Sunday, April 2, 2017

နဝရတ် ကိုးပါး မြန်မာ့ရတနာကြီးများ

                    နဝရတ် ကိုးပါး
                        ♢♢♢
                ပတ္တမြား  ဘုန်းတောက်
                  မြကျောက်  အေးချမ်း
                   စိန်စွမ်း  ဂုဏ်ရောင်
                    ကြောင် ကား သိဒ္ဓိ
               မဏိနီလာ မေတ္တာ ကဲချုပ်
                     ဂေါ်မုတ် ခွန်အား
                  ဥဿဖယား ကျန်းမာ
                       သန္တာ  ကြီးကဲ
                    ပုလဲ ကျက်သရေ
                    ကိုးဂုဏ်ဝေသည်
            ကိုးထွေ န၀ရတ် စွမ်းရည်တည်း။
                  
တင်ပြုသူ
                                                 (၇:၁:၁၃၇၈)
                                                 (3:4:2017)
                                   တက္ကသိုလ်စာသင်သား
                           သာသနာ့တက္ကသိုလ်၊မန္တလေး

 "န၀ရတ် ကိုးပါး"

■ န၀ရတ် ဟူသည် န၀ရတန ဟူသော ပါဠိ မှ လာ၍ ရတနာကိုးပါး ဟု အနက်ရ၏

● ပုလဲ
● သန္တာ
● နီလာ
● စိန်
● ကြောင်
● မြ
● ဥဿဖယား
● ပတ္တမြား
● ဂေါ်မုတ်

■ စိန် ပတ္တမြား မြ နီလာ တို့မှာ အဖိုး အတန်ဆုံး တွင်းထွက်

■ ပုလဲ ကို ကမာ (မုတ်ကောင်) ကိုယ်တွင်း မှ ရ၏

■ သန္တာ ကို သန္တာကောင် များ သန္တာကျောက်တန်း များမှ ရ၏

■ ရတနာကိုးပါး စီခြယ်အပ်သော လက်စွပ်ကို န၀ရတ် လက်စွပ် ဟု ခေါ်

■ ပတ္တမြား
- ဘုန်းတန်ခိုးရှိ
- ရန်သူအန္တရာယ်မှ ကာကွယ်နိုင်

■ မြ
- အေးချမ်းခြင်း
- သောက ကင်းဝေးခြင်း
- စိတ် တည်ငြိမ်ခြင်း

■ စိန်
- ဘုန်းတန်ခိုးကြီး
- အိမ်ထောင်ခိုင်မြဲ
- စီးပွား လာဘ်လာဘ တိုးတက်

■ ကြောင်
- သိဒ္ဓိ ပြီးမြောက်သည်
- အောင်မြင်သည်
- တန်ခိုးရှိသည်

■ နီလာ
- သူတပါး ၏ မေတ္တာ ကို ရရှိ
- လူတို့၏ ချစ်ခင် မြတ်နိုးမှု ကို ရရှိ
- ရန် အပေါင်းမှ ကာကွယ်နိုင်

■ ဂေါ်မုတ်
- ခွန်အားကြီးခြင်း
- ကျန်းမာခြင်း
- ရန်သူကို အောင်နိုင်ခြင်း

■ ဥဿဖယား
- ကျန်းမာရေး ကောင်းမွန်မှု ပေးစွမ်း
- စိတ်ချမ်းသာခြင်း
- စီးပွား လာဘ်လာဘ ကောင်းခြင်း

■ သန္တာ
- အကြီးအကဲဖြစ်ခြင်း
- ခေါင်းဆောင်ဖြစ်ခြင်း
- သူတပါး အကျိုးကို ဆောင်ရွက်နိုင်ခြင်း
- ရန်သူကို အောင်နိုင်ခြင်း

■ ပုလဲ
- ကျက်သရေ ရှိခြင်း
- လူ နတ် ချစ်ခင်ခြင်း 
- ကျန်းမာခြင်း
- အန္တရာယ် ကင်းခြင်း

■ န၀ရတ် လက်စွပ် ကို ကျက်သရေ မင်္ဂလာ နှင့် ပြည့်စုံသည် ဟု ယုံကြည်၍ ဆင်ယင်လေ့ ရှိကြသည်

♢♢♢♢♢
 န၀ရတ်စွမ်းရည်နှင့် မြန်မာပြည်

၁။ငမောက်ပတ္တမြား

။မြန်မာသက္ကရာဇ် ၁၀၂၃ ခုနှစ်တွင် ငါးထပ်ကြီးဘုရားဒါယကာ ပင်းတလဲမင်း ထီးနန်းအုပ်ချုပ်စဉ်၌ အလေးချိန်(၈၁)ကာရက်ရှိ ၎င်းငမောက်ပတ္တမြားကြီးကိုတူးဖေါ်တွေ့ရှိ၍ ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

၂။လှော်ကားတင်ကြီးပတ္တမြား

မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် သာယာဝတီမင်း ထီးနန်းအုပ်ချုပ်စဉ်၌ အလေးချိန်(၄၄)ကာရက်ရှိ ၎င်းပတ္တမြားကြီးကို တူးဖေါ်တွေ့ရှိ၍ ။လှော်ကားနှင့်တင်ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

၃။။လှော်ကားတင်လေး ပတ္တမြား

မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ်တွင် ဘိုးတော်ဘုရားမင်း ထီးနန်းအုပ်ချုပ်စဉ်၌ အလေးချိန်(၁၈)ကာရက်ရှိ ၎င်းပတ္တမြားကြီးကို တူးဖေါ်တွေ့ရှိ၍ လှော်ကားနှင့်တင်ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

၎။ဆင်မတော် ပတ္တမြား

အလေးချိန်(၄၀)ကာရက်ရှိ ၎င်းပတ္တမြားကြီးကိုတူးဖေါ်တွေ့ရှိ၍ ဆင်မတော်နှင့်တင်လျှက်ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

၅။ပတ္တမြားဂေါ်ကြိုးကျောက်

အလွန်အရည်အသွေးကောင်းပြီးအလေးချိန်(၁၀.၁)ကာရက်ရှိ ၎င်းငမောက်ပတ္တမြားကြီးကိုတူးဖေါ်တွေ့ရှိ၍ ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ ယခုအချိန်တွင် အမေရိကန်နိုင်ငံ၊၀ါရှင်တန်မြို့၊ စမစ်ဆီဒိုလမ်း ပြတိုက်၌ စတော့အော့ဖ်အင်ဒီးယားအမည်ဖြင့် ပြသထားသည်ဟုသိရှိရပါသည်။

၆။မိုးကုတ်သရဖူ ပတ္တမြား

သက္ကရာဇ် ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်၌ မိုးကုတ်ရွှေပြည်အေးရတနာစခန်းမှတူးဖေါ်တွေ့ရှိ၍ အလေးချိန်မှာ အရိုင်း-(၁၀.၉၅)ကာရက်နှင့် သွေးပြီး(၅.၅၆)ကာရက်ရှိကြောင်းသိရှိရပါသည်။

၇။ န၀တ ပတ္တမြား

သက္ကရာဇ် ၁၉ ခုနှစ်၊ လတွင် န ၀ တ လက်ထက်၌ စခန်းမှတူးဖေါ်တွေ့ရှိ၍ အလေးချိန်မှာ -(၄၉၆.၅)ကာရက်ရှိပြီးပတ္တမြားညွန့်ရည်ဟုခေါ်သော နှင်းဆီပန်းအနီရင့်ရောင် ရှိကြောင်းသိရှိရပါသည်။

၈။ကမ္ဘာ့အကြီးဆုံး ပတ္တမြား

သက္ကရာဇ် ၁၉ ခုနှစ်၊ လတွင် န ၀ တ လက်ထက်၌ မိုးကုတ်မြို့၊ ကင်းရွာ၊လုပ်ကွက်အမှတ်(၁၄) စခန်းမှတူးဖေါ်တွေ့ရှိ၍ အလေးချိန်မှာ -(၂၁၄၅)ကာရက် အလျား(၇လက္မ)၊ အနံ(၄.၅လက္မ)၊ အမြင့်(၄ လက္မ) ရှိကြောင်းသိရှိရပါသည်။

၉။ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းနဂါး

သက္ကရာဇ် ၂၀၀၁ ခုနှစ်၊ ဇန္န၀ါရီ လအတွင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်`၌ ကချင်ပြည်နယ်၊ ဖါးကန့်ဒေသ၊ လုပ်ကွက်အမှတ်(၁) ပအိုဝ့်ငြိမ်းချမ်းရေးအဖွဲ့ကတွေ့ရှိသည့် တန်ချိန်ပေါင်း(၂၀၀၀)ကျော်ခန့်ရှိ အလျား(ပေ ၇၀)၊ အနံ(၁၆ ပေ)၊ အမြင့်(ပေ ၂၀) ရှိကြောင်းသိရှိရပါသည်။

၁၀။မြန်မာ့ပုလဲရတနာကြီး

၂၀၀၁ ခှုနစ်၊ဧပြီလ (၁၈)ရက်နေ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်၌တနင်္သာရီတိုင်း၊ကော့သောင်းမြို့၊ဇာဒက်ကြီးကျွန်းအနောက်မြောက်ဘက် မက်ကလောင်မုတ်ကောင်ငုပ်ကွက် ဧရိယာမှဆယ်ယူရရှိခဲ့ပါသည်။အလေးချိန်(၈၄၅)ကာရက်၊ အလျား(၆.၂) ၊အနံ(၅.၃) ၊အမြင့်(၃) ရှိပါသည်။အလေးချိန်(၁၆၉)ဂရမ်၊ ၉၂၅.၅၀)ရတီနှင့် ငွေရောင်အဆင်းရှိသော မြန်မာ့ပုလဲရတနာကြီးဖြစ်ပါသည်။

>ကိုးကား=ပညာကျော်ရေးသားသော  စာအုပ်မှကူးယူဖေါ်ပြသည်။
♢♢♢♢♢
တင်ပြုသူ
                                                 (၇:၁:၁၃၇၈)
                                                 (3:4:2017)
                                   တက္ကသိုလ်စာသင်သား
                           သာသနာ့တက္ကသိုလ်၊မန္တလေး

No comments:

Post a Comment