Sunday, October 22, 2017

ဒေသနာကြားရှင်းလင်းချက်

ဒေသနာကြားရှင်းလင်းချက်

၁။အဟံ ဘ​န္တေ သဗ္ဗာ အာပတ္တိ​ယော အာဝိက​ရောမိ .ဒါက​ဒေသနာကြားတာမဟုတ်​​သေးဘူး သင့်ရောက်နေတဲ့အာပတ်ကိုပဋိစ္ဆန္နကြောင့်အာပတ်သင့်တယ်
သံဃာဒိသေသ်ဆိုဖုံးသလောက်ပရိဝါသ်ကျင့်ရတယ်

ထို့ကြောင့်
ပဋိစ္ဆန္နမဖြစ်​​အောင်​ထုက်​​ဖော်​ပြတဲ့အာဝိကရဏပဲ

သာဓု အာဝု​သော သာဓု သာဓု. ဒါကအကြီးကအာဝိကရဏကိုလက်​ခံတာ

အဟံဘ​န္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိ​ယော အာပဇ္ဇိံ၊တာ တုမှမူ​လေ ပဋိ​ဒေ​သေမိ။ ဒါက​ဒေသနာကြားလျှင်​​ပျောက်တဲ့ အာပတ်​ငါးပုံအတွက်​ဒေသနာကြားတာ
ီနိဿ       ဂ္ဂိဆိုလျှင်​​တော့ဝတ္ထုကိုစွန့်​ပြီးကြားမှ​ပျောက်​တာပါ

ပဿသိ       က​နေ
ပဿာမိအထိအမေးကတိကို
ပဋိညာဉ်​ဝန်​ခံတာ

အာယတိံအာဝု​သော
က​နေသံဝရိဿာ မိအထိကအမေးနဲ့
ပဋိညာယကာ​ရေတ​ဗ္ဗော အရသမထ၇ပါထဲကပဋိညာတကရဏဖြင့်
အာပတ္တာဓိကရုဏ်းငြိမ်း​စေပုံပါ

အခုလို​ပြောကြားရာ၌ဝတ္ထုသဘာဂအာပတ်​တူ​နေကြလျှင်​အကြီး​ရောအငယ်​ပါ​ဒေသနာ​ပြောရင်းဒုက္ကဋ်​သင့်​တယ်

ဥပမာ
ဝိကာလ​ဘောဇနအာပတ်​တူ​နေတာမျိုး​ပေါ့

အကယ်၍
အကြီးမှာဘာအာပတ်​မှရှိမ​နေလျှင်​ဒီမှာပဲကိစ္စပြတ်​တယ်​ပြီးတယ်

၂။အာပတ်​ရှိ​နေလျှင်​အကြီးက​ဒေသနာကြားအငယ်​ကခံယူ

အဲ့ဒါ ဆိုလျှင်​အကြီးမှာအရင်​ကရှိ​နေတဲ့အာပတ်​​ရောဝတ္ထုသဘာဂရှိလျှက်​နဲ့​ဒေသနာခံယူတဲ့ဒုက္ကဋ်​အာပတ်​ပါစင်​ကြယ်
သွားပြီ

၃။ဒါ​ပေမယ့်​အငယ်​မှာဝတ္ထုသဘာဂရှိလျှက်​​ဒေသနာကြားလို့သင့်​တဲ့ဒုက္ကဋ်​ရှိ​နေ​သေးတယ်
အဲ့ဒီအတွက်​တပြန်​ထပ်​ကြားဒါဆိုအဲ့ဒီအာပတ်​လည်း​ပြောင်​စင်​ပြီ

သဘာဂဝတ္ထုအာပတ်​တူ​ဒေသနာကြားလျှင်
ကြားခြင်းဒုက္ကဋ်​နဲ့
ခံယူခြင်းဒုက္ကဋ်​ဟာဝတ္ထုမတူဘူး​နော်

ဒေသနာကြားခြင်​ကိုအ​လေးဂရုပြု ပြီး​လေး​လေးနက်​နက်​ပြုလုပ်​သင့်​ပါတယ်
ဘုရားရှင်​က."အပြစ်​ကိုအပြစ်​မှန်းသိမြင်​ပြီး တရား​သောနည်းလမ်းဖြင့်​ကုစားတယ်​၊ ​နောင်​တချိန်​မှာလည်းမလွန်​ကျုး​တော့ပဲ​စောင့်
့​ထိန်​တဲ့သူဟာ စင်​ကြယ်​တဲ့ငါဘုရားရှင်​သာသနာ​တော်​မှာ ကြီးပွားတိုးတက်​လိမ့်​မယ်​” ဆိုတဲ့မှတ်​ချက်​သုံးသပ်​ချက်​မိန့်​မှာချက်​ရှိ​နေလို့ပါ။

ဓ​မ္မေ ​ဟောန္တု  သဂါရဝါ။

နောက်ဆက်တွဲ

"စေတနာနှင့်တကွလွန်​ကျုးလိုစိတ်​နဲ့သင့်​​ရောက်​​သောအားပတ်​ခုနှစ်​ပါးလုံးသည်​ဈာန်​မဂ်​ဖိုလ်မရအောင်တားမြစ်နိုင်တယ်
( နိဒါန်း ။
ဥ​ပေါသထက္ခန္ဓက၊မဟာဝါ)

သာရတ္ထဋီကာ. တ.အုပ်​မှာ နတ်​ပြည်​အတွက်​ပါတာမြစ်​နိုင်​တယ်​။

ဝိသုဒ္ဓါ​ပေ​က္ခေန သန္တီ အာပတ္တိ အာဝိကာတဗ္ဗာ၊အာဝိကတာ ဟိ ဿ       ဖာသု
ဟောတိ။ (နိဒါန်း၊မဟာဝါ)
အဲ့ဒီအာပတ်​​တွေမှစင်​ကြယ်​လွတ်
မြောက်​ချင်​လျှင်​ လွန်​ကျုးထားတဲ့အာပတ်​၊မကုစားရ​သေးတဲ့အာပတ်​ကို
သံဃာ့အလယ်​သော်လည်းကောင်း၊ဂိုဏ်းအလယ်​၊ရဟန်းတစ်​ပါးအထံသော်လည်းကောင်းဝန်​ခံ​​ဒေသနာ​ပြောကြားရမည်
အဲ့ဒါဆိုစင်​ကြယ်​သွား​သော​ကြောင့်
ဈာန်​မဂ်​ဖိုလ်​​တွေရနိုင်​ပါပြီ။

(သာရတ္ထဋီကာ တ.အုပ်​ဆက်​ကြည့်​​အောင်​)
ဂရုကအာပတ်​နှစ်​မျိုးတွင်
ပါရာဇိကကျ​သောရဟန်းသည်
ပါရာဇိကကျသွားပြီလို့မဝန်းခံ​သေးပဲ
ရဟန်​အဖြစ်​အ​နေနဲ့ဝန်​ခံ​နေ​နေသမျှပတ်လုံး။

သံဃာဒိ​သေသ်​အာပတ်​သင့်​​သောရဟန်းသည်​ ထိုအာပတ်​မှမကုစားမထ​မြောက်​ရ​သေးသမျှ ပတ်လုံး။

ကျန်​လဟုကအာပတ်​သင့်​​သောရဟန်းသည်​ ​ဒေသနာမ​ပြောကြား​သေးသမျှ ပတ်လုံး။

ထိုရဟန်းတို့သည်​( နတ်​ပြည်​ )မဂ်​၊ဖိုလ်​တို့ကိုမရနိုင်​ဘူး ။

(ပရိဝါအဋ္ဌကထာကြည့်​ရ​အောင်​)
စေတနာနဲ့တမင်​တကာလွန်​ကျုးတဲ့အာပတ်​ခုနှစ်​ပါးလုံး
နတ်​ပြည်​ မဂ်​ဖိုလ်​ ကိုတားမြစ်​နိုင်​တယ်​။
မသိလို့လွန်​ကျုးမိတဲ့ ပဏ္ဏတ္တိဝဇ္ဇ.ခေါ်တဲ့
လူလောကအ​နေနဲ့​တော့ အပြစ်​မရှိပဲ
ဘုရားရှင်​ကထုက်​ပြန်​ထားလို့သာ
အပြစ်​ဖြစ်​တဲ့သိက္ခာပုဒ်​မျိုး​တွေက​တော့ နတ်​ပြည်​ မဂ်​ဖိုလ်​ကိုမတားမြစ်​နိုင်​ပါဘူး။

ဒေသနာ ​ပြောကြားရမည့့်​အာပတ်​ကို​ဒေသနာ​ပြောကြားမယ်၊

သဃာဒိ​သေသ်​လို့ဝုဋ္ဌာနဂါမီအာပတ်​ကို သံဃာနဲ့ကုစားမယ်၊

ပါရာဇိကအာပတ်​သင့်​လျှင်​​တော့
လူ့ဘဝ​ပြောင်း ဒါမှမဟုတ်​ သာမ​ဏေ
ဘောင်​​ပြောင်း သီလဖြည့့်​ကျင့်​ကာဆက်​လက်​အားထုက်​မယ်ဆိုလျှင် ဥပနိဿ
ယအ​ကြောင်းရှိက
ဈာန်​မဂ်​ဖိုလ်​ရနိုင်​ပါတယ်​ ။

(ပါရာဇိကကျတိုင်းငရဲကျ/မကျ)

ကျတာလည်းရှိတယ်
မကျတာလည်းရှိတယ်

ပထမပါရာဇိက ဟာဘိက္ခုနီမ
ဥပ္ပလဝဏ်​လိုအရိယာ​ထေရီမကိုပြစ်​မှားတဲ့နန္ဒလုလင်လိုဖြစ်​​နေမယ်

တတိယပါရာဇိကဟာ အရဟန္တဃာတကဖြစ်​​နေမယ်​ဆိုလျှင်​​တော့
အာနန္တရိယကံမျိုးဖြစ်နေလို့
လွတ်​လမ်း​ပြေးလမ်းမရှိ​တော့ဘူး ဈာန်​မဂ်​ဖိုလ်​မရရုံမဟုတ်​ဘူး
သေပြီး​နောက်​လည်းသေချာပေါက် ငရဲကိုသွားမှာပဲ
ပါရာဇိကနာမည်​တူ​ပေမယ့်​သက်​​ရောက်​မှု့ အမျိုးစားကွဲပါတယ်​။

(ပါရာဇိကကျသူရဲ့​နောက်​ဆက်​တွဲ)

ရဟန်း​ကောင်း​တွေနဲ့ ဥပုသ်​ပဝါရဏာစတဲ့သိမ်​ထဲမှာပြုလုပ်​ရတဲ့ သံဃာ့ကံ​တွေမှာအတူတကွ ပါဝင်​ပတ်​သံခွင့်​မရ​တော့ဘူး
(ပါရာဇိ​ကော​ဟောတိအသံဝါ​သော။ ပါရာဇိကသိက္ခာပုဒ်​မာတိကာပါဠိနှင့်​ပဒဘာဇနီ)။

ရဟန်​အဖြစ်​ကိုဝန်ခံ​နေသ၍
အာပတ်​မှမစင်​ကြယ်​​သေးသလို
ဈာန်​မဂ်​ဖိုလ်​လည်းမရနိုင်​ပါဘူး။

အာပတ်​သင့်​​ကြောင်းကို
ဝန်​ခံ​ပြောကြားရမယ်
လူဘဝ သာမ​ဏေဘဝ ​ပြောင်းရမယ်​ အဲ့ဒီလိုမှ အာပတ်​စင်​ကြယ်​တယ်​။

ပါရာဇိကျသူဟာ ရဟန်​အဖြစ်​ဝန်​ခံ​နေသေးရင်​ သံဝါသ​တွေကိုသာယာမယ်​ဆို
ထေယျသံဝါသကမဖြစ်​ပါဘူး
သူ့​ကြောင့်​သြမသဝါဒသိက္ခာပုဒ်​အရကျန်ရဟန်းမှာသင့်​နိုင်​​သေးတယ်
သူ့ကိုလူသာမ​ဏေလို့​ ပြောမရသေးဘူး
အဲ့ဒါ​တော့သတိပြု
(သာရတ္ထဋီကာ ၊၂)။

(ပါရာဇိကဏ်​အဋ္ဌကထာ စတုဗ္ဗိဓဝိနယကထာ​နောက်​ဆုံမှာ)
ရှင်​ရဟန်းအဖြစ်​ကရခဲလို့ သက်​ညှာရမယ်​လို့မှာထားတယ်
ပါရာဇိက
ကျ​နေတယ်​ထင်​​နေ​သော်​မှ
" သင့်​ဘဝရဲ့ ချမ်းသာ​ရေးကို သင့်​ဘာသာ ရှာ​ဖွေပါ”လို့ ​ပြောရမည်​လို့
မှာထားတယ်

ဒါဟာတကယ့်​ကိုသတိပြုရမှာပါ
(အဲ့ဒီအပိုဒ်​ထဲက မ​တော်​တဆကျတာကိုရည်​ရွယ်​​ရေးထားဟန်​ပဲ)

သုတ္တန်​မှာ
(အင်္ဂုတ္တိုရ်​ စတုက္က အာပတ္တိဘယသုတ်​)
"ပါရာဇိကျသူဟာ နည်းလမ်းတကျ ကုစားလိမ့်​မယ်​"ဆိုတဲ့စကားရယ်

(ဧကနိပါတ်​ အဋ္ဌကထာမှာ )
အဂ္ဂိက္ခ​န္ဓောပမသုတ်​ကိုကြားနာပြီး ထိတ်​လန့်​ပြီး ​သွေးအံတဲ့ရဟန်​​တွေဟာ ပါရာဇိကကျတဲ့ရဟန်း​တွေပဲ"ဆိုတဲ့စကာ ​တွေ​ထောက်​လျှင်
ပါရာဇိကကျတဲ့ရဟန်း​တွေဟာ
ရဟန်းအသွင်​နဲ့​အခြေနေအရနေကြ​သေးတယ်​ဆိုတာထင်​ရှားတယ်​။
(အင်္ဂုတ္တိုရ်​ အဋ္ဌကနိပါတ်​ကာရဏ္ဍဝသုတ်​မှာ)
"သီလပျက်​ပြီး အမှိုက်​သရိုက်​နဲ့တူတဲ့မစင်​ကြယ်​​သော
ရဟန်း​တွေကို ​ကျောင်းတိုက်​က​နေနှင်​ထုတ်ကြ
စင်​ကြယ်​တဲ့ရဟန်း​တွေဟာ စင်​ကြယ်​တဲ့ရဟန်း​တွေနဲ့ပဲ သံဃာ့ကံ​တွေအတူတကွလုပ်​ကြ
အဲ့ဒါမှညီညွတ်​ပြီး ဒုက္ခချုပ်​ရာနိဗ္ဗာန်​ကို မျက်​​မှောက်​ပြုရလိမ့်မယ်"
လို့ ပြင်းပြင်းထန်​ထန်​​ဟောထားတာရှိတယ်

မှတ်​ချက်​ ။ ​ဒေသနာကြားပါ

မည်​သည့်​အာပတ်​သင့်​သင့်​ ​ဒေသနာကြားတဲ့အခါ သဗ္ဗာ အာပတ္တိ​ယော အာဝိက​ရောမိ ဆိုတာနဲ့
့ အာဝိကတာ ဟိဿ
ဖာသု အကျိုးကိုခံစားရမှာပါ။
အာပတ်​သင့်​လျှင်​ဝိပ္ပဋိသာရ​တွေမဖြစ်​ပါနဲ့

ဧရကပတ္တနာဂရာဇဝတ္တု ကရဟန်းဟာ ဘူတဂါမသိက္ခာပုဒ်​ပါစိတ်​အာပတ်​အတွက်​​ဒေသနာမကြားမိတဲ့ဝိပ္ပဋိသာရ​ကြောင့်​ တိရစ္ဆာန်​ ဖြစ်​ရတယ်
ဝိပ္ပဋိသာရ​နောင်​တ ​နေရာမှာ ​နောင်​ဒီလိုပြစ်​မှု့မျိုးမလုပ်​ဘူးဆိုတဲ့ ဝိရတီ သံဝရတရားနဲ့​ပြောင်းလိုက်​ပါ ဒါဆိုကုသိုလ်​ဖြစ်​သွားပြီ။

ချမ်းသာစွာသာသနာ
ပြုနိုင်ကြပါစေ..

အရှင်ကောဝိဒါဘိလင်္ကာရ
ဓမ္မသီတဂူ
မစိုးရိမ်တိုက်သစ်
မန္တလေး

No comments:

Post a Comment