👉အနည်းဆုံး လစာ ၁၅သိန်းအထက် ရရှိရင်း၊
ကိုးရီးယားသို့ အစိုးရ တရားဝင် ခွင့်ပြုစနစ်-EPSစနစ်ဖြင့်
အလုပ် သွား လုပ်ချင်သူများအတွက်~
👉EPS Korean သင်တန်း= ၅လ++ =၂၅၅,၀၀၀ ကျပ်
👉၁၂ ကြိမ်မြောက်-EPS စာမေးပွဲအတွက် အခု
သင်တန်း တက်ရင် မှီပါသေးတယ်ရှင်......✌😊
👉အခု ကျွန်မတို့ NEက ၁၁ လပိုင်း
နောက်ဆုံးတန်းခွဲသစ်များကို ထပ်မံ ဖွင့်လှစ်နေပါပြီရှင်~
🏡သမိုင်းကျောင်း အချိန်ဇယား :
🔺Mon-Thur [ 11-1PM]
Nov ၂၀ ရက်မှ Nov ၂၉ရက်ထိကျောင်းအပ်လက်ခံပါမယ်ရှင့်
🔺Mon-Thur [ 3-5PM]
Nov ၂၀ ရက်စမည် Nov ၂၉ ရက်ထိကျောင်းအပ်လက်ခံပါမယ်ရှင့်
🔺Mon-Thur [ 6-8PM]
Nov ၂၀ ရက်စမည် Nov ၂၉ ရက်ထိကျောင်းအပ်လက်ခံပါမယ်ရှင့်
🔺Sat- Sun [ 9-11 AM ]
Nov ၂၅ရက် စမည်...Dec ၂ ရက်နေ့ထိ ကျောင်းအပ်လက်ခံပါမယ်ရှင့်
🔺Sat- Sun [ 4-6 PM ] [ 6-8PM ]
Nov ၂၅ ရက် စမည်...Dec ၂ ရက်နေ့ထိ ကျောင်းအပ်လက်ခံပါမယ်ရှင့်...
🔺 Sunday Only [ 1-5 PM ]
Nov 12 ရက်မှ Nov ၂၆ ရက်ထိသာ ကျောင်းအပ်လက်ခံပါမယ်ရှင့်
🏡လှည်းတန်းကျောင်း အချိန်ဇယားး
🔺Mon -Thu [3-5 PM , 11-1PM] ,
Nov ၂၀ ရက် စမည်...Nov ၂၉ ထိ ကျောင်းအပ်
လက်ခံပါမယ်ရှင်...
🔺Sat- Sun [ 7-9 AM , 9-11 AM ]
Nov ၂၅ စမည်..Dec ၂ ရက်ထိသာ ကျောင်းအပ်လက်ခံပါ
မယ်ရှင့်...
🏡Nazareth Education- Center 1
အင်းစိန်လမ်းမကြီးပေါ် သမိုင်းလမ်းဆုံ ကုလားကျောင်းမှတ်တိုင်အနီး
အမှတ် 53/ D3/ 3လွှာ,4လွှာ
☎09-972431880/ 09-772461644
🏡Nazareth Education- Center 2
လှည်းတန်းစံရိပ်ငြိမ် ၃လမ်း မျက်နှာချင်းဆိုင်
Samsung Showroomဘေးကပ်၊ မိုးစန္ဒာလမ်းအတွင်း
အမှတ် 41 E / မြေညီထပ်မှာပါရှင်...
☎09-9766 71723/09- 9766 71726 /
09 7660 37711/
09 4040 88239
သို့ဆက်သွယ်နိုင်ပါတယ်ရှင့်..
👉🔖အစိုးရတရားဝင် အသိအမှတ်ပြုစနစ်- EPS စနစ်ဖြင့်
ကိုးရီးယားကို သွားပြီး အလုပ်လုပ်ချင်သူများကို
ကျွန်မတို့ NEမှ နွေးထွေးစွာ ကြိုဆိုလျက်ရှိနေပါတယ်ရှင်~
✔ကျွန်မတို့ NEက ဘယ်လိုမျိုး ကျောင်းလဲ ??
🔺ကျွန်မတို့ NEက ပညာရေး အရည်အသွေး(Quality)မြင့်သော ကျောင်းဖြစ်ပါတယ်ရှင်...နိုင်ငံခြားမှ ၆ နှစ် ပညာတော် သင်ယူပြီး ပြန်လာသော သင်ကြားရေး အတွေ့အကြုံရှိ ဝါရင့် တီချယ်တို့မှ ဖွင့်လှစ်သော ကျောင်းမို့ NEပညာရေးစနစ်ကို သင် ယုံကြည်စိတ်ချလို့ ရပါတယ်ရှင်..ထို့အပြင်
ကျွန်မတို့ NEသည် စေတနာ၊မေတ္တာ အရင်းခံပြီး အပြော နှင့် လက်တွေ့ ညီသော ကျောင်းဖြစ်ပါတယ်ရှင့်...
👉ကျွန်မတို့ NEသည်
သင့်ကို ကိုးရီးယား မရောက်ခင်....
👉မဖြစ်မနေ သင် တက်ရမည့် EPS Koreanသင်တန်းကို အကောင်းဆုံး သင်ကြားပေးမည့်အပြင်..
အစိုးရစစ် EPS & Skill Test& Interviewစာမေးပွဲကြီးအတွက် အကောင်းဆုံး ပြင်ဆင်ပေးသွားမှာပါရှင့်...
👉ထို့အပြင် ဖောင်ထုတ်၊ ဖောင်တင်
အလုပ်စာချုပ်စသည့် လိုအပ်သော စာရွက်စာတမ်း..ကိစ္စအဝဝကို ကူညီပေးပါမည်...
👉သင် အလုပ်ခေါ်စာ၊ CCVI visa ကျလို့ ကိုးရီးယားသွားရတော့မယ်ဆိုရင် လေယာဉ်ကွင်းရောက်သည်အထိ လိုက်ပို့ပေးပြီး လိုအပ်သည်များကို ကူညီပေးပါမည်...
👉ထို့အပြင် သတင်းကောင်းသစ်လေး တခု ထပ် တင်ပြပါရစေရှင်..🌟🌟😍✌
ကျွန်မတို့ Nazareth Educationသည် ၂၀၁၈ ခုနှစ် နွေရာသီမှစပြီး ကိုးရီးယားသမ္မတနိုင်ငံတွင် NEကျောင်းသားများအတွက် နားခိုရာရိပ်သာစင်တာကြီး ၁ခု(Shelter)ကို စီစဉ်ပေးပါတော့မည်..
ထိုနေရာတွငိ သင် လိုအပ်သော ကိစ္စအဝဝများကို ကျွန်မတို့ NEတီချယ်ကြီး နယ်န်စီကိုယ်တိုင် ကိုးရီးယားအရောက် လာပြီး သင့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးသွားပါမည်...
သင်လိုအပ်မယ့် ကိုးရီးယားစကားပြောများ..
E9visa မှ E7 visaသို့ ပြောင်းချင်သူများအတွက် လိုအပ်မယ့် TOPIK 2သင်တန်းများကိုလည်း အလုပ်နားရက်များတွင်
အခမဲ့ ပညာဒါန ပို့ချပေးသွားပါမည်..
👉ကဲ... သင့် အိပ်မက် (Korean Dream)ကို မေတ္တာ၊စေတနာ အရင်းခံသော ကျွန်မတို့ NEတွင် အကောင်အထည် လာဖော်ပါရန် လေးစားစွာ ဖိတ်ခေါ်ပါတယ်နော် ~~♡😍
👉စိတ်ဝင်စားသူများရှင်~~
အခုပဲ ဖုန်းဆက် မေးမြန်းပြီး
အခုပဲ ကျောင်းအပ် လက်ခံနေပါပြီနော်^^✌✌
↗👉👉အသေးစိတ် ထပ်သိချင်သူများအတွကိ
အမေး၊အဖြေ ပုံစံဖြင့်
အောက်ပါအတိုင်း ရေးပေးထားပါတယ်ရှင်...
သည်းခံပြီး တချက် ဖတ်ပေးကြနော်✌😉
✔အမေး - ကိုးရီးယားကို ဘာကြောင့် သွားကြပါသလဲ??
🔺အဖြေ - မည်သူမဆို မိမိ အမိရွှေမြန်မာနိုင်ငံကို မခွဲချင်ကြပါဘူး...သို့သော် ကိုးရီးယားမှာဆိုရင် ကိုယ် အလုပ်ကြိုးစားရင် ကြိုးစားသလောက်
လစာ ကောင်းကောင်း ရရှိနိုင်ပါတယ်..၁လမှာ အနည်းဆုံး ၁၅သိန်းကျော်မှ သိန်း ၃၀ကျော် ရရှိပြီး ချစ်မိဘတွေလည်း လုပ်ကျွေးလို့ရပါတယ်...မိမိ ဘဝ ကိုယ်ပိုင်စီးပွားရေးအတွက်လည်း ဝင်ငွေတွေ ဆုမိနိုင်လို့ပါ...သူများနိုင်ငံမှာ ကျွန်သွားခံတာ မဟုတ်ပါဘူးရှင်... မိမိရဲ့ လူငယ်ဘဝကို ကိုးရီးယားမှာ ခဏတာ သွားရင်းနှီးကြတာဖြစ်ပြီး၊ မိမိရဲ့ ကိုယ်ပိုင်ဘဝ၊မိသားစုအတွက် ကိုယ်စီ အိပ်မက်တွေနဲ့ ကြိုးစားနေကြတာပါရှင်~~♡
✔အမေး - ကိုးရီးယားကို ဘယ်လို သွားရတာလဲ ???
🔺အဖြေ - လွန်ခဲ့တဲ့ ၈နှစ်ဝန်းကျင်မှစပြီး-
ကျွန်မတို့ မြန်မာနိင်ငံနှင့် ကိုးရီးယားအစိုးရမှ
အလုပ်သမား ခွင့်ပြု စနစ်- EPS စနစ်ဖြင့်
ကိုးရီးယားနိုင်ငံတွင် အနည်းဆုံး လစာ ၁၅သိန်း ၇သောင်းကျော်မှ သိန်း ၃၀ အထက် ရရှိရင်း ၊ အစိုးရ တရားဝင် အလုပ်လုပ်ကိုင်နိုင်ပါပြီရှင်..အဲဒီအတွက် သင်သည် ကိုးရီးယား EPS သင်တန်းကို မဖြစ်မနေ တက်ရပါမယ်ရှင်....✌
✔အမေး = EPS စနစ် ဆိုတာ ဘာလဲ??
EPS Korean သင်တန်းက ဘယ်လိုမျိုး သင်တန်းကို ဆိုလိုပါသလဲ??
🔼အဖြေ= EPS ဆိုတာ
' Employment permit system = အလုပ်သမား ခွင့်ပြု စနစ် ' ကို ဆိုလိုပါတယ်..ကိုးရီးယား အစိုးရ လူ့အရင်းအမြစ်ငှာနရုံးချုပ်နှင့် မြန်မာနိုင်ငံ အစိုးရ အလုပ်သမား အေဂျင်စီရုံးချုပ်တို့မှ ပူးပေါင်း စီစဉ်ထားသော EPS စနစ်သစ်အားဖြင့်
ကိုးရီးယားတွင် အစိုးရ တရားဝင်ဖြင့် အခု အလုပ် လုပ်ကိုင်နိုင်ပါပြီ...ထို့အတွက်..သင်သည်... EPS Koreanသင်တန်းကို တက်ပြီး အစိုးရမှ ၁ နှစ် ၁ကြိမ် ကျင်းပပေးသော EPS စာမေးပွဲကို ၀င်ဖြေဆိုရပါမည်...
စာမေးပွဲ ဖြေမည့်ရက်နှင့် အချိန် အတိအကျကိုတော့ အနီးကပ်မှ အစိုးရမှ ကြေညာပေးမှာပါရှင်...ကျွန်မတို့က အတိအကျ ဘယ်အချိန်ဆိုပြီး ကြေငြာခွင့် မရှိပါဘူးရှင်~~
✔အမေး =EPS စာမေးပွဲ ဖြေဆိုရန် ပညာအရည်အချင်း သတ်မှတ်ချက်ရှိပါသလား။
🔼အဖြေ = ပညာအရည်အချင်းသတ်မှတ်ချက်မရှိပါဘူး။
ကိုးရီးယား အစိုးရ က အခြေခံအလုပ်သမားကို ခေါ်နေလို့ပါ။
မြန်မာ အမျိုးသား မည်သူမဆို အလုပ်လုပ်နိုင်ပါတယ်ရှင်။
✔အမေး =အသက်အရွယ် သတ်မှတ်ချက် ရှိသလား?
🔼အဖြေ =ဟုတ်ကဲ့...အသက် ၁၈~၃၉နှစ် အတွင်း EPS စာမေးပွဲ အောင်မြင်သူ မည်သူမဆို အလုပ်လျှောက်ထားလို့ ရပါမည်။
✔အမေး= အမျိုးသမီး သွားခွင့်ရှိသလား?
🔼အဖြေ = မရှိသေးပါဘူး... အမျိုးသားများသာ သွားခွင့် ရှိပါတယ်ရှင်..
✔အမေး =အလုပ်အကိုင်အတွက် အာမခံချက်ရှိပါသလား။
🔼အဖြေ = ရှိပါတယ်ရှင်...EPS စာမေးပွဲက ကိုရီးယားနဲ့ မြန်မာအစိုးရ အချင်းချင်း ချိတ်ဆက်ပြီး လုပ်တဲ့ အလုပ်အကိုင်ခန့်ထားရေး စာမေးပွဲစနစ်ပါ။
ထိုင်းနဲ့ မလေးရှားလို နိုင်ငံမျိုးမှာ အလုပ်လုပ်တာနဲ့ မတူပဲ အင်မတန်မှ ခိုင်မာပြီးတော့ အလုပ်သမားအခွင့်အရေးကို ဥပဒေအရ အကာအကွယ် ပေးထားပါတယ်။ စာမေးပွဲအောင်မြင်သူများကို ကိုရီးယားလုပ်ငန်းရှင်နဲ့ ချိတ်ဆက်ပေးပြီး စာချုပ်ပြီးမှ သွားလို့ရတာပါ။ ရန်ကုန် မရမ်းကုန်းမြို့နယ် ၈မိုင် အလုပ်သမားဝန်ကြီးဌာနက စီစဉ်ပေးပါတယ်။ စာမေးပွဲ အောင်ထားပြီး ၂ နှစ်အထိ သက်တမ်းရှိပါတယ်။ ကြန့်ကြာနေလို့ ၂ နှစ်ကျော်သွားရင်တော့ ပယ်ဖျက်ပါတယ်။ (သက်တမ်းတိုးပေးတာမျိုးလည်း ရှိပါတယ်။)
✔အမေး =ဘယ်လို အလုပ်မျိုး လုပ်ရမလဲ???
🔼အဖြေ = ကုန်ထုတ်လုပ်ငနိး,ဆောက်လုပ်ရေးလုပ်ငန်း (ပရိဘောဂ ၊ သံချည်သံကွင်း) စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း စသည်ဖြင့် ရှိပြီး မိမိ ကြိုက် နှစ်သက်ရာကို ရွေးချယ်ခွင့် ရှိပါတယ်ရှင်...
✔အမေး =ကိုးရီးယား သွားတဲ့အထိ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်ပါသလဲ။
🔼အဖြေ = သင်တန်းကြေး ၅လပြတ် -၂သိန်းခွဲဝန်းကျင်အပြင်
မိမိ အဆောင်စရိတ်၊အသုံးစရိတ်အတွက် ၅လကို-၄ သိန်းလောက် ကုန်ကျပြီး (တစ်ချို့လည်း အကြောင်းကောင်းပြချက်နဲ့ မိဘပိုက်ဆံကို ကောင်းကောင်း သုံးတတ်ကြပါတယ်။)
နေစရိတ်၊ စားစရိတ်ကတော့ တစ်ဦးနဲ့တစ်ဦးမတူနိုင်ပါဘူး။
အလုပ် ခေါ်စာကျရင် အစိုးရကို ၁၅သိန်း စဘော် ပေးရပါအုန်းမယ်..
လေယာဉ် လက်မှတ်ကြေးကတော့ ၇သိန်းလောက် ကုန်ကျမယ်...
စုစုပေါင်း သိန်း ၃၀၀န်းကျင် ကုန်ကျ နိုင်ပါတယ်ရှင်။
🚩စည်းကမ်း မချိုးဖောက်ပဲ ကိုရီးယားမှ ပြန်လာရင် အာမခံကြေး ၁၅သိန်းကို အစိုးရဘဏ်က ပြန်ထုတ်ပေးပါတယ်။ တစ်ချို့က ၁၅သိန်း အရှုံးခံပြီး လစာကောင်း စက်ရုံတွေကို ပြောင်းလုပ်တတ်ကြပါတယ်။ ဒါဆိုရင်တော့ တရားမ၀င်ဖြစ်ပြီး အာမခံကြေး ၁၅ သိန်း ပြန်ထုတ်ယူလို့ မရပါဘူး။
✔အမေး =ပွဲစားခ ဘယ်လောက် ပေးရမလဲ?
🔼အဖြေ = ပွဲစားခ ဘယ်သူ့ကိုမှ မပေးရပါဘူးရှင်...
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ ၈မိုင် အလုပ်သမားရုံးနှင့် မြောက်ဒဂုံ ပင်လုံခန်းမ အလုပ်သမားရုံးတို့ သည် အစိုးရ agency ဖြစ်သည်နှင့် အညီ ဘယ်သူ့ကိုမှ Agencyခ ပွဲစားခ ပေးစရာ မလိုပါဘူး။ ပွဲစားခ ပေးရမယ်ဆိုရင် သေချာနေပြီ သင်ဟာ အလိမ်ခံနေတာပါ...
✔အမေး = လုပ်ခလစာ ၁လတွင် ဘယ်လောက်ထိ ရနိုင်ပါသလဲ?
🔼အဖြေ = အခြေခံ ပုံမှန် တစ်နာရီလုပ်ခ ၀မ် ၆၀၃၀သတ်မှတ်ထားပြီး လစာ ၀မ်ငွေ ၁၀သိန်းကျော်ကနေ အချိန်ပိုကြေးများဖြင့် ၁၄သိန်း သိန်း ၃၀ လောက်ထိရတတ်ကြပါတယ်။
Over Time များလို့ ဒီ့ထက်မက ရနေတဲ့သူတွေလဲ ရှိတာပါပဲ။ ကိုရီးယားဝမ်ငွေတန်ဖိုးက မြန်မာကျပ်ငွေနဲ့ အများကြီး မကွာခြားပါဘူး။
မှတ်ချက်...ကျွန်မတို့ ကျောင်းသားများ အများစုသည်
၂၃သိန်း...သိန်း ၂၈သိန်း..သိန်း ၃၃သိန်း...သိန်း ၄၄အထိ ရရှိသော ကျောင်းသားလေးတွေ ရှိပါတယ်...
🔼မှတ်ချက် သတင်းကောင်းလေး တခုရှိပါတယ်ရှင့်!😍
💰2018 ခုနှစ်မှစပြီး ကိုးရီးယားတွင် အနည်းဆုံး
အခြေခံ လစာ ထပ်တိုးခဲ့ပါပြီတဲ့နော် !!
💰၁နာရီတွင်-7530ဝမ်၊ ၁လတွင်-1573,770ဝမ်ဖြစ်ပါတော့မည်!
မြန်မာကျပ်နှင့် မတိမ်းမယိမ်းလေးပါနော်! မြန်မာကျပ်နဲ့ ၁လ လုပ်ခ လစာ-အနည်းဆုံး ၁၆သိန်းဝန်းကျင် ဖြစ်မှာပါရှင်!✌
✔အမေး = တစ်ခြား ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်ပါသလဲ။
🔼အဖြေ = ပြင်ဆင်ထားဖို့ လိုအပ်ချက် ၃ ချက် ရှိပါတယ်ရှင်..
↘လိုအပ်ချက် ၁ ။ ။ ဘာမှ မလုပ်သေးခင် အရင်ဆုံး ဆေးစစ်ကြည့်သင့်ပါတယ်။
ABC တခုခု ဖြစ်နေရင် အစကတည်းက မလုပ်သင့်ပါဘူး။
- AIDS, Bပိုး C ပိုး နဲ့ အခြား ကူးဆက်ရောဂါတွေ၊ နောက်ပြီး မျက်စေ့၊ (အရောင်မခွဲခြားနိုင်ခြင်း) ကို ကြိုတင်ပြီး စစ်ဆေးထားသင့်ပါတယ်။ ဆေးမအောင်တဲ့သူက ဆက်ပြီးမလုပ်သင့်ပါဘူး။ကွမ်းစား ဆေးလိပ်သောက်သူတွေ အနေနဲ့ ကျန်းမာရေးအတွက် ဖြတ်လိုက်ဖို့ အကြံပေးလိုပါတယ်။
ဆေးကို အစိုးရက သတ်မှတ်သည့် ဆေးခန်းမှ စစ်မှ
တရားဝင် အသိအမှတ်ပြုပေးပါတယ်။
အစိုးရက အသိအမှတ် ပြုသည့်ဆေးခန်းများအနက် လမ်းညွှန်ပေးချင်သော ဆေးခန်းကတော့
~ ကြယ်ကိုးပွင့် ဆေးခန်းပါရှင့်...
ဆေးစစ်ခ အပြီးအစီး-27,000 ks
ကြယ်ကိုး ပွင့် လိပ်စာ - အမှတ် ၃၃၇ ဗိုလ်အောင်ကျော်လမ်းအထက် ရန်ကုန်မြို့ ။ဖုန်း - ၃၇၉၄၈၃ ၂၅၃၅၂၈ ၂၄၅၀၁၄
** ကြယ်ကိုးပွင့် ဆေးခန်းကို သွားရင် Nazareth Education သင်တန်းကျောင်းက လမ်းညွှန်တယ်လို့ ၁ ချက် ပြောပေးကြပါရှင့် **
↘လိုအပ်ချက် ၂ ။ ။ နိုင်ငံကူးလက်မှတ် (Passport) ကို ကြိုတင်ပြီး လုပ်ထားရပါမယ်။Passportလုပ်ဖို့ မိမိ အိမ်ထောင်စုစာရင်း မူရင်းရှိရပါမည်။ ၁၈ နှစ် ပြည့် မှတ်ပုံတင် မူရင်းလဲ ရှိရပါမည်..
စာမေးပွဲဖြေဖို့ ဖောင်တင်ခါနီးမှ ကပ်ပြီးလုပ်ရင် မထင်မှတ်တဲ့ အခက်အခဲကြုံတဲ့အခါ နှောင့်နှေးပြီး စာမေးပွဲ မဖြေလိုက်ရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြီး လုပ်ထားသင့်ပါတယ်။
ကျွန်မတို့ ကျောင်းက အရင်ကလို ကျေင်း သားတွေနဲ့အတူ passport ရုံးထဲ ၀င်ပြီး လုပ် မပေးတော့ပါဘူး...အခု ရုံးက ကျွန်မတို့ကို ၀င်ခွင့် မပေးလို့ပါ...
ကျောင်းသား ကိုယ်တိုင် passportဖောင် ဖြည့်ပြီး ငွေ သွင်းရမှာပါ.. ၁၀ရက် ကြာပြီး ၃ သောင်း ၁ ထောင် ၀န်းကျင် ကုန်ကျမှာပါ...ကျောင်းမှ passport informationကို အမြဲ လုပ်ပေးနေတာမို့ လမ်းညွှန်ပေးပါတယ်ရှင်...
↘လိုအပ်ချက် ၃ ။ ။ အပေါ်မှာ ရေးထားတဲ့အတိုင်း Korea စာကို သင်ယူပြီး စာမေးပွဲဖြေဆိုရပါမည်။
Koreaစာ အရေး အဖတ် အပြော အပြင်
စာမေးပွဲ အမှတ်ကောင်းကောင်းရနိုင်ဖို့အတွက်
ကျွန်မတို့ ကျောင်းမှ အကောင်းဆုံး သင်ကြားပေးလျက်ရှိနေပါတယ်။ ကိုးရီးယားမှ ပညာတော်သင်ပြီး ပြန်လာသော အရည်အချင်းပြည့် ဆရာမကြီးကိုယ်တိုင် ဦးစီး သင်ပေးနေသည်မို့ ကျွန်မတို့ နာဇရက် ပညာရေး စင်တာ
( Nazareth education)သို့
လာရောက် သင်ယူပါရန် လေးစားစွာ
ဖိတ်ခေါ်ပါတယ်ရှင်...
✔ အမေး =နယ်မှလာသူအတွက် အဆောင်နေပြီး သင်တန်းတက်ဖို့ အဆင်ပြေနိုင်ပါမလား။
🔼အဖြေ = အဆင်ပြေနိုင်ပါတယ်။ ကျွန်မတို့ကအဆောင်
စီစဉ်ပေးပါတယ်။
တချို့ သင်တန်းသားတွေက အဆောင်နေပြီး
ရန်ကုန်မှာ ရရာအလုပ် ၀င်လုပ် စားရိတ်ရှာပြီး သင်တန်းတက်နေကြတဲ့သူတွေတောင် ရှိပါတယ်။ အောင်မြင်သွားရင် ၀မ်းသာရပါတယ်။ မဆုတ်မနစ်ကြိုးစားသူ အတွက် အောင်မြင်မှုဟာ လက်တစ်ကမ်းမှာ ရှိနေပါတယ်။
(Full Credit to Win Star)
🔼Nazareth Education ကျွန်မတို့ ကျောင်း၏
EPS Korean Course သင်ကြားရေး စနစ် :
👉EPS Korean =5months = 255,000ks
👉သင်တန်းကြေး ၂၅၅,၀၀၀ ထဲမှာ ယူနီဖောင်း ၂ထည် လှလှ လက်ဆောင် ပါဝင်ထားပြီးသားပါရှင့်...
ထို့အပြင် NEရဲ့ အနည်းဆုံး သင်တန်း ကာလ -၄လ-၅လမှ စာမေးပွဲ ဖြေဆိုသည့်အချိန်ထိ၊ ဖြေဆိုပြီးသကာလ လေယဉ်ကွင်း ရောက်သည့်
ဝန်ဆောင်ခ အထိ ပါဝင်ပြီးသား ဖြစ်ပါတယ်နော်......
အဲဒါကြောင့် ကျွန်မတို့ရဲ့ EPS ကိုးရီးယား သင်တန်းကြေးလေးက တော်တော်ကို တန်ပါတယ်လို့ ပြောပါရစေရှင်😊❤
🔼ပုံနှိပ်စာအုပ်များကိုတော့ သပ်သပ် ဝယ်ရပါမည်ရှင်...
သင်ရိုးညွှန်းပုံနှိပ်စာအုပ်ကြီး ၄အုပ်=30.000ks
👉မေးခွန်းဟောင်း စာအုပ်ကြီး ၅အုပ်ကိုတော့ အနီးကပ်မှာ ဝယ်ယူနိင်ပါမည်ရှင်။ Computer Software CPT mp3 fileကိုတော့ အနီးကပ်မှ လက်ဆောင်အဖြစ် ပေးပါမည်ရှင် 😍
🔼သင်ကြားမည့် အကြောင်းအရာများ :
အခြေခံ မီးနင်းစာအုပ် ၊ grammarစာအုပ် ၊
သင်ရိုး part1၊ သင်ရိုး Part2၊ မေးခွန်း နှစ်ထောင် စာအုပ်များး ၅အုပ် ၊ ကွန်ပြူတာဖြင့် မေးခွန်းဟောင်း လေ့ကျင့်ခြင်း + skill test + အင်တာဗျူးအတွက် စကားပြော ..စသည်ဖြင့် အခမဲ့ သင်ကြားပေးပါတယ်ရှင်.....
🔼ကျောင်း အဆောင် ၁ လ နေစရိတ်သီးသန့် : ၃သောင်းခွဲ တလချင်းစီ ပေးသွင်းနိုင်ပါတယ်ရှင့်..
👉ကျောင်း အဆောင်မှာ မနေချင်သူများသည် အပြင်ဆောင်မှ လွတ်လပ်စွာ နေနိုင်ပြီး အဆောင် ရှာခြင်း အခက်အခဲ ရှိလျှင်
ကျောင်းမှ အဆောင် ကူညီ ရှာ ပေးသည်။
🔺သင်တန်း ဆရာမကြီး-ဆရာမ နယ်န်စီ(Nancy Manghaki)
B.A hon; ( Korean Language, Mandalay University of foreign Languages,Mandalay,Myanmar )
B.A hon; ( English Linguistics , Political Science and Diplomacy , Hankuk University of foreign studies,
Seoul-South Korea)
💕ဆရာမသည် Mandalay နိုင်ငံခြားဘာသာ
တက္ကသိုလ်၌ ဂုဏ်ထူး အမှတ်ဖြင့် ဘွဲ့ရပြီး
မြန်မာနိုင်ငံလုံးဆိုင်ရာစကားပြောပြိုင်ပွဲမှာ
ငွေတံဆိပ်နှင့် အထူးဆုံး (Silver prize& Special prize) ဆုကို သံရုံးမှ ထူးထူးခြားခြား Dollars ချီးမြှင့်ခြင်းကိုလည်း ခံခဲ့ရပြီး၊ ၂၀၀၇ခုနှစ် သံရုံး၏ ထောက်ခံချက်ဖြင့် အရွေးခံရပြီး
ကိုးရီးယားအစိုးရ ထောက်ပံ့ဆု အပြည့်ဖြင့် ကိုးရီးယားသို့ ၆ နှစ် ပညာတော် သင်ကြားခဲ့သည်။
ကိုးရီးယား SEOULမြို့
နိုင်ငံခြား ဘာသာ တက္ကသိုလ် နှင့် Chosun University ကျောင်းမှ ကျင်းပသော စကားရေ လုပွဲမှာ ရွှေတံဆိပ် အကောင်းဆုံးဆု (Grand prize)အကောင်းဆုံး ရရှိခဲ့ပြီး Hankuk University of Foreign Studies ( 한국 외국어 대학교 서울 캠퍼스 ) ကျောင်းမှ သင်ယူသော Major ဘာသာရပ်တိုင်းမှာလည်း ၄ နှစ်တိုင်တိုင် ဂုဏ်ထူး ဆွတ်ခူးခဲ့သောကြောင့်
ကျောင်း(HUFS ,နိင်ငံခြားဘာသာတဣသိုလ်..ဆိုးလ်မြို့)မှ လစဉ် ပေးသော special ပညာတော်သင်ဆုများ ၄ နှစ်တိုင်တိုင် ဆွတ်ခူးခဲ့ပြီး နှစ်တိုင်းကျင်းပလေ့ရှိသော ကိုးရီးယား
အရည်အချင်းစစ် စာမေးပွဲ TOPIKမှာ အမြင့်ဆုံး Level 6 Advaned ကို နှစ်တိုင်း ဆွတ်ခူးရရှိခဲ့သည်။ ကိုးရီးယားရှိ High School နှင့် သင်တန်း ကျောင်းများတွင် English and korean ဘာသာရပ်ကို ၆ နှစ် သင်ကြားပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာပြီး မိမိ ဝါသနာအရ ကိုယ်ပိုင် ကျောင်းဖွင့်ခဲ့ပြီး ဖြစ်သောကြောင့်~~
မိတ်ဆွေ သင့်ကို ကူညီရန် ဆရာမ နယ်န်စီ
( Nancy Manghaki)သည်
အရည်အချင်းပြည့်ဝပြီး စေတနာ အပြည့် ရှိပါသည်။
EPS ကိုးရီးယားစာ အရေး အဖတ် အပြောအပြင်
စာမေးပွဲ မေးခွန်းပုံးစံနှင့် သက်ဆိုင်ရာ များအားလုံးကို အောင်မြင်နိုင်ရန် အကောင်းဆုံ သင်ကြားပေးပါမည်။🕪
🔼အရမ်းတော်တဲ့ လက်ထောက် သင်တန်း ဆရာ၊ဆရာမများ -
Sir Ramte, Sir Saing Saing, Sir Zaw Min Than, Sir Aung thu, Sir Naing Thu Aung, Sir Naung Ye Lin, Sir Wai Yan Thun, Sir Ye ko ko, Sir Sanga,Miss sawna ,Miss Soe Yoo
- Professional Tr.Nancy's EPS assistant teachers များဖြစ်ကြပါတယ်ရှင်...
ဆရာလေး ဆရာမလေးများသည် တီချယ့် ကျောင်းသားဟောင်းများထဲမှ အင်မတန် ထူးချွန်သော သူများ ဖြစ်ကြပါတယ်ရှင်.....သူတို့တွေသည် အခု တီချယ် နယ်န်စီနှင့် အတူတူ ပူးပေါင်း သင်ကြားပြီး အောင်မြင်မှုလမ်းဆုံးအထိကို သင်နှင့် အတူတူ လျှောက် သွားမှာပါရှင့်....💕
🔼Korea သင်တန်းကျောင်းများစွာအနက် ကျွန်မတို့ ကျောင်းကိုမှ ဘာကြောင့်သင် ရွေးချယ် သင့်သလဲ???ဆိုရင်တော့..
✔Nazareth Education မှ ပေးသော ၀န်ဆောင်မှုများ -
🔺 1.ကျွန်မတို့ NE သင်ကြားရေး အလွန် ကောင်းပါတယ်ရှင့်..တီချယ်ကြီး နယ်န်စီ ကိုယ်တိုင် ဦးစီး သင်ကြားပေးသည့်အပြင် တီချယ့် တပည့်အရင်းထဲမှ အင်မတန် ထူးချွန်သော ဆရာ၊ဆရာမများက လက်တွဲ သင်ကြားပေးနေသောကြောင့် အခြေခံ သဒ္ဒါ၊အသံထွက် ကို တိကျ မှန်ကန်စွာ သင်ကြားပေးနေပါတယ်ရှင်.. စာကို များများ သင်လေ လွယ်လေ ဖြစ်အောင် စနစ်ကျကျဖြင့် အလွယ်ကူဆုံး ရှင်းပြ စနစ်ဖြင့် စေတနာရှင် ဆရာ၊မများက သင်ကြား ပေးပါတယ်ရှင့်💞
Skill Test & Interview အတွက်လည်း အခမဲ့ သင်ပေးပါမည်။ အနီးကပ်သင်တန်းမှာ စာ Revisionလုပ်ပေးပါမည်။ part 1,part 2 အပြင် မေးခွန်း ၂၀၀၀ ကို အသေးစိတ် လေ့ကျင့် သင်ကြားပေးမည်။ Computer testအတွကိ အသေးစိတ် လေ့ကျင့်ပေးသွားပါအုန်းမည်။ Computer softwareမေးခွန်းဟောင်းများကို အခမဲ့ ပေးပြီး အိမ်မှာ ကြိုက်သလောက် ကြိုတင် လေ့ကျင့်နိုင်ပါမည်ဖြစ်ပါတယ်ရှင့်..
🔺2. စာမေးပွဲ မအောင်တဲ့သူရှိခဲ့လျှင် repeater များ
၁နှစ်အတွင်း 1course အတွက် သင်တန်း အခမဲ့
တက်ရောက်ခွင့်ရှိပါမည်..
🔺3. EPS အတန်းအတွက် ကြားရက်များ အပြင်
စနေ၊တနင်္ဂနွေနေ့များမှာအတန်းခွဲများအပြည့်ရှိသော
ကြောင့် မိမိကြိုက်နှစ်သက်ရာအချိန် ကို ကျောင်းနှင့်
ညှိနှိုင်း၍ သင်ယူလို့ ရပါပြီ.....
🔺4. စာမေးပွဲ ၂ ရက် ၁ ကြိမ် လုပ်ပေးပါတယ်ရှင်..တော်သူ ဆုချ၊စာ မလိုက်နိုင်သူ ပို ထောက်ပံ့အားပေး စနစ်ဖြင့် သွာယပါတယ်ရှင်...
စာမလိုက်နိုင်သူများအတွက် ၁ယောက်ချင်းစီ အသေးစိတ်
ကူညီ သင်ကြားပေးပါမည်။ တနေ့စာ တနေ့ ရအောင် အတူတူ ကြိုးစားပေးပါတယ်ရှင်..
🔺5. အခြေခံ အပိုင်းကို လူ အနည်းစုနှင့်သင်ပြီးနောက် သင်ရိုး ရောက်တဲ့အခါ အတန်း ပေါင်းလေ့ ရှိပါတယ်ရှင့်..
ပြီးတော့ အတန်း Section - ၁ခုအတွက်
ကျောင်းအပ်ပြီးလျှင် ကျန်တဲ့ အတန်းချိန်များကိုလည်း အခမဲ့ ၀င် သင်လို့ ရပါတယ်ရှင်.... မိမိမှာ အချိန်နှင့် အောင်မြင်ချင်စိတ်၊ကြိုးစားချင်စိတ်သာ ရှိရင် တနေကုန် တပတ်လုံး အတန်းများကို ၀င်နားထောင်လို့ ရပါတယ်ရှင့်....:)
🔺6.အပတ်တိုင်းလူ 5 ယောက်ရှိတာနဲ့
အတန်းသစ်များကို ချက်ချင်း
ဖွင့်ပေးနေပါတယ်ရှင်~
🔺7.Only Sunday ရုံးချိန်လွတ် တက်ချင်သူများအတွက်လည်း
အတန်းသစ် အမြဲ ဖွင့်ပေးပါသည်။ သို့သော် အနည်းဆုံး လူ ၅ ဦးပြည့်ဖို့ လိုသောကြောင့် ကြိုတငိ စာရင်းသွင်းရပါမည်ရှင်~
အသိအမှတ်ပြု စနစ်ဖြစ်သည်နှင့်အမျှ ယုံကြည်စိတ်ချရပါတယ်ရှင့်..
🔺8. ကျွန်မတို့ NE က သင့်ကို ကိုးရီးယားစာ အကောင်းဆုံး သင်ကြားပေးမည့်အပြင်၊ စာမေးပွဲဖောင်ထုတ်၊ ဖောင်တင်၊စာမေးပွဲ စောင့်ပေးခြင်း၊ လိုအပ်သော ဝန်ဆောင်မှု ကိစ္စအဝအဝကို ကျောင်းမှ မေတ္တာ၊စေတနာအပြည့်ဖြင့် ကူညီဆောင်ရွက်ပေးပြီး၊ အလုပ်ခေါ်စာ ကျပြီး လေယဉ်ဒိတ်ကျသည့်အထိ လေယဉ်ကွင်း ရောက်သည်အထိ လိုက်ပို့ပေးပါမယ်ရှင်..💕
🔺9.သတင်းကောင်းသစ်လေး တခု တင်ပြပါရစေရှင်..🌟🌟
ကျွန်မတို့ Nazareth Educationသည် ၂၀၁၈ ခုနှစ် နွေရာသီမှစပြီး ကိုးရီးယားသမ္မတနိုင်ငံတွင် NEကျောင်းသားများအတွက် နားခိုရာရိပ်သာ(Shelter)ကို စီစဉ်ပေးပါတော့မည်..
ထိုနေရာတွငိ သင် လိုအပ်သော ကိစ္စအဝဝများကို ကျွန်မတို့ NEတီချယ်ကြီး နယ်န်စီကိုယ်တိုင် ကိုးရီးယားအရောက် လာပြီး သင့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးသွားပါမည်...
သင်လိုအပ်မယ့် ကိုးရီးယားစကားပြောများ..
E9 မှ E7 visaပြောင်းချင်သူများအတွက် လိုအပ်မယ့် TOPIK 2သင်တန်းများကို အလုပ်နားရက်များတွင်
အခမဲ့ ပညာဒါန ပို့ချပေးသွားပါမည်။
-အသေးစိတ် ထပ် သိလိုသူများအနေနဲ့ ကျွန်မတို့
NE ကျောင်း လိပ်စာ ကို အောက်ပါအတိုင်း ရေးပေးထားပါတယ်ရှင်....လူကိုယ်တိုင် သို့မဟုတ်
ဖုန်းဖြင့်လည်း သင်တန်း စုံစမ်း မေးမြန်း နိုင်ပါတယ်ရှင်...
အားလုံးကို ကျေးဇူး အထူး တင်ပါတယ်ရှင်~~♡
အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ..❤
God bless you all^^❤
🏡Nazareth Education- Center 1
အင်းစိန်လမ်းမကြီးပေါ် သမိုင်းလမ်းဆုံ ကုလားကျောင်းမှတ်တိုင်အနီး
အမှတ် 53/ D3/ 3လွှာ,4လွှာ
☎09-972431880/ 09-772461644
🏡Nazareth Education- Center 2
လှည်းတန်းစံရိပ်ငြိမ် ၃လမ်း မျက်နှာချင်းဆိုင်
Samsung Showroomဘေးကပ်၊ မိုးစန္ဒာလမ်းအတွင်း
အမှတ် 41 E / မြေညီထပ်မှာပါရှင်...
☎09-9766 71723/09- 9766 71726/
09 7660 37711/
09 4040 88239
သို့ဆက်သွယ်နိုင်ပါတယ်ရှင့်..
No comments:
Post a Comment