Friday, February 10, 2017

သမန္တစက္ခုဒီပနီကျမ်း

သမန္တစက္ခုဒီပနီကျမ်း
▄▄▄▄▄▄▄▄▄▄
®®®®®®®®®®

သမန္တစက္ခုဒီပနီကျမ်းသည် အမေးအဖြေကျမ်းတစ်စောင်ဖြစ်၏။ မုံရွာရှင်သီရိမာလာ (နောင် လူဝတ်လဲ၍ လှေသင်းအတွင်းဝန်ဦးချိန်ဖြစ်လာသူ) က မုံရွေးဇေတဝန်ဆရာတော်ထံ မိမိမသိ၍ သို့မဟုတ် သံသယရှိ၍ မေးမြန်းလျှောက်ထားသော လောကီလောကုတ္တရာအကြောင်းအရာစုံကို မုံရွေးဆရာတော်က ဖြေဆိုထားသော ကျမ်းပင်ဖြစ်ပါသည်။ ဤကျမ်းကို မုံရွေးဇေတဝန်ဆရာတော်သည် ၂၅ ဖေဖော်ဝါရီ ၁၈၁၂ တွင် ရေးသားပြီးခဲ့ ပါသည်။

မုံရွာရှင်သီရိမာလာသည် စာတတ်သာမဏေတစ်ပါးဖြစ်သည်။ သို့သော် အသိဉာဏ်ဗဟုသုတတိုးပွားလိုခြင်း၊ ပညာရှိတစ်ဦး၏ အဆိုအမိန့်အဖြေများကို မှတ်ယူလိုခြင်းတို့ကြောင့် မုံရွေးဆရာတော်ထံ ပုစ္ဆာများမေးမြန်းလျှောက် ထားခဲ့ခြင်းဖြစ်သည်။ မုံရွေးဆရာတော်ကြီးကလည်း ပုစ္ဆာ ပြဿဿဿဿ     နာများကို တစ်မုဟုတ်ချင်း ဖြေရှင်းပေး၏။ ယင်းနောက် အမေးအဖြေ ၁၆၅ ခုကို စုစည်းထားလိုက်သည်။ ထို့နောက် ကျမ်းဦးပမာဏနှင့် ကျမ်းပြီးနိဂုံးများရေး သည်။ ရှေ့နောက်အစဉ်အတိုင်း စီစဉ်ခဲ့သည်။
မုံရွေးရှင်သီရိမာလာ၏အမေးများထဲတွင် ယနေ့ထက်တိုင် စိတ်ဝင်စားနေကြဆဲဖြစ်သော ပုစ္ဆာများ အများအပြားပါဝင်ပါသည်။

ရှင်ဥပဂုတ်ရဟန္တာ တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေမနေ၊ ကိုယ်စောင့်နတ်ရှိမရှိ၊ ကိုယ်စောင့်နတ်ရှိခဲ့ပါလျှင် လူသေသောအခါ ကိုယ်စောင့်နတ်သေမသေ၊ ဒက္ခိဏာသာခါ ရုပ်ပွားတော်များအကြောင်း၊ ဓူဝံကြယ်အကြောင်း စသည်ဖြင့် စုံလင်လှသည်။ အမေးများက စိတ်ဝင်စားစရာကောင်းသကဲ့သို့ အဖြေများကလည်း တိကျလှသည်။ ဥပမာအားဖြင့် မိုးကြိုးကျခြင်းအမေးကို မိုးကြိုးကျခြင်း ၉ ပါးဖြင့် ဖြေရှင်းခဲ့ခြင်း မျိုး ဖြစ်သည်။

သမန္တစက္ခုဒီပနီကျမ်းတွင် မြန်မာစာပေပျို့ကဗျာများတွင် ပါရှိသည့် ခက်ဆစ်ဝေါဟာရများ၊ အဆိုအမိန့်ကွဲပြားမှုများ၊ ပိဋကတ်စာပေလာ ခက်ခဲနက်နဲလှသည့် ပြဿဿဿဿ     နာနှင့်ဆုံးဖြတ်ချက်များ၊ ရာဇဝင်ဆိုင်ရာ နန်းတက်သက္ကရာဇ်များ စသည်ဖြင့်ပါရှိနေရာ စွယ်စုံကျမ်းတစ်စောင်ဟူ၍ပင် မှတ်ယူနိုင်ပါသည်။

မှတ်ချက်။ တင်နိုင်တိုး ရေးသားသည့် ကျမ်းညွှန်း ၁၀၀ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

®®®®®®®®®®®®®®®®®®®®®®®

#သမန္တစက္ခုဒီပနီကျမ်း

https://yadi.sk/i/JtpL0_SJigEx2

No comments:

Post a Comment