Saturday, June 17, 2017

စာဆိုတော်ကြီးစလေဦးပုည အတ္ထုပ္ပတိ-

စာဆိုတော်ကြီးစလေဦးပုည အတ္ထုပ္ပတိ-
====================
               ဦးပုည ၏ ကိုယ်နေဟန်ပုံသဏ္ဍန်မှာ အရပ်မနိမ့်မမြင့်၊ အသားလတ်၍ နှာတံစင်း၊ နဖူးကျယ်၊ ရင်ကားပြီးလျှင် ညာဘက်လက်မှာ တံတောင်ဆစ်မှ လက်ဖျားသို့အထိ သေးသိမ်၍ အသုံးမပြုနိုင်ချေ။ သို့ ညာဘက်လက်သေးသိမ်သည်မှာ ၀မ်းတွင်းပါ ဖြစ်ချေသည်။ ထို့ကြောင့် စာရေးသားရာတွင် ဘယ်လက်ဖြင့် ရေးသားရရာ ပုရပိုက်ကို ဒေါင်လိုက်ထား၍ ရေးသားရပေသည်။

              ထိုသို့ ရေးသားရသော်လည်း လက်ရေးမှာ အလွန်မြန်ခြင်း၊ ညီညွတ်လှပခြင်း ၊ ဖျက်ရာမရှိခြင်း ဖြစ်၍ အထူးပင် ချီးမွမ်းဖို့ ကောင်းပေ၏ ။ တေးထပ် ၊ ရကန် ၊ လေးချိုး ၊ ဒွေးချိုး စသည် တု့ကို ရေးသားသောအခါ မရေးသားမီ ဆေးပေါ့လိပ်တစ်လိပ် ကို ကုန်အောင်သောက်ကာ ထည့်သွင်းလိုသည်တို့ကို စဉ်းစား၍ အစ အဆုံး တောက်လျှောက်ရေးသားသီကုံးသည်။ စာတစ်ခါရေးလျှင် ပေရွက်ပေါ်မှ ကျသော အမှူန်အမွှား နို့ဆီ ( ၃)ဗူးမျှ ရရှိကြောင်း မှတ်သားရသည်။

ရွှေအမြုတေ မှ မောင်လင်းခိုင် ရေးသော ဦးပုည (သို့မဟုတ်) စာပေသမားတို့၏ ဘိုးအေကြီးအကြောင်း တစေ့တစောင်း (http://www.shweamyutay.com/index.php?option=com_content&task=view&id=3150&Itemid=0)  တွင် မူ ဦးပုည အကြောင်းမှာ တမျိုးကွဲသည် ။

ဆရာကြီး ဦးပုညသည် အချုပ်တန်း ဆရာဖေနှင့် ကဗျာတိုက်ပွဲ တိုက်ခဲ့ ကြသည်။ တစ်ယောက်နှင့် တစ်ယောက် ငယ်ကျိုးငယ်နာ ဖော်၍ တိုက်ခဲ့ကြသည်။ ဆရာဖေက ဦးပုညလက်ခွင် လက်သိမ်သည်ကို ကဗျာရေး ဖွဲ့၍ တိုက်ခဲ့သည်။ ဆရာကြီး ဦးပုညသည် ညာဘက်လက် လက်ခွင်လက်သိမ်၍ ဘယ် ဘက်လက်နှင့် စာရေးရသည်။ ဤသည်ကို ဆရာဖေက စာဖွဲ့၍ တိုက်ခဲ့သည်။

“ကဗျာစီ မောင်ပုည ထောင်ဂုဏ် ပြထုတ်လျှင် တောင်ခြုံက ပုတ်သင်လို  ကုတ်ခွင်သိမ်လက်သေး၊ မင်းမြှောက်လို့ သင်းလောက်ကျော်သည်။ ထွင်း ဖောက်အောင် ဥာဏ်မျိုးနှင့်လေး”

ဆရာဖေက ငယ်ကျိုးငယ်နာ ဖော်၍ ရေးသဖြင့် သူကလည်း ဆရာဖေကို သူ၏ လက်သိမ်ရပုံကို ရေးပြခဲ့သည်။
“တရုဏီရွယ်ကာလ ငယ်ခါက ကျောင်းနေ၊ ဘယ်ညာချစောင်း အနေမှာ လောင်းကဝေ ငါ့အား၊ အိပ်ပျော်ခိုက်ဘ အလာမှာ မကာသ တွန်းချလေငြား၊ သို့အတွက် လက်ယာသိမ်သည် ငါက၀ိန် သူ့အား၊ ဘာအလိန် လူ့ငနွားရယ်က အရှု မှားလေတယ်၊ ငဖေရယ်စလေတုပေ မယ့်၊ မေရုနှင့် မြင်းမိုရ်ကွာမယ်၊ သူရာ နှင့် သိကြားနှယ်၊ ဘုရားဝယ် မာရ်နတ်သို့၊ စာတတ်နှင့် အသူပမာ၊ အဲ သလောက်ကွာ၊ ကေ၀ဋ်နှင့် မဟော သဓာလို အတော် ကွာခြားတာမို့လေး”

ဦးပုညသည် သူအမှန်တကယ် လက်သိမ် ရခြင်းကို ဖြေရှင်း ရေးပြခဲ့သည်။ သူကျောင်းသား အရွယ် ရောက်ကာမှ တစ်ည အိပ်နေရာတွင် ဖခင်က အိပ်ရာမှ လန့်ကာ သူ့အား ယောင်မှား၍ တွန်းချ လိုက်သဖြင့် လိမ့်ကျ ထိခိုက်ခဲ့သည်။ ဆေးကုပါသော်လည်း ကုမရတော့ဘဲ ညာလက်သိမ် သွားခဲ့ခြင်းသာ ဖြစ်ပါသည်။ ဆရာကြီး ရေးသားချက်မှာ ဖြစ်နိုင်ပါသည်။ သူငယ်စဉ် မိဘ နှစ်ပါးက သာယာဝတီ မင်းထံ ခေါ်သွားစဉ်က စည်တွေပုတ် ကစားနေသဖြင့် ဘုရင်က မောင်ပုတ်စည်ဟု အမည် ပေးခဲ့ကြောင်း လက်သိမ်နေလျှင် ပုတ်ကစားနိုင်မည် မဟုတ်ပေ။

လက်သိမ်သည့် အကြောင်းသာ ကွဲ သည်မဟုတ် . . .

မြင်ကွန်း၊ မြင်းခုံတိုင် အရေးအခင်းတွင် အခါ ပေးမိသဖြင့် မင်းပြစ်မင်းဒဏ် သင့်ရလေသည်။ မင်းတုန်းမင်းက ခေါ်ယူ စစ်မေးပြီး မြို့ဝန် ဦးသာအိုးထံတွင် အပ်နှံထားလေသည်။ ဆရာကြီးသည် ဗေဒင်အရာ ကျွမ်းကျင်လှသဖြင့် ဦးသာအိုး၏ အငယ်အနှောင်းများက ဗေဒင် လာရောက် မေးမြန်းကြသည်။ သူ၏ အငယ်အနှောင်းများ ၀င်ထွက်သွားလာ နေသည်ကို မြို့ဝန်ဦးသာအိုးက မရှုစိမ့် ဖြစ်လာကာ ပါးကွက် အာဏာသားတို့အား ဦးပုညကို သတ်ခိုင်း လိုက်လေတော့သည်။ ဦးပုညကို သတ်ရာ၌လည်း သုတေသီတို့ ဖော်ပြချက်များအကွဲကွဲဖြစ် နေပြန်တော့သည်။ တချို့က ထောင်ထဲတွင် လည်မျိုကို သံတုတ်နှင့် ရိုက်သတ် ကြောင်း၊ တချို့က အာဏာသားများ သည် ညဥ့်အချိန် အီကင်း ဆိပ်ကမ်းသို့ ယူသွားပြီး သဲအိုးထုပ် ဆွဲ၍ မြစ်ထဲသို့ ပစ်ချလေ၏။ တချို့ကမူ မင်းညီမင်းသားများ မဟုတ်၍ ကတီ်္တပါအိတ်နှင့် စွပ်ကာ သတ်ခြင်းကား မဟုတ်။ ၀က်တုပ် တုပ်၍ အိုးဆွဲချ သတ်သည်ဟု ဆိုပြန်သည်။ ဆရာကြီး၏ မွေးဖွားသည့် မိဘအမည် များကလည်း အကွဲကွဲ အပြားပြား ဖြစ်၍ သေရတော့လည်း သေနည်း အမျိုးမျိုး ကွဲပြား နေပြန်တော့သည်။

သေခြင်း အမျိုးမျိုး ကွဲပြားခြားနား သော်လည်း၊ ကျွန်တော် ဖတ်ရသည့် အမျိုးသား ပညာဝန် ဦးဖိုးကျား ပြုစုသည့် ရေသည်ပြဇာတ် ဦးပုည အကြောင်းတွင်မူ အထောက်အထားနှင့် ပြဆိုပုံမှာ အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။ ဆရာကြီး ဦးဖိုးကျားက ရာဇ၀င်နှင့် မြန်မာစာပြ ဆရာ ဦးသက်တင်၏ ရေးသားချက် များကို ကိုးကား၍ ဦးပုညသည် ရေတွင် မသေကြောင်း ရေးသား ထားပါ သည်။ အလွန် စိတ်ဝင်စားစရာ ကောင်း လှသဖြင့် ဆရာကြီး ဦးဖိုးကျား၏ ရေးသားချက်ကို ဖော်ပြလိုက်ရပါသည်။ ဟုတ် မဟုတ်၊ မှန် မမှန် သုတေသီတို့ ရှာဖွေဖော်ထုတ် ညှိနှိုင်းကြရန်သာ ဖြစ်ပါ သည်။

မြို့ဝန်ဦးသာအိုးက ၁၂၂၈ ခု သီတင်းကျွတ်လ္ဆုပ် ၁၃ ရက် ညသန်း ကောင်ကျော်တွင် အီကင်း ရေဆိပ်သို့ ချ၍ သတ်စေခဲ့၏။ ထိုသို့ စီရင်လိမ့်မည်ကို တင်ကူးသိနှင့်၍ ဆရာကြီး၏ အသက်ကို ကယ်တင်မည်ဟု ကြံစည် ဆောင်ရွက်ကြသူတို့ကား ဦးသာအိုး၏ မယားငယ် ခင်သုံ၊ အစ်မခင်မှုံ၊ ခင်မှုံ၏ ခင်ပွန်း ကိုသူရ၊ ပုသိမ်မြို့ပွဲစားကြီး ဦးညိုတို့ ဖြစ်ကြလေသည်။ ထို ၄ ဦး တို့တွင် ဦးညိုက ငွေကြေး အကုန်အကျ ခံ၍ သူသတ်သမားတို့နှင့် တိုင်ပင်ကာ ရေချမည့် နေရာတွင် ပိုက်ကွန် ခံထားကာ ဆရာကြီး၏ အသက်ကို ကယ်လိုက်ကြလေသည်။

ကယ်ပြီးနောက် ဆရာကြီးပါ ၅ ယောက် တိုင်ပင် ညီညွတ်ကြသည့် အတိုင်း ဆရာကြီးကို ရှမ်းပြည်နယ် ဖြတ်၍ သံလွင်မြစ်ကြောင်း စုန်ကာ အင်္ဂလိပ် ပိုင်မော်လမြိုင်သို့ကို သူရ ကြဉ်းဆောင် လာခဲ့လေသည်။ မော်လမြိုင်သို့ ရောက်မှ ဦးညို၏ အစ်မ ဒေါ်နှင်းရီနှင့် ခင်ပွန်း ဦးဂွယ်တို့၏ နေအိမ်တွင် ခိုပုန်းနေလေ သည်၊ မော်လမြိုင်မြို့တွင် ၁၂၃၆ ခုနှစ် ထိနေပြီး အထက်က သတင်း ကြားသိ မလုံပုံ ပေါ်ပြီး ကရင်နီနယ်သို့ ပြောင်းရွှေ့ နေရာတွင် ၁၂၃၇ ခုနှစ်၌ ဆရာကြီး ဖျားနာ၍ အနိစ္စ ရောက်လေသည်။

ဆရာကြီး အသက်ဘေးမှလွတ်၍ မော်လမြိုင်သို့ ရောက်မှ ၁၂၂၈ ခု ပြာသို လဆန်း ၉ ရက် တနင်္ဂနွေနေ့ ဦးညိုအား ရေးစပ်ပေးသည် ဆိုသော တေးထပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စူရတီ တလိုင်းမ၊ မှိုင်းကျလို့ မွေးလာ ရိုင်းမဟာ့ပဂေးချာ ခွေးသာသာ သာအိုး။
ဈေးတော်ရုံ မင်္ဂလာ လူမြင်ရာ ဓမြဦးလို့ သူကောင်းသား တန်ပြန် သရမ်း ဥာဏ်နသိုး။
ကြငှာန်းစံယူ ပျိုးလို့ လူဆိုးက မြို့ဝန်။
စလေကို အသေချွတ်မယ်လို့ ငကေ၀ဋ်ကျေးဆက် ကံကျွန်။
လောင်းမဟော့ ဥာဏ်တံခွန်လို အကြံချွန် မောင်ညို့ကြောင့် မသေမြို့ ရွာစည်ပျော် ချမ်းသာရနော်။
ခင်သုံမိ လွတ်ရေးဖော်သည် ကျေးမဟော်တနှုံးပလေး။

သည်တေးထပ်ကို ဆရာကြီး အသက်ဘေးမှ လွတ်မြောက်ပြီးမှ ရေးခဲ့သည်ဟု ဆိုသည်။ အမှန်တကယ် ရေးခဲ့၊ မရေးခဲ့ ဆိုသည်ကိုကား သုတေသီတို့ ရှာဖွေ ဖော်ထုတ်ကြရန်သာ ဖြစ်ပါသည်။ ကျွန်တော်တို့ ဖတ်ရ၊ သိရသမျှတွင်မူ ဦးပုညကို ဦးသာအိုး သတ်ပစ်ပြီး ၅ လလောက် အကြာတွင် မင်းတုန်းမင်း ကြီးက ဦးပုညအား သတိရ၍ မေးတော် မူလေ၏။ ဦးပုညကိုကြည်ညိုသူတို့က ဆရာကြီးသည် ဦးသာအိုး သတ်၍ သေလေပြီဟု လျှောက်တင်ကြရာ နှမြောတသစွာဖြင့် “လူကိုခွေးသတ်လေပြီတ ကား”ဟု ပြောတော်မူလေ၏။

“ငါနှင့် ငါ့ညီတော် အိမ်ရှေ့မင်းတို့ သည် မောင်ပုညအား ဘေးမဲ့ ပေးတော်မူပြီး ဖြစ်သည်။ မောင်သာအိုးသည် အလွန် မိုက်သောလူ ဖြစ်ပေသည်”ဟု နှမြော တသစွာဖြင့် ဆိုခဲ့ကြောင်းသာ ဖတ်ခဲ့ရဖူး သည်။ ယခုကဲ့သို့ ဆရာကြီး ဦးပုည အသက်ဘေးမှ လွတ်မြောက်ပြီး တေးထပ်ပင် ရေးစပ်ခဲ့သေးသည်ဟု တွေ့ရှိရရာ အလွန်ထူးဆန်း လှပေသည်။သုတေသီတို့ ရှာဖွေသိရှိ ထားလျှင်လည်း အများပြည်သူများ သိရှိနိုင်ရန် ဖော်ထုတ် ရေးသားကြစေ လိုပါသည်။

ဟူ၍ ဆရာမောင်လင်းခိုင်မှ ရေးသားခဲ့ရာ သေဆုံးပုံမှာ လဲ ကွဲပြားသည်ကို တွေ့ရှိနိုင်ပါသည် ။

စလေဦးပုည ရေးသားခဲ့သောစာများ

၁)  သတ္တ၀ါသဆေးကျမ်းလင်္ကာ။
၂) ယိုးဒယားနိုင် မော်ကွန်း - ၅၆ ပုဒ်။
၃)ရတနာနဒီ မော်ကါန်း - ၂ ပုဒ်။
၎)သဒ္ဒါပုဒ်စစ်လင်္ကာ - ၁၇ ပုဒ်။
၅)မဉ္ဇူသကသတ်ပုံ - ၁၃ ပုဒ်။
၆)ဗေဒင်ဟောနည်း၊ ရတု -ရကန်၊တေးထပ်၊လေးဆစ်အမျိုးမျိုး။
၇)လှေချင်းအမျိုးမျိုး
၈)တေးထပ်ပေါင်း တစ်ထောင်ခန့်နှင့် ဒွေးချိုးအမျိုးမျိုး။
၉)ဒုန်းချင်းအမျိုးမျိုး။
၁၀)ဗုံရှည်သံအမျိုးမျိုး။
၁၁)ဆဒ္ဒန်ဆင်မင်းစသောဝတ္ထု - ၃၀ ခန့်
၁၂) မေတ္တာစာအမျိုးမျိုး၊ ပုဒ်ရေ ၆၀ ကျော်နှင့် ဖိတ်စာအမျိုးမျိုး။
၁၃)သာသနာလျှောက် နှင့် ဆွမ်းတော်ကြီးစာတမ်း။
၁၄) ရေစက်ချအမျိုးမျိုး နှင့် ၃၂ ပါး လက္ခဏာတော် ဘုရားရှိခိုး။
၁၅)သဂြိုလ် ကိုးပိုင်းသရုပ်ပြတေးထပ်များ။
၁၆)သက္ကတဘာသာဖတ်နည်းလင်္ကာ။
၁၇)ပဒုမပြဇာတ် (အချို့မိဖုရားများ အကျင့်ပျက်သဖြင့်၊မင်းတရားကြီးအမိန့်အရ မိမိကညေပာပေးသည်ကို စာရေးများကလိုက်ရေးရသည်။ ခဏချင်းဖြင့် ပြီးသောဟူ၏)
၁၈)ဝေဿန္တရာပြဇာတ် ( မိန်းမမြတ်များရှိကြောင်း၊ မိဖုရားများကရေး၇န်တောင်းပန်သဖြင့် ရေးသည်။)
၁၉)၀ိဇယပြဇာတ် ၉မြင်ကါန်းစသောမင်းသားတို့ဆိုးသွမ်းမည်ကိုသိတော်မူသဖြင့် အိမ်ရှေ့မင်းအမိန့်အရ    ၂ ရက်ဖြင့် အပြီးရေးသည်။)
၂၀) ကောသလပြဇာတ်။
၂၁)ရေသည်ပြဇာတ် (နောင်တော်မင်းတရားကြီးအားမပြစ်မှားသင့်သည်ကို ပြစ်မှားမိသဖြင့် ၀န်ချတောင်းပန်သည့်သဘောများပါသည့်စာကို ညီတော်အိမ်ရှေ့မင်းက သီကုံးရေးသားစေသဖြင့် ရေးသည်။)
၂၂)မဟောသဓာပြဇာတ် ( စလေငခွေးပြဇာတ်၊ ဘယနာဂပြဇာတ် တို့ကိုလည်းရေးသားသေးသည်ဟု သိရှိရပေသည်။)

ဦးပုည၏ ၀တ္ထုများမှ

၁) ဆဒ္ဒန်ဆင်မင်း ၀တ္ထု
၂) ယုန်မင်း ၀တ္ထု
၃) သိဝရာဇ်မင်းကြီး ၀တ္ထု
၎) ကာက၀လ္လိယ ၀တ္ထု
၅) သူအိုမကြီး ၀တ္ထု
၆) ၀ိသယှသူဌေး ၀တ္ထု
၇) အဘယမာတာ ရဟန္တာမ ၀တ္ထု တို့ကို 

မမေဓာဝီ ၏ တွေးမိတွေးရာ . . . ရေးမိရေးရာ . . . ဘလော့ (http://maydar-wii.blogspot.sg/2011/06/blog-post_22.html) တွင် သွားရောက်ဖတ်ရှူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

နောင် အဆင်ပြေသောအခါ  ဦးပုည ၏် ကဗျာ များကို ရှာဖွေ ပြီးဘလော့တွင် တင်ပါအုံးမည် ။

" တောထွက်ချင်စိတ်ကယ်နှင့် သပိတ်ကိုလွယ် ၊ သားရေနွယ်ကွယ့် ရှာတုန်း။
     ချောင်အနီးမှာလ ၊ မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်၊
                                       မင်း လိုက်ခဲ့ဦး ။"  ။                 စလေဦးပုည

ရှေးမြန်မာ့ရိုးရာကဗျာများ-ရွှေအိမ်စည်
https://www.facebook.com/shweaeimsi111/?fref=nf

ကဗျာရှာနည်းအညွှန်း(ပုဂံခေတ်မှ ခေတ်စမ်းကဗျာများအထိ)>>
https://www.facebook.com/shweaeimsi111/photos/a.1415269485361853.1073741828.1415122255376576/1763624683859663/?type=3

ဗမာလူမျိုးဖြစ်တည်လာပုံသမိုင်းအကျဉ်း

ဗမာလူမျိုးဖြစ်တည်လာပုံသမိုင်းအကျဉ်း
~~~~~~~~~~~~~~~~~~~~~~~~
********************************

(မိမိတို့၏အသက်နှင့် မမီခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည်ကား
သမိုင်းစာမျက်နာထက်၌သာတွေ့ရ၏.. ထို့ကြောင့် သမိုင်းသည်
စိတ်ဝင်စားစရာအလွန်ကောင်း၏) a.z

လူသားမျိုးနွယ်တို့သည် တစ်မျိုးနဲ့တစ်မျိုး
ရောစပ်မိရာမှအချိန်ကာလကြာညောင်းလာသောအခါဝယ်အခြားမျိုးနွယ်စုအမည်သစ်များဖြင့် လူမျိုးအသစ်များအဖြစ်သီးခြားရပ်တည်လာကြသည်။ထိုအထဲတွင် ယနေ့ဗမာဟု ဖြစ်တည်နေသော မျိုးနွယ်စုသည်လည်း
မျိုးနွယ်စုအချင်းချင်း ဒွေးရောယှက်တင်ရာမှ
တစ်ဆင့် ပေါက်ဖွားလာခြင်းဖြစ်သည်။
သို့သော်မျိုးနွယ်စုချင်း မည်မျှပင် ဒွေးရောယှက်တင် ရှိစေကာမူ အောက်ပါ စံချိန်စံညွှန်းများမရှိပါက လူမျိုးတစ်မျိုးအဖြစ်
အသိအမှတ်ပြုခံရလိမ့်မည်မဟုတ်ပေ။
လူမျိုးတစ်ခုအဖြစ် သီးခြားရပ်တည်ရန်

၁။ကိုယ်ပိုင်ဘာသာစကား
၂။ကိုယ်ပိုင်စာပေ
၃။ကိုယ်ပိုင်ယဉ်ကျေးမှု တို့ သီးခြားရှိနေရမည်။
ထိုချက်အလက်များထဲမှ တစ်ခုခု
ပျောက်ကွယ်သွားခဲ့လျှင်
ထိုလူမျိုးစုသည် သီးခြားလူမျိုးတစ်မျိုးအဖြစ်
ရပ်တည်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။
အားကြီးပြီးအင်အားများသော မျိုးနွယ်စုထဲတွင်
ပျော်ဝင်ပျောက်ကွယ်သွားမည်မှာ သေချာနေသည်။သို့သော် ထိုအချက်အလက်များ
မည်မျှပင် ထိန်းသိမ်းထားစေကာမူ မိမိအမျိုးအနွယ်ကို မစောင့်ထိန်းဘဲ တွေ့သမျှ
လူမျိုးဘာသာမရွေး အိမ်ထောင်သားမွေးနေပါက
ထိုလူမျိုးသည် အလျင်အမြန် ပျောက်ကွယ်တော့မည်မှာဗေဒင်ကြည့်စရာမလိုပေ။သို့အတွက် လူမျိုးတစ်မျိုးအဖြစ် ထာဝရ ရပ်တည်ရှင်သန်စေလိုလျှင် ထိုအချက် သုံးချက်ကိုမဖြစ်မနေတည်ရှိထိန်းသိမ်းရမည့်အပြင် အရေးအကြီးဆုံးဖြစ်သည့် အမျိုးအနွယ်စောင့်ထိန်းခြင်း(လူမျိုးခြားကို
မယူခြင်း)ကို အထူးဂရုပြု၍ ထိန်းသိမ်းရပါမည်။

ဗမာလူမျိုးစုသမိုင်းဆရာများသည် ၄င်းတို့၏
ဗမာလူမျိုးဖြစ်တည်ပုံသမိုင်းကို မည်သူမျှ
တိတိပပ မဖော်ထုတ်နိုင်သေးပေ။ ဒေါက်တာသန်းထွန်းမှအစပြု၍ ယနေ့ခေတ်ပေါ်
အပေါစားသမိုင်းဆရာ ဘုန်းတင့်ကျော်အဆုံးထိ
ဗမာလူမျိုး၏ ဖြစ်တည်ပုံဇစ်မြစ်ကို လုံးဝလုံးဝ
မဖော်ထုတ်နိုင်သေး။ ထိုသမိုင်းဆရာကတစ်မျိုး
သည်သမိုင်းဆရာကတစ်ဖုံဖြင့် မအူမလည်အဖြစ်ဖြင့် ဝိဝါဒကွဲပြားနေကြသည်မှာ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်ပုံပြင်ကဲ့သို့
ဖြစ်နေသည်။

ဗမာသမိုင်းဆရာတစ်ချို့က ဗမာအစ
တိဗက်ကုန်းမြင့်(တရုတ်)ကဟူ၍ပင်။တစ်ချို့က ဗမာအစတကောင်းက၊တစ်ချို့ကဗမာအစကျောက်ဆည်က၊တစ်ချို့က ဗမာအစ အိန္ဒိယက၊တစ်ချို့က ဗမာအစပျူက စသည်ဖြင့် ဗမာရာဇဝင်ပြောလျှင်
တုတ်ထမ်းပြောရမည်ဆိုသကဲ့သို့ တစ်ရွာတစ်မျိုး
တစ်ကျောင်းတစ်ဂါထာဖြင့်အဖြေရှာမရတော့သည့်ပုစ္ဆာတစ်ပုဒ်ပမာအမျိုးမျိုးကွဲပြားလျက်ရှိနေဆဲ
ဖြစ်သည်။မည်သို့ပင်ဝိဝါဒကွဲပြားနေစေကာမူ
အမှန်ကန်ဆုံးနဲ့အတိကျဆုံးသောအဖြေမှာ
ယနေ့ဗမာဟုခေါ်တွင်နေသောလူမျိုးစုသည်
ပင်မလူမျိုးစုသုံးစုပေါင်းစပ်ပြီးမှသာလျှင်
ဖြစ်တည်လာသော လူမျိုးသစ်တစ်ခု ဖြစ်သည်။
မြန်မာပြည်ဒေသတွင် အစောဆုံးနေထိုင်ခဲ့သော
ဒြာဗီဒီယန်လူမျိုး
****************************************
အသားအရောင်မှာ မီးသွေးခဲအလား
မည်းမည်းပုတ်ပုတ်၊အရပ်မြင့်မြင့်၊ကိုယ်ခန္ဓာ
သန်မာထွားကျိုင်းသော ဒြာဗီဒီယန်လူမျိုးနွ
်စုသည် မြန်မာပြည်ဒေသတွင် အစောဆုံးနေထိုင်ခဲ့ကြသည်။ထိုလူမျိုးများကို
မွန်သမိုင်းနဲ့ရက္ခိုင်သမိုင်းများတွင် ဘီလူး ဟု တင်စားခေါ်ဝေါ်ထားကြသည်ကိုတွေ့ရသည်။
သားစိမ်းငါးစိမ်းများကိုစားပြီး ဘီလူးကဲ့သို့
ကြောက်စရာကောင်းသော လူထွားကြီးများ
ဖြစ်သောကြောင့် ထိုလူမျိုးများကို ဘီလူးဟု
ခေါ်သည်ဟုသိရသည်။ထိုဘီလူး
ဒြာဗီဒီယန်လူမျိုးများကို ငရက္ခိုက် ဟုလည်း
ခေါ်ကြသည်။ထို ဘီလူးခေါ် ငရက္ခိုက် ခေါ်
ဒြာဗီဒီယန်လူမျိုးများကို ကပ္ပလီဟု လည်း ခေါ်ကြပြန်သည်။ထိုကပ္ပလီများသည် အာရီယန်လူမျိုးများ မြန်မာပြည်ဒေသ မဝင်လာခင်ကတည်းမှပင် နေထိုင်ခဲ့သည်ဟုသိရသည်။

အာရီယန်လူမျိုး
•••••••••••••••••••
အာရီယန်များသည် မြန်မာပြည်ဒေသသို့ ဒုတိယအစောဆုံး ဝင်ရောက်ခဲ့သူများဖြစ်ပြီး
နဂိုရှိနှင့်ပြီးဖြစ်သည့် ဘီဘူးခေါ် ဒြာဗီဒီယန်
အသားမည်းများကို တိုက်ထုတ်ကာ မြို့ပြ
နိုင်ငံများထူထောင်ခဲ့ကြသည်ဟု မွန်သမိုင်း
ရခိုင်သမိုင်းများတွင် ဖော်ပြပါရှိသည်။
အာရီယန်လူမျိုးများသည် ယနေ့မြန်မာနိုင်ငံတွင် ခေတ်စားနေသော ပျူလူမျိုးများပင်ဖြစ်ပြီး
ယဉ်ကျေးမှု၊စာပေအတင့်အတန်း အထူးမြင့်မားသူများဖြစ်သည်။ ထိုအာရီယန်လူမျိုးများသည်
မြတ်စွာဘုရားပွင့်တော်မူရာ အိန္ဒိယ မဇ္ဇျိမဒေသ မာဂဓတိုင်းပြည်မှဝင်ရောက်လာသူများဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံပင်မတိုင်းရင်းသားထဲမှ မွန်နဲ့ရခိုင်များသည် တစ်ချိန်ကမာဂဓတိုင်းတွင်
နေထိုင်ခဲ့ကြသူများဖြစ်ပြီး ထိုမှတစ်ဆင့်
နယ်နိမိတ်ချင်းထိစပ်နေသည့် ရက္ခပူရပြည်(ရက္ခိုင်)နဲ့
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ(မွန်)များသို့
ရောက်ရှိခဲ့သည်။မွန်များသည် မြစ်ဝကျွန်းပေါ်ဒေသမှမှတစ်ဆင့် သုဝဏ္ဏဘူမိ
ဘက်သို့ တဖြည်းဖြည်းချင်းရွေ့လျားသွားခဲ့သည်။
အာရီယန်များမြန်မာပြည်ဒေသသို့ဝင်ရောက်ခဲ့
ချိန်မှဘီစီ၃၀၀၀ ဝန်းကျင်ခန့်ဖြစ်သည်။

တိဗက်ဘားမန်းတို(တရုတ်အနွယ်)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မြန်မာပြည်ဒေသသို့ နောက်အကျဆုံးဝင်ရောက်ခဲ့သည့် မျိုးနွယ်စုမှာ
တိဗက်ဘားမန်းတိုအုပ်စုများဖြစ်သည်။
ဝင်ရောက်ခဲ့သော ရာစုနှစ်မှာ အေဒီ ၁၀ ရာစုတွင်ဖြစ်ပြီး နဂိုရှိနှင့်ပြီးသား အာရီယန်များ(ပျူ)၏ မြို့ပြနိုင်ငံများကို သိမ်းပိုက်ကာ အေဒီ ၁၁ ရာစုတွင် ပုဂံထီးနန်းကို
တည်ထောင်ခဲ့ကြသည်။တိဗက်ဘားမန်းတို
များသည် ယဉ်ကျေးမှုမြင့်မားသောအာရီယန်(ပျူ)
မွန်၊ရက္ခိုင်တို့ထံမှတစ်ဆင့် စာပေယဉ်ကျေးမှုများကို ကူးချကာ အာရီယန်တို့၏ ထီးနန်းကို သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ထို အေဒီ ၁၀ရာစုတွင်ပင်ရက္ခိုင်တို့၏ ဝေသာလီပြည်အား ဖျက်ဆီး၍ထီးနန်းစိုးစံအုပ်ချုပ်ခဲ့ကြသည်။
ထိုအချိန်မှစ၍ အာရီယန်များသည် တိဗက်ဘားမန်းတို အုပ်စုတွင်
သွေးရောရင်းတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

ယနေ့ဗမာဟုခေါ်ဆိုနေသော မျိုးနွယ်စုသည်
အထက်ပါဒြာဗီဒီယန်၊အာရီယန်၊တိဗက်ဘားမန်းတိုတို့ ရောစပ်ရာမှ ဖြစ်တည်လာသောလူမျိုးနွယ်စု အသစ်တစ်ခုဖြစ်သည်။ထို့ကြောင့် ဗမာလူမျိုးတို့သည် အေဒီ ၁၁ရာစုနောက်ပိုင်းမှသာ ပေါ်ပေါက်လာခဲ့သော
နောက်ပေါက်ခေတ်ပေါ်လူမျိုးစုတစ်စုသာဖြစ်သည်။ဗမာတို့သည် အာရီယန်(ပျူ) ရက္ခိုင် မွန် တို့နောက် ယဉ်ကျေးမှု၊စာပေ အစစအရာနောက်ကောက်ကျခဲ့သည်ကို
အာရီယန် မွန် ရက္ခိုင်တို့၏ ယဉ်ကျေးမှုများ
ဖုံးလွှမ်းနေသော ဗမာ့ကော်ပီယဉ်ကျေးမှုများက
သက်သေတည်လျက်ရှိသည်မဟုတ်ပါလော။

အနှစ်ချုပ်လိုက်သော်-
ဗမာလူမျိုးဟူသည်မှာ ဒြာဗီဒီယန်၊အာရီယန်(ပျူ)
တိဗက်ဘားမန်းတို၊ရက္ခိုင်နဲ့ မွန် တို့နဲ့ ပေါင်းစပ်ပြီးမှ ဖြစ်တည်လာခြင်းဖြစ်သည်။
ဒြာဗီဒီယန်သွေးနဲ့အဖြူအုပ်စု(အာရီယန်၊တိဗက်)ပါသောကြောင့်ဗမာလူမျိုး၏ အသားအရောင်မှာ
မဖြူမမည်းသော အသားလတ် လူမျိုးအဖြစ်ကို
ရရှိခဲ့သည်။ဒြာဗီဒီယန်သွေးများသော ဗမာများ၏
အသားအရောင်မှာ ဘင်္ဂလီကဲ့သို့မည်းနက်နေ၍ တိဗက်နဲ့အာရီယန်သွေးများသော ဗမာများမှာ
အဖြူရောင်သန်းသော အသားအရည်ရှိသည်။
အညာဒေသရှိ ဗမာများမှာ ဘင်္ဂလီကဲ့သို့
ဒြာဗီဒီယန်သွေးများသောသူများဖြစ်သဖြင့်
အများအားဖြင့် မည်းမှောင်သော အရောင်အဆင်းရှိသည်။

ဗမာလူမျိုးဖြစ်တည်ပုံအား ဖော်မြူလာဖြင့်
ချပြလိုက်သည်။

ဒြာဗီဒီယန်+အာရီယန်+တိဗက်ဘားမန်းတို=ဗမာ

နန်းမူရာစိုး

ဗမာလူမျိုးစုဆင်းသက်လာပုံအား
အပတ်တကုတ် လေ့လာဆည်းပူးတင်ပြည်သည်။
ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်မှ
ရှေးခေတ်ဗမာ့ပုံများအား ပူတွဲတင်ပြထားသည်။

(''ဇာမထီ အာဇာနီမျိုး''စာမျက်နာမှ ကူးယူဖေါ်ပြပါ၏)

Monday, June 12, 2017

ရွှေနန်းတော်ကျောင်း ( ရွှေ ကျောင်း )

ရွှေနန်းတော်ကျောင်း (    ရွှေ    ကျောင်း    )

ရွှေ ကျောင်း  ဟု လူ သိ များ နေ သော ရွှေ  နန်း တော်   ကျောင်း သည် ကုန်း ဘောင် ခေတ် ( ၁၉ ) ရာ စု မြန် မာ မှု အ နု ပ ညာ ဗိ သု ကာ လက် ရာ စံ ပြု ကျောင်း ကြီး တစ် ကျောင်း ဖြစ် ပေ သည် ။

ရွှေ နန်း တော် ကျောင်း သည် မ န္တ လေး မြို့ ၊ အောင် မြေ သာ စံ မြို့ နယ် ၊ ဒေါ န ဘွား ရပ် ကွက် ၊ မ ဟာ အ တု လ ဝိ ဇ ယာ ရာ မ တိုက် မ ဟာ ရံ တံ တိုင်း  နှစ် ခု အ ကြား အ ရှေ့ တောင် ထောင့် တွင် တည် ရှိ ပေ သည် ။

နန်း တော် အ ဆောင် ကို ကျောင်း အ ဖြစ်  ရွှေ့ ပြောင်း ဆောက် လုပ် လှူ ဒါန်း ခဲ့ ၍ " ရွှေ နန်း တော် ကျောင်း " ဟု လည်း ကောင်း ၊ မူ လ ဘု ရင် စံ မြန်း ရာ နန်း တော်  ဆောင် ဖြစ် ခဲ့ ပြီး ၊ ကျောင်း တော် ကြီး  ၏  အ  တွင်း  အ ပြင် တစ် ခု လုံး ကို ရွှေ ပိန်း  ချ ရွှေ ရောင်  တ  ဝင်း ဝင်း တောက် ပ လျက် ရှိ သော ကြောင့် " ရွှေ ကျောင်း " ဟု လည်း ခေါ် ကြ သည် ။

ရွှေ နန်း တော် ကျောင်း သည် မြ နန်း စံေ ကျာ် ရွှေ နန်း တော် ကြီး မှ မှန် နန်း ဆောင် ၏ မြောက် ဘက် တွင် တည် ရှိ ခဲ့ သော နန်း ဆောင် တစ် ဆောင် ဖြစ် ပေ သည် ။ မ န္တ လေး ရ တ နာ ပုံ မြို့ တည် နန်း တည် ၊ ပ ဉ္စ မ သ င်္ဂါ ယ နာ တင် မင်း တုန်း မင်း တ ရား ကြီး သည် (  ၁ - ၁ဝ - ၁၈၇၈ )  နေ့ တွင် နတ် ရွာ စံ ခဲ့ ပါ သည် ။ ထီး နန်း ကို ဆက် ခံ ခဲ့ သော သား တော် သီ ပေါ မင်း  သည်  မြ  နန်း စံ ကျော် ရွှေ နန်း တော် ကြီး ပေါ် ရှိ မင်း တုန်း မင်း နတ် ရွာ စံ ခဲ့ သော နန်း ဆောင် နှင့် စ နု ဆောင် ကို ( ၁၃ - ၁ဝ - ၁၈၇၈ ) နေ့ တွင် ဖြုတ် သိမ်း ခဲ့ ပါ သည် ။ ယ ခု နေ ရာ တွင် ဘုန်း ကြီး ကျောင်း အ ဖြစ် ပြောင်း ရွှေ့ တည် ဆောက် ခဲ့ ရာ ( ၃၁ - ၁ဝ - ၁၈၇၈ ) နေ့ တွင် တည် ဆောက် ပြီး  စီး  ခဲ့  ကာ ထို ခေတ် ငွေ  ဒ င်္ဂါး  ~
၁၂ဝဝဝဝ ကျပ် ခန့် ကုန် ကျ ခဲ့ ပေ သည် ။

ရွှေ နန်း တော် ကျောင်း ကြီး မှာ အ မိုး သုံး ဆင့် ၊ လယ် ပေါ် နှစ် ထပ် ၊ စ မြင် ပါ သော ဇေ တ ဝန် ဆောင် ဖြစ် သည် ၊ ရှေး အ စဉ် အ လာ ဘုန်း ကြီး ကျောင်း များ နှင့် တည် ဆောက် ပုံ  မ တူ ပဲ ၊ စ နု ဆောင် ကို နေ ကျော် တည် ဆောက် ထား ပြီး ၊ ကျောင်း ဦး ပြ ဿဒ် နှင့် ဘော ဂ ဆောင် မ ပါ သော ကျောင်း ကြီး ဖြစ် သည် ။ ရွှေ နန်း တော် ကျောင်း ကြီး တစ် ဆောင် လုံး တွင်  အ ရှေ့  အ  နောက် တိုင် ၁၅ လုံး တန်း နှင့် တောင် မြောက် တိုင် ၁ဝ လုံး တန်း ရှိ ခြင်း ကြောင့် တိုင် ပေါင်း ၁၅ဝ တိုင် ၊ န ယား ရုပ် ထောက် တိုင် ပေါင်း  ၄၂  တိုင် နှင့်  သ  ရက်  ကင်း အုတ် လှေ ကား ၅ စင်း ဖြင့် တည် ဆောက် ထား သည် ။

ရွှေ နန်း တော် ကျောင်း ကြီး တစ် ခု လုံး တွင် မြန် မာ မှု သစ်  သား  ပန်း ပု  အ ခြေ ခံ ၊ ခြူး  ပန်း  ခြူး  နွယ်  အ  ပြောက် အ မွမ်း များ ၊ ရုပ် လုံး ရုပ် ကြွ များ ၊ ကျေး ငှက် တိ ရိ စ္ဆာန် ရုပ် များ ၊ နံ ရံ ကပ် ရုပ် ကြွ များ နှင့် ၊  အ တွင်း မာ ရ ဘင် အ ရှေ့ ပိုင်း ၊  ကွန်း  စင်  တိုင်  အ ခြေ တွင် ဇာတ် ကြီး ဆယ် ဘွဲ့ ၊  တော ထွက် ခန်း ၊ မ ဟာ  ပ ဒု မ ဇာတ် ၊ ဥ တေ န ဇာတ် တော် များ ကို စိတ် ဝင် စား ဖွယ် ရာ မြောက် များ စွာ ၊ အ နု စိတ် ထု လုပ် တပ် ဆင် ထား ပါ သည် ။

ရွှေ နန်း တော် ကျောင်း ၏ အ တွင်း ပိုင်း မာ ရ ဘင် ၏ အ ရှေ့ ဘက် ရှိ ပ လ္လင် ပေါ် တွင် မင်း တုန်း မင်း ကြီး  ကိုး ကွယ် ခဲ့ သော မ ဟာ ဗော ဓိ လ က်ျာ တောင် ကိုင်း သား အား ပြာ ချ သာ ရိုး ကိုင် ထု လုပ် ထား သော မံ ဆင်း တု ရုပ် တော် ကြီး  တစ် ဆူ ကို  လည်း ကြည် ညို  ဖွယ်  ရာ  ဖူး မြင် နိုင် ပေ သည် ။

ရွှေ နန်း တော် ကျောင်း ကြီး သည် ဒု တိ ယ က မ္ဘာ စစ် အ တွင်း က စစ် ဘေး စစ် ရန် အ ပျက် အ စီး ဒဏ် မှ ကင်း လွတ် ခဲ့ သော မြ နန်း စံ ကျော် ရွှေ နန်း တော် ကြီး ၏ မူ လ လက် ရာ နန်း တော် သာ သ နိ က အ ဆောက် အ အုံ တစ် ခု ဖြစ် ပေ သည် ။

History of Shwe Nandaw Kyaung

This monastery is known as Shwe Nandaw Kyaung or Golden place monastery. It is commonly called as the Shwe Kyaung ( Golden Monastery), since the whole building was heavily gilded.

This monastery had originally been part of the palace complex of Amarapura, and was shifted to Mandalay to become the Royal apartment of King Mindon. The bed chamber of King Mindon has  been used as the part of it. It was in that chamber King Mindon breathed his last after the prolonged illness. King Thibaw who succeeded his father King Mindon had it dismantled after the death of his on 1st October 1878 : and with the materials mainly obtained from it he built this monastery  a cost of cirea Kyats 120000. When the construction of the building was completed on 18 th November 1883 he dedicated it to the Buddhist. Order as a monastery on 31st October in the same year.

This monastery has neither a paya - Saung ( Buddha Image Shrine Room ) nor a baw - ga  Saung ( Store Room ). The whole building was heavily gilt and adorned with glass mosaic and exquiste wood carvings. The building has considerable deteriorated but the carvings within it, especially the Ten Great Jataka scenses remain well preserved.

On the outer walls can still be seen the mythical animals, dancing figures and floral design carved in bold relief. Shwe Nandaw Kyaung is famous because it is only place building which left from the World War II destruction in which the Royal place was burnt down in March 1945, and also the 19th century typical Myanmar Traditional Wood- Carvings.

credit Myanmar Royal Society