ဦးသန့် (၁၉၀၉ - ၁၉၇၄)
ဦးသန့်သည် ဧရာဝတီတိုင်း ၊ ပန်းတနော် ဇာတိ ဖြစ်ပြီး ၁၉၀၉ ခုနှစ် ၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ မှ ၁၉၇၁ အထိ ထမ်းဆောင်ခဲ့သည်။
၁၉၇၄ ခုနှစ် နိုဝင်ဘာ (၂၅) ရက်နေ့တွင် နယူးယောက်မြို့၌ အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ရုပ်ကလပ်ကို ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကန်တော်မင်ပန်းခြံအနီးတွင် ဂူသွင်းင်္သဂြိုဟ်ခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ စုဘုရားလတ်၊ ဒေါ်ခင်ကြည် တို့၏ အုတ်ဂူများနှင့်အတူ တည်ရှိသည်။
ဦးသန့်  ( ၁၉၀၉-၁၉၇၄ ) သည် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ ချုပ် ၏ အထွေထွေအတွင်းရေးမှူး (General secretary of UN ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပထမဦးဆုံး အာရှတိုက်သား မြန်မာလူမျိုးဖြစ်သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ မှ ၁၉၇၂ ခုနှစ် ဇန်န၀ါရီ ၁ရက်နေ့  အထိ အထွေထွေအတွင်းရေးမှူး ရာထူးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။
ထိုရာထူးသည် ကမ္ဘာ့  အမြင့်ဆုံး ရာထူး ဟုသတ်မှတ်နိုင်သလို တာဝန်အကြီးမားဆုံး ရာထူးလည်းဖြစ်ပေသည်။ ကမ္ဘာ့ နေရာ အရပ်ရပ်တွင် ရင်ဆိုင်ကြုံတွေ့ နေရသော ပြဿနာပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းရသည့် စီမံကွပ်ကဲရေး တာဝန်ပင်ဖြစ်ပေသည်။ UN ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူး ဆွီဒင် နိုင်ငံသား ဒက်ဟန်းမားရှိုး ကွယ်လွန်ခဲ့ပြီးနောက် တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ရန် တခဲနက် ထောက်ခံမဲ အပြည့် ရရှိခဲ့သူမှာ ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံကိုယ်စားလှယ် ဦးသန့် ပင်ဖြစ်ပါသည်။
Cretry>>Tin Maung Hlaing
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဦးသန့်၏ ဘ၀ပုံရိပ် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~
ဦးသန့်- လို့ဆိုလိုက်တာနဲ့ အလယ်တန်း ကမ္ဘာ့သမိုင်းဖတ်စာထဲက သင်ခန်းစာလေးတစ် ခုကို အမှတ်ရမိပါတယ်။ အဲ့ဒီအချိန်လောက်ကစပြီး ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ ကျွန်တော်တို့ စတင်မိတ်ဆက်ခွင့်ရခဲ့ကြပြီး ဒီလိုအဖွဲ့အစည်း ကြီးရဲ့ အမြင့်ဆုံးနေရာက နေ တာဝန်တွေကိုထမ်းဆောင်ခဲ့လို့ ကျွန်တော်တို့မြ န်မာနိုင်ငံအတွက် ဂုဏ်ပြုစံတင်ထား ရလောက်တဲ့ “ဦးသန့်” ဆိုတဲ့အမည်နဲ့ ကျွမ်းဝင်ခဲ့ကြဖူးပါတယ်။ ဦးသန့်ရဲ့အကြော င်းကို သေသေချာချာ သိတဲ့သူတွေထဲမှာ လူငယ်ပိုင်းက အတော်ကို နည်းပါတယ်။ဒါကြောင့်...ဦးသန့်ရဲ့လေးစားအတုယူစရာ ကောင်းလောက်တဲ့ လုပ်ဆောင်ချက်တွေ၊ ဖြောင့်မတ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေ အပါဝင် အတ္ထုပ္ပတ္တိ အကျဉ်းကိုပါ ဖော်ပြလိုက်ပါတယ်။
ငယ်စဉ်ဘဝ (Biography)
ဦးသန့်ကို ဖခင်ဦးဖိုးနှစ် နဲ့ မိခင်ဒေါ်နန်းသော င်တို့က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာမွေးဖွားခဲ့သည်။ ပန်းတနော်ဇာတိဖြ စ်တဲ့အတွက် နောင်အခါမှာ ဦးသန့်ကို “ပန်းတနော်ဦးသန့်” လို့ခေါ်ခဲ့ကြသည်။ ဦးသန့်မိဘတွေသည်မြေပိုင်ရှင်၊ ဆန်ကုန်သည်တွေဖြ စ်ကြပြီး၊ ဖခင်ဦးဖိုးနှစ် သည် ရန်ကုန်မြို့မှာ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။ ဖခင်ကွယ်လွန်စဉ် တုန်းက ဦးသန့်သည် အသက်၁၄နှစ်သား သာရှိသေးသည်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေေ ကြာင့် မိခင်ဒေါ်နန်းသော င်နဲ့ ကလေး၎ယောက်မှာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ ရင်ဆိုင်ခဲ့ရသည်။ ဦးသန့်သည် ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို ဆက်၍သင်ယူခဲ့သည်။ ယင်းနောက် ပန်းတနော် အမျိုးသားကျောင်းမှာ ကျောင်းဆရာ စလုပ်ခဲ့ပြီး၊ အသက်၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟော င်း) ဦးနု နဲ့ ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်သည်။ ဦးသန့်၏ ပထမဆုံးစာမူမှာ အင်္ဂလိပ်လို ရေးသားထားသည့် စာမူဖြစ်ပြီး အသက် ၁၅နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ် အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန် ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် စသည့် ကလောင်ခွဲတွေနှင့် ရေးသားခဲ့သည်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန် ချက်တွေကို ရေးသားသည့် အခါ သူ့ရဲ့ အယူအဆတွေကို ပွင့်ပွင့် လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူ အဆ တွေကလည်း ခေတ်မီတာကို တွေ့မြင်ရသည်။
ပြည်သူ့ဝန်ထမ်းဘဝ
လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ ဦးနုဝန်ကြီးချု ပ်ဖြစ်လာတဲ့အခါ ဦးသန့်ကိုရန်ကု န်ကိုခေါ်ပြီး ၁၉၄၈ခုနှစ်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ အဲ့ဒီနောက် ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာနအ တွင်းဝန် ဖြစ်လာခဲ့သည်။ ၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ၀န်ကြိးချုပ်၏ အတွင်းရေးမှူးအြ ဖစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းတွေ ရေးသားပေးခြင်း၊ နိုင်ငံခြားခရီး စဉ်တွေ စီစဉ်ပေးခြင်း၊ နိုင်ငံခြား ဧည့်သည်တော်တွေက လက်ခံတွေ့ဆုံပေးခြင်း- စသည့်ကိစ္စများကိ ဆောင်ရွက်ပေးယင်း ဦးနု၏ ယုံကြည်မှုကို ရခဲ့သည်။ နိုင်ငံတကာ conference အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။
အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင် ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီး New York ကိုစေလွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်သည် မြန်မာနိုင်ငံရဲ့  ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သာမက တစ်ချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စု စည်သူ သင်္ဂဟ ပြန်တမ်း” အရ “မဟာ-သရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့သည်။
ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံး ရရှိခဲ့တဲ့သူဖြစ်သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စတင်ပြီး အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဂ်ဟမ်းမားရှိုးလ်ဒ် (Dag Hammarskjold) ရဲ့ မကုန်ဆုံးသေးတဲ့ သက်တမ်းကို ဖြည့်ဆည်းဖို့ အထွေထွေ ညီလာခံမှာ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ ယာယီ-အထွေထွေ အတွင်းရေးမှူးအြ ဖစ် ခန့်အပ်ခံရသည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းအထိ ခန့်အပ်ခြင်း ခံခဲ့ရသည်။ သူ့၏ ပထမသက်တမ်းအတွင်းမှာ ဦးသန့်ဟာ ကျူးဘား ဒုံးပျံပြဿနာ (Cuban Missile Crisis) ကိုဖြေရှင်းရာမှာ ပါဝင်စ့စပ်ပေးပြီး ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးအောင်ကိ င်တွယ်ဖြေရှင်း ပေးနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံခဲ့ရသည်။
၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် သူ အငြိမ်စားယူမယ့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ ဒုတိယသက်တမ်းအတွ င်းမှာ ဦးသန့်သည် အလုပ်တွေအများကြီးလုပ်ခဲ့သည်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကို အာရှနဲ့ အာဖရိက နိုင်ငံတော်တော်များများ ဝင်ရောက်နိုင်ရေးကိစ္စ၊ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကိစ္စ၊ ၁၉၆၂ ခုနှစ်မှာ ယီမင်အရေးနဲ့ ၁၉၆၈ ခုနှစ်မှာ ဘာရိန်းအရေး ကိစ္စ၊ ၁၉၆၇ ခုနှစ်မှာ အာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) နဲ့ ချက်ကိုစလို-ဗက် ကီးယားကို ဆိုဗီယက် ကျူးကျော်မှု အရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမည့် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲ စတာတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ် အမေရိကန် - ဆိုဗီယက် စစ်အေး တိုက်ပွဲမှာတုန်းက သမ္မတနှစ်ဦး အကြား ဦးသန့်က “တတိယ ဘာသာ စကားအသစ်” ကိုအသုံးချ၊ “တွေ့ဆုံ အဖြေရှာရေး”ကို အခြေခံပြီး စေ့စပ် ဆောင်ရွက်ပေးခဲ့ သည့် အတွက် ဆိုဗီယက်တို့က ဒုံးကျည်စခန်းတွေကို ရုပ်သိမ်းသွားပြီး အမေရိကန်တွေက ကျူးဘားကို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့ သည်။
ဒီအရေးအခင်း အားလုံးမှာ ငြိမ်းချမ်းရေးက ထိပါးစေနိုင်သည့် အပြင် စစ်ဖြစ်ကြမယ့် အရိပ် လက္ခဏာတွေဖြစ်ပြီး၊ ဦးသန့်၏ လိမ္မာ ပါးနပ်စွာ ကြားဝင် စေ့စပ် ပေးမှု တို့ကြောင့်သာ စစ်ကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ အောက်စဖို့ဒ် တက္ကသိုလ်က ၂ဝ-ရာစု၏ အထင်ကရ ပုဂ္ဂိုလ်များ အကြောင်း စုစည်း ထုတ်ဝေထားသည့် Who’s Who in the 20th Century စာအုပ်မှာ ဦးသန့်၏- အကြောင်း ပါဝင်ပြီး၊ နိုင်ငံတကာ အရေး အခင်းတွေကို မတုန်လှုပ်စေဘဲ တည်တည် ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့ သူ ဖြစ်တယ်လို့ အတ္ထုပ္ပတ္တိ အကျဉ်းရဲ့ အစမှာ ဆိုထားသည်။
ဦးသန့်သည် UFO ယာဉ်ပျံတွေကိစ္စန ပတ်သက်ပြီး စိတ်ဝင်တစားလေ့လာခဲ့သသည်။ ၁၉၆၇ ခုနှစ်မှာ အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာ James E. McDonald ကို UFO နဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ စကားပြောနိုင်ဖိ စီစဉ်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ဦးသန့်က သူဟာ ဘယ်အကြောင်းပြချက်နဲ့မှ တတိယသက်တမ်း အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာမှာ ဆက်ခံမယ့်သူကို သီတင်းပတ်ပေါင်းများစွာ အပူတပြင်း လိုက်ရှာခဲ့သည်။ နောက်ဆုံး ကွတ်ရ်ထ် ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldheim) ကို ရွေးချယ်လိုက်သည်။ ဦးသန့်က သူ့နောက်ဆုံး တာဝန်သက်တမ်းမကုန်ဆုံးမီ ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်ဝတ္တရားတွေအားလုံး လွှဲပြောင်းပေးခဲ့ သည်။ ဦးသန့်အငြိမ်းစားယူသွားတာနဲ့ ပတ်သက်ပြီး New York Times သတင်းစာရဲ့ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ အယ်ဒီတာ့အာဘော်မှာလည်း The Liberation of U Thant ဆိုတဲ့ခေါင်းစဉ်နဲ့ တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့သည်။ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ဦးသန့်သည် Palisade နဲ့ Douglas Avenues လမ်းကြား၊ ၂၃၂ လမ်းအနီးမှာရှိတဲ့ ၄.၇၅ ဧကလောက်ကျယ်တဲ့ Riverdale, Bronx ခြံမှာ နေထိုင်ခဲ့သည်။
နောက်ဆုံးနေ့ရက်နှင့် မိသားစု
၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဦးသန့်သည် အဆုတ်ကင်ဆာ ရောဂါနှင့် New York မှာပဲ ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ဆန္ဒအရ သူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်သို့ ပြန်ပို့ပေးခြဲ့ ကသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဦးသန့်ရုပ်အလောင်းကို မြေမချခင် အများပြည်သူ နောက်ဆုံးဂါရဝ ပြုနိုင်ဖို့အတွ က် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြသထားခဲ့သည်။
ဒီဇင်ဘာလ (၅)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင် ကြံတော သင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ် မည်ဖြစ်ကြောင်း အသိပေးကြေညာ ချက်နှင့် ပတ်သပ်ပြီး၊ နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်တစ်ဦးဖြ စ်သူ ဦးသန့်၏ ရုပ်ကလာပ်အား နိုင်ငံတော် ဈာပနအဖြစ် သတ်မှတ်၍ အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဟု မျှော်လင့်ထားသော ပြည်သူ လူထုသည် ယင်းကဲ့သို့ အသိပေးကြေညာချက် ကြောင့် မကျေမနပ် ဖြစ်ခဲ့ကြလေသည်။
၎င်းနောက် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူများသည ဈာပနကော်မတီများ ဖွဲ့စည်းပြီး နောက်ဆုံး ဂါရ၀ပြုခြင်း၊ အသုဘ လိုက်လံပို့ဆောင်ရန် စီစဉ်ခြင်းများ ပြုလုပ်ကြလေသည်။ ထိုသို့ စီစဉ် ပြီးနောက် ကျိုက္ကဆံကွင်းသို့ သွားရောက်ရန် ကားများ သွားရောက် ငှားရမ်းရာတွင် ကျောင်းသား ကျောင်းသူများအား ကားများ ငှားရမ်း ပို့ဆောင်ခြင်းမ ပြုရန် သက်ဆိုင်ရာမှ ကြိုတင် ပိတ်ပင်ထားခဲ့ကြသည်။ ထို့ကြောင့် ကျောင်းသားများသည် ရန်ကုန်ဝိဇ္ဇာနှင သိပ္ပံတက္ကသိုလ်တွင် စုရပ်အဖြစ် စုံရုံး၍ ကျိုက္ကဆံကွင်းအား ခြေလျင်ချီတက်ရန ဆုံးဖြတ်ခဲ့ကြသည်။ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စုရပ်အဖြစ် သတ်မှတ်ထားသော ရန်ကုန်ဝိဇ္ဇာနှင သိပ္ပံတက္ကသိုလ်သို့ တက္ကသိုလ်ကျောင်းပေါင်းစုံမှ တဖွဲဖွဲရောက်ရှိလာကြပြီး ရောက်ရှိလာသော ကျောင်းသားများအား အရင်ရောက်နှင့်ြ ပီးသော ကျောင်းသားများက လက်ခုပ် လက်ဝါးတီးကာ သောင်းသောင်းဖြ ဖ ကြိုဆိုခဲ့ကြလေသည်။ ယခုကဲ့သို့ ကျောင်းသားထုကြီး စုရုံးမိခြင်းသည တော်လှန်ရေးကောင်စီ အစိုးရ၏ ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇)နေ့တွင် မြန်မာပြည် လွတ်လပ်ရေး မော်ကွန်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးပြီး ရာပေါင်းများစွာ သော ကျောင်းသားစုစည်းမှုကို လက်နက်အားကိုးဖြင့် ဖြိုခွဲ ဖျက်ဆီး သတ်ဖြတ်ခဲ့ပြီး နောင် ၁၂ နှစ်ကျော်ကာလ နောက်ပိုင်းတွင် ပထမဦးဆုံး အကြိမ် ပြန်လည်ပေါင်းစည်း စုရုံးမိသော နေ့တစ်နေ့ဖြစ်သည်။ ကျောင်းသားနှင့် ပြည်သူတချို့က ဦးသန့် ရုပ်အလောင်းကို တသီးတသန့် မြှုပ်နှံဖို့ဆိုပြီး လုယူခဲ့ကြပြီး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နေရာဟောင်းမှာ မြှုပ်နှံ သဂြိုလ်လိုက်ကြသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အတွင်း ကျောင်းသားတွေကပင် ယာယီဦးသန့်ဗိမ္မာန် ပြုလုပ်လိုက်ကြသည်။ အဲ့ဒီကစ၍ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် လင်းအားကြီးချိန်မှာ အစိုးရက ကျောင်းဝင်းထဲ ဝင်ရောက်ပြီး ဦးသန့် ရုပ်အလောင်းကို ပြန်လည် ယူဆောင်သွားခဲ့သည်။ နောက်ဆုံး ဦးသန့် ရုပ်အလောင်းကို ရွှေတိဂုံ စေတီတော် ခြေတော်ရင်း ယခုလက်ရှိ နေရာတွင် မြှုပ်နှံပေးလို က်သည်။ ထိုလူထု အုံကြွမှုသည် “ဦးသန့်အရေးအခင်း” ပင် ဖြစ်သည်။
ဦးသန့်သည် ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ် ခဲ့ပြီး သမီးတစ်ဦး (သား- ဖြစ်သူမှာ ဦးသန့် အတွင်းရေးမှုးအမှု့ထမ်းစဉ် သေဆုံးကြောင်း အချို့ မှတ်တမ်းများ ဖော်ပြသည်)၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျားဖြစ်တဲ့ ဦးသန်းမြင့်ဟာ သမိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး၊ ကုလသမဂ္ဂ နိုင်ငံရေးဆိုင် ရာဌာနမှာ ဝါရင့် ဝန်ထမ်းတစ်းဦြး ဖစ်သည်။ The River of Lost Footsteps စာအုပ်ကိုလည်း ဦးသန်းမြင့်က ရေးသား ထုတ်ဝေခဲ့သည်။
Posted by phyo zaw
ဦးနုပြောတဲ့ ဦးသန့် (သို့မဟုတ်) ကုလအတွင်းရေးမှူးချုပ် ဦးသန့်ကို အတုယူပါ
================
မျိုးသန့်ထွန်း (စစ်ကိုင်း)
ကမ္ဘာ့လူပုဂ္ဂိုလ်တိုင်းဟာ ကိုယ့်နိုင်ငံကောင်းကျိုးသာမက တစ်ကမ္ဘာလုံးကိုတောင် ကောင်းကျိုးပြုသွားခဲ့သူများ ရှိပါသည်။ ထိုပုဂ္ဂိုလ်များထဲမှာ တစ်ဦးဟာ မြန်မာနိုင်ငံသား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ပင်ဖြစ်သည်။ ဦးသန့်ကို တစ်ကမ္ဘာလုံးက လေးစားချီးကျူးရသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ် ပြုခဲ့ကြပေသည်။ ထိုသို့ ချီးကျူးဂုဏ်ပြုကြသူများအထဲမှာ သူ့ရဲ့ ကျေးဇူးရှင်လည်းဖြစ်၊ မိတ်ဆွေသူငယ်ချင်းလည်း ဖြစ်ခဲ့တဲ့ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုလည်း ပါဝင်ခဲ့ပါသည်။ အဲဒီအချိန်က ဦးနုဟာ နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်ခဲ့ပါသည်။
ဦးသန့်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဆုံး ဝန်ကြီးချုပ်ဦးနုနဲ့အတူ ၁၉၂၉ ခုနှစ်လောက်က ပန်းတနော်မြို့ အမျိုးသားအထက်တန်းကျောင်းမှာ ကျောင်းဆရာအဖြစ် အတူတူ လုပ်ကိုင်ခဲ့ကြသည်။ ပန်းတနော်သား ဦးသန့်ဟာ အသက်အား ဖြင့် ဦးနုထက် နှစ်နှစ်ငယ်ပါသည်။ သူတို့ နှစ်ဦးဟာ အဲဒီအချိန်ကတည်းက တစ်ဦးအကြောင်းတစ်ဦး သိခဲ့ကြပါသည်။ ထို့ကြောင့် စာရေး ဝါသနာပါသော၊ စာအလွန်ဖတ်သော ဦးသန့်ကို နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုက အစိုးရ ပြန်ကြားရေးဌာနမှာ ဒုညွှန်ကြားရေးဝန်အဖြစ် တိုက်ရိုက်ခန့်ခဲ့ပြီး နောက်ပိုင်းတွင် အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ၁၉၅၇ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းသံအမတ်ကြီး ဘဝသို့ ရောက်ရှိခဲ့သည်။ ထိုမှ ၁၉၆၁ ခု နိုဝင်ဘာလတွင် ကုလသမဂ္ဂ အတွင်းဝန်ချုပ်အဖြစ် ရွေးချယ်ခဲ့ကြသည်။ ဦးသန့် အကြောင်း အနည်းငယ်တင်ပြရလျှင် ဦးသန့်သည် စာအလွန်ဖတ်သူပီပီ ''မြန်မာနိုင်ငံ စီးပွားရေး စစ်တမ်း''ကို ညလုံးပေါက်ဖတ်ခဲ့သူဟု သိရသည်။ ထို့ပြင် (၁၉၅၄-၅၈)ခုလောက်က ဦးသန့်ရေးသည့် ''ပြည်တော်သာခရီး'' ကျမ်းစာအုပ်သည် မြန်မာနိုင်ငံ အမျိုးသားရေးသမိုင်းအတွက် တစ်ထောင့်တစ်နေရာ၌ အလွန်သုံးဝင်ခဲ့သော စာအုပ်ဖြစ်ခဲ့သည်။ ထိုစာအုပ်ကို (ပထမပိုင်း၊ ဒုတိယပိုင်း၊ တတိယ ပိုင်း) မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းမှ ၁၉၆၁ ခုလောက်က ထုတ်ဝေခဲ့ဖူးသည်။ ¤င်းစာအုပ်ကို အဲဒီအချိန်က နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနု၏ တိုက်တွန်းချက်ကြောင့် အလုပ်များသည့်ကြားက ရေးသားပြုစုနိုင်ခဲ့ပေသည်။ ဆရာကြီး ဦးသော်ကောင်းနှင့် မောင်ဇေယျာတို့ စီစဉ်သော''ဦးသန့် လက်ရွေးစင်စာများ (၂ဝဝ၉)'' စာအုပ်မှာလည်း ဦးသန့် လက်ရွေးစင် ဆောင်း ပါးများဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသားပညာ ရေးအတွက်သာမက လူတိုင်းဖတ်သင့်သော၊ မှတ်သားသင့်သော စာအုပ်ကောင်းတစ်အုပ် လို့ ညွှန်လိုက်ရပါသည်။ ဦးနုနဲ့ ဦးသန့်တို့ သည် စာရေးစာဖတ် အလွန် ဝါသနာချင်း တူညီကြပါသည်။
၁၉၆၁ ခု နိုဝင်ဘာလ ၅ ရက်က ရန်ကုန်မြို့ ကန်တော်ကြီးရှိ ပြည်ထောင်စု ကလပ်တွင် ပန်းတနော် ကျောင်းသူ ကျောင်းသားများက ဆရာဟောင်းများကို ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပခဲ့ ကြသည်။ ထိုအခမ်းအနားမှာ ဆရာဟောင်း ဖြစ်သည့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကကျောင်းသား ကျောင်းသူ ဟောင်းများကို ဆုံးမ သြဝါဒပေးခဲ့သည်။ ဝန်ကြီးချုပ်ဦးနုက သြဝါဒပေးရာတွင်-- ''တပည့်တို့ ယခုခေတ် ဘယ်နေရာ မှာပဲကြည့်ကြည့် ကျေးဇူးသိတတ်သူက ရှားတယ်။ ကျေးဇူးသိတတ်သူတွေဟာ တိုး တက်ကြီးပွားနေကြတယ်'' လို့ ဦးသန့်ကို ရည်ရွယ်ပြောခဲ့သည်။ ထို့နောက် ဆရာတပည့် ဆက်ဆံရေးအတွက် ပြောကြားရာ ''ငယ်စဉ်က ဆရာတို့ရဲ့ ရိုက်နှက်ဆုံးမမှုတွေလည်း အာဃာတ မထားကြဖို့ လိုတယ်၊ အာဃာတတရားဟာ သံသရာအထိ လိုက် ဒုက္ခပေးတတ်တယ်'' လို့ ဆိုပါ၏။
ဝန်ကြီးချုပ်ဦးနုက ဦးသန့် နည်းကို ယူပါတဲ့။ ''ကျောင်းသူ ကျောင်းသားတွေဟာ ကနေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တင်မြှောက်ခံရတဲ့ ဦးသန့်ကိုအတုခိုး နည်းယူတတ်ဖို့လိုကြောင်း- ဦးသန့် ဟာ ပန်းတနော်သား ဆရာကောင်းတစ်ဦး လည်းဖြစ်တယ်။ ဦးသန့်ဟာ ငယ်ငယ်တုန်း က ထည်ထည်ဝါဝါ ကျောင်းမနေခဲ့ရဘူး။ ဒါပေမဲ့ သူ့ရဲ့ လုံ့လဝီရိယကြောင့် ဒီကနေ့ ရခဲ့တဲ့ ရာထူး (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်)ကို ရတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဒီနိုင်ငံရဲ့လူထုက ကြည်ညိုမှုရရင် ဝန်ကြီးချုပ်ဖြစ်ဖို့ လွယ်သလောက် ကုလသမဂ္ဂမှာ အတွင်းဝန်ချုပ်ဖြစ်ဖို့ မလွယ်ဘူး။ ဘာကြောင့်လဲဆိုရင် တစ်ကမ္ဘာလုံးက ကြည်ညိုမှ ဒီရာထူးရနိုင်တာမို့ပဲ'' အဲဒီအချိန်က ကမ္ဘာ့နိုင်ငံရေး အခြေအနေကို ပြောခဲ့တာက ''ကနေ့ ကမ္ဘာမှာ အရှေ့အနောက် အုပ်စု၊ အနောက် အုပ်စု၊ ကြားနေအုပ်စု ဆိုတဲ့ အုပ်စုတွေဟာ ကြက်ခေါင်းဆိတ် မခံကြဘူး။ အားလုံး ကမ္ဘာ့ဗိုလ်တွေချည်းပဲ။ ဒီအထဲမှာ ဦးသန့်ဟာ ဗိုလ်တွေထဲမှာ အားလုံးအားလုံးအကြိုက်ဖြစ်နေတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဂုဏ်ယူရမယ်'' လို့ ပြောပြီး ဦး သန့် စိတ်ဓာတ် ဆက်ပြောတာက- ''ဦးသန့် ဟာ သည်းခံမှုမှုရှိတယ်။ စကားတောင် ကြမ်းကြမ်းတမ်းတမ်း မပြောဘူး။ လုံ့လ ဝီရိယလည်း ရှိတယ်''လို့ ပြောခဲ့သည်။
နောက်တစ်ခါ ဦးနုက ဦးသန့်ဟာ ဘွဲ့ရသူတွေထက်တော်ကြောင်းကို ပြော ကြားရာတွင် ''ဦးသန့်ဟာ ကနေ့အထိ ဘီအေ မအောင်ပေမယ့် သူ့ရဲ့ လုံ့လဝီရိယကြောင့် ဘီအေ အောင်သူတွေထက် တော်နေလို့ ကမ္ဘာ့နိုင်ငံတွေက ဦးသန့်ကို တကယ် ကြီး ကျယ်တဲ့ တက္ကသိုလ်ကြီးတွေက ဘွဲ့ထူးကြီး တွေ ရထားတယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကနေ့ ကမ္ဘာ့နိုင်ငံပေါင်း ၁ဝ၄ နိုင်ငံတို့ (၁၉၆၁ ခုက ကမ္ဘာ့ ကုလသမဂ္ဂ မှာ နိုင်ငံပေါင်းကို ဆိုလိုသည်) က သဘော ကွဲလွဲခြင်း မရှိဘဲ တင်မြှောက်ခြင်း ခံရတာ ပဲဖြစ်တယ်။ ဒါကြောင့် တပည့်တို့ဟာ ဦးသန့် ကို နည်းယူအတုခိုးပြီး ဦးသန့်လို ကြိုးစား ကြပါလို့'' တိုက်တွန်း ပြောကြားသွားပုံကို ကြည့်ခြင်းအားဖြင့် ဝန်ကြီးချုပ်ဦးနုက ဦးသန့် လိုဖြစ်အောင် ကြိုးစားကြ။ နိုင်ငံတစ်နိုင်ငံမှာ သမ္မတ၊ ဝန်ကြီးချုပ်ဖြစ်ဖို့က လွယ်သော် လည်း ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ဖြစ်ရခြင်း မှာ ကြိုးစားမှု၊ သည်းခံတတ်မှု၊ ဝီရိယရှိမှုတို့ လိုအပ်ကြောင်း၊ လူငယ်များ၊ အထူးသဖြင့် ကျောင်းသူ ကျောင်းသားများ အထူး မှတ် သားသင့်ကြောင်း၊ နောင်တစ်ချိန်မှာ ဦးသန့် လိုလူမျိုး မြန်မာနိုင်ငံမှာ ထပ်မံပေါ်ပေါက် လာစေဖို့ တိုက်တွန်း ရေးသားလိုက်ရပါ သည်။
မျိုးသန့်ထွန်း(စစ်ကိုင်း)
၁၅-၁၂-၂ဝ၁၆
စာကိုး ၁။ သူတို့မြင်သောဦးသန့်။ ရွှေဥဒေါင်းနှင့် အခြား--- (ဒု-ကြိမ်) ရန်ကုန်၊ နှစ်ကာလ များစာပေ၊ ၂ဝဝ၎
၂။ လက်ရွေးစင်စာများ။ ဦးသန့်။ ဂန့်ဂေါ် မြိုင်စာပေ၊ ရန်ကုန်၊ ၂ဝဝ၉။
၃။ ပြည်တော်သာခရီး (ပ၊ ဒု၊ တ) ။မြန်မာ နိုင်ငံဘာသာပြန်စာပေအသင်း။ ၁၉၆ဝ-၆၁။
The Speaker News Journal အတွဲ ၁၊ အမှတ် ၅
(၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၂-၂၈)
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ဦးသန့်(U Thant)
**************
ဦးသန့်ကိုကမ္ဘာကဘာကြောင့်သိကြသလဲ။သူဟာတတိယမြောက်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ထမ်းဆောင်စဉ်ကာလ(၁၉၆၂
-၁၉၇၁)ခုနှစ်တွေမှာသူ့ရဲ့သံတမန်ရေးရာကျွမ်းကျင်မှု၊ကမ္ဘာ့အရေး
အခင်းကြီးတွေဖြစ်ကြတဲ့ကျူးဘားအရေးအခင်၊ကွန်ဂိုနိုင်ငံအရေး
အခင်းတွေကိုငြိမ်းချမ်းစွာဖြေရှင်းပေးခဲ့လို့ပါ။
ဦးသန့်ကို၁၉၀၉ခုနှစ်ဇန်နဝါရီလ၂၂ရက်နေ့ကပန်းတနော်မြို့မှာမွေး
ဖွားခဲ့ပါတယ်။သားလေးယောက်မှာအကြီးဆုံးဖြစ်ပါတယ်။သူ့အဖေ
ဟာပညာတတ်တစ်ယောက်ဖြစ်ပြီး၊ငွေကြေးအတော်အတန်ချမ်းသာ
တဲ့ကုန်သည်တစ်ယောက်လည်းဖြစ်ပါတယ်။သူ့အဖေကပညာရေး
ကိုအရမ်းအားပေးတယ်။ဦးသန့်ဟာငယ်စဉ်ကတည့်းကစာဖတ်တာ
အရမ့်းဝါသနာပါတယ်။စာဖတ်တာဗဟုသုတကြွယ်ဝပြီးစကားလဲပြော
ကောင်းတယ်။သူငယ်ချင်းတွေကသူ့ကိုအတွေးအခေါ်ပညာရှင်လို့ခေါ်
ကြတယ်။
ဦးသန့်ဟာကြီးလာရင်သတင်းစာဂျာနယ်သမားဖြစ်ချင်လို့ငယ်စဉ်က
တည်းကမဂ္ဂဇင်းဂျာနယ်တွေကိုဆောင်းပါးတွေရေးပြီးပ်ို့လေ့ရှိတယ်။
သူ၁၄နှစ်သားအရွယ်မှာသူ့အဖေဆုံးသွားတယ်။ဦးသန့်ဟာ၁၉၂၆ခု
နှစ်တွင်၁၀တန်းအောင်ပြီး၁၉၂၈ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှဥပစာ
တန်းအောင်မြင်တယ်။
၁၉၃၀ပြည့်နှစ်မတ်လ၂၈ရက်နေ့တွင်အထက်တန်းဆရာအဖြစ်လက်
မှတ်ရစာမေးပွဲ၌တပြည်လုံးမှာပထမရခဲ့တယ်။ပန်းတနော်မြို့သို့ပြန်
လာပြီးအထက်တန်းဆရာလုပ်တယ်။၃နှစ်ကြာတော့အဲဒီကျောင်းရဲ့
ကျောင်းအုပ်ဆရာကြီးဖြစ်လာခဲ့တယ်။ဦးသန့်ဟာအင်္ဂလိပ်အရေးအ
သားနှင့်စကားပြောတွေအရမ်းကောင်းတယ်။အထက်တန်းကျောင့်းမှာ
အင်္ဂလိပ်စာက်ုကျွမ်းကျွမ်းကျင်ကျင်တတ်ချင်တော့၊ဘာလုပ်သလဲသိ
လား။အိမ်နီးချင်းတွေဆီကအင်္ဂလိပ်စာအဟောင်းတွေလိုက်လံတောင်း
တယ်။သတင်းစာဟောင်းတွေကိုညနက်သန်းခေါင်အထိနေ့စဉ်ဖတ်
တယ်။
၁၉၃၀ပြည့်နှစ်မှာမြန်မာနိုင်ငံမှာဗြိတိသျှအစိုးရအုပ်ချုပ်မှုအောက်ကလွတ်
မြောက်ဖ်ို့လွတ်လပ်ရေးတောင်းဆိုမှုတွေပေါ်ပေါက်လာခဲ့တယ်။ဦးသန့်
ဟာငြိမ်းချမ်းရေးသမားမို့ဆန္ဒပြပွဲနေရာမှာဦးဆောင်သူနေရာကမပါပဲနဲ့
နောက်လိုက်အဖြစ်ပါဝင်ခဲ့သည်။၁၉၄၂ခုနှစ်မှာဂျပန်ခေါတ်၌ဂျပန်စစ်တပ်
ကကျောင်းတွေမှာဂျပန်ဘာသာကိုမသင်မနေရပြဋ္ဌာန်းဥပဒေထုတ်တာကို
ကန်ကွက်ဆန္ဒပြခဲ့သည်။
၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီးဦးနုဟာဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။အသစ်
စတင်ဖွဲ့စည်းတဲ့မြန်မာအစိုးရဟာအုပ်ချုပ်ရေးအတွက်ပညာတတ်တွေလိုလာတယ်။ဦးနုကရန်ကုန်တက္ကသိုလ်တုန်းကသူ့သူငယ်ချင့်းလဲဖြစ်ခဲ့ပြီးစာပေပညာမှာတော်တဲ့ဦးသန့်က်ုအုပ်ချုပ်ရေးပိုင်းမှာဝင်လုပ်ဖို့ကမ်းလှမ်းပါ
တယ်။ဦးသန့်ဟာလက်ခံခဲ့တယ်။လွန်လပ်ရေးရပြီးကာစရောင်စုံသူပုန်တောင်းကျန်းမှုတွေကြောင့်ပြည်တွင်းစစ်ဖြစ်လာခဲ့တယ်။ဦးသန့်ဟာတာဝန်ပေးချက်တွေအရသူပုန်စခန်းအချို့သို့ကိုယ်တိုင်သွားပြီးငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်။ဒါပေမယ့်၁၉၄၉ခုနှစ်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပျက်ပြားသွားပြီးပြည်တွင်းစစ်ဟာပိုကြီးလာခဲ့တယ်။သူ့ဇာတိပန်းတနော်မြို့ဟာမီးရှို့ခံရပြီးသူ့အိမ်လဲပါသွားခဲ့တယ်။
၁၉၅၁ကနေ၁၉၅၇ထိဦးသန့်ဟာဦးနုရဲ့အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့တယ်။ဦးနုပြောမယ့်မိန့်ခွန်းတွေရေးပေးခြင်း၊ဦးနုကိုအကြံပေးခြင်းတို့လုပ်ပေးခဲ့တယ်။၁၉၅၇ခုနှစ်မှာဦးသန့်ုဟာကုလသမဂ္ဂကြီးမှာမြန်မာနိုင်ငံရဲ့အမြဲတမ်းကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရပြီး၊အမေရိကန်နိုင်ငံနယူးယောက်
မြို့သို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ရတယ်။ဆက်ဆံရေးကောင်းပြီးစကားပြောကောင်းတဲ့ဦးသန့်ဟာသံတမန်လောကမှာရေပမ်းစားလာခဲ့တယ်။
၁၉၆၁ခုနှစ်မှာကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်တဲ့ဒက်ဟမ်းမားရှိုးဟာ
ခရီးသွားရင်းလေယဉ်ပျက်ကျသေဆုံးခဲ့တယ်။လစ်လပ်နေရာသို့အစားထိုးမဲ့သူတစ့်ယောက်ရွေးချယ်တဲ့ကိစ္စမှာအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံနှင့်ရုရှားတို့ကြားသဘောတူညီမှု့မရဖြစ်နေတယ်။နောက်ကျတော့ကြားနေနိုင်ငံတစ်ခုကရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပြီးသံတမန်တွေသ
ဘောကျတဲ့ဦးသန့်ကိုဒက်ဟမ်းမားရှိုးရဲ့တာဝန်သက်တမ်းကုန်သည်အထိ
ခေတ္တအတွင်းအရေးမှူးအဖြစ်ခန့်လိုက်တယ်။
၁၉၆၂ခုနှစ်မှာခေတ္တအတွင်းအရေးမှူးကနေအချိန်ပြည့်အတွင်းအရေးမှူး
အဖြစ်ရွေးချယ်ခံရတယ်။သူတာဝန်ထမ်းဆောင်လို့တစ်နှစ်မပြည့်ခင်မှာတတိယကမ္ဘာစစ်ကြီးဖြစ်မယ့်အခြေအနေရုတ်တရက်ပေါ်လာခဲ့တယ်။
အဲဒါကကျူးဘားဒုံးပျံအရေးအခင်းပါ။
ရုရှားအစိုးရကအမေရိကန်နိုင်ငံရဲ့ကပ်ရက်ကျူးဘားနိုင်ငံကျွန်းတစ်ခုမှာ
အနုမြူထိပ်ဖူးတပ်ထားတဲ့ဒုံးပျံတေတပ်ဆင်လိုက်တယ်။ဒုံးပျံတွေဟာလည်းအမေရိကန်ဘက်က်ုချိန်ရွယ်ထားတယ်။အမေရိကန်က၃ရက်အတွင်း
မဖယ်ရှားရင်စစ်လေယဉ်တွေနဲ့ဗုံးကြဲမယ်လို့ခြိမ်းခြောက်တယ်။အမေရိကန်စစ်သဘောင်္တွေကျူးဘားကိုစေလွတ်သလို၊ရုရှားကလည်းသူ့သဘောင်္တွေစေလွတ်လို့တတိယကမ္ဘာစစ်ဆီသို့ဦးတည်လာခဲ့တယ်။အဲဒီအချိန်ဦးသန့်ဟာအမေရိကန်သမ္မတကနေဒီနဲ့ရုရှားသမ္မတကရူးရှက်တို့နှစ်ယောက်အကြားလေယဉ်နဲ့အသွားအပြန်လုပ်ပြီးညှိနှိုင်းပေးခဲ့တယ်။နောက်ဆုံးမှာတော့အမေရိကန်ကဗုံးကြဲမယ်လို့ရာဇသံပေးထားတဲ့အချိန်ပြည့်ဖို့နာရီအနည်းငယ်အလိုလေးမှာရုရှားဟာဒုံးပျံတွေဖယ်ရှားပေးခဲ့တယ်။
ဦးသန့်ရဲ့သံတမန်ရေးရာကျွမ်းကျိင်မှုကြောင့်ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံ
ကခေါင်းဆောင်တွေကိုနားချနိုင်ခဲ့တာကြောင့်ဦးသန့်ရဲ့အရည်အချင်းကို
နိုင်ငံတကာခေါင်းဆောင်တွေကချီးကျူးရပါတယ်။
၁၉၆၂ခုဒီဇင်ဘာလမှာကွန်ဂိုသူပုန်တွေကကွန်ဂိုမှာစခန်းချနေတဲ့ကုလသမဂ္ဂတပ်ဖွဲ့ဝင်တွေကိုသတ်ဖြတ်လိုက်ကြတယ်။ဦးသန့်ကကုလသမဂ္ဂတပ်
ဖွဲ့တွေအများကြီးစေလွှတ်ပြီးသူပုန်တွေကိုနှိမ်နှင်းလိုက်လို့ကွန်ဂိုပြည်တွင်းစစ်ကြီးပြီးဆုံးသွားခဲ့တယ်။
၁၉၆၅ခုနှစ်မှာနိုဘယ်ဆုချီးမြင့်ရေးအဖွဲ့ကကျူးဘားအရေးအခင်းနှင့်ကွနိဂိုအရေးအခင်းတွေမှာအောင်မြင်အောင်ဆောင်ရွက်ပေးနိုင်တဲ့ဦးသန့်ကို
နိုဘယ်ဆုကြီးချီးမြှင့်ချင်တယ်။ဒါပေမယ့်နိုဘယ်ဆုချီးမြှင့်ရေးဥက္ကဌက
ဗီတိုအာဏာနဲ့ပယ်ချလိုက်လို့မပေးလိုက်ရပေ။
၁၉၆၆ခုနှစ်ဒီဇင်ဘာမှာဦးသန့်ဟာကန်ကွက်မဲမရှိဘဲဒုတိယအကြိမ်အတွင်းရေးမှူးချုပ်ရာထူးရပြန်တယ်။သူ့ရဲ့ဒုတိယသက်တမ်းအတွင်းအာရှနှင့်
အာဖရိကနိုင်ငံအများကိုအဖွဲ့ကြီးထဲဝင်ဖို့စည်းရုံးနိုင်ခဲ့တယ်။ကုလသမဂ္ဂကိုလူမှုရေးလုပ်ငန်းတွေမှာပါဝင်အောင်လုပ်ဆောင်ပေးနိုင်ခဲ့တယ်။
ဒုတိယသက်တမ်းကုန်လုနီးပါမှာပဲအာရပ-်အစ္စရေးစစ်ပွဲနဲ့ဗီယက်နမ်စ်ပွဲ
တွေဖြစ်လာလို့ဝင်ပြီးဖြေရှင်းပေးခဲ့ရတယ်။သူ့ကိုကုလသမဂ္ဂအဖွဲ့ကြီးက
တတိယအကြိမ်အတွင်းရေးမှူးချုပ်ဆက်ခံဖို့ကမ်းလှမ်းတာကိုဦးသန့်က
ငြင်းပယ်လိုက်ပြီးနယူးယောက်မြို့မှာနေထိုင်ပြီးဆောင်းပါးလေးတွေရေး
ရင်းအေးဆေးအနားယူပါတော့တယ်။
၁၉၇၄ခုနှစ်နိုင်ဝင်ဘာ၂၅မှာဦးသန့်ဟာအဆုတ်ကင်ဆာရောဂါနဲ့နယူးယောက်မြို့ကနေအိမ်မှာကွန်လွန်သွားခဲ့ပါတ?
အားလုံးကိုcreditပေ?
♢♢♢♢♢♢
ဦးသန့်(U Thant)
ဦးသန့်ကို ယနေ့မြန်မာလူငယ်တွေ သိပ်မသိကြတော့ပေမဲ့ မြန်မာလူကြီးပိုင်းတွေကတော့ တော်တော်များများ သိကြပါတယ်။ကမ္ဘာတစ်လွှားကလူတွေကလည်းသူ့ကို “ယူသန့်” ဆိုပြီးသိကြပါတယ်။သူတို့က ဦးသန့်နာမည်မှာ (U Thant) “U”ကို ဦး လို့ခေါ်ရမှန်းမသိလို့ “ယူ” လို့ခေါ်ကြတာပါ။အဲ့ဒီခေတ်က ကမ္ဘာက သိတဲ့မြန်မာလူမျိုးနှစ်ဦးတည်းရှိပါတယ်။လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့ ကုလသမဂအတွင်းရေးမှူးချုပ် ဦးသန့်တို့ပါပဲ။
ဦးသန့်ကို ကမ္ဘာက ဘာကြောင့်သိကြတာလဲ။သူဟာ တတိယမြောက် ကုလသမဂအတွင်းရေးမှူးချုပ်ထမ်းဆောင်စဉ်ကာလ (၁၉၆၂-၁၉၇၁ ခုနှစ်)မှာ သူ့ရဲ့ သံတမန်ရေးရာ ကျွမ်းကျင်မှု၊ ကမ္ဘာ့အရေးခင်းကြီးတွေဖြစ်ကြတဲ့ ကျူးဘားအရေးအခင်း၊ကွန်ဂိုနိုင်ငံအရေးအခင်းတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးခဲ့လို့ပါ။
ဦးသန့်ကို ၁၉၀၉ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ပန်းတနော်မြို့မှာ မွေးဖွားခဲ့ပါတယ်။သားလေးယောက်မှာ အကြီးဆုံးသားဖြစ်ပါတယ်။သူ့အဖေဟာ ပညာတတ်တစ်ယောက်ဖြစ်ပြီး ငွေကြေးအတော်အတန်ချမ်းသာတဲ့ ကုန်သည်တစ်ယောက်လဲဖြစ်ပါတယ်။ သူ့အဖေက သူတို့ညီအစ်ကိုတွေကို ပညာကြိုးစားဖို့အမြဲဆုံးမတယ်။ပညာရေးကိုလဲ အရမ်းအားပေးတယ်။ဦးသန့်ဟာ ငယ်စဉ်ကတည်းက စာဖတ်တာ အရမ်းဝါသနာပါတယ်။စာဖတ်လွန်းလို့ ဗဟုသုတကြွဝပြီး စကားပြောလဲကောင်းတယ်။သူငယ်ချင်းတွေက သူ့ကို အတေါးအခေါ်ပညာရှင်လို့ခေါ်ကြတယ်။
ဦးသန့်ဟာ ကြီးလာရင် သတင်းစာ ဂျာနယ်သမားဖြစ်ချင်လို့ ငယ်စဉ်ကတည်းက မဂဇင်းဂျာနယ်တွေကို ဆောင်းပါးတွေရေးပြီးပို့လေ့ရှိတယ်။
သူ ၁၄ နှစ်သားအရွယ်မှာသူ့အဖေဆုံးသွားတယ်။ သူ့အိမ်မှာ ငွေရေးကြေးရေး ကြပ်တည်းလာတာကြောင့် ဦးသန့်ဟာ ၁၉၂၆ ခုနှစ် ဆယ်တန်းအောင်ပြီး ၁၉၂၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းအောင်မြင်ပါတယ်။
၁၉၃၀ ပြည့်နှစ် မတ်လ ၂၈ ရက်တွင် အထက်တန်းဆရာဖြစ်လက်မှတ်ရ စာမေးပွဲ၌ တစ်ပြည်လုံးမှာ ပထမရခဲ့ပါတယ်။ပန်းတနော်မြို့ကိုပြန်လာပြီး ပန်းတနော် အထက်တန်းကျောင်းမှာ အထက်တန်းပြဆရာ ဝင်လုပ်တယ်။သုံးနှစ်ကြာတော့ အဲ့ဒီကျောင်းရဲ့ကျောင်းအုပ်ကြီးဖြစ်လာခဲ့တယ်။
ဦးသန့်ဟာ အင်္ဂလိပ်အရေးအသားနဲ့ စကားပြောတွေအရမ်းကောင်းတယ်။အထက်တန်းကျောင်းသားဘဝမှာ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်တော့ ဘာလုပ်သလဲသိလား။အိမ်နီးနားချင်းတွေဆီက အင်္ဂလိပ်သတင်းစာ အဟောင်းတွေ လိုက်လံတောင်းတယ်။ရလာတဲ့ သတင်းစာအဟောင်းတွေကို ညနက်သန်းခေါင်ထိ နေ့စဉ်ဖတ်တယ်။သတင်းဆောင်းပါ အတိုအစကအစ အကုန်ဖတ်တယ်။
၁၉၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ် ဗြိတိသျှအစိုးရ အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ လွတ်လပ်ရေးတောင်းဆိုပွဲတွေ ပေါ်ပေါက်လာခဲ့တယ်။ဦးသန့်ဟာ ငြိမ်းချမ်းရေးသမားမို့ ဆန္ဒပြပွဲမှာ ဦးဆောင်သူနေရာက မပါဘဲ ဆန္ဒပြသူနောက်လိုက်အဖြစ်ပဲပါဝင်ခဲ့တယ်။
၁၉၄၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ဖက်ဆစ်ဂျပန်တွေ သိမ်းပိုက်လိုက်ပြန်တယ်။ဂျပန်ခေတ်ကာလမှာ ဂျပန်စစ်တပ်က ကျောင်းတွေမှာ ဂျပန်စာကို မသင်မနေရ ဘာသာတစ်ခုအဖြစ် ပြဌာန်းဥပဒေထုတ်တာကို ကန့်ကွက်ဆန္ဒပြခဲ့တယ်။
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှအစိုးရလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ပြီး ဦးနုဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။အသစ် စတင်ဖွဲ့စည်းတဲ့ မြန်မာအစိုးရဟာ အုပ်ချုပ်ရေးအတွက် ပညာတတ်တွေလိုလာတယ်။ ဒီတော့ဦးနုက ရန်ကုန်တက္ကသိုလ်တုန်းက သူ့သူငယ်ချင်းလဲ ဖြစ်ခဲ့ပြီး စာပေပညာမှာတော်တဲ့ ဦးသန့်ကို အစိုးရ အုပ်ချုပ်ရေးပိုင်းမှာ ဝင်လုပ်ဖို့ကမ်းလှမ်းတယ်။ဒါကြောင့် ဦးသန့်ဟာ အုပ်ချုပ်ရေးပိုင်းမှာ ဝင်လုပ်တယ်။လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံဟာ ရောင်စုံသူပုန်သောင်းကျန်းမှုတွေကြောင့် ပြည်တွင်းစစ်ဖြစ်လာခဲ့တယ်။ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းတတ်တဲ့ ဦးသန့်ဟာ ဦးနုရဲ့ တာဝန်ပေးချက်အရ ကရင်သူပုန်တွေစခန်းချတဲ့နေရာအထိ သွားပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်။ဒါပမေဲ့ ၁၉၄၉ ခုနှစ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားပြီး ပြည်တွင်းစစ်ဟာ ပိုကြီးလာခဲ့တယ်။သူ့ဇာတိ ပန်းတနော်မြို့ဟာ သူပုန်တွေရဲ့မီးရှို့တာခံလိုက်ရပြီး သူ့အိမ်လဲ မီးထဲပါသွားခဲ့တယ်။
၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်ထိ ဦးသန့်ဟာ ဝန်ကြီးချုပ်ဦးနုရဲ့ အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့တယ်။ဦးနုပြောမဲ့ မိန့်ခွန်းတွေ ရေးပေးခြင်း၊ ဦးနုကို အကြံပေးခြင်း စတာတွေလုပ်ခဲ့တယ်။
၁၉၅၇ ခုနှစ်မှာ ဦးသန့်ဟာ ကုလသမဂ္ဂကြီးမှာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရပြီး ကုလသမဂ ရုံးစိုက်တဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတယ်။အဲ့ဒီမှာ နိုင်ငံတကာက ခေါင်းဆောင်တွေ သံတမန်တွေနဲ့ ပေါင်းသင်းဆက်ဆံရတယ်။ဆက်ဆံရေးကောင်းပြီး စကားပြောကောင်းတဲ့ ဦးသန့်ဟာ သံတမန်လောကမှာ ရေပန်းစားလာခဲ့တယ်။
၁၉၆၁ ခုနှစ်မှာ လက်ရှိကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ ဒက်ဟမ်းမားရှုးဟာ ခရီးသွားရင်းလေယာဉ်ပျက်ကျသေဆုံးတယ်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နေရာ လစ်လပ်နေလို့ အစားထိုးမဲ့သူတစ်ယောက်ရွေးချယ်တဲ့ကိစ္စမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြား သဘောတူညီမှုမရဘဲဖြစ်နေကြတယ်။နောက်ကျတော့ ကြားနေနိုင်ငံတစ်ခုက ကိုယ်စားလှယ်တစ်ယောက်ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပြီး သံတမန်တွေ သဘောကျတဲ့ ဦးသန့်ကို ဒက်ဟမ်းမားရှိုးရဲ့တာဝန်ပြီးဆုံးချိန်ထိ ခေတ္တအတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်လိုက်ပါတယ်။
၁၉၆၂ ခုနှစ်ကျတော့် ခေတ္တအတွင်းရေးမှူးချုပ်ကနေ အချိန်ပြည့် အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရတယ်။သူအတွင်းရေးမှူးချုပ်တာဝန်ထမ်းဆောင်လို့ တစ်နှစ်မပြည့်ခင်မှာ တတိယကမ္ဘာစစ်ကြီးဖြစ်မဲ့ အခြေနေ ရုတ်တရက်ပေါ်လာခဲ့တယ်။အဲဒါက ကျူးဘားဒုံးပျံအရေးခင်းပါ။ရုရှားအစိုးရဟာ အမေရိကန်ရဲ့ ကပ်ရက် ကျူးဘားနိုင်ငံက ကျွန်းတစ်ခုမှာ အနုမြူထိပ်ဖူးတပ်ထားတဲ့ ဒုံပျံတွေ လာတပ်ဆင်လိုက်တယ်။ဒုံးပျံတွေကိုလည်း အမေရိကန်ဘက်ကို ချိန်ရွယ်ထားတယ်။အမေရိကန်က အဲ့ဒီဒုံးပျံတွေကို သုံးရက်အတွင်း မဖယ်ရှားရင် စစ်လေယာဉ်တွေနဲ့ ဗုံးကြဲမယ်လို့ ခြိမ်းခြောက်တယ်။ အမေရိကန်စစ်သင်္ဘောတွေကို ကျူးဘားကို စေလွှတ်လိုက်သလို ရုရှားကလဲ သူတို့စစ်သင်္ဘောတွေကို စေလွှတ်လို့ တတိယကမ္ဘာစစ်ကြီးဖြစ်တော့မဲ့ အခြေနေပါပဲ။အဲဒီအချိန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ဟာ အမေရိကန်သမ္မတ ကနေဒီနဲ့ ရုရှားသမ္မတ ကရူးရှက်တို့အကြား လေယာဉ်နဲ့ အသွားအပြန်လုပ်ပြီး ညှိနှိုင်းပေးခဲ့တယ်။နောက်ဆုံးမှာ အမေရိကန်က ဗုံးကြဲမယ်လို့ ရာဇသံပေးထားတဲ့ အချိန်ပြည့်ဖို့ နာရီအနည်းငယ်အလိုလေးမှာ ရုရှားဟာကျူးဘားကျွန်းပေါ်က နျူးကလီးယားဒုံးပျံတွေကို ဖယ်ရှားလိုက်လို့ ဦးသန့်ရဲ့အရည်အချင်းကို နိုင်ငံတကာက ခေါင်းဆောင်တွေရဲ့ ချီးကျူးလေးစားခြင်းခံလိုက်ရပါတယ်။
နောက်တစ်ကြိမ်အရေးအခင်းတစ်ခု ထပ်ဖြစ်လာပြန်တယ်။၁၉၆၂ ခုနှစ် ဒီဇင်ဘာလမှာပါ။ကွန်ဂိုနိုင်ငံမှာ အစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ ကွန်ဂိုသူပုန်တွေက ကွန်ဂိုမှာ စခန်းချနေတဲ့ ကုလသမဂ္ဂတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပစ်ခတ် သတ်ဖြတ်လိုက်ကြတယ်။ဦးသန့်က ကုလသမဂ္ဂတပ်ဖွဲ့တွေအများကြီး ကွန်ဂိုကိုစေလွှတ်ပြီး သူပုန်တွေကို နှိမ်နင်းလိုက်လို့ ကွန်ဂိုပြည်တွင်းစစ်ကြီးပြီဆုံးသွားခဲ့တယ်။
၁၉၆၅ခုနှစ်မှာ နိုဘယ်ဆုချီးမြှင့်ရေးအဖွဲ့က ကျူးဘားအရေးခင်းနဲ့ ကွန်ဂိုအရေးခင်းတွေမှာ အောင်မြင်အောင်ဆောင်ရွက်ပေးခဲ့တဲ့ ဦးသန့်ကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကြီး ချီးမြှင့်ချင်တယ်။ဒါပေမဲ့ နိုဘယ်ဆုချီးမြှင့်ရေး အဖွဲ့ဥက္ကဌက ဗီတိုအာဏာနဲ့ ပယ်ချလိုက်လို့ မပေးဖြစ်ပါဘူး။
၁၉၆၆ခုနှစ် ဒီဇင်ဘာလမှာ ဦးသန့်ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်အားလုံးရဲ့ ကန့်ကွက်မဲမရှိ သဘောတူညီချက်နဲ့ ဒုတိယအကြိမ် ထပ်မံအရွေးချယ်ခံရပြန်တယ်။သူ့ရဲ့ဒုတိယသက်တမ်းအတွင်းမှာ အာရှနဲ့ အာဖရိကနိုင်ငံ အများအပြားကို ကုလသမဂ္ဂအဖွဲ့ကြီးထဲဝင်ဖို့ စည်းရုံးနိုင်ခဲ့တယ်။ကုလသမဂ္ဂကို ကမ္ဘာကြီးရဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။
ဒုတိယသက်တမ်းကုန်ခါနီးလေးမှာပဲ အာရပ်-အစ္စရေးစစ်ပွဲနဲ့ ဗီယက်နမ်စစ်ပွဲတွေဖြစ်ပွားလာလို့ ဦးသန့်ဟာ အဲ့းဒီအရေးခင်းတွေမှာလဲ ဝင်ပြီးဖြေရှင်းပေးခဲ့ရတယ်။သူ့ကို ကုလသမဂ္ဂအဖွဲ့ကြီးက တတိယအကြိမ် ဆက်အရွေးခံဖို့ ကမ်းလှမ်းတာကိုငြင်းပယ်လိုက်တယ်။
ဦးသန့်ဟာအတွင်းရေးမှူးချုပ်ရာထူးကနေ အနားယယူပြီးနောက် နယူးယောက်ခိမြို့မှာပဲ ဆက်လက်နေထိုင်ရင်း ဆောင်းပါးလေးတွေရေးရင် အေးအေးဆေးဆေး အနားယူပါတော့တယ်။
၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဦးသန့်ဟာ အဆုတ်ကင်ဆာ ရောဂါနဲ့ သူ့ရဲ့ နယူးယောက်ခ်မြို့ကနေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ကို လူငယ်တွေအားကျ အတုယူနိုင်ကြပါစေ။
ယခုအကြောင်းအရာအား ဆရာဗန်းမော်သိန်းဖေ ရေးသားသော သူတို့ဘာကြောင့်ကမ္ဘာကျော်တာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။
#NCA
No comments:
Post a Comment