ဟဲဟိုးမြို့
__________________
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ကလောမြို့နယ်အတွင်း ထင်ရှားသော မြို့တစ်မြို့ ဖြစ်ပြီး ကားလမ်းရော လေကြောင်းလမ်းဖြင့်ပါ သွားရောက်နိုင်သည့် မြို့လည်းဖြစ်သည်။
ဟဲဟိုးမြို့သည် ယခင်က ဓနုတိုင်းရင်းသားများ နေထိုင်ရာရွာတစ်ရွာသာဖြစ်ပြီး
၁၉၂၀ ခုနှစ်မှစတင်ကာ မြို့အဖြစ်ခေါ်ဝေါ်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဟဲဟိုးမြို့သည် ပင်လယ်ရေမျက်နှာပြင်ထက် ၃၈၅၈ ပေ တည်ရှိသည်။
ဟဲဟိုးမြို့ဝန်းကျင်သည် စိုက်ခင်းများ နေရာအနှံ့တည်ရှိနေရာ ဒေသဖြစ်သည်။
စိုက် ပျိုးရေးကို အဓိကပြုလုပ်သည်။
ဟဲဟိုးမြို့သည် ရှမ်းပြည်နယ်သို့ ဝင်ထွက်သွားလာနေကြ သည့် ကမ္ဘာလှည့်ခရီးသည်များ တစ်ထောက်နားရာမြို့လည်း ဖြစ်သည်။
ဟဲဟိုးမြို့ တွင် ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ အင်းသား စသည့်တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြရာ အများဆုံးမှာ ဓနုတိုင်းရင်းသား များဖြစ်ကြောင်း သိရသည်။
ဟဲဟိုးမြို့သည် မြို့ပေါ်ရပ်ကွက် ကိုး ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ခြောက်အုပ်စုတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ မြို့ပေါ်ကိုးရပ်ကွက်မှာ အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်(၁)၊ အလယ်ပိုင်း ရပ်ကွက်(၂)၊ အလယ်ပိုင်းရပ်ကွက်(၃)၊ ရွာကြီးရပ်ကွက်၊ ကုန်းစောင်းရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်နှင့် နန်းကုန်းရပ်ကွက်များ ဖြစ်ကြသည်ဟု သိရသည်။
ဟဲဟိုးမြို့မဈေး ။
ဟဲဟိုးမြို့မဈေးသည် ငါးရက်ဈေးလည်း ရောင်းချ သလို နေ့စဉ် ဖွင့်လှစ်ရောင်းချ သည့်ဈေးလည်း ဖြစ်သည်။
ဟဲဟိုးလေသာတောင် သမိုင်းဝင်ဘုရားစေတီများကိုဖူးမြော်ကြည်ညို နိုင်ပြီး ထိုတောင်ပေါ်မှ ဟဲဟိုးမြို့ကြီးကိုကြည့်ရူနိုင်သညိ။
ဟဲဟိုးမြို့လေဆိပ်
ဟဲဟိုးလေဆိပ်သည် ဟဲဟိုးမြို့ အနောက်မြောက်ဘက် နှစ်မိုင်ခွဲအကွာတွင် တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၃၈၅၈ ပေကျော်တွင် တည်ဆောက်ထားပါသည်။
ဟဲဟိုးလေဆိပ်သည် ယခင်က ဒုတိယက္ဘာစစ်အတွင်း ဂျပန်နှင့် မဟာမိတ်တပ် များ အသုံးပြုခဲ့သော လေတပ်အခြေစိုက်စခန်းတစ်ခုအဖြစ် တည်ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရှမ်းပြည်နယ်၏ အင်းလေး၊ တောင်ကြီး၊ ပင်းတယအစရှိသည့် နေရာဒေသများစွာသို့ ကမ္ဘာ လှည့်ခရီးသွားများ သွားရောက်ရာ အဓိကဝင်ပေါက် လေဆိပ်မြို့လေးတစ်ခုအဖြစ် ထင်ရှားလာပါသည်။
ဘဝသံသရာတံတား ဟဲဟိုးမြို့အနီး
ဒါရိုက်တာ ဆရာကြီးသုခ ၏ နာမည်ကြီး ဘဝသံသရာ ရုပ်ရှင်ဇာတ်ကား ၏ အဓိက ဇာတ်ဝင်ခန်းတွင် ပါဝင်ခဲ့သော တံတားအဖြစ် လူသိများကာ
၁၉၂၇ ခုနှစ်တွင် တည်ဆောက်ပြီးစီး ခဲ့ခြင်းကြောင့် သိရသည်။ တံတားအရှည် ၂ x ၄ဝပေ + ၂ x ၆ဝ ပေဖြင့် (ပေ၂ဝဝ)၊ အမြင့် ၆၂ ပေ ရှိကာ CIP.R- 13 A သံပေါင် အမျိုးအစား တံတား တစ်ခု ဖြစ်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ လူသိများ အထူး ထင်ပေါ်သည့် သမိုင်းဝင် တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။
''ဘဝသံသရာတံတား'' ဟု ခေါ်ဆို ရခြင်းမှာ တောင်ပေါ်လမ်း ဖြစ်သည့် ရွှေညောင်မှ လာရာခရီး၌ အရှည်ပေ ၆ဝ၊ တံတားအမှတ် (၃၈၆) တစ်စင်းဖြစ်သည့် အောက်တံတားမှ အထက် ဟဲဟိုး သို့တက်ရာ၌ ခရုပတ် စက်ဝိုင်းသဏ္ဌာန် အတက်အဆင်း များစွာဖြင့် မောင်းနှင်ရကာ အနိမ့်အမြင့် အကွေ့အကောက် အတက်အဆင်း များလှသော လူ့ဘဝနှင့် နှိုင်းယှဉ်၍ ဘဝသံသရာတံတား ဟု အမည်တွင် ခဲ့ကြောင်း သိရသည်။
#mg jet ( ကိုးကား - မြန်မာ့အလင်း)
No comments:
Post a Comment