Saturday, December 23, 2017

ရခိုင်​ဘုရင်​မင်းမြတ်​များ လက်​ထက်​​တော်​က မြောက်ဦးရှိ မြို့တံခါးများ

ရခိုင်​ဘုရင်​မင်းမြတ်​များ လက်​ထက်​​တော်​က
မြောက်ဦးရှိ မြို့တံခါးများ
🎰🎰🎰🎰🎰🎰🎰🎰🎰🎰🎰🎰🎰🎰
မြောက်ဦး​မြို့​တော်​ကြီးမှာ ...
မြို့ဝင်တံခါးပေါက်ပေါင်း (gates) ၆၄ တန် ရှိတယ်။
      - ရေကြောင်းမှ အဝင်အထွက် တံခါးပေါက် ၃၂-ခုနဲ့
      - ကုန်းလမ်းမှ အဝင်အထွက် တံခါးပေါက် ၃၂- ခု၊
      စုစုပေါင်း ၆၄-ခုပေါ့။

     ဒါပေမယ့် .....
     ဒီတံခါးတွေက လမ်းပြ(usher)တွေ မပါပဲ  ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်လို့ မရ။

မြို့တော်တခုလုံးကို  ဝင်္ကပါအလား စီမံထားပါတယ်။
        တံခါးအတုတွေကို ဝင်ပေါက်အစစ်ထင်ပြီး ဝင်လာရင်တော့ မျက်စိလည် လမ်းမှားသွားပေလိမ့်မယ်၊၊

        လျှောက်လာရင်းနဲ့ မျက်စိအောက်မှာပဲ မြို့တော်တခုလုံး ပျောက်ကွယ်သွားပြီး၊
တောတွေ၊
တောင်တွေ၊
ကျူံးတွေကိုသာ တွေ့ရပါလိမ့်မယ်။
အဲလို တံခါးမျိုးကို ရှေးခေတ်က တံခါးလိမ်လို့ ခေါ်ပါတယ်။

          တံခါးပေါက်(gate) အစစ်က သိပ်မရှိလှဘူး။

      (၁)  လူဝင်ပေါက်က  အခုကားလမ်းမြောက်ဘက်မှာသာ ရှိပါတယ်။

      (၂)  ငွေတောင်ခံတပ် မြောက်ဘက်မှ ဆင်ကျပ်တံခါးကတော့ ဆင်နဲ့ ဝင်ထွက်လို့မရ၊ ဆင်စီးလို့ မဝင်ရတဲ့ တံခါးပဲ ဖြစ်ပါတယ်။

       (၃) တောင်ဖြူတောင် အနီးမှာ  မိုးလင်းဝ ဆိုတဲ့ တံခါးတပေါက် ရှိခဲ့တယ်။ ညနေချိန်မှာ လုံးဝ မဝင်ရ၊ ညနေ ၆နာရီထိုးတာနဲ့ ပိတ်တယ်၊ ဒီအပေါက်က ဝင်ချင်ရင် မိုးလင်းအောင်ထိ စောင့်ပြီးမှ မြို့ထဲကိုဝင်လို့ ရတယ်။
       ဒါကြောင့် ဒီတံခါးကို (မိုးလင်းမှ ဝင်ရတဲ့+အပေါက်အဝ=) မိုးလင်းဝလို့ ခေါ်ကြတာ ဖြစ် ဖြစ်တယ်။
         သျှစ်သောင်းဘုရားရှိ အာနန္ဒာ စန္ဒြား ကျောက်စာကို ဘုရင်မင်းပင်ကြီးက ဒီတံခါး အနီးမှ သယ်ယူလာတာ ဖြစ်ပါတယ်။

      (၄) မောလိပ်ကန်ရဲ့ အရှေ့ဘက်၊ စံကားတောင်ထိပ်မှာ တံခါးပေါက် တခု ရှိခဲ့တယ်။ မောလိပ်တံခါး၊ စံကားတောင်တံခါးလို့ ခေါ်ကြပါတယ်။
      နိုင်ငံခြားသားတွေ၊ သံတမန်တွေ အဓိက ဝင်ထွက်သွားလာခဲ့တဲ့ တံခါးပေါ့။ ဒီ တံခါးပေါက်ကို နင်းကျော်မိတာနဲ့ နန်းမြို့တော်ကို အပေါ်စီးက တင့်တယ်စွာ ရှုမြင်ရပါတယ်။ မသူတော်တွေ ပါလာရင်လည်း ပူစရာ မလို၊ တံခါးစောင့်(janitor)တွေက အပေါ်စီး(အဝေးကြီး)မှ ကြည့်ရှု စစ်ဆေးလို့ ရတဲ့ တံခါးပေါ့။

      (၅) ဆင်ဖြူတော်သာ ဝင်ထွက်သွားလာခွင့် ရှိတဲ့ ဆင်ဖြူ တံခါး၊

      (၆) နန်းတွင်းသူ/သားတွေသာ ဝင်ထွက်ခွင့်ရတဲ့ နန်းသားကန် တံခါး၊
     (ဒီတံခါး ၂ပေါက်က အခုအချိန်မှာ  အစအနတောင် ရှာလို့ မရတော့ပြီ)

      (၇) မောက်တော်တံခါး၊ (မြို့တော် အနောက်ဖက်)
      ဒီတံခါးက အပြစ်သားတွေကို သွင်းတဲ့
တံခါးတခု ဖြစ်ပါတယ်။

      (၈) လက်ဆေးကန်တံခါး၊ (တောင်ဖက်)
        ဒီတံခါးမှာ တံခါးရွက်တွေက အလွန်ကြီးမားပါတယ်။ လူအားနဲ့ ဆွဲမ လို့ မရ။ ယန္တရား ခလုတ်များ တပ်ဆင်ပြီး ဖွင့်ရ ပိတ်ရတဲ့ တံခါးကြီးမျိုး ဖြစ်တယ်။  နန်းမြို့ထဲမှာ ဒီလို တံခါး ၁၆ ခု တိတိ ရှိခဲ့ ဖူးပါတယ်။

        (၉) မြောက်တံခါး (သျှစ်သောင်းအနီး)

        (၁၀) ရန်နောင်တံခါး(အရှေ့ဖက်)
        ဒီတံခါး ၄ပေါက်ကတော့ ဝင်းတော်နဲ့ ဒါရိုက် ဆက်သွယ်ထားတဲ့ ပင်မတံခါးပေါက်ကြီးတွေပဲ ဖြစ်ပါတယ်။

         (၁၁)  ကြခတ်စားအမတ်က တည်ဆောက်ရ တာဝန်ယူရတဲ့ တံခါးပေါက် တခုလည်း ရှိခဲ့တယ်။ ဒါကြောင့် ထိုတံခါးကို ကြခတ်စားတံခါး(ကြခတ်တံခါး) ခေါ်ကြတာ ဖြစ်ပါတယ်။

        ဒီတံခါးတွေ အကုန်လုံးကို ဘုရင်မင်းစောမွန်က မြောက်ဦးမြို့ တည်ဦးစကပင် တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား>>>ဆရာကြီး ဦးဦး သာထွန်းပြောစကားများမှ
{{​( Arker - အာကာစိုး၏ ရှင်းလင်း​ဖော်​ပြမှု့အား တဆင့်​ပွားယူ​ဖေါ်ပြခြင်း ဖြစ်​ပါသည်​}}}

Credit Saw Mya Thandar

"စေတီတော် များ မှာ တည်ထားလေ့ရှိတဲ့ တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့ရဲ့ အဓိပ္ပါယ်"

▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
"စေတီတော် များ မှာ တည်ထားလေ့ရှိတဲ့
တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့ရဲ့ အဓိပ္ပါယ်"
━━━━━━━━━━━━━━━━━━━━━

မိမိတို့ "ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံ"ဆိုတာ ယဉ်ကျေးမှုသုခုမအလင်းတွေ ထည်ဝါခဲ့ကြတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သိပြီး ဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် ခေတ်သစ်မှာ အချို့အရာတွေနဲ့ပတ်သက်ပြီး မရှင်းမလင်းရုံမက ယောင်ဝါးဝါးတွေ ဖြစ်လို့ နေကြပါတယ်။

ဒီနေရာမှာ
"တံခွန်တိုင်"ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြရရင်-
"တံခွန်တိုင်"လို့ ခေါ်ရခြင်းက-ဘုရား ပုထိုး စေတီတော်တွေရဲ့အနီးမှာ တိုင်တွေ စိုက်ထူထားတတ်ကြပါတယ်။အဲဒီတိုင်တွေရဲ့ ထိပ်ဖျားမှာ "တံခွန်"တွေကို လွှင့်ထူထားကြလို့ "တံခွန်တိုင်"လို့ ခေါ်ပါတယ်။ 

"တံခွန်"ဆိုတာ -ရှေးအခါက -ယာဉ်ရထားတွေ
-အဆောက်အဦတွေမှာ ထင်ရှားပေါ်လွင်အောင် တင့်တယ်အောင် လွှင့်ထူလေ့ရှိကြတဲ့ "အလံ"ကို "တံခွန်"လို့ ခေါ်ခြင်းပါ။

-တံခွန်လုံး
-တံခွန်ပြား
-တံခွန်ကုက္ကား စသဖြင့် များစွာရှိကြပေမယ့်
"တံခွန်တိုင်"မှာ တပ်ဆင်လေ့ရှိတဲ့ "တံခွန်"တွေကတော့ "လုံးဝန်းပြီး ရှည်မြောမြောသဏ္ဍာန်ရှိကာ ဝါးနဲ့ ရက်လုပ်ထားတဲ့ တံခွန်"တွေ ဖြစ်ပါတယ်။

"ဝါး"ကို အခွေလိုက်ပြုကာ အပေါ်ကနေ "စက္ကူ"ကပ်ပြီး စက္ကူပေါ်မှာ "ဗုဒ္ဓဝင်ဖြစ်စဉ်တွေ ဗုဒ္ဓမုခပါဌ်ဓမ္မ"တွေကို ရေးသားထားကြပါတယ်။

ဒါပေမယ့်
ယခုအခါမှာတော့ "တံခွန်တိုင်"တွေမှာ ချိတ်ဆွဲတင်ရမယ့် ""တွေ မတွေ့ရသလောက် ရှားပါးနေပြီလို့ သုတေသီတို့က ဆိုကြပါတယ်။

ရှေးက "တံခွန်တိုင်"ကို "သစ်တွေ ,ဝါးတွေ"နဲ့ ပြုလုပ်ခဲ့ကြပေမယ့်တံခွန် နှောင်းခတ်မှာ "အုဋ္ဌ်,အင်္ဂတေ"တွေနဲ့သာ ပြုလုပ်ကြပါတော့တယ်။

   "တံခွန်တိုင်"ဆိုတာတိုင်မြင့်မြင့်ထူကာ အဝေးကနေ မြင်နိုင်အောင်
"တံခွန်လုံး ,တံခွန်ပြား"တွေ ချိတ်ဆွဲထားကြပြီး -“ဒီနေရာမှာ
ဘုရား ပုထိုး စေတီ ရှိတယ်။ လာရောက် ဖူးမြှော်ပူဇော်ကြပါ”
ဆိုတဲ့ ရည်ရွယ်ချက်အဓိပ္ပာယ်နဲ့ စိုက်ထူထားတဲ့အရာလို့ ဆိုကြပါတယ်။ 

"တံခွန်တိုင်"ထိပ်မှာ ထုလုပ်ထားတဲ့ "ဟင်္သာရုပ်ပုံ"ကို ရှုကြည့်ရင်တော့-
“သေခြင်းတရား ဟာ လျင်မြန်လွန်းလှပါတယ်။ မသေရာဆီ သွားဖို့
မမေ့မလျော့ မပေါ့မဆဘဲ ဒါန  -သီလ -ဘာဝနာများ ကြိုးစားအားထုတ်ကြဖို့ရန် ဒီနေရာဆီ လာကြပါ။

ဒီနေရာမှာ မသေရာဆီ ပို့ပေးမယ့် ဘုရား စေတီတော်
တရားတော်တွေ ရှိပါတယ်” -လို့ ဖိတ်ခေါ်ချင်လို့ "တံခွန်တိုင်"ကို ထူထားကြတယ်လို့ ဆိုနိုင်ပါတယ်။

ဘာကို ထောက်ဆပြီး သိရလဲဆိုရင်"ဇဝနဟံသဇာတ်တော်"ကို ထောက်ဆပြီး သိရပါတယ်။

"တံခွန်တိုင်နဲ့ ဟင်္သာ"
--------------------------

"မြတ်စွာဘုရားရှင်"ဟာ  "အလောင်းတော် ဘ၀"က "ဇ၀န"မည်တဲ့ "ဟင်္သာမင်း" ဖြစ်ခဲ့ဖူးပါတယ်။ ဟင်္သာ ပေါင်း ကိုးသောင်း အခြံအရံ ရှိပါတယ်။ သူ့မှာ ညီငယ် ဟင်္သာနှစ်ကောင်လဲ ရှိပြီး "စိတ္တကုဋ်တောင်"မှာ နေထိုင်ကြပါတယ်။

တစ်နေ့မှာ ညီငယ်များက "နေ"နဲ့အပြိုင် ပျံသန်းလိုတာကြောင့် သူတို့ရဲ့အစ်ကို "ဟင်္သာမင်း"ဆီမှာ ခွင့်တောင်းပါတယ်။ ညီငယ်များ လမ်းခရီးမှာ ဒုက္ခရောက်နိုင်တာကို သိတဲ့အတွက် ခွင့်မပြုခဲ့ဘူး။

ညီငယ် (၂)ကောင်ဟာ အစ်ကိုရဲ့စကားကို နားမထောင်ဘဲ နေနဲ့ပြိုင်ဖို့အတွက် "နေ"မထွက်မီကတည်းက "ယုဂန္ဓိုရ်တောင်ထိပ်"ကနေ သွားစောင့်နေပါတယ်။ "နေ"ထွက်တာနဲ့ "နေ"နဲ့အပြိုင် ပျံသန်းကြပါတယ်။

လမ်းခရီးမှာ "နေ"ရဲ့အရှိန်ကြောင့် "အငယ်ဆုံးကောင်"ရဲ့အတောင်မှာ မီးစွဲလောင်ပါတယ်။ဒီအကြောင်းကို "ဟင်္သာမင်း" ကြားသိတဲ့အခါ လျင်မြန်တဲ့အဟုန်နဲ့ပျံလာကာ "ညီငယ်"ကို ကယ်ပြီး "စိတ္တကုဋ်တောင်"ကို ပို့ပေးခဲ့ပါတယ်။ မွန်းတည့်အချိန်ရောက်တဲ့အခါ
"အကြီးကောင်"ဆက်လက်ပြီး မပျံနိုင်တော့တဲ့အတွက် "စိတ္တကုဋ်တောင်"ကို ပို့ပေးခဲ့ရပြန်တယ်။

"ဟင်္သာမင်း"က သူလဲ "နေ"နဲ့အပြိုင်ပျံသန်းပြီး သူ့ရဲ့အဟုန်ကို စမ်းသပ်ခဲ့ပါတယ်။ အကျိုးမရှိကြောင်း မြင်ရတဲ့အခါ အဲဒီလိုပျံသန်းခြင်းကို ရပ်နားပြီး "ဗာရာဏသီမြို့"ကို ပျံလာခဲ့ပါတယ်။

"ဟင်္သာမင်း"ရဲ့အရိပ်ဟာ "ဗာရာဏသီမြို့"တစ်ခုလုံးကို လွမ်းမိုးသွားပါတယ်။  ဒီလို ထူးဆန်းတဲ့အကြောင်းအရာကို "ဗာရာဏသီမင်း"က သူ့နန်းတော်ထဲ ရောက်လာတဲ့ "ဟင်္သာမင်း"ကို မေးတဲ့အခါ -သူဟာ "နေနဲ့အတူ ပျံသန်းနိုင်ခဲ့တယ်"ဆိုတဲ့အကြောင်း ပြောပါတယ်။

"မင်းကြီး"က -
-"ဟင်္သာမင်းရဲ့ အဲဒီအဟုန်ကို မြင်ချင်တယ်"လို့ ပြောတဲ့အခါ "ဘုရားအလောင်းဟင်္သာမင်း"က -နေနဲ့အဟုန်မပြိုင်ဘဲ
-အဟုန်တူတဲ့ လေးသည်တော် လေးယောက်ကို ခေါ်ပြီး ကျောခြင်းကပ်ရပ်စေကာ အရပ်လေးမျက်နှာကို မြား တစ်စင်းစီ ပစ်လွတ်စေခဲ့ပါတယ်။

"ချူလုံး" ဆွဲထားတဲ့"ဟင်္သာမင်း"က လျင်မြန်တဲ့အဟုန်နဲ့ "မြားလေးစင်း"ကို ဖမ်းယူကာ လေးသမားများရဲ့ အနီး ချထားခဲ့ပြီးမှ "တိုင်ထိပ်"မှာ ရပ်နားနေလိုက်ပါတယ်။ လျင်မြန်လွန်းတဲ့အတွက် "ဟင်္သာမင်း"ကို မမြင်ရဘဲ ချူသံသာ ကြားလိုက်ရပါတယ်။

"မင်းကြီး"က -"ဒီထက်မြန်တဲ့အဟုန် ရှိပါဦးမလား"-လို့ မေးတဲ့အခါ -

"ဘုရားအလောင်းတော်"က "ဒီအဟုန်ထက်
အဆတစ်ရာ,အဆတစ်ထောင်,အဆတစ်သိန်း မက မြန်တဲ့ အရာရှိပါတယ်။
အဲဒါကတော့ "သေခြင်းတရား"ပါပဲ"-လို့ ပြောလိုက်တဲ့အခါ
"မင်းကြီး"ထိတ်လန့် တုန်​လှုပ်​သွားပါတယ်​ ။
"ဟင်္သာမင်း"က "မင်းကြီး"ကို တရားဟောပြီး သက်သာရာ ရစေခဲ့ပါတယ်။

   အထက်ပါ "ဇဝနဟံသဇာတ်တော်"ကို ကြည့်ရှုပြီး ဆိုလိုချက် သဘောအဓိပ္ပာယ် ပေါ်လွင်လောက်ပြီလို့ ယုံကြည်ပါတယ်။

"ဟင်္သာမင်း"ရဲ့ ဖြစ်တော်စဉ် "ပါရမီ စရိယ"ဇာတ်များစွာမှနေ နှောင်းလူတွေ-
-အသိရအောင်
-သဒ္ဓါပေါက်အောင်
-ဖူးမြှော်တတ်အောင်
-အမှတ်တရရှိအောင် ထုလုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။

"သိကြားရုပ်နဲ့ နတ်မင်းကြီးလေးပါး"
--------------------------------------------------------
  မြင်တွေ့နေရတဲ့ "တံခွန်တိုင်"တွေကို လေ့လာကြည့်ရင်
-မြင့်မားဖြောင့်တန်းရှည်လျားတဲ့ "အုဋ္ဌ်တိုင်"နဲ့
-အဲဒီ"အုဋ္ဌ်တိုင်"ရဲ့ခြေရင်းမှာ "ပလ္လင်ခုံ" ရှိပါတယ်။

အဲဒီ"ပလ္လင်ခုံ"ပေါ်မှာ "ဗဟိုတိုင်"ကိုပတ်ရံပြီး "နတ်ရုပ်,သိကြားရုပ် ,ဗြဟ္မာရုပ်"တွေ ခြယ်လှယ်ဆင်သလေ့ ရှိကြပါတယ်။

တိုင်ရဲ့ထိပ်မှာတော့ "ဟင်္သာ"-သာမက
-ကရဝိက်
-ဂဠုန်
-ပြာဿဿ     ဒ် စေတီ စသည်ကို တင်လေ့ရှိကြပါတယ်။

  ရှေးကတော့
"တံခွန်တိုင်"ဆိုရင် -
အခြေမှာ "သိကြားရုပ်"ပါမှ အင်္ဂါစုံတယ်လို့ မှတ်ယူကြပြီး "သိကြားရုပ်"ကို မပါမဖြစ်လေးနက်တဲ့ အဓိပ္ပာယ်တွေနဲ့ ထည့်ပေးကြခြင်းပါ။

ထုလုပ်လေ့ရှိတဲ့ "သိကြားရုပ်ရဲ့ ဟန်"တွေကလည်း

(၁)သိကြားမင်း ခရုသင်းကိုင်နေဟန်
(၂) ရှိခိုးနေဟန်
(၃)  သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်
(၄) စောင်းပိုက်နေဟန်-ဆိုပြီး "လေးမျိုးလေးစား" နဲ့ ဟန်အသီးသီးမှာ အထိမ်းအမှတ်တွေ အသီးအသီး ရှိကြပါတယ်။

၁)သိကြားမင်း ခရုသင်းကိုင်နေဟန်

"မြတ်စွာဘုရား" ပွင့်တော်မူစဉ်က -
-"သိကြားမင်း"ဟာ "ခရုသင်းမှုတ်ပြီး ပူဇော်"ခဲ့တာကို လူတွေ အမှတ်ရကြစေဖို့ "သိကြားမင်း ခရုသင်းကိုင်နေဟန်"ကို ထုလုပ်ပေးကြခြင်းပါ။

၂) သိကြားမင်းရှိခိုးနေဟန်

နောက် -
-"သိကြားမင်း ရှိခိုးနေဟန်"ကို "မင်္ဂလာတရား ဟောကြားပေးဖို့ရန် သိကြားမင်း ရှိခိုးပြီး တောင်းပန်"နေတာကို ရည်ရွယ်ပြီး ထုလုပ်ပေးကြခြင်းပါ။

၃)  သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်

နောက်တစ်မျိုး
-"သံတုတ်(ဝရဇိန်)လက်နက် ကိုင်နေဟန်ကိုတော့ -
"ဘုရားရှင်"ကို "အမေးပုစ္ဆာ"တွေ လာမေးတဲ့ "အမ္ဗဋ္ဌလုလင်"ဟာ
"ဘုရားရှင"်က မေးနေတာကို "အဖြေမပေး"ဘဲ ပေတေနေတာကို -
"ဝရဇိန်လက်နက်ပိုင်ရှင် သိကြားမင်း"သိလို့ ပူပြင်းတောက်လောင်နေတဲ့ "သံတူ(သံတုတ်)ကို ကိုင်ပြီး တကယ်သတ်တော့မယ့်ဟန်" ကြိမ်းဝါးခဲ့တာကို ရည်မျှော်ပြီး ထုလုပ်ပေးကြခြင်းပါ။

၎) စောင်းပိုက်နေဟန်-

နောက်ဆုံးတစ်မျိုးဖြစ်တဲ့ "စောင်းပိုက်နေဟန်"ကိုတော့
-"ပဉ္စသိင်္ခနတ်သား"က "မြတ်စွာဘုရား"ကို "သိကြားမင်း"ကိုယ်စား ဂါထာတွေနဲ့ "စောင်းညှင်းဆောင်ကာ လျှောက်ထား"ခဲ့တာကို ရည်မှတ်ပြီး ထုလုပ်ပေးကြခြင်းပါ။

ဒီအကြောင်းအရာတွေကို မုံတိုင်ပင်ဆရာတော်ရဲ့ “သုံးပုံတံချူကျမ်း”မှာ လင်္ကာတွေနဲ့ မှတ်တမ်းပြထားပါတယ်။

    အချို့ "တံခွန်တိုင်"အခြေတွေမှာတော့
-"သိကြားရုပ်"တွေအစား -
"စတုလောကပါလ နတ်မင်းကြီးလေးပါး"တို့ရဲ့ ပုံတွေကို ထုလုပ်ထားကြပါတယ်။

ဒါကလည်း အရမ်းကာရောတော့ မဟုတ်ကြပါဘူး။

"ဥပုသ်နေ့"တွေမှာ -
-ရတနာသုံးပါးကို ဆည်းကပ်သူ,
-မဆည်းကပ်သူ၊
-သီလစောင့်သူ,
-မစောင့်သူ၊
-မိဘလုပ်ကျွေးသူ,
-မကျွေးသူ စတဲ့လူတွေကို
အဲဒီ"နတ်မင်းကြီး"တွေနဲ့ "နတ်မင်းကြီး"တွေရဲ့ "အစေအပါးနတ်"တွေက စာရင်းကောက်ယူပြီး "ပဉ္စသိင်္ခနတ်သား"ကတစ်ဆင့် -"မာတလိ,"
"မာတလိ"ကတဆင့် "သိကြားမင်း"ဆီ အပ်ကြပါတယ်။

ဒီအကြောင်းကို လူတွေ သတိရကြကာ- -ရတနာသုံးပါး ဆည်းကပ်ကြဖို့
-သီလစောင့်ထိန်းကြဖို့
-မိဘလုပ်ကျွေးကြဖို့
လူတွေကို သတိပေးတဲ့ဟန်နဲ့ ထုလုပ်ပေးကြခြင်းပါ။

  အချို့က
"သိကြားမင်း"ရဲ့
-ရှိခိုးနေဟန်,
-ခရုသင်းကိုင်နေဟန်,
-စောင်းကိုင်နေဟန်,
-သံတူကိုင်နေဟန် "ရုပ်တုလေးခု"ကို ကြည့်ပြီး
"နတ်မင်းကြီးလေးပါး"နဲ့ မှားတတ်ကြပါတယ်။

                           
မှီခိုရာကျမ်းကိုး-

(၁။ပိဋကတော်များ
၂။ပခုက္ကူစာပေဆု သုတေသနစာပေဆုရ
မောင်ယဉ်လှိုင်း၏ ဆောင်းပါး
၂။"အရှင်ခေမိန္ဒ(တိပိဋက နိကာယ)"၏
"တံခွန်တိုင်ရဲ့အဓိပ္ပါယ်")

သာသနာ့မိခင်ကြီး(သို့မဟုတ်)၂၁-ရာစု ဝိသာခါ''(ကုဋေရာချီစွန့်လွှတ်နေသူ)

'' သာသနာ့မိခင်ကြီး(သို့မဟုတ်)၂၁-ရာစု
ဝိသာခါ''(ကုဋေရာချီစွန့်လွှတ်နေသူ)
✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤✤

(၁)
''မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာစီးဆင်းလျှက်
ရှိသော မဟာသမုဒ္ဒရာကား အလျှားအားဖြင့်
သော်လည်းလည်း အနံအားဖြင့်သော်လည်း
ကောင်း ရှည်လျှားလှပေ၏။အနက်အားဖြင့်
သော်လည်းကောင်း၊အစောက်အားဖြင့်သော်
လည်းကောင်း နက်ရှို င်းလှပေ၏။ထိုမဟာ
သမုဒ္ဒရာအတွင်းရှိ ရေထု၏ပမာဏသည်
လည်း ဤရွေ့ဤမျှ ရှိသည်ဟု ဂဏန်းသချာင်္
ချပြ၍မရနိုင်ပေ။''

'' ယုဇနာပေါင်း တာပြန်လောင်းသော်
ရှစ်သောင်းလေးထောင် အမြင့်ဆောင်သား
တောင်မြင်းမိုရ်ရှိ''စသည်ထိုထို ဆိုကြလေသ
ကဲ့သို့ မြင်းမိုရ်တောင်၏ အတိုင်းအတာသည်
လည်း ကြီးမားလှပါ၏။

''မဟာပထဝီ မြေအထုသည်လည်း အလျားအား
ဖြင့်သော်လည်းကောင်း၊အနံအားဖြင့်သော်
လည်းကောင်း ဤရွေ့ဤမျှရှိ၏ဟူ၍ တိုင်း
တာနှို င်းချိန်ဖို့ မလွယ်ကူလှပါပေ။''

''စကြာဝဠာသည်လည်း အလျားအားဖြင့်လည်း
ကောင်း၊အနံအားဖြင့်လည်းကောင်း ဤရွေ့
ဤမျှရှိ၏ဟူ၍ တိုင်းတာမရနိုင်ပေ။''

(၂)
ဤမြန်မာပြည်ဟုခေါ်သောထေရ်ဝါဒဗုဒ္ဓဘာသာနိုင်ငံတော်၌သူတော်ကောင်းတရားမှီဝဲ
လျက် သူတော်ကောင်းတရားကို အားထုတ်
နေကြကုန်သော ကလျာဏနွယ်ဝင်သူတော်
စင်ပုဂ္ဂို လ်များသည်လည်းကောင်း၊သာသန
ဟိတ၊သာသနသုခကိုဆောင်ရွတ်နေသော
သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့သည်
လည်းကောင်း ဤရွေ့ဤမျှရှိ၏ဟူ၍ ဂဏန်း
သချင်္ာချပြ၍ မရနိုင်အောင်ပင် များပြားလှပါ
သည်။

(၃)
ထိုပုဂ္ဂို လ်အပေါင်း သူတော်ကောင်းတို့တွင်
သာသနာတော်အတွက်  စွမ်းစွမ်းတမံလုပ်
ဆောင်နေသော…

သာသနာတော်အဓွန့်ရှည်
ကြာဖို့ကိုသာ ရည်ရွယ်လျက် သာသနဟိတ
ကို အသက်နှင့်ထပ်တူချစ်မြတ်နိုးလျက်
သာသနာ့အကျိုးသယ်ပိုးနေသော…

သာသနာတော်၏ မိခင်သဖွယ်ဖြစ်သော…

၂၁ ရာစု ဝိသာခါဟူ၍ ကင်ပွန်းနာမတ် ကမ္ဗည်းတပ်၍ ခေါ်ဝေါ်သင့် ခေါ်ဝေါ်ထိုက်
သော…

သူတော်ကောင်းတရားလက်ကိုင်
ထားလျက် သူတော်ကောင်းအလုပ်များဖြင့်
နေ့ညမပျက် ပျော်မွေ့နေသော သူမှာ…

'' ရှို င်းဟုတ်ကုမ္ပဏီ၏ မိခင်
သာသနမိခင်…ဒေါက်တာ ဒေါ်ခင်ခင်ရီ''
ပင်ဖြစ်ပါတော့သည်။

(၄)
သူမသည် သူများနှင်မတူ ပရယတ္တိသာသနာ
အကျိုးကို ပိုမိုထောက်ပံ့လိုသူပင်ဖြစ်၏။
မြစကြာဆရာတော် စသောပရိယတ္တိအကျော်
အမော် စာချဆရာတော်များကို မှီဝဲဆည်းကပ်
နေသူပီပီ ''သာသနာ၏အသက်သည် ပရယတ္တိ''ဟူ၍ သဘောပေါက်နေသူတစ်ဦး
ဟုဆိုရပေမည်။သူမ၏ ပရိယတ္တိသာသနာ
တော်ကို ချီးမြှင့်ထောက်ပံ့နေမှုများမှာ ဗုဒ္ဓဘာ
သာနွယ်ဝင်သူတော်စင်တို့ အားကျသင့်ရုံမက
မြင်ရကြားရသည်မှာ ကြက်သီးထဖွယ်ပင်ဖြစ်
ပါသည်။

စာရေးသူတို့သိသလောက် ဖောက်သည်ပြန်
ချရသော်…
#နှစ်စဉ် တစ်နိုင်ငံလုံးရှိ စာချဆရာတော်တို့
အား သိန်း ၆ ထောင်ကျော် ၇ ထောင်နီးပါး
လှူ ဒါန်းနေသည်မှာ 2010 ခုနှစ်မှစ၍ ယခု
နှစ်တိုင်ပင်ဖြစ်သည်။(မြန်မာငွေဖြင့် ကုဋေ

#တစ်နိုင်ငံလုံးရှိ ငယ် လတ် ကြီး နိကာယ်
ပါဠိစာမေးပွံအောင် သံဃာများကိုလည်း
လှူ  ဒါန်းနေခြင်း(ငယ် လတ် ကြီးတန်းများ
ကားယခုနှစ်မှစတင်ဟုထင်။သိန်းပေါင်း
ရာချီဖြစ်မည်)

#ဓမ္မစကူးသင်တန်း များကိုဖွင့်လှစ်ထောက်
ပံ့ခြင်း(အနယ်နယ် အရပ်ရပ်၊သိန်း ရာချီ
မည်)

#တစ်နိုင်ငံလုံးရှိ စာချဘုန်းကြီးများအား နှစ်
စဉ် အလှည့်ကျ ဗုဒ္ဓဂယာသို့ပို့ပေးခြင်း။(သိန်း
ရာချီ ထောင်ချီမည်)

#ဘုန်းတော်ကြီးပညာသင်ကျောင်းများ အား
ထောက်ပံ့ပေးခြင်း၊

#နှစ်စဉ်စာသင်တိုက်ကြီးများ၌ ကျန်းမာရေး
ဗဟုသုတဟောပြောပွဲများပြု လုပ်ပေးခြင်း၊

#တစ်နိုင်ငံလုံး သာမဏေကျော်စာသင်တိုက်
၁၀၀ ခန့်တည်ထောင်ရန်ဆောင်ရွတ်နေခြင်း။

#စာမေးပွဲများကျင်းပပေး၍ ချီးမြှောက်နေခြင်း။

#ထေရ်ကြီးဝါကြီး ဆရာတော်များသို့  အခွင့်
သင့်လျှင်ဆည်းကပ်၍ ဆေးဝါးစသည်လှူ ဒါန်း
ခြင်း။

ဤသို့ စသည် စသည်ဖြင့် သာသနာအကျိုး
အတွက် သိန်းပေါင်းကုဋေချီကာ စွန့်လွှတ်
လှူ ဒါန်းနေသည်မှာ မြင်ရသူ ကြားရသူတို့
စိတ်နှလုံးကို ကြည်နူးဖွယ် နှစ်သက်ဖွယ်
ကောင်းလှပါသည်။

(၅)
မဟာသမုဒ္ဒရာရေတို့ကိုလည်းကောင်း၊မဟာ
ပထဝီမြေအထုကိုလည်းကောင်း၊မြင်းမိုရ်
တောင်၏ အတိုင်းအရှည်ကိုလည်းကောင်း၊
စကြာဝဠာ၏ အကျယ်အပြန့်ကိုသော်လည်း
ကောင်း ခေတ်မီစက်ကိရိယာများဖြင့် တိုင်း
တာသော်ကား ရကောင်းရနိုင်ပေလိမ့်မည်။

သို့သော်…
ဒေါက်တာဒေါ်ခင်ခင်ရီ၏ ကျေးဇူးဂုဏ်တို့မှာ
မည်မျှခေတ်မီသော စက်ကိရိယာများဖြင့်
တိုင်းတာပါသော်လည်း ဤရွေ့ဤမျှ ရှိ၏ဟူ
၍ ဂဏန်းသချင်္ာချပြ၍ ရနိုင်မည်မဟုတ်ပါချေ

ထို့ကြောင့်ပင်…
''သူမ(ဒေါက်တာဒေါ်ခင်ခင်ရီ)အား
သာသနာ့မိခင်(သို့မဟုတ်)၂၁ ရာစု ဝိသာခါ''
ဟူ၍ တင်စားခေါ်ဆိုလိုက်ရပါတော့သည်။
လွန်အံ့မထင်ချေ။အမှန်မှာ ထိုထက်ပိုသည်
ဟု စာရေးသူအရှင် မြင်မိပါတော့သတည်း။

အရှင်ဂန္ဓမာ(မစိုးရိမ်)=22.12.2017(pm:5:00)

                         မေတ္တာများစွာဖြင့်
                  ပြန်လည်မျှဝေဂုဏ်ပြု့ပါသည်"
                     ရှင်ကေသရ(မေတ္တာရေစင်)

Tuesday, December 19, 2017

နရသီဟပတေ့မင်း

နရသီဟပတေ့မင်းသည် အမတ်ကြီးရာဇသင်္ကြ ကောင်းမူကြောင့် မင်းဖြစ်လာသူဖြစ်သည်။ တနေ့ ဥဇနာမင်းကြီး လွန်သော် သားတော်ကြီးဖြစ်သော သီဟသူသည် နန်းလျာဖြစ်ရာ နန်းတက်ရာတွင် အမတ်ကြီးရာဇသင်္ကြမှ နန်းတွင်း အမတ်များကို စည်းရုံးပြီး သီဟသူသည် ဒေါသကြီးသူဖြစ်သည်၊ တရားစောင့်သူမဟုတ်ဟု စသဖြင့် သိမ်းသွင်းသဖြင့် အမတ်များလည်း ရာဇသင်္ကြနှင့် တစိတ်ဝမ်းဖြစ် ကြ့ပီးလျှင် သီဟသူကို နန်းချကာ နရသီဟပတေ့ကို နန်းတင်လေသည်။

နန်းတင်ပြီး နရသီဟပတေ့သည် ရာဇသင်္ကြလျှောက်ထားသည်ကို အမျက်ရှပြီး ဒလမြို့သို့ စည်းစိမ်သိမ်းပြီး ပို့ဆောင်စေလေသည်။ နေပြည်တော်တွင် ရာဇသင်္ကြမရှိဟုကြားလျှင် နိုင်ငံတ၀န်း ပုန်ကန်ကြလေသည်။ ထိုအကြောင်းကို နရသီဟပတေ့သိသော် စိတ်မသာမယာဖြစ်နေပြီး တိုင်ပင်စရာ အမတ်ကောင်းလည်း မရှိသဖြင့် မိုင်နေသည်ကို မိဖုရားက မင်းကြီးကို ရာဇသင်္ကြအမတ်အား ပြန်ခေါ်ရန် တိုက်တွန်းလေသည်။ မင်းကြီးလည်း ကြံရမရတော့ဘဲ မင်းမိန့်သိမ်းကာ ရာဇသင်္ကြအမတ်ကို ပြန်လည် ဆင့်ခေါ်စေလေသည်။

နရသီဟပတေ့လည်း ရာဇသင်္ကြကို စားမြဲ၊ရှိမြဲ အဆောင်အယောင်အပြင် ဆုလာဘ်အသစ်တွေပါ ချပေးပြီး ပုန်ကန်ခြားနားရာ မုတ္တမသို့ စစ်ချီတက်စေလေသည်။ မုတ္တမကို အောင်မြင်စွာသိမ်းနိုင်ပြီးလျှင် နောက်ထပ် ပုန်ကန်ရာ မစ္ဆဂီရီ(ယခုသရက်မြို့) ကို စစ်ချီတက်ပြန်သည်။ မစ္ဆဂီရီကို အောင်နိုင်သော်လည်း အမတ်ကြီး ရာဇသင်္ကြမှာ အသက်အားဖြင့် ၆၂ ရောက်နေသည်ကား တစ်ကြောင်း၊ အလွန်အမင်းအလုပ်ကြိုးစားပြီး နားချိန်မပေးသည်ကား တစ်ကြောင်း နေပြည်တော်မရောက်မီပင် အနိစ္စရောက်လေသည်။

နရသီဟပတေ့မင်းလက်ထက်တွင် ထင်ရှားသော ဖြစ်အင်တစ်ခုမှာ မိဖုရားစောလုံဖြစ်လေသည်။ မိဖုရား စောလုံသည် နရသီဟပတေ့၏ အချစ်ဆုံးမိဖုရားဖြစ်လေသည်။ တနေ့သော် ဘု၇င်မှ ကျီစားလိုသဖြင့် ရေကစားရာတွင် စောလုံကို ရေရွှမ်းရွှမ်းစွတ်အောင် ရေပတ်မိသည်။ ဘုရင်မှ ကျီစားသော်လည်း စောလုံ မှာ ဘုရင်ကို အညိုးထားလျက် ဘုရင်စားတော်ခေါ်ရာတွင် အဆိပ်ထည့်လေသည်။ ဘုရင်စားတော်ခေါ် ခါနီးတွင် နန်းတွင်းခွေးက “ချေ” သဖြင့် ဘုရင်က ခွေးကို အစာကျွေးရာ ထိုခဏတွင် သေလေသည်။ ဘုရင်လည်း ဒေါသထွက်လျက် စစ်ဆေးလေရာ စောလုံလက်ချက်ဖြစ်ကြောင်းပေါ်သဖြင့် အချစ်ကြီး အမျက်ကြီး ဆိုသကဲ့သို့ စောလုံကို သံကျပ်ပြုလုပ်စေပြီး မီးရို့သတ်စေလေသည်။

စောလုံလည်း ဗုဒ္ဒဘာသာဝင်ပီပီ လောကဓံကို ကြံကြံခံပြီး နေ့စဉ် သီတင်းသီလ ဆောက်တည်ပြီး ဂုဏ်တော် များကိုသာ ပွားများလေသည်။ မီးရို့သည့်နေ့တွင် မီးမှာ စောလုံဆီကို လောက်ကျွမ်းခြင်း မရှိပေ။ သုံးကြိမ်တိတိ ရို့သော်လည်း မလောင်ပေ။ စောလုံလည်း သစ္စာပြုလေသော် ထိုခဏ မီးလောက်ကျွမ်းပြီး ကွယ်လွန်အနိစ္စရောက်လေသည်။

မူရင်း သမိုင်းပုံရိပ်