Tuesday, March 28, 2017

မြန်မာတိုင်းရင်းသားများ (၁၃၅) မျိုးတို့၏ နာမည်များ

မြန်မာတိုင်းရင်းသားများ (၁၃၅) မျိုးတို့၏ နာမည်များ

မြန်မာတိုင်းရင်းသားလူမျိုး - အဓိက ကတော့

ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှုမ်း ၊ ဆိုပြီး ( ၈ မျိုး ) ရှိပါတယ် ။

ကချင်မှာ လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိပါတယ်။

(၁) ကချင် Kachin

(၂) တရုမ်းTaron Taron

(၃) ဒလောင် Dalaung

(၄) ဂျိန်းဖော Jinghpaw

(၅) ဂေါ်ရီ Guari

(၆) ခခူ Hkahku

(၇) ဒူးလန်း Duleng

(၈) မရူ (လော်ဝေါ်) Maru (Lawgore)

(9) ရ၀မ် Rawang

(၁၀) လရှီ (လချိတ်) Lashi (La Chit)

(၁၁) အဇီး Atsi

(၁၂) လီဆူး Lisu

ကယားမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိပါတယ်။

(၁၃) ကယား Kayah

(၁၄) ဇယိမ်း Zayein

(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)

(၁၆) ကဲ့ခို Gheko

(၁၇) ဂေဘား Kebar

(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)

(၁၉) မနုမနော Manu Manaw

(၂၀) ယင်းတလဲ Yin Talai

(၂၁) ယင်းဘော် Yin $%#w

ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိပါတယ်(ကျွန်တော်သိတာ- (၁၃)မျိုး)

(၂၂) ကရင် Kayin

(၂၃)ကရင်ဖြူ Kayinpyu

(၂၄) ပလေကီး Pa-Le-Chi

(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)

(၂၆) စကော Sgaw

(၂၇) တာလှေပွား Ta-Lay-Pwa

(၂၈) ပကူး Paku

(၂၉) ဘွဲ Bwe

(၃၀) မော်နေပွား Monnepwa

(၃၁) မိုးပွား Monpwa

(၃၂) ရှူး (ပိုး) Shu (Pwo)

ချင်းမှာ လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိပါတယ် ။

(၃၃) ချင်း (ဇိုမီး) Chin (Zomi)

(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)

(၃၅) ဆလိုင်း Saline

(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)

(၃၇) ခမီ Khami

(၃၈) အ၀ခမီ Awa Khami

(၃၉) ခေါနိုး Khawno

(၄၀) ခေါင်စို Kaungso

(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin

(၄၂) ခွာဆင်းမ် Kwelshin

(၄၃) ခွန်လီ (ဆင်) Kwangli (Sim)

(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)

(၄၅) ဂွေးတဲ Gwete

(၄၆) ငွန်း Ngorn

(၄၇) ဆီစာန် Zizan

(၄၈) ဆင်တန် Sentang

(၄၉) ဆိုင်းဇန် Saing Zan

(၅၀) ဇာဟောင် Za-How

(၅၁) ဇိုတုံး Zotung

(၅၂) ဇိုဖေ Zo-Pe

(၅၃) ဇို Zo

(၅၄) ဇန်ညှပ် Zahnyet (Zanniet)

(၅၅) တပေါင်Tapong

(၅၆) တီးတိန် Tiddim (Hai-Dim)

(၅၇) တေဇန် Tay-Zan

(၅၈) တိုင်ချွန်း Taishon

(၅၉) သဒို Thado

(၆၀) တောရ် Torr

(၆၁) ဒမ် Dim

(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)

(၆၃) နာဂ Naga

(၆၄) Tanghkul

(၆၅) Malin

(၆၆) Panun

(၆၇) Magun

(၆၈) Matu

(၆၉) Miram (Mara)

(၇၀) Mi-er

(၇၁) Mgan

(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)

(၇၃) Laymyo

(၇၄) Lyente

(၇၅) လောက်တူ Lawhtu

(၇၆) လိုင် Lai

(၇၇) လိုင်ဇို Laizao

(၇၈) ၀ါကင်းမ် Wakim (Mro)

(၇၉) Haulngo

(၈၀) အနူး Anu

(၈၁) အနန် Anun

(၈၂) Oo-Pu

(၈၃) လင်းဘု Lhinbu

(၈၄) အရှိုAsho (Plain)

(၈၅) Rongtu

ဗမာမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိတယ်။

(၈၆) ဗမာ Bamar

(၈၇) ထားဝယ် Dawei

(၈၈) မြိတ် Beik

(၈၉) ယော Yaw

(၉၀) ယဗိန်း Yabein

(၉၁) ကဒူး Kadu

(၉၂) ကနန်း Ganan

(၉၃) ဆလုံ Salon

(၉၄) ဖွန် Hpon

မွန်မှာ လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိပါတယ်။

(၉၅) မွန် Mon

ရခိုင်မှာ လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိပါတယ်။

(၉၆) ရခိုင် Rakhine

(၉၇) ကမန်လူမျိုး Kamein

(၉၈) ခမွီး Kwe Myi

(၉၉) ဒိုင်းနက် Daingnet

(၁၀၀) မရမာကြီး Maramagyi

(၁၀၁) မြို Mro

(၁၀၂) သက် Thet

ရှမ်းမှာ လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိပါတယ်

(၁၀၃) ရှမ်း Shan

(၁၀၄) ယွန်း (လော) Yun (Lao)

(၁၀၅) ကြီ Kwi

(၁၀၆) ဖျင် Pyin

(၁၀၇) ယောင် Yao

(၁၀၈) ဓနော Danaw

(၁၀၉) ပလေး Pale

(၁၁၀) အင် Eng

(၁၁၁) စုံ Son

(၁၁၂) ခမူ Khamu

(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)

(၁၁၄) ကိုးကန့် Kokant

(၁၁၅) ခန္တီးရှမ်း Khamti Shan

(၁၁၆) ဂုံရှမ်း Hkun

(၁၁၇) တောင်ရိုး Taungyo

(၁၁၈) ဓနု Danu

(၁၁၉) ပလောင် Palaung

(၁၂၀) မြောင်ဇီး Man Zi

(၁၂၁) ယင်းကျား Yin Kya

(၁၂၂) ယင်းနက် Yin Net

(၁၂၃) ရှမ်းကလေး Shan Gale

(၁၂၄) ရှမ်းကြီး Shan Gyi

(၁၂၅) လားဟူ Lahu

(၁၂၆) အင်းသား Intha

(၁၂၇) အိုက်ဆွယ် Eik-swair

(၁၂၈) ပအိုဝ်း Pa-O

(၁၂၉) တိုင်းလွယ် Tai-Loi

(၁၃၀) တိုင်းလျမ် Tai-Lem

(၁၃၁) တိုင်းလုံ Tai-Lon

(၁၃၂) တိုင်းလေ့ Tai-Lay

(၁၃၃) မိုင်းသာ Maingtha

(၁၃၄) မောရှမ်း Maw Shan

(၁၃၅)၀ Wa

Sunday, March 26, 2017

ဇွဲကပင်မြေ မှ ဓါတ်နန်းရှင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင်

ဇွဲကပင်မြေ မှ ဓါတ်နန်းရှင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင်
~~~~~~~~~~~~~~~~~~~~~~
တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသားကြီး စ၀်ဖါ့သန့်(သိုင့်)နှင့် ဇနီးဖြစ်သူ နန်ဖေါ့ယာ့်တို့တွင် စံစေ့ဖိုးနှင့် နန်မူးဖါန်ဟုခေါ်သော သားသမီး(၂)ဦး ရှိလေသည်။

အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်း ခဲ့သမျှ သားကလေး ရှင်သာမဏေ လောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာထဲတွင် အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စ၀်ဖါ့သန့်(သိုင့်)မှာ ကျားကိုက်ရင်း တောင်ယာထဲတွင် ဆုံးရှာလေသည်။

ဖခင်ကြီး ဆုံးပါးသွားသည့်နောက်ပိုင်းတွင် မုဆိုးမ နန်းဖေါ့ယာ့တို့ သားအမိကို ဘ၀ဆိုးမှ လွတ်မြောက် စေလိုပါသည်၊ မိမိဘ၀ကို သနားကရုဏာ သက်လှပါ သည်။ ကလေးတွေကိုလည်း ရင်သွေး အရင်အချာ များနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်အိမ်ထောင် ပြုလိုက်သည်။ ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သော နှလုံးသား လေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောက ဝေဒနာအရောင်တို့ လွှမ်းမိုးလာခဲ့သည်။

ငြိမ်သက်ခဲ့သော အိမ်ကလေးမှာ နေ့တိုင်းလိုလို ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာတော့သည်။ ပထွေး၏ ဒေါသနှင့် ယုတ်မာသော၊ ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများ အောက်မှာ မောင်နှမ နှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရရှာသည်။

နောက်ဆုံးတွင် နန်းဖေါ့ယာ့ခမျာ ဥမမယ် အရွယ်မရောက် သားသမီးနှစ်ယောက်ကို တောအုံချောက်ကြား နွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရှာရ လေတော့သည်။

တစ်နေ့တွင် ပထွေးဖြစ်သူမှ မောင်နှမနှစ်ဦးအား ယာခင်းသို့ခေါ်ကာ ယာခင်းသွားရာလမ်းတွင် မြင့်မားမတ်စောက် သော တောင်ကမ်းပါးကြီးပေါ်မှ
တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့လေသည်။

မောင်နှမနှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ ဆုတောင်းမိလိုက်ကြသည်။ ကမ်းပါးအောက် ၀ါးရုံပေါ်တင်နေလို့ အသက် ချမ်းသာရာ ရခဲ့ကြပါသည်။

ညဥ့်နက်သည်အထိ ဘုရားကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုး အကြောင်း ပြောပြလေသည်။ ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နန်းဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့သည်။ သို့သော် ကလေးနှစ်ယောက်ကို အိမ်မှာ ပြန်လည်၍ ခေါ်ထားဖို့တော့ လုံးဝမဖြစ်နိုင်တဲ့ အခါ ရင်သွေးနှစ်ယောက် အသက်မသေ လုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင် ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ထားခဲ့လေသည်။

မောင်နှမနှစ်ယောက် အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။ ကြည့်လေ ရာရာ တောအုပ်ကြီးက ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ၊ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့ အသံများကိုသာ ကြားရသည့် နေရာမှာ မိခင်က လာပို့ထားခဲ့သည်။

ပထွေးရန်ကို ကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊ တောတိရစ္ဆာန်တို့ ရန်ကရှိသေးသည်။ အနီးအပါးက ရသမျှ တောသီးနှံလေးများကို ခူးဆွတ် စားသောက်ရင်း ဥတုရာသီနှင့် တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာသည်။

နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်ရသည်။ မျက်စိအောက်က အပျောက်မခံရဲ၊ အဖေကိုတမ်းတ၊ အမေ့ကို လွမ်းရသော ဝေဒနာတို့ကို ကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတုနေကြရှာသည်။

ရံဖန်ရံခါတွင် ဇွဲကပင် တောင်သို့ ဘုရားဖူး လာကြသူများ ရောက်လာကြပါ၏။ ၎င်းတို့ပေးသွားသော စားရေရိက္ခာ မစို့မပို့လေးနှင့် မျှတစားရသည့်အခါလည်း ရှိသည်။

ငယ်ရွယ်သူ နှမလေးကို ငဲ့ညှာရလွန်းတော့ အစ်ကို လုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့ပေ။တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတုကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီးတစ်ပါး သူတို့မောင်နှမနှစ်ယောက်ထံ ရောက်လာသည်။

ရသေ့ကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမနှစ်ဦးအား ရွှေရောင်ဝင်းနေသည့် ဆေးလုံး သုံးလုံးပေးကာ မီးဖိုအတွင်းသို့ ဆင်းခိုင်းသည်။ ခုန်ဆင်း လိုက်သောအခါ ငယ်ရွယ်နုပျိုသော လုလင်ပျိုနှင့် လုံမပျိုလေး နှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
မောင်နှမနှစ်ဦးမှ ရသေ့ကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်ခိုးတွေ ရကြပြီး ရသေ့ကြီးအား ပေးခဲ့သော ကတိစကားအတိုင်း

"သာသနာတော်အတွက် လုံ့လ၀ီရိယ စိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညို သူတွေ၊ ဟောဒီ ဇွဲကပင်တောင်ကို ဘုရားဖူး လာကြသူတွေ မှန်သမျှ စီးပွားရေး လာဘ်လာဘ တိုးအောင်၊ ကျန်းမာရွှင် လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက် ရစ်ကြပေတော့"

ဟူသော အမှာစကားအတိုင်း သစ္စာပြုကာ ဇွဲကပင်တောင်တော်နှင့် ဆံတော်ရှင်မြတ်အား စောင့်ရှောက် နေခဲ့ပါသည်။

ဇွဲကပင်တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ၊ ဂရုဏာသက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင် စခန်းမှာ လွန်ခဲ့သောနှစ်ပေါင်း(၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော် ဦးကေတု ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဇွဲကပင် ဆရာတော် ဦးက၀ိဓဇက ဘုရားဖူးများ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်းဖြစ်အောင် ထပ်မံမွမ်းမံ ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
Credit:စစ်မာန်ဟုန်

ဖားအောက်တောရဆရာတော်

☆ “#ဗုဒ္ဓါနုဿ     တိကမ္မဋ္ဌာန်း” ☆
▬▬▬▬▬▬▬▬▬▬▬▬
¤ ဖားအောက်တောရဆရာတော် ¤
═════════════════════

၁။ ၀ါသနာအငွေ့ဓာတ်နှင့်တကွ ကိလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင်
သဖြင့် ကိလေသာတို့မှ အဝေးကြီး ဝေးကွာတော်မူခြင်းတည်းဟူသော
ဤအကြောင်းကြောင့် “#အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊

၂။ တစ်ထောင့်ငါးရာ ကိလေသာတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့်
ချိုးဖဲ့ဖျက်ဆီးတော်မူတတ်ခြင်းတည်းဟူသော ဤအကြောင်းကြောင့်
“#အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊

၃။ အ၀ိဇ္ဇာ-တဏှာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏
ထောက်အကန့်တို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူခြင်းတည်းဟူသော ဤ
အကြောင်းကြောင့် “#အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊

၎။ သူမတူသော သီလ-သမာဓိ-ပညာ-ဂုဏ်သကတ်ကြောင့် လူ နတ်
ဗြဟ္မာ သတ္တ၀ါတို့၏ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူ
ထိုက်ခြင်းတည်းဟူသော ဤအကြောင်း ကြောင့် “#အရဟံ”မည်ေတာ်မူ
ပါပေသော မြတ်စွာဘုရား၊

၅။ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှု ဟူသမျှတို့ကို ပြုတော်မမူ ပြော
တော်မမူ ကြံစည်တော်မမူခြင်းတည်းဟူသော ဤအကြောင်းကြောင့်
“#အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊

☆ ဤကား အရဟံဂုဏ်တော်၏ အနက်ငါးနက် ဖြစ်သည်။ ဤအနက်
အဓိပ္ပါယ် တို့ကို ကျေပွန်အောင် နှုတ်တက်ရအောင် လေ့ကျက်ထားပါ။ ဤ အရဟံဂုဏ်တော် ကမ္မဋ္ဌာန်းကို ပွားများလိုသော အသင်သူတော်ကောင်း
သည် ရှေးဦးစွာ သြဒါတကသိုဏ်း စတုတ္ထဈာန်သမာဓိကို သို့မဟုတ် အာနာ
ပါန စတုတ္ထဈာန်သမာဓိကို တစ်ဖန် ထူထောင်၍ ထိုသမထဘာဝနာဉာဏ်
ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း အကူအညီဖြင့် မိမိ ကြည်ညို
လေးစားသည့် ရုပ်ပွားတော်တစ်ဆူကို မြင်အောင် ထိုးစိုက် အာရုံယူကြည့်ပါ။

☆ သက်တော်ထင်ရှား မြတ်စွာဘုရားကို မဖူးမြင်ရသဖြင့် သက်တော်ထင်
ရှား ဘုရားရှင်၏ကိုယ်စား ရုပ်ပွားတော်ကို စတင်ကာ အာရုံယူခြင်းဖြစ်ပါ
သည်။ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ယင်းပုံတော်ကို သက်တော်ထင်
ရှားဘုရားဟု အမှတ်ပြုကာ အာရုံညွတ်ကြည့်ပါ။ အတိတ်က သက်ေတာ်ထင်
ရှား ဘုရားရှင်များကို ဖူးတွေ့ ခဲ့ရလျှင် ထိုဘုရားရှင်၏ ရုပ်ပုံတော်သည် ပေါ်
လာတတ်ပါသည်။ ထိုဘုရားပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုရန် ဖြစ်
သည်။

☆ အကယ်၍ ထိုသို့ အာရုံယူကြည့်ရာ၌ သက်တော်ထင်ရှား ဘုရားရှင်၏ ပုံတော်မပေါ်ခဲ့သော် မိမိ အာရုံယူထားသော ရုပ်ပွားတော်ကိုပင် သက်တော်
ထင်ရှားဘုရားဟု အမှတ်ထား၍ ထိုပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုပါ။
အထက်ပါ အရဟံဂုဏ်တော်၏ အနက်အဓိပ္ပါယ် ငါးမျိုးတို့တွင် မိမိ နှစ်ခြိုက်
ရာ အနက်အဓိပ္ပါယ် တစ်မျိုးမျိုးကို အာရုံယူ၍ “#အရဟံ-အရဟံ”ဟုပွားများပါ။
သမာဓိအားကောင်းလာသောအခါ ပုံတော်ပျောက်၍ ဂုဏ်တော်အပေါ်၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေပေလိမ့်မည်။

☆ ထိုအခါ ပုံတော်ကို လိုက်၍ အာရုံ မယူပါနှင့်။ လိုက်၍ မရှာဖွေပါနှင့်။ ဂုဏ်တော်အပေါ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင်
ပွားများပါ။ တစ်နာရီခန့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ ဂုဏ်တော်အာ
ရုံ၌ တည်နေခဲ့သော် ဈာန်အင်္ဂါတို့ကို ပြန်ဆင်ခြင်ကြည့်ပါ။ သို့သော် ဤဈာန်မှာ
ဥပစာရဈာန်မျှသာဖြစ်သည်။ ယင်းဥပစာရဈာန်သို့ ဆိုက်အောင် ပွားများပါ။
ကြွင်းကျန်သော ဂုဏ်တော်တို့၌လည်း နည်းမှီ၍ ပွားများပါလေ။ ၀သီဘော်နိုင်
နင်းအောင် လေ့ကျင့်ပါ။

☆ Buddhavasa Tiloka ☆

Thursday, March 23, 2017

*** နိုင်ငံတော် သမ္မတကြီးဦးထင်ကျော် ***

*** နိုင်ငံတော် သမ္မတကြီးဦးထင်ကျော် ***
*********************************************
အသက် - ၇၀နှစ်
ပညာအရည်အချင်း -၁၀တန်းစာမေးပွဲ မြန်မာတနိုင်ငံလုံး အဆင့်၃
လူရည်ချွန် ၅ထပ်ကွမ်း
စီးပွားရေးဆိုင်ရာ မဟာဘွဲ့
့(ရန်ကုန်စီးပွားရေး တက္ကသိုလ်)
ကမ္ဘာအကောင်းဆုံး အင်္ဂလန်အောက်စဖို့ဒ်
တက္ကသိုလ်မှ ကွန်ပျူ တာ မဟာဘွဲ့
မြန်မာနိုင်ငံ၏
ပထမဆုံးသော ပညာတော်သင် ကျောင်းသား
ဖခင် -နိုင်ငံလွတ်လပ်ရေးမော်ကွန်းဝင် ခေတ်စမ်းစာပေဖခင်
စာရေးဆရာ မင်းသုဝဏ်ဧ။်သား
မဆလခေတ် နိုင်ငံတော်ဝန်ကြီးချုပ်ဦးလွင်၏ သမက်
ဇနီး -ဒေါ်စုစုလွင်
(ပြည်ထောင်စုလွတ်တော်
နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဌ)
လက်ရှိ-ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဌ
ကမ္ဘာ့ထိပ်တန်း ကွန်ပျူ တာပညာရှင် အစည်းရုံး သဘာပတိ

ကွမ်းခြံကုန်းမြို့သား ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ရွေးကောက်ခံကိုယ်စားလှယ် ဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက် သားဖြစ်သည်။
၁၉၄၆ ဇူလိုင် ၂၀ တွင် မွေးဖွားသည်။
၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ်
၁၉၆၆-၆၇ စီးပွားရေးပညာဘွဲ့၊ B.Eco
၁၉၆၈ M.Eco
(part 2- တက်ရောက်စဉ် တက္ကသိုလ်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်)
၁၉၇၀ University of Computer Centre သို့ ပြောင်းရွှေ့ပညာသင် (Programmer / Analyst)
၁၉၇၁-၇၂ Institute of Computer Science, University of London
၁၉၇၄ Asia Electronic Union, Tokyo
၁၉၇၄-၇၅ M.Sc., Computer Science (RASU)
၁၉၇၅ ဌာနခွဲမှူး ( အကြီးစားစက်မှုလုပ်ငန်း)
၁၉၈၀-၁၉၉၂ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD)
၁၉၉၂ ဒုတိယညွှန်ကြားရေးမှူး ရာထူးမှနှုတ်ထွက်
၁၉၈၇ Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့
ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာရှိနေခဲ့သူတစ်ဦး လည်းဖြစ်သည်။ စင်စစ် သူသည် ဒီချုပ်ပါတီထက် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ပိုမိုနီးကပ်သူဖြစ်သည်။ နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်ပကမ္ဘာကို ချိတ်ဆက်ပေးခဲ့သောလူအနည်းစုတွင် ဦးထင်ကျော်လည်းပါဝင်သည်။
သူ့ကို သိုသိပ်လျှို့ဝှက်စွာ နေတတ်သူအဖြစ် ဒီချုပ်ပါတီဝင်များက သိထားကြသည်။
ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တနှစ် တစ်လ တစ်ရက်ငယ်ရွယ်သူ ဖြစ်သော်လည်း မက်ဒရစ်ကျောင်း(ဒဂုံ ၁)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာဆည်းပူးခဲ့သူဖြစ်သည်။
၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသို့ ဝင်ရောက်ခဲ့သည်။ သူသည်ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်းဖြစ်သည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သည်။
ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ ကလောင်ခွဲဖြစ်သော ဒလဘန်းအမည်ဖြစ် သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။ ဒလဘန်းကလောင်အမည်ဖြင့် သူ၏ဖခင် ဆရာမင်းသုဝဏ်အကြောင်းရေးသည့် ‘‘အဘဘ၀ အဘအကြောင်း တစေ့တစောင်း’’စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့် လက်ရာဖြစ်သည်။
လက်ရှိသမ္မတ ဖြစ်နိုင်ချေအရှိဆုံးသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အချရဆုံးသူအဖြစ် လည်းကောင်း မိသားစုမျိုးရိုး သမိုင်းကြောင့် လည်းကောင်း ရိုးသားဖြောင့်မတ်သော စိတ်ထားရှိ၍ လည်းကောင်း စသည့် အရည်အချင်းများကြောင့် NLD ၏ သမ္မတလောင်းစာရင်းတွင် တင်ပေးခြင်းခံထားရသူ တစ်ဦးဖြစ်လာခဲ့သည်။
NLD နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး၊ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင်၏ ခင်ပွန်းလည်း ဖြစ်သည်။

Source - Kay Nyein and other reliable media
-
Credit - original uploader

#ZLH

Tuesday, March 14, 2017

ဂင်းနစ်မှတ်တမ်းကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး မင်းကွန်းဆရာတော်ဘုရားကြီး၏ ကြည်ညိုဖွယ်ရာ ဘွဲတံဆိပ်တော်များ

ဂင်းနစ်မှတ်တမ်းကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး
မင်းကွန်းဆရာတော်ဘုရားကြီး၏
ကြည်ညိုဖွယ်ရာ ဘွဲတံဆိပ်တော်များ

၁။ပထမကျော်-၁၂၉၅ခုနှစ်
၂။ပရိယတ္တိသာသနဟိတဓမ္မာစရိယ-          (သကျသီဟဓမ္မာစရိယ-အဘိဝံသ-ဝဋံသကာ)-၁၂၉၆ ခုနှစ်
၃။သာသနဓဇသီရိပဝရဓမ္မာစရိယ-၁၃၀၂
၎။ဝိသိဌဝိနယဓရ-၁၃၁၂ ခုနှစ်
၅။မဟာဝိနယကောဝိဒ-၁၃၁၂ ခုနှစ်
၆။ဝိသိဌအာဘိဓမ္မိက-၁၃၁၃-၁၃၁၄ ခုနှစ်
၇။မဟာအဘိဓမ္မကောဝိဒ-၁၃၁၃-၁၃၁၄
၈။ဝိသိဌဒီဃဘာဏက-၁၃၁၅ ခုနှစ်
၉။မဟာဒီဃနိကာယကောဝိဒ-၁၃၁၅ ခုနှစ်
၁၀။ဗုဒ္ဓသာသနဝိသိဌတိပိဋကဓရ-၁၃၁၅ ခုနှစ်
၁၁။မဟာတိပိဋကကောဝိဒ-၁၃၁၅ ခုနှစ်
၁၂။တိပိဋကဓရ ဓမ္မဘဏ္ဌာဂါရိက-၁၃၁၅
၁၃။ဆဌသံဂီတိပါဠိသောဓက-၁၃၁၈ ခုနှစ်
၁၄။ဆဌသံဂီတိပါဠိပဋိဝိသောဓက-၁၃၁၈
၁၅။ဆဌသံဂီတသြသာနသောဓေယျပတ္တပါဌက-၁၃၁၈
၁၆။ဆဌသံဂီတိကာရက-၁၃၁၈ ခုနှစ်
၁၇။ဆဌသံဂီတိဘာဏက-၁၃၁၈ ခုနှစ်
၁၈။ဆဌသံဂီတိဘာရနိတ္တာရက-၁၃၁၈ ခုနှစ်
၁၉။ဆဌသံဂီတိဓမ္မဝိသဇ္ဇက-၁၃၁၈ ခုနှစ်
၂၀။အဌကထာသံဂီတိကာရက-၁၃၂၃ ခုနှစ်
၂၁။ဋီကာသံဂီတိကာရက-၁၃၂၃ ခုနှစ်
၂၂။အဂ္ဂမဟာပဏ္ဍိတ-၁၃၄၀ ခုနှစ်
၂၃။အဘိဓဇမဟာရဋ္ဌဂုရု-၁၃၄၅ ခုနှစ်
၂၄။အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက-
၁၃၅၃ ခုနှစ်တို့ဖြစ်ကြသည်။

မင်းကွန်းဆရာတော်သည်
၁၂၈၇-ခုနှစ်
သာမဏေ(၁၅)နှစ်သားအရွယ်၌ ပထမငယ်တန်း
၁၂၈၈-ခုနှစ် (၁၆) နှစ်သားအရွယ်၌ ပထမလတ်တန်း
တို့ကို အောင်မြင်၍

၁၂၈၉-ခုနှစ် (၁၇)နှစ်သားအရွယ်တွင်မူ ဆရာဖြစ်သော ဆရာတော်ဦးသောဘိတ ကိုယ်တခြမ်းသေ(သွက္ချာပါဒ)
လေဖြတ်ရောဂါဖြစ်သည်ကို
၁၂၈၉မှ ၁၂၉၁-ခုနှစ်အထိ (၃)နှစ်တိုင်တိုင် စာမေးပွဲမဖြေပဲ မိမိပညာရေး ဘေးဖယ်ထားကာ ပြုစုခဲ့ပါသည်။

၁၂၉၃-ခုနှစ် ဝါမရသေးမီ ပထမကြီးတန်း၊
၁၂၉၄-ခုနှစ် ၁-ဝါရ အမျိုးသား ပထမကြီးတန်း၊
၁၂၉၅-ခုနှစ် ၂-ဝါရ အစိုးရပထမကျော်တန်းနှင့်
သကျသီဟ စာသင်တန်း၊
၁၂၉၆-ခုနှစ် ၃-ဝါရ သကျသီဟ စာချတန်းတို့ကို အောင်မြင်ပါသည်။

သကျသီဟစာမေးပွဲ စတင်ကျင်းပသည့် ၁၂၆၅-မှ ၁၂၉၆-ခုနှစ်အထိ၊၃၁-နှစ်အတွင်း၌
စာသင်တန်းနှင့် စာချတန်းကို နှစ်မခြားပဲ ဆက်တိုက် အောင်မြင်သောပုဂ္ဂိုလ် မပေါ်
ပေါက်ခဲ့ဖူးပေ။ အရှင်ဝိစိတ္တသာရသည်သာ စာသင်တန်း စာချတန်း နှစ်မခြားပဲ ပထမဦးဆုံး
အောင်မြင်သောကြောင့် ဝဋံသကာ (ဦးစိုက်ပန်း-ဦးဆောက်ပန်း) ဟူသော ဘွဲ့ထူးအသစ်တီထွင်၍
အရှင်ဝိစိတ္တသာရာဘိဝံသ
ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ဝဋံသကာ ဟု
ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဤသို့ ထူးချွန်စွာ အောင်မြင်သဖြင့် ရန်ကုန်ပါဠိဆရာ မြန်မာ
ပညာရှိအသင်းကြီးမှ အဋ္ဌကထာပြန်အကျော် ဘွဲ့တံဆိပ်နှင့် အစိုးရမှ ပထမကျော်ဘွဲ့ အခြားအသင်းပေါင်းစုံမှ ရွှေတံဆိပ်အမျိုးမျိုးတို့ကို ရန်ကုန်မြို့ ဂျူဗလီဟောရုံကြီး၌
ကြီးကျယ်ခမ်းနားစွာ ဆက်ကပ်လှူဒါန်းကြပါသည်။

၁၃၀၂-ခုနှစ်၌
ဓမ္မာစရိယဘွဲ့နှင့် သာသနဓဇသီရိပဝရ ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့ပါသည်။

၁၃၁၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၇)ရက် တတိယအကြိမ် တိပိဋကဓရ ရွေးချယ်ရေး
စာမေးပွဲ၌ ဝိနည်း၅ကျမ်းကို အာဂုံရော ရေးဖြေပါ ဂုဏ်ထူးနှစ်ဆင့်ဖြင့် အောင်မြင်တော်မူ၍၊
ဝိသိဋ္ဌဝိနယဘွဲ့နှင့် မဟာဝိနယကောဝိဒဘွဲ့တို့ကို ရရှိတော်မူခဲ့သည်။

၁၃၁၃-ခုနှစ်၊ စတုတ္ထအကြိမ် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ၌ အဘိဓမ္မာရှေ့ပိုင်း ၅-
ကျမ်း၊ ၁၃၁၄ခုနှစ်၊ ပဉ္စအကြိမ် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ၌ အဘိဓမ္မာ နောက်
ပိုင်း၂-ကျမ်းတို့ကို အာဂုံရေးဖြေ နှစ်ထွေလုံး ဂုဏ်ထူးနှစ်ဆင့်ဖြင့် အောင်မြင်တော်မူ၍
ဝိသိဋ္ဌအာဘိဓမ္မိကဘွဲ့နှင့် မဟာအာဘိဓမ္မိကကောဝိဒဘွဲ့ တို့ကို ရရှိတော်မူခဲ့ပါသည်။

သက်တော်(၄၂)နှစ်အရွယ် ၁၃၁၅-ခုနှစ်၊ ဆဋ္ဌမအကြိမ် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ၌
ဒီဃနိကာယ် သုတ်သုံးကျမ်းကို အာဂုံရေးဖြေ နှစ်ထွေလုံး ဂုဏ်ထူးနှင့်ချည်း အောင်မြင်တော်မူ၍
ဝိသိဋ္ဌ ဒီဃဘာဏကဘွဲ့၊ မဟာဒီဃနိကာယကောဝိဒဘွဲ့၊ ဝိသိဋ္ဌတိပိဋကဓရဘွဲ့၊
မဟာတိပိဋကကောဝိဒဘွဲ့၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တို့ကို ရရှိတော်မူခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး စပ်ရွှေသိုက် လက်ထက်က သမ္မတအိမ်တော်၌ ကြီးကျယ်ခမ်းနားစွာ
ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ပိဋကတ်.၃ပုံကို နှုတ်ငုံဆောင်နိုင်သည့် ပုဂ္ဂိုလ်
မရှိနိုင် မပေါ်ပေါက်နိုင်ဟု အယူရှိနေသည့် ရဟန်းရှင်လူပြည်သူအားလုံး အရှင်ဝိစိတ္တသာရ
ဟူသည့် ပိဋကတ်သုံးပုံ နှုတ်ငုံဆောင် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ပေါ်
ပေါက်လာခြင်းကြောင့် တနိုင်ငံလုံး ချီးကျူးပူဇော်ပွဲများကျင်းပပြုလုပ်ခဲ့ပါသည်။

ဝိနည်း.၅ကျမ်း စာမျက်နှာ- ၂၂၆၀
အဘိဓမ္မာရှေ့ ပိုင်း ၅ကျမ်း စာမျက်နှာ- ၁၃၉၀
အဘိဓမ္မာနောက်ပိုင်း ၂ကျမ်း စာမျက်နှာ- ၃၅၉၈
ဒီဃနိကာယ် သုတ်သုံးကျမ်း စာမျက်နှာ- ၇၇၉
စာမျက်နှာ စုစုပေါင်း- ၈၀၂၇ တို့ကို အထောက်မရှိ၊ အမှားမရှိ နှုတ်တက်အရ အာဂုံ
ဆောင်နိုင်သည့်အတွက်ကြောင့် ကမ္ဘာ့စံချိန် မှတ်တမ်းများ အမည်ရှိ ကမ္ဘာကျော်
စာအုပ်ကြီးထဲ၌ အရှင်ဝိစိတ္တသာရအား ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံးပုဂ္ဂိုလ်ဟု
မှတ်တမ်းတင်ထားခဲ့ပါသည်။

အင်္ဂလန် နိုင်ငံ ၁၉၈၅ ခုနှစ်ထုတ်
ဂင်းနစ် မှတ်တမ်းစာအုပ် စာမျက်နှာ ၁၆ ၌ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ်  သုတဗုဒ္ဓ ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာတော်ကြီး ကိုမှတ်တမ်းတင်ခဲ့ကြသည်။

အစဦးဆုံး တိပိဋကဓရ ဆရာတော်ကြီး အဖြစ်မြန်မာ၌သာမက ကမ္ဘာ့နိုင်ငံတွေကပါ အသိအမှတ်ပြုထားကြသည်။

သာသနာနှစ် ၂၄၉၈-မှ ၂၅၀၀-ပြည့်၊ ကောဇာနှစ် ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ် တိုင်အောင်
သန္နိပါတငါးကြိမ် ပြုလုပ်သည့် ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင်၌ ပါဠိတော် အဖြေဆရာ
တော်အဖြစ် အစအဆုံး ဆောင်ရွက်တော်မူခဲ့ပါသည်။
ယင်းသို့ဆောင်ရွက်စဉ် စာအုပ်မကြည့်ပဲနှင့် အမှားအယွင်းမရှိ စာအုပ်ကြည့်ပြီး ဆိုသကဲ့သို့
အလွတ် ဖြေဆိုသည်ကို ဖူးမြင်ရသော ရဟန်းရှင်လူ ပရိသတ်အပေါင်းတို့မှာ အလွန့်အလွန်
အံ့သြမှု ဖြစ်ခဲ့ကြရပါသည်။
၁၃၁၈-ခုနှစ်၊ နတ်တော်လဆုတ် ၉-ရက်နေ့မှစ၍ ၁၃၂၁-ခုနှစ် တပေါင်းလဆန်း ၆-ရက်
နေ့အထိ သန္နိပါတ ၄-ကြိမ် ကျင်းပပြုလုပ်သည့် အဋ္ဌကထာသံဂါယနာ၌ အဖြေဆရာတော်
အဖြစ်လည်းကောင်း ၁၃၂၂-ခုနှစ် တန်ဆာင်မုန်းလပြည့်ကျော် ၃-ရက်နေ့မှ စ၍ ၁၃၂၃-
ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်နေ့အထိ သန္နိပါတ ၂-ကြိမ် ကျင်းပပြုလုပ်သည့် ဋီကာ
သံဂါယနာ၌ အဖြေဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ပါသည်။

၁။ ဆဋ္ဌသံဂီတိ ဓမ္မဝိဿဇ္ဇက (ဆဋ္ဌသံဂါယနာ အဖြေဆရာတော်)
၂။ ဆဋ္ဌသံဂီတိကာရက (ဆဋ္ဌသံဂါယနာကာရကသံဃာ)
၃။ ဆဋ္ဌသံဂီတိဘာဏက (ဝိနည်း မဟာဝဂ္ဂပါဠိတော် ဘာဏကသံဃာ)
၎။ ဆဋ္ဌသံဂီတိဘာရ နိတ္တာရဏ (ဆဋ္ဌသံဂါယနာဝန်ဆောင်)
၅။ ဆဋ္ဌသံဂီတိပါဠိဝိသောဓက (ဆဋ္ဌသံဂါယနာ ဝိနည်းမဟာဝါ မူလပထမသုတ်သင်ခြင်း)
၆။ ဆဋ္ဌသံဂီတိပါဠိ ပဠိဝိသောဓက (ဆဌသံဂါယနာပါဠိတော်ကို တဖန်ထပ်မံ၍
သုတ်သင်ခြင်း)
၇။ ဆဋ္ဌသံဂီတိ သြသာနသော ဓေယျပတ္တပါဋ္ဌက (ဆဋ္ဌသံဂါယနာ စာမူများကို
နောက်ဆုံးသုတ်သင်ခြင်း)
၈။ အဋ္ဌကထာ သံဂီတိကာရက (အဋ္ဌကထာသံဂါယနာ ကာရကသံဃာ)
၉။ ဋီကာသံဂီတိ ကာရက (ဋီကာသံဂါယနာ ကာရကသံဃာ) ဟူသည့် သာသနာ့တာဝန်ကြီး
၉-ရပ်တို့ကို ဆောင်ရွက်တော်မူခဲ့သည်။

ပိဋကတ်.၃.ပုံကို နောက်ဆုံး အတည်ပြု သုတ်သင်ခြင်းဟူသည့် သြသာနသောဓေယျ
ပတ္တပါဋ္ဌက တာဝန်ကြီးကို အခြားအဖွဲ့ဝင် သံဃာ ၂၀-ရှိသော်လည်း တိပိဋကဓရဆရာတော်
တပါးတည်းသာ ခက်ခဲပင်ပန်းစွာ ပြုလုပ်ဆောင်ရွက် တော်မူခဲ့ပါသည်။
#မင်းကွန်းဆရာ​တော်​ဘုရားကြီး၏ ဘဝမှတ်​တိုင်​များ