သိအောင်လေ့လာပြီးရင်... ပြောလို့ရပြီ.....
ဦးဝီရသူ ဟာ သကျသီဟ ဘိဝံသ (အနုစိတ်) ဘွဲ့ရ သာသနာ့အာဇာနည် တပါးပါ ...
သကျဘွဲ့ဟာ အချိန်အကန့်အသတ် အသက်အကန့်အသတ် အတွင်း ဖြေရတဲ့ ဘွဲ့တခုလို့ ခင်ဗျားတို့ အလွယ်နားလည်အောင်ပြောလို့ရတယ်
ဒီဘွဲ့ဟာ ပါချုပ်ဆရာတော်ကြီး
အရှင်နန္ဒမာလာဘိဝံသ ရခဲ့ဖူးပါတယ်
သီတဂူဆရာတော်ကြီးကတော့ မရဖူးပါဘူး ..
ဒီလိုပြောဆိုခြင်းဟာ ဆရာတော် ဘုရားကြီးများအားနှိုင်းယှဉ်ခြင်း မဟုတ်ပဲ
ရရန်လွယ်ကူသည့် ဘွဲ့မဟုတ်ကြောင်း ယှဉ်ပြခြင်းသာဖြစ်ပါတယ်
သာမဏေကျော်ဘွဲ့ရခဲ့လျှင် ဘွဲ့အမည်မှာ လင်္ကာရ နှင့် အဆုံးသတ်သလို
သကျဘွဲ့ရ ရဟန်း ဘွဲ့အမည် မှာ ဘိဝံသ နှင့် အဆုံးသတ်ပါတယ်
ဦးဝီရသူ ဟု သိကြသော်လည်း ရဟန်းအမည်ကို သိပ်မသိကြပေ
ဝီရသူဆိုသော အမည်မှာ ဆရာတော်စာရေးသည့် ကလောင်အမည်သာဖြစ်၍
ဘွဲ့အမည်မှာ ...အရှင်ဝိစိတ္တာဘိဝံသ ဖြစ်ပါတယ်
ဦးဝီရသူ ဘုရားအဟောနှင့် ဆန့်ကျင်နေလျှင်
မဘသ အဖွဲ့မှ ထေရ်ကြီးဝါကြီးများမိန့်ကြားပါလိမ့်မည်။
ရွာမဆရာတော် ၊ သီတဂူ ဆရာတော်တို့ မှ ဆိုဆုံးမလိမ့်မည်။
၁။
ဒုဌဂါမဏိ ဇာတ်သိလား?
မသိရင်လေ့လာကြည့်
ဘုရား က မေတ္တာထားတာ ဗုဒ္ဓက တရားထူးရပြီးချိန်လေ..
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဒုဌဂါမဏိ ဇာတ်အကြောင်းသိရင် ခင်ဗျား ဒီစကားပြောမှာမဟုတ်သလို နေ့စဉ် အော်နေတဲ့ ဝတ်ပြုအော်နေတဲ့ ဆုတောင်းတွေ ရဲ့ မြန်မာဘာသာပြန်ခင်ဗျားသိရင် ခင်ဗျား ဒီစကားပြောမှာမဟုတ်ဘူး ...
၂။
မှန်တယ် .. ဆဲတာကို ဘုရား မပြုလုပ်ဖို့ဟောခဲ့တယ်
ဗန်းမော်ဆရာတော်ကြီး လို စာတတ်ပေတတ်ရဟန်းတော်ကြီးတောင် စာချိုးတာ ဘယ်လိုချိုးခဲ့လည်းသိကြမှာပါ ..
ဆဲတာ အာပတ်သင့်တယ်
ဘုန်းကြီးဆဲတာ ဘုန်းကြီးအာပတ်သင့်မယ်
ဆဲလို့ကျတဲ့ အာပတ်က ပါစိတ်
ဒေသနာကြားလိုက်ရင်ပျောက်တယ်
ပါရာဇိက မကျမချင်း ရဟန်းဟာ ရဟန်း
ဘုန်းကြီးဆဲတာကို ခင်ဗျားတို့ က ဘုန်းကြီးကို မကျေပဲ ဘုန်းကြီးပါ ဆဲနေရင်
ခင်ဗျားတို့ ဗုဒ္ဓ ဘာသာဆို သရဏဂုံပျက်ပြီး ဒိဋ္ဌိဖြစ်မယ် ငရဲကြီး မယ်
ယန်ဟီးလီကို ဦးဝီရသူ ဆဲခဲ့တာဘာကြောင့်လဲ?
ဘယ့်အတွက်ဆဲခဲ့တာလဲ?
မြန်မာတိုင်းရင်းသား ၁၃၅ မျိုးအရေး နိုင်ငံအရေးကြောင့် ဆဲခဲ့တာ
ကဲ .. ဟိုနေ့က ယန်ဟီးလီ ဒီစကားပြောပြန်ပြီ
ဘုန်းကြီးဆဲတာ လက်မခံတဲ့ ခင်ဗျားတို့ကြောင့် ဘုန်းကြီး ဆဲမှာမဟုတ်တော့သလို
ကန့်ကွက်ကြောင်းပြောနေပြီ
ဒါဟာ NLD အစိုးရအပေါ် လူထုနဲ့ ရန်တိုက်တဲ့ ယန်ဟီးလီ ကို ဘုန်းကြီး ကန့်ကွက်နေပြီ
ကျုပ်တို့လည်း မကျေနပ်ကြောင်း ပြောနေပြီ
အရင် ဦးသိန်းစိန်ခေတ်ထဲက ကန့်ကွက်ခဲ့သူတွေ ယခု NLD အစိုးရဖက် က ကန့်ကွက်နေပြီ
ခင်ဗျားတို့ပဲပြောဖို့ ကျန်တော့တယ်
ဒီတော့ ခင်ဗျား ဘာလုပ်သင့်လည်း ခင်ဗျား ဦးနှောက်ပါရင်သိလိမ့်မယ်
၃။
ဦးဝီရသူ ဟာ စာသင်သားထောင်ချီရှိတဲ့ မစိုးရိမ်တိုက်သစ် က စာချ နာယက ဆရာတော်ပါ ..
ဒီနေရာ ကို ဘယ်လို ဘွဲ့တွေရမှ ထားမလဲဆိုတာ ခင်ဗျားဦးနှောက်ပါရင် သိလိမ့်မယ်
စာသင်သားထောင်ချီရှိတဲ့ စာသင်တိုက်က စာချနာယက ဆရာတော်တပါး
ဓမ္မာစရိယ တန်းတောင် စာချ တဲ့ အလုပ်ကိုယ်တိုင်လုပ်တဲ့ ဆရာတော်ဟာ ဘယ်စာထိတတ်မလဲ ခင်ဗျား စဉ်းစား?
ကိုယ့်သူငယ်ချင်း သမ္မတဖြစ်လို့ ဝန်ကြီးချုပ်ဖြစ်လို့
၁၀ တန်းမအောင်တဲ့ခင်ဗျားက ဝန်ကြီးနေရာတောင်းချင်တောင်းလို့ ရနိုင်ပေမယ့်
ရုံးစာရေး ရာထူးတောင်းမရဘူးဗျ
ရုံးစာရေး က ၁၀ တန်းအောင်မှ ခန့်တာဗျ
ဝန်ကြီးဆိုတာ ပညာအရည်ချင်း မသတ်မှတ်ထားဘူး .. ဒါတွေကို ဆိုဗီယက်ပြည်ထောင်စုအကြောင်းလေ့လာရင်သိလိမ့်မယ် ...
၎။
စစ်တပ်က ဘုန်းကြီးဆိုရင် စစ်အစိုးရခေတ်က ဘုန်းကြီး ဘာကြောင့် ထောင်ကျခဲ့သလဲ?
ဒီပဲယင်း အောင်းမေ့ဖွယ် နှစ်တိုင်းဘုန်းကြီး ဘာကြောင့် လုပ်သလဲ?
လုပ်တိုင်း ဘယ်သူတွေ ကို ဖိတ်လဲ ခင်ဗျားသိလား?
ဘုန်းကြီးကတကူးတက သူလုပ်တဲ့ပွဲ နှစ်စဉ် ဖိတ်စာနဲ့ ဖိတ်တဲ့ လူတွေတောင် နှစ်တိုင်း အောင်းမေ့ဖွယ်လုပ်လား ?
လုပ်ခဲ့တယ်ဆိုရင်တောင် အဖွဲ့အစည်း တခု က လုပ်တာဖြစ်ပြီး အဲ့လူတွေ နှစ်မပျက်တက်ရောက်ဖူးလား?
ဘုန်းကြီးက နှစ်မပျက် ကိုယ်တိုင်လုပ်ပြီး
အဲ့မှာ ဆုံးပါးသွားသူတွေ ကို ရည်စူးပြီး နှစ်တိုင်း ကုသိုလ်ပြု အမျှတွေနေတာတွေ
ခင်ဗျား သေချာလေ့လာကြည့်ရင်သိလိမ့်မယ်.
ဦးနှောက်ဆိုတာ လူတိုင်းပါတယ်
လူတိုင်းအသုံးမချလို့ လူတွေ အနေထားအထားတွေ ကွာနေကြတာဗျ ..
၅။
ဟုတ်ပြီ ..လင်ယူသားမွေးအလုပ် သာသနာပိုင်တွေ ဝင်မရှုပ်ရဘူး
Ok .. ခင်ဗျားပြောတာ သဘောကျတယ်
ခရစ်ယာန် ဘာသာမှာ ဘုရားကျောင်းက ဘုန်းတော်ကြီး လက်ထပ်ပေးမှာ
မွတ်ဆလင်မှာ ဗလီဆရာရှေ့ နာမဖတ်မှ
ဟိန္ဒူ မှာ ဘုရားကျောင်း က ပုဏ္ဏား လက်ထပ်ပေးမှအထမြောက်တယ်
ဒါဟာ ဘာသာတူမှ လက်ထပ်ပေးတယ် ဆိုတဲ့ အယူဝါဒ နည်းနာ တခါထဲ ပြုလုပ်ထားတာပါ
ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘယ်လူ့ယူယူ ဘာမှကန့်ကွက်ထားတာမရှိဘူး
ယူတုန်းက ဘုန်းကြီးမသိ
ပြသနာတက်ပြီး သူ့ဘာသာထဲ အတင်းသွတ်သွင်း လို့ ကွဲတာကွာတာ ဖြစ်မှာ ဘုန်းကြီးဆီလာတိုင်တာ ရှိသလို
ဟိုဘက်မိသားစု ဒီဘက်မိသားစု က စမယ့် ပြသနာကနေ ဘာသာရေး အဓိကရုဏ်း ပုံစံပြောင်းသွားနိုင်တဲ့ ၂ဖက် ရန်ပွဲ ပြသနာတွေ မဖြစ်ဖို့ ကြိုကာကွယ်တဲ့ အနေနဲ့ အမျိုးစောင့်ဥပဒေလုပ်ခဲ့တာလို့ ခင်ဗျားမတွေးဖူးဘူးလား ?
ဗုဒ္ဓဘာသာဝင် မိန်းကလေးတွေ အနေနဲ့ မိမိဘာသာ မှာ တခြားဘာသာလို ပညတ်ထားတာမရှိလို့ ကိုယ့်ဘာသာပုံစံမျိုးထင်ပြီး
ကိုယ့်ချစ်သူ ဘာသာခြား မင်္ဂလာဆောင်ချင်သလို ဗုဒ္ဓ ဘာသာဝင်တယောက်အနေနဲ့ လိုက်ပါလုပ်ဆောင်လိုက်ရင် အလိုလို သူတို့ဘာသာဝင် ဖြစ်သွားတယ်ဆိုတာ ကို ခင်ဗျားသိလား?
ကုတင်ပေါ်ကောင်းတုန်းက ဆွေမျိုးတွေမသိ
စောက်ပြဿ နာတက်မှ တစိတ်တအိပ်လုပ် စောက်တင်းပြောကြတဲ့ လူသဘောလူ့မနောတွေကြောင့် မဖြစ်သင့်တာတွေ မဖြစ်ဖို့ ကြိုကာကွယ်တာ ဗျ ..
အမျိုသမီး အခွင့်အရေး ထိခိုက်တာလဲမရှိဘူး
ဘာသာလူမျိးမခွဲခြားပဲ အမျိုးသမီးအခွင့်အရေး တန်းတူ ရှိသလို ဘယ်ဘာသာဝင်နဲ့ လက်မထပ်ရဘူးဆိုတာလဲမပါဘူး
ခင်ဗျား ဦးနှောက် မှီသလောက် ချဲ့စဉ်းစားကြည့်ပေါ့
သူများ ပါးစပ်က ပြောတဲ့ စကားကို ခင်ဗျား လက်ခံပြီး သံယောင်လိုက်မယ်လို့ ကျုပ်မထင်ဘူး
ခင်ဗျားပတ်ဝန်းကျင်က ပညာတတ်လို့ မလိုအပ်ဘူးဆိုရင် ပညာမဲ့နေတဲ့ ကျေးလက်တောရွာက မိန်းကလေးတွေအတွက်လိုအပ်တယ်
ခင်ဗျား မိသားစု က ဥစ္စာပြည့်စုံနေလို့ ငွေကြေးနဲ့ ခင်ဗျားအမျိုး စည်းရုံးလို့မရဘူးထင်လို့  ခင်ဗျားပတ်ဝန်းကျင်မလိုအပ်လို့ ခင်ဗျား ကန့်ကွက်ချင် ကန့်ကွက်မယ် အနယ်နယ်အရပ်ရပ်က ချို့တဲ့တဲ့ ကလေးမလေးတွေရှိတယ်
ခင်ဗျား ဘယ်လောက် ပညာတတ်တတ် ငွေကြေးပြည့်စုံစုံ တိုင်းပြည်နဲ့ချီပြီး လုပ်တဲ့ ကိစ္စရပ်ကို ခင်ဗျား ပတ်ဝန်းကျင်နဲ့ ယှဉ်ပြောနေတယ်ဆိုထဲကိုးက ခင်ဗျား ဟာ တိုင်းပြည်မပြောနဲ့ ရပ်ကွက်အဆင့်တောင်မရှိသူ
နွားခြေရာခွက်ထဲက ဖားလောင်းဟု ကျုပ်သတ်မှတ်တယ်
အဆငိ့မြင့်ချင်ရင် မျက်လုံးပြူးကြည့် မိတ်ဆွေ
:-P :-P :-P
Ok နော် ..
crd #ထူးဥာဏ်
ဟိုးအရင်က ရေးခဲ့ဖူးတဲ့ ပိုစ့်လေးပါ
မဘသအဖွဲ့ကြီးကို တိုက်ခိုက်ပြီး
အဖွဲ့ဝင် သံဃာတွေကိုပုတ်ခက်ကာ
#မဘသဆိုမကြည်ညိုဘူး
#မဘသဆိုဆွမ်းမလောင်းဘူး
ဆိုသူတွေကို ကျွန်တော့်အနေနဲ့
တခုလောက်မေးချင်တာက
သုတဗုဒ္ဓလို့ ခေါ်တဲ့
သက်ရှိတိပိဋကဘွဲ့ရ ဆရာတော်ကြီး(၁၀)ပါးစလုံးဟာ
မဘသအဖွဲ့ဝင်တွေဆိုတာ ခင်ဗျားတို့သိကြလား???
တိပိဋကဘွဲ့ရ #ဦးသိလက္ခန္ဓာဘိဝံသ က
မဘသဗဟိုမှာ ဒုတိယဥက္ကဋ္ဌရာထူးနဲ့တာဝန်ယူထားသလို
တိပိဋကဘွဲ့ရ #ယောဆရာတော်ကြီး
မဘသဗဟိုဦးဆောင်ဆရာတော်ကြီးဖြစ်ပါတယ်
ကျန်တိပိဋကဘွဲ့ရဆရာတော်တွေကတော့
အဖွဲ့ဝင်အနေနဲ့ရှိနေပါတယ်
ကဲ...မင်းတို့ ထပ်ပြီး စော်ကားနေကြအုံးမှာလား?
မေးမိသူ
#အောင်ပြည့်ဖြိုးမောင် (ထူးဥာဏ်)
No comments:
Post a Comment