ့ရှေ့ ဆောင်ဒေသ
အဖြစ်ရပ် ရပ်တည်ကာ ချမ်းသာကြွယ်ဝသည့် ဒေသအဖြစ်
ရှိနေဆဲဖြစ်သည် ။

Credit:  အကယ်ဒမီ
ဗဟုသုတ​ကျေးရွာ

အာဖရိကတိုက်

အာဖရိကတိုက်
___________________

လူသားမျိုးနွယ်အစ အာဖရိကမှဟု ပညာရှင်များမှ
ယုံကြည်ကြသည် ။
အာဖရိက တိုက်သည် အာရှတိုက်ပြီးလျှင် ဒုတိယ
အကြီးဆုံးတိုက်ဖြစ်သည် ။

ကမ္ဘာ့အကြီးဆုံးကန္တာရဖြစ်သည့် ဆာဟာရ
သဲကန္တာရသည် အာဖရိကမြောက်ဖက်
ဒေသတွင်တည်ရှိသည် ။
တောင်ဖက်ပိုင်းဒေသအား အရှေ့ အာဖရိက ၊
အနောက်အာဖရိက ၊ အာဖရိကအလယ်ပိုင်း နှင့်
အာဖရိကတောင်ပိုင်းဟု ခွဲခြားပြောဆိုကြသည် ။

အလယ်ပိုင်းဒေသသည်မိုးရေချိန်လက္မအနည်းငယ်
ရရှိသည့်ဒေသဖြစ်သည် ။
တောင်ဖက်ပိုင်းဒေသသည် အီကွေတာရပ်ဝန်း
ဒေသဖြစ်ပြီး မိုးသစ်တော နှင့် Savannas ခေါ်သည့်
အပူပိုင်းမြက်ခင်းလွင်ပြင်များကိုတွေ့ ရှိနိင်သည် ။

အာဖရိကတိုက်၏ အရှေ့ ဖက်ဒေသသည်
ပြတ်ရွှေ့ ကြောများ ၊ တောင်ကုန်း ၊ တောင်တန်းဒေသ
ဖြစ်ပြီး မိုင် ၃၀၀၀ - ကျော်ရှည်လျှားကာ အာရှတိုက်၏
ဆီးရီးယားဒေသမှ အာဖရိကအရှေ့  တောင်ပိုင်း
မိုဇမ်ဘစ်နိင်ငံအထိရှည်လျှားသည် ။

ကမ္ဘာ့အရှည်ဆုံးမြစ်ဖြစ်သည့် နိင်းမြစ်သည်
အာဖရိကဒေသ ကိုဖြတ်သန်း ကာမြေထဲပင်လယ်
ထဲသို့  စီးဆင်းသည် ။
အာဖရိကတိုက်တောင်ဖက်ရှိ Good Hope အငူသည်
ထင်ရှားကျော်ကြားပြီးအိန္ဒိယ သမုဒ္ဒရာ နှင့်
အတ္တလန်တိတ်သမုဒ္ဒရာတွေ့ ဆုံသည့်နေရာဖြစ်သည် ။

အာဖရိကဒေသတွင် မြင်းကျား ၊ သစ်ကုလားအုပ် ၊
ခြင်္သေ့ ၊ ကျားသစ် စသည့်တောရိုင်းတရိစ္ဆာန်များ စွာ
ကျက်စားနေထိုင်ကြပြီး အာဖရိကအလယ်ပိုင်းရှိ
မိုးသစ်တောများတွင် ဂေါ်ဇီလာမျောက်များ နှင့်
ကျေးငှက်တရိစ္ဘာန်မျိုးစိတ်များစွာ ကိုတွေ့ ရှိနိင်သည် ။

အာဖရိကဒေသတွင်လူမျိုးပေါင်းများစွာရှိကာ
ဘာသာစကားပေါင်း ၂၀၀၀ - ကျော်ကို ပြောဆို
နေကြဆဲဖြစ်သည် ။
ယနေ့ အချိန်တွင်နိင်ငံပေါင်း ၅၃ - နိင်ငံ ၌ လူဦးရေ
သန်း ၈၀၀ - ကျော်နေထိုင်ကြကာ လူအများစုသည်
ကျေးလက်ဒေသမှဖြစ်သည် ။

သို့ သော် အာဖရိကဒေသတွင်မြို့ ကြီးများစွာရှိပြီး
ထိုအထဲတွင် အီဂျစ်မှ Cairo ၊ မော်ရကိုမှ Casablanca ၊
နိင်ဂျီးရီးယားမှ Lagos ၊ တောင်အာဖရိကမှ
Cape Town မြို့ များပါဝင်သည် ။
အာဖရိက အနောက်ဖက်ပိုင်းတွင် အာဖရိကထွက်ကုန်
များကို တင်ပို့ ရောင်းချရာဆိပ်ကမ်းများစွာရှိသည် ။

ယနေ့ အချိန်တွင်အာဖရိကဒေသ၌ သဘာဝတောရိုင်း
များစွာရှိနေသေးသော်လည်း ဆင်းရဲငတ်မွတ်မှုပြသနာ ၊
ဒေသတွင်းစစ်ပွဲပြသနာ နှင့်ရောဂါဘယထူပြောမှု
ပြသနာများကြောင့် အာဖရိကလူမျိုးသန်းချီ
နှစ်စဉ်သေဆုံးနေဆဲဖြစ်သည် ။

( သမိုင်း)
-----------------------

ကမ္ဘာ့ခေတ်ဦးယဉ်ကျေးမှုထွန်းကားခဲ့ရာ
ရှေးခေတ်အီဂျစ်လူမျိုးများသည် နိင်းမြစ်ကြောင်း
တလျှောက် လွန်ခဲ့သည့် နှစ် ၅၀၀၀ - ခန့် အချိန်မှ
စတင်ပေါ်ပေါက်ခဲ့ပြီး ထိုဒေသမှကြီးမားသည့်
ပစ်ရမစ်များကို ယနေ့ အချိန်အထိမြင်တွေ့ နိင်သည် ။
အာဖရိကမြောက်ဖက်ဒေသများသည် ရောမခေတ် ၊
အာရပ်မူဆလင်ခေတ် များအချိန်က ယဉ်ကျေးမှု
လွှမ်းမိုးရာဒေသဖြစ်ခဲ့သည် ။

အေဒီ ၁၅၀၀ မှ ၁၈၀၀ အချိန်အတွင်း
အာဖရိကလူမျိုးသန်းပေါင်းများစွာသည်
တောင် နှင့်မြောက်အမေရိကဒေသသို့ ကျွန်အဖြစ်
အလုပ်လုပ်ကိုင်ရန်ရောက်ရှိခဲ့ကြသည် ။

အာဖရိကဒေသသည် ရေနံ ၊ ရွှေ နှင့် စိန်များစွာ
ထွက်ရှိရာဒေသဖြစ်သဖြင့် ဥရောပမှ ဗြိတိသျှ ၊
ပြင်သစ် နှင့် ဂျာမန်များမှ အပြိုင်အဆိုင်
နယ်မြေများသိမ်းယူခဲ့ကြသည် ။

၁၉ - ရာစုနောက်ပိုင်းမှစ၍ အာဖရိကဒေသ
အားလုံးကို ဥရောပနိင်ငံများမှပိုင်ဆိုင်ခဲ့ကြသည် ။
ပထမကမ ၻာစစ္အၿပီးတြင္အာဖရိကေဒသအမ်ား
အပြားသည်ဗြိတိလျှ အပိုင်ဖြစ်လာခဲ့သည် ။

ဒုတိယကမ ၻာစစ္အၿပီး ၁၉၅၀- ၆၀ အခ်ိန္မွစ၍
အာဖရိကနိင်ငံအများအပြားသည်
လွတ်လပ်သည့်နိင်ငံများဖြစ်လာခဲ့သည် ။
ယနေ့ အချိန်တွင်အာဖရိကတိုက်၌
နိင်ငံစုစုပေါင်း ၅၃ - နိင်ငံရှိပြီး ကုန်းတွင်း
နိင်ငံ ၄၇ - နိင်ငံနှင့် ကျန် ၆ - နိင်ငံမှာ အာဖရိကတိုက်
ပါတ်ဝန်းကျင်ရှိကျွန်းနိင်ငံဖြစ်သည် ။

Credit:အကယ်ဒမီ
ဗဟုသုတ​ကျေးရွာ

မြောက်အမေရိကတိုက်

မြောက်အမေရိကတိုက်
______________________

မြောက်အမေရိက တိုက်သည် ကမ္ဘာ့တိုက်ကြီး
၇- တိုက်ထဲတွင် အာရှ ၊ အာဖရိက တိုက်ပြီးလျှင်
တတိယအကြီးဆုံး တိုက်ဖြစ်သည် ။
ကနေဒါ ၊ အမေ၇ိက နှင့်မက္ကဆီကိုနိင်ငံများသည်
မြောက်အမေရိကတိုက်တွင် ပိုင်းခြားတည်ရှိသည် ။

ကမ္ဘာ့အကြီးဆုံးကျွန်း Greenland ၊ အမေရိက တိုက်
အလယ်ပိုင်း နှင့် ကာရေဗီယံဒေသမှတချို့  ကျွန်းများ
ကိုလဲ မြောက်အမေရိက တိုက်၏ အစိတ်အပိုင်းဟု
သတ်မှတ်လေ့ရှိကြသည် ။

America အမည်သည်အီတလီလူမျိုးရေကြောင်း
ခရီးသွား
Amerigo Vespucci ၏ အမည်မှဆင်းသက်လာခဲ့ခြင်း
ဖြစ်သည် ။
သူသည် အေဒီ ၁၄၉၀ - ခုနှစ်အချိန်က
တောင်အမေရိက တိုက်သို့ စတင်ရောက်ရှိခဲ့ပြီး
မြောက်အမေရိက ဒေသ သို့ လဲ
ရောက်ရှိခဲ့သူဖြစ်သည် ။

နောက်ပိုင်းမြေပုံရေးဆွဲသူများသည်
ပထမဆုံးတောင်အမေရိကတိုက်ကို
ရေးဆွဲပြီးနောက် Vespucci ကိုဂုဏ်ပြုသည့်
အနေဖြင့် South America ဟု အမည်ပေးခဲ့ကြသည် ။
မရှေးမနှောင်းမှာပင် မြောက်ဖက်ဒေသသည်လဲ
North America ဖြစ်လာခဲ့သည် ။

(ရာသီဥတု)
------------------------

မြောက်အမေရိကဒေသတွင်ရာသီဥတုပုံစံ
မျိုးစုံကိုတွေ့ ရှိနိင်သည် ။
မြောက်ဖက်အကျဆုံးဒေသများတွင်ရေခဲချပ်များ
ဖုံးလွှမ်းနေသည် ။
မြောက်အမေရိကတိုက်အလယ်ပိုင်း နှင့်
ကာရေဗီယံဒေသသည် အပူပိုင်း သမမျှတသည့်
ရာသီဥတုရှိသည် ။

အနောက်မြောက်ဖက်ဒေသသည်မိုးများစွာ
ရွာသွန်းသည့်ဒေသဖြစ်သည် ။
အမေရိကန် အနောက်ဖက် နှင့် မက္ကဆီကို
မြာက်ဖက်ဒေသများတွင်ခြောက်သွေ့ သည့်
ကုန်းမြေနှင့် ကန္တာရများမှ ဧရိယာများစွာ
ဖုံးလွှမ်းလျှက်ရှိသည် ။

(အရှေ့ ဖက်ဒေသ)
----------------------

မြောက်အမေရိကတိုက် အရှေ့ ဖက်ကမ်းခြေ
ဒေသ သည်ရှည်လျှားသည့်မြေပြန့်  လွင်ပြင်
ဒေသဖြစ်သည် ။
Appalachians အမည်ရ တောင်တန်းသည်
ထိုမြေပြန့် လွင်ပြင်ဒေသတွင် အမေရိကန် နိင်ငံ
Alabama ဒေသမှသည် ကနေဒါနိင်ငံ Québec ဒေသ
အထိ သွယ်တန်းလျှက်ရှိသည် ။
အရှေ့ မြောက်ဖက် ကနေဒါ နှင့် အမေရိကဒေသတွင်
သစ်တောထူထပ်သည့် တောတောင်များစွာရှိကာ
မြစ်များစွာလဲဖြတ်သန်းစီးဆင်းလျှက်ရှိသည် ။

(အနောက်ဖက်ဒေသ)
--------------------

ရော့ကီးတောင်တန်းသည်မြောက်အမေရိက တိုက်
အနောက်ဖက်တွင် မက္ကဆီကိုဒေသမှ သည်
အလာစကာဒေသအထိသွယ်တန်းလျှက်ရှိသည် ။
အနောက်ဖက်ကမ်းရိုးတမ်းဒေသတွင်
တောင်တန်းများစွာရှိပြီး ဤဒေသ၏ ထင်ရှားသည့်
ဆားငံရေကန်မှာ Great Salt Lake ဖြစ်သည် ။

ဤဒေသရှိမြစ်များစွာသည်ပစ္စဖိတ်သုမုဒ္ဒရာထဲသို့ 
စီးဝင်သည် ။

(အလယ်ပိုင်းဒေသ)
------------------------

အနောက်ဖက်ရော့ကီးတောင်တန်း နှင့်
အရှေ့ ဖက် Appalachians တောင်တန်းကြား
ဒေသသည်မြေပြန့် လွင်ပြင်ဖြစ်ပြီး
Great Plains ဟုခေါ်ဆိုကြသည် ။
ထိုနေရာအများစုသည်သစ်ပင်ကြီးများကင်းမဲ့သည့်
မြက်ခင်းလွင်ပြင်ဖြစ်သည် ။
ယနေ့ အချိန်တွင်ထိုနေရာသည် ဂျုံစပါးစိုက်ပျိုးရာ
အဓိကဒေသဖြစ်သည် ။

(မြောက်ပိုင်းဒေသ)
-----------------------

မြောက်အမေရိကတိုက်မြောက်ဖက် နှင့်
အရှေ့ မြောက်ဒေသကို Canadian Shield ဟု
ခေါ်သည် ။
ကနေဒါ နိင်ငံ၏ဧရိယာအများစုသည်
Canadian Shield ဒေသဖြစ်သည် ။
ကြီးမားသည့်ကျောက်တုံးချပ်များ ၊ ရေခဲလွင်ပြင်
ဒေသဖြစ်ကာ ရာသီဥတုဆိုးဝါးပြီး စိုက်ပျိုးရေးနှင့်
လမ်းပန်းဆက်သွယ်ရေးခက်ခဲရာဒေသဖြစ်သဖြင့်
လူနေထိုင်မှုနဲပါးသည် ။

(ရေအရင်းအမြစ်)
---------------------

မြောက်အမေရိက ဒေသသည် ရေ အရင်းအမြစ်
အများအပြားရှိရာဒေသဖြစ်သည် ။
မြစ်ကြီးများစွာရှိပြီး Missouri မြစ်မှာ
မြောက်အမေရိက တိုက်၏အရှည်ဆုံးမြစ်ဖြစ်သည် ။

မစ္စစပီမြစ်မှာ အရေးပါဆုံးမြစ်ဖြစ်ပြီး
အခြားထင်ရှားသည့်မြစ်များမှာ Colorado, Columbia,
Yukon, Mackenzie, Fraser, နှင့် St. Lawrence မြစ်များ
ဖြစ်ကြသည် ။

မြောက်အမေရိကတိုက် အလယ်ပိုင်း အပေါ်ဖက်တွင်
ရေချို ရေကန်ကြီး ၅ -ကန်ပေါင်းစပ်တည်ရှိပြီး ၄င်းကို
Great Lakes ဟုခေါ်သည် ။

မြောက်အမေရိကဒေသတွင်ပင်လယ်ကွေ့ 
၃ - ခုတည်ရှိသည် ။
ယင်းတို့ မှာ တောင်ဖက်ရှိ မက္ကဆီကိုပင်လယ်ကွေ့  ၊
အနောက်မြောက်ဖက်ရှိ အလစကာပင်လယ် ကွေ့  ၊
မြောက်ဖက်ဒေသရှိ Hudson ပင်လယ်ကွေ့ တို့ 
ဖြစ်သည်။

( ပြောင်းရွေ့ နေထိုင်သူများ၏ဒေသ)
--------------------------------

ဤဒေသတွင်လွန်ခဲ့သည့် နှစ်ထောင်ချီမှ
စတင်နေထိုင်ခဲကြသည့် ဒေသခံ အမေရိကန်
လူမျိုးများကို Native Americans များဟုခေါ်သည် ။

၁၄၉၂ - ခုနှစ်နောက်ပိုင်းဥရောပတိုက်သားများ
စတင်ရောက်ရှိချိန်မှစ၍ ဒေသခံလူမျိုးများ နယ်မြေ
တဖြည်းဖြည်းဆုံးရှုံးခဲ့ရသည် ။
သို့ သော်တချို့ ဒေသတွင်ဒေသခံလူမျိုးများ၏
ယဉ်ကျေးမှုတည်ရှိနေဆဲဖြစ်သည် ။

မြောက်ပိုင်း ရေခဲဒေသမှ အက်စကီမို ခေါ်
Inuit လူမျိုးများ ၊ မက္ကဆီကိုတောင်ဖက်ဒေသမှ
မာယာလူမျိုးများသည် ယနေ့ အချိန်ထိ သူတို့ ၏
ဒေသတွင် နေထိုင်နေကြဆဲဖြစ်သည် ။

ယနေ့ အချိန်တွင်မြောက်အမေရိကတိုက်၌
လူသန်း ၅၈၀ - ခန့် နေထိုင်နေကြပြီး အများစုမှာ ကမ္ဘာ့နေရာစုံမှဖြစ်သည်။
မက္ကဆီကိုမြို့  ၊ နယူးယောက်မြို့ နှင့်
လော့စ်အင်ဂျလီမြို့ များသည်ကမ္ဘာ့လူဦးရေ
အထူထပ်ဆုံးမြို့  များထဲတွင်ပါဝင်သည် ။

မြောက်အမေရိကဒေသဖွံ့ ဖြိုးတိုးတက်လာသည်နှင့်
အမျှ ကမ္ဘာတလွှားမှ လူများအခြေချရန်ရောက်ရှိ
လာခဲ့ကြသည် ။

ကနေဒါ ဒေသတွင် ဗြိတိသျှ နှင့်ပြင်သစ်လူမျိုး
အများဆုံးအခြေချရန်ရောက်ရှိခဲ့ပြီး ၊ အမေရိကဒေသတွင်
ဗြိတိသျှ အနွယ်သည်လူဦးရေ၏ ၃ ပုံ ၁ ပုံ
ရှိသည်ဟုဆိုသည် ။

ထို့ အတူမက္ကဆီကိုဒေသမှလူများသည်ဒေသခံ
လူမျိုးများ နှင့် ဥရောပတိုက်သားစပိန်လူမျိုးများ မှ
ဆင်းသက်လာသူအများစုဖြစ်ကြသည် ။

Credit:အကယ်ဒမီ
ဗဟုသုတ​ကျေးရွာ