Friday, February 10, 2017
ပထမတိပိဋကဆရာတော်
ပထမတိပိဋကဆရာတော် ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီး
ဦးဝိစိတ္တသာရာဘိဝံသ၏ ဇာတာတော်မြတ်ဖြစ်ပါသည်။ဤဇာတာတော်အား ဦးမြင့်သွင်R.A(C.P.A)ရေးသား
သော စလေဆရာကြီးဦးပုညအဖွင့်ကျမ်းမှ ကောက်နုတ်ဖော်ပြပါသည်။
ဇာတာတော်တွင် တနင်္ဂနွေ(၁)၊ ဗုဒ္ဓဟူး(၄)၊ ကြာသပတေး(၅)တို့သည် ၉-တန့် သုဘဌာန၌ ပူးယှဉ်နေသဖြင့်
ဤသို့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဖြစ်ရလေသည်။
သို့သော်လည်း ဤသို့ဂြိုဟ်သုံးလုံးစလုံးပူးမှ သုခမိန်ယုဂ်
ဖြစ်သည်ဟုတော့ ပုံသေကာကျ မမှတ်သားစေလိုပါ။ဇာတာတွင် ဘာဝသခင်ဂြိုဟ်တို့၏သမ္ဗန္ဓကိုလည်းကြည့်ရ
ပေသေး၏။မည်သို့ဆိုစေ မိမိတို့(သို့)မိမိတို့နှင့်ဆက်နွယ်ပတ်သက်သူများတွင် ယခုဆရာတော်ဘုရားကြီး၏
ဇာတာကဲ့သို့ စက်ဝိုင်းပုံဇာတာကွက်ထဲ၌ တစ်ကွက်ကွက်တွင် ၁၄၅ ဟူ၍ တွဲလဆက်တွေ့ပါက သုခမိန်ဇာတာ
ရသည်ဟု မှတ်လိုက်ပါ။
သုခမိန်ယုဂ်ဟောကွက်ကို စလေဆရာကြီးဦးပုည၏တေးထပ်ကို ဖော်ပြလိုက်ပါမယ်။“ဂဠုန်နှင့်ဆဒ္ဒန် ကြွက်၊
တစ်စက်တည်းစံပျော်၊ဥစ္စာရှိ ကံပေါ်၊ဉာဏ်အမြင်ထင်ရှား၊ကျမ်းဂန်တတ်သုခမိန် ဖြစ်လိမ့်မမှား၊လက်မှုတတ်
တုမမှီ၊နုပန်းချီထင်ရှား။ ။”တေးထပ်သဘောမှာ ဇာတာတော်တွင် တနင်္ဂနွေ(၁)၊ဗုဒ္ဓဟူး(၄)၊ကြာသပတေး(၅)
တို့သည် တစ်ရာသီအတွင်း၌ အတူပူးယှဉ်၍မွေးဖွားလာသောဇာတာရှင်တို့သည် ဉာဏ်အမြော်အမြင်ကြီးမား၍
ကျမ်းဂန်စာပေတွင် တတ်သိနားလည်သော ပညာရှိသုခမိန်ဖြစ်မည်။အနည်းဆုံး အနုပညာ သုခုမပညာ၊ပန်းချီ၊
ပန်းပု စသည့် လက်မှုပညာတတ်ကျွမ်းသော လက်မှုပညာရှင်ဖြစ်ပေလိမ့်မည်။ဂြိုဟ်ပရိယာယ်အရ ၁-နွေသည်
ဦးခေါင်းကိုညွှန်းဆိုပြီး၊၄-ဟူးက တင်္ခဏုပ္ပတ္တိဉာဏ်ကို ညွှန်းဆိုကာ၊၅-တေးက ပညာကို ညွှန်းဆိုသောဂြိုဟ်
ဖြစ်၍ ထို ၁-နွေ၊၄-ဟူး၊၅-တေးတို့သည် မည်သည့်နေရာတွင်ပူးပူး ဉာဏ်ပညာအမြော်အမြင်ကြီးမားပြီး စာပေ
ကျမ်းဂန်တတ် ပညာရှိသုခမိန်ဖြစ်မည်ဟုတော့ ပုံသေကားကျမမှတ်သင့်သော်လည်း ၁-တန့်၊၅-တန့်၊၉-တန့်
ဖြစ်သော တြိကောဏအိမ်တို့တွင်ဖြစ်က သုခမိန်ယုဂ်အကျိုးပြည့်ဝစွာပေးပေလိမ့်မည်ဟုမှတ်လိုက်ပါ။
တစ်ဆက်တည်း မြန်မာနိုင်ငံ၏ တိပိဋကဆရာတော်များကို ဗဟုသုတအဖြစ်ဖော်ပြပါသည်။
မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော သာသနာ့ အာဇာနည် တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များ ၁၃ ပါး ပေါ်ထွက်ခဲ့ပါတယ်။ သာသနာ့အာဇာနည် အရှင်မြတ်များမှာ
(၁)မင်းကွန်းတိပိဋကဓရဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ (ဇာတိ - မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာ၊ မွေးရက် - ၁၂၇၃ခု၊ တန်ဆောင်မုန်းလဆန်း (၁၁)ရက် (ဗုဒ္ဓဟူး)နေ့
(၂)ပခုက္ကူတိပိဋကဓရဆရာတော်ဘဒ္ဒန္တနေမိန္ဒ၊
(၃)ပြည်တိပိဋက ဓရဆရာတော်ဘဒ္ဒန္တကောသလ္လ၊
(၄)ရန်ကုန်တိပိဋကဓရဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊
(၅)ယောတိပိဋကဓရဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊
(၆)ရေစကြိုတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊ (ဇာတိ - မကွေးတိုင်း၊ ရေစကြိုမြို့၊ ရွှေကျောင်းရွာ၊ ၁၆-၃-၁၉၅၅ (ဗုဒ္ဓဟူး)
(၇)မော်ကွန်းတိပိဋကဓရဆရာတော်ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊ (ဇာတိ - ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ပန်းတောစုရွာ၊ ၁၀-၁-၁၉၆၄ (သောင်္ကြာ)
(၈) မြင်းမူတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊ (ဇာတိ - စစ်ကိုင်းတိုင်း၊ မြင်းမူ၊ ခွက်ခွင်းရွာ။ ၃-၁၁-၁၉၆၅ (ဗုဒ္ဓဟူး)
(၉) မြင်းခြံတိပိဋကဓရဆရာတော် ဘဒ္ဒန္တ ဂန္ဓ မာလာလင်္ကာရ၊ (ဇာတိ - မန္တလေးတိုင်း၊ မြင်းခြံ၊ လေးအိမ်တန်းကျေးရွာ၊ ၄-၃-၁၉၆၈ (တနင်္လာ)
(၁ဝ) မြိုင်တိပိဋကဓရဆရာတော်ဘဒ္ဒန္တသုန္ဒရ၊
(၁၁)ရမ္မာဝတီတိပိဋကဓရဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊ (ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ မန်ကျည်းကျွန်းရွာ၊ ၁၇-၇-၁၉၆၀ (တနင်္ဂနွေ)
(၁၂)စစ်ကိုင်းတိပိဋကဓရဆရာတော် အရှင်အဘိဇာတာဘိဝံသ
(၁၃) စစ်ကိုင်း တိပိဋကဓရ ဆ၇ာတော် အရှင် ဣန္နာစရိယ (ဇာတိ - စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ မြူးတူးရွာ။ ၂၇-၁၂-၁၉၆၄ (တနင်္ဂနွေ)
တို့ ဖြစ်ပါတယ်။"
ဤစာစုဖြစ်မြောက်အောင် မြန်မာနိုင်ငံ၏ တိပိဋကဆရာတော်များကိုကျနော့မေးထဲအား ပေးပို့ပေးပါသောCJMyanmar ကို
ကျေးဇူးအထူးတင်ရှိပါသည်။
ရခိုင်အကြောင်းတစ်စေ့တစ်စောင်း
ရခိုင်အကြောင်းတစ်စေ့တစ်စောင်း
ရခိုင်ပြည်နယ် အချုပ်အခြာအာဏာ ကျဆုံးသည့် နေ့မှသည် မျက်မှောက်ကာလထိ နှစ် (၂၂၇နှစ်)၊
ရခိုင်နိုင်ငံရေး၊ တော်လှန်ရေး ဖြတ်သန်းဖြစ်တည်မှု အထင်ကရ သမိုင်းခုနှစ်များ
photo - rakhinethargree.com
(အေဒီ - ၁၇၈၅ မှ အေဒီ - ၂၀၁၂ ထိ)
AD - ၁၇၈၅ - ဇွန်န၀ါရီ (၂)ရက် မြောက်ဦးမြို့တော် ကျဆုံး
- ဇွန်န၀ါရီ (၁၁)ရက် ဘုရင်မဟာသမ္မတရာဇာ ဖမ်းဆီးခံရ။
- မဟာမုနိကို အမရပူရသို့ ရွှေ့၊ ရခိုင်ကို မြို့ဝန်လေးစုဖြင့် အုပ်ချုပ်မှုစတင်။
AD - ၁၇၈၇ - ငပေါလုံး၏ ဗဒုံမင်းအား ဆန့်ကျင်တော်လှန်မှုများ ကြီးမားလာ။
AD - ၁၇၈၈ - မင်းညီမင်းသား၊ ရဟန်းတော်များ၊ ပညာသည်များ၊ ကိုယ်ရံတော်၊ သူငယ်တော်၊ မိန်းမစိုး စသော
လူရှင်ရဟန်းတို့ကို အမရပူရသို့ ဖမ်းဆီးယူဆောင်ခံရ။ နန်းတော်ရပ်သည် တစပြင်ဖြစ်သွား။
AD - ၁၇၈၉ - ဇင်းမယ်သို့ စစ်ချီရာတွင် ရခိုင်မှ တပ်သား (၆၀၀၀) စုဆောင်းပေးခဲ့ရ။
AD - ၁၇၉၃ - ငပေါလုံးတော်လှန်ရေး လှုရှားမှုများသည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့။
AD - ၁၇၉၄ - စစ်တကောင်းတွင် တိမ်းရှောင်နေသော ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတစ်ကောင်နိုင် တို့အား၊
ရခိုင်မြို့ဝန်သို့ လွှဲပေးခဲ့ရ။
AD - ၁၇၉၅ - ဇွန်လတွင် ရခိုင်တော်လှန်ရေး သူရဲကောင်း ငပေါလုံး၊ ငခွက်ပေါက်တို့ကို အဆုံးစီရင်၊
ကျွဲတစ်ကောင်နိုင်က ဆင်ဖြူကျွန်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့။
AD - ၁၇၉၇ - မင်းကွန်းခေါင်းလောင်း တည်ဆောက်ရန်အတွက် လူ ၂၀၀၀ကျော် လုပ်အားပေးရန် တောင်းဆို၊
ယင်းကို မလိုလား၍ ဆန့်ကျင်ပုန်ကန် ကြသူများနှင့် ချင်းပျံစတင်၍ ပူးပေါင်း၊ မြို့ဝန်အုပ်ချုပ်ရေး
ကျွန်စနစ်ဆိုးကြောင့် ရခိုင်ငါးသောင်းခန့် စစ်တကောင်းနယ်သို့ သွားရောက်ခိုလှုံ။
AD - ၁၇၉၈ - ငတုံးစံ၊ ငကာစွယ်၊ တုံးစံရွေတို့ တိုက်စည်တိုက်မောင်း တီး၍ ပုန်ကန်ထကြွကြ၊
စိန်တင်စားချင်းပျံသည် ရခိုင်တော်လှန်ရေး သမားများနှင့် ပူးပေါင်း။
AD - ၁၇၉၉ - ချင်းပျံတပ် စစ်ရေးနိမ့်၍ စစ်တကောင်းသို့ ခိုဝင်သွား။
AD - ၁၈၁၁ - ချင်းပျံပြန်လည်၍ ထိုးစစ်ဆင်ပြီး ရခိုင်ပြည်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗမာဘုရင်
မောင်ဝိုင်းတပ်များ၏ အင်အားကြီးမားမှုကြောင့် ထိုးစစ်မှ ခံစစ်သို့ ပြောင်းလဲ၍ ရဲဘော်ရဲဘက်
တစ်သိန်းနှင့် တောထဲသို့ ရှောင်တိမ်းခဲ့။
AD - ၁၈၁၂ - ချင်းပျံ တတိယအကြိမ် ထကြွ၊ ကိုးလကြာမြင့်ခဲ့။
AD - ၁၈၁၂ - ၁၈၁၇
- ဆန်စပါးရှားပါးပြီး ထမင်းငတ်မွတ်၍ လူများစွာ သေဆုံးမှုက တော်လှန်ရေးကို တုံ့ဆိုင်းစေခဲ့။
AD - ၁၈၁၅ - ဇန်န၀ါရီ (၂၅)ရက် တွင် ရခိုင်တော်လှန်ရေး သူရဲကောင်း ဗိုလ်ချင်းပြန် ဖလောင်းချိတ်အရပ်၌
ကွယ်လွန်။
AD - ၁၈၁၆ - ရခိုင်တော်လှန်ရေး လှုပ်ရှားမှုများ တဖြည်းဖြည်း မှေးမှိန်သွားခဲ့။
AD - ၁၈၂၄ - အမရပူရ စစ်ဗိုလ်ချုပ် ရခိုင်အရေး နှိမ်နှင်းသူ ဗန္ဓုလ ပန်းဝါကိုတိုက်၊ စစ်ပွဲတွင်
စစ်ရှုံး၍ ပြန်ဆုတ်။
ရှင်မဖြူကျွန်း အရေးအခင်းဖြစ် (အင်္ဂလိပ်ခေတ်)
AD - ၁၈၂၅ - ဗြိတိသျှတပ်များ ရခိုင်ပြည်သို့ဝင်၊ မြောက်ဦး (ဧပြီ-၂)၊ ရမ်းဗြဲ(ဧပြီ-၂၂)၊
မာန်အောင်(မေ-၆) တို့တွင်သိမ်းယူ။
AD - ၁၈၂၇ - မင်းသားကြီး ရွှေဗန်း အင်္ဂလိပ်တို့ကို စတင်တော်လှန်။
AD - ၁၈၂၉ - ဦးမောင်သာဦးတို့ စတင်တော်လှန်။
AD - ၁၈၃၂ - ကျိန္တလီဘုန်းကြီး ဦးဆောင်တော်လှန်။
AD - ၁၈၃၄ - ရခိုင်အုပ်ချုပ်ရေးကို ဘင်္ဂလားနယ်မှ ခွဲထွက်၊ တိုင်းတစ်ခုအဖြစ် သတ်မှတ်။
AD - ၁၈၃၆ - ဇန်န၀ါရီလတွင် လေးမြို့သူကြီး ချစ်စံဝေတို့ တော်လှန်၊ ချစ်စံဝေ အဖမ်းခံရ။
AD - ၁၈၅၃ - တောင်ကုတ်နယ်တွင် တော်လှန်မှုစတင်။
AD - ၁၈၆၃ - တောင်ကုတ်နယ်တွင် ဗိုလ်ကျော်ဝ ဦးဆောင်တော်လှန်မှု ထင်ရှားလာ။
AD - ၁၈၆၄ - သံတွဲခရိုင် တောင်ပိုင်း ဂွနယ်ကို ရခိုင်တိုင်းသို့ ပြန်သွင်း။
AD - ၁၈၆၅ - ရခိုင် မြောက်ဖျားဒေသကို စစ်တွေခရိုင်မှ ခွဲထုတ်အုပ်ချုပ်။
AD - ၁၈၆၇ - စစ်တွေနှင့် ကျောက်ဖြူတွင် ဦးမောင်ဖြူတို့ တော်လှန်။
AD - ၁၈၇၁ - ဦးမောင်ဖြူ အဖမ်းခံရ။
AD - ၁၈၈၇ - ရခိုင်တောင်ပိုင်းတွင် ကျောက်စိမ်းဗိုလ်နှင့် ဇော်ဂျီဗိုလ်တို့ တော်လှန်။
AD - ၁၈၉၀ - သံတွဲတွင် ရဟန်းတစ်ပါး၊ ကျောက်ဖြူတွင် ဗိုလ်မောက်၊ ဂွတွင် ဗိုလ်ကြာထွန်း၊ ဦးလှရွေ၊
ဗိုလ်ကျော်ဝတို့ တော်လှန်။
AD - ၁၈၉၁ - မစဲကမ်းမှ ဦးမောင်ဖော်အောင် ဦးဆောင်သော တော်လှန်ရေးစတင်။
AD - ၁၈၉၂ - ဦးမောင်ဖော်အောင်နှင့် အတူ ဖခင်ဦးချင်းပို ဖော်ဝါရီလတွင် အဖမ်းခံရပြီး
စစ်တွေထောင်တွင် အကျဉ်းချခံရ။
AD - ၁၉၀၆ - ဦးစိန်လှအောင် (YMBA) အသင်းကို တည်ထောင်ပေးခဲ့။
AD - ၁၉၁၀ - ဦးမဲအောင်အား နောင်ပေါ်မည့် ဂျီစီဘီအေ (GCBA) အသင်းတွင် ဥက္ကဌအဖြစ် ရွေးချယ်။
AD - ၁၉၁၈ - ရခိုင်ပြည်အသင်းကို ထူထောင်။
AD - ၁၉၂၀ - ကျောက်တော်နှင့် စစ်တွေတို့တွင် အမျိုးသားကျောင်းများ တည်ထောင်။
AD - ၁၉၂၂ - ရခိုင်သံဃာသမဂ္ဂီကိုဖွဲ့။
AD - ၁၉၂၃ - ဒိုင်အာခီ အုပ်ချုပ်ရေးတွင် မဲပေးကြရ။
AD - ၁၉၃၀ - ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေး အဖွဲ့ချုပ်ကို တည်ထောင်လှုပ်ရှား။
AD - ၁၉၃၄ - ရခိုင်ပြည်လုံးဆိုင်ရာ ဆင်းရဲသားအဖွဲ့ကို ဖွဲ့စည်း။
AD - ၁၉၃၆ - ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များ နိုးကြားရေး အစည်းအရုံးကို တည်ထောင်။
AD - ၁၉၃၇ - အိန္ဒိယနိုင်ငံရေးခေါင်းဆောင် ပဏ္ဍစ်နေရူး စစ်တွေသို့ ရောက်ရှိ။
AD - ၁၉၃၉ - ရခိုင်ဆင်းရဲသား အဖွဲ့နှင့် လူငယ်များနိုးကြားရေး အစည်းအရုံးတို့ ညီလာခံကျင်းပ။
ရခိုင်နိုင်ငံရေး ကိစ္စကို ရခိုင်ကျောင်းသား ခေါင်းဆောင်ကိုဘစံနှင့် သခင်အောင်ဆန်း
စတင်ဆွေးနွေး။
AD - ၁၉၄၀ - ဆင်းရဲသားအဖွဲ့နှင့် လူငယ်များပူးပေါင်းပြီး (ANC) အနေဖြင့် ညီလာခံကျင်းပ။
AD - ၁၉၄၂ - ရခိုင်နိုင်ငံရေးသမား (၁၈)ဦးကို အင်္ဂလိပ်က ဖမ်းပြီး အိန္ဒိယထောင်သို့ ပို့၊
ကျန်နိုင်ငံရေးခေါင်းဆောင်များ တိမ်းရှောင်ရ။
- ဘီအိုင်အေတပ်များ ဘူးသီးတောင်မှ ဆုတ်၊ ရခိုင်စစ်ပြေးများစွာ သင်္ဘောနစ်မြုပ်၍ သေဆုံးရ။
AD - ၁၉၄၃ - ရခိုင်ကာကွယ်ရေး တပ်ဖွဲ့ကို မြောက်ဦးတွင် ရခိုင်ခေါင်းဆောင်တို့ စတင်ဖွဲ့စည်း။
AD - ၁၉၄၄ - ရခိုင်တွင် ဂျပန်ကို စတင်တော်လှန်မည် ဖြစ်ကြောင်းကို ရန်ကုန်သို့ အသိပေး။
AD - ၁၉၄၅ - မြန်မာပြည်တွင် အစောဆုံး တော်လှန်မှု အဖြစ် ပြဒေးစခန်းမှ စတင်၍ ဂျပန်ကို တော်လှန်။
AD - ၁၉၄၆ - ရခိုင်ဖဆပလများ တောကန်ညီလာခံ ကျင်းပ။
- ဗိုလ်ချုပ်အောင်ဆန်း စစ်တွေတွင် စည်းရုံးရေး တရားဟော။
AD - ၁၉၄၇ - ရခိုင်တပ်ပေါင်းစု ညီလာခံကို မြေပုံတွင် ကျင်းပ။
- ရခိုင်ကွန်မြူနစ်များ ရခိုင်ဖဆပလမှ ခွဲထွက်၊ မယူနယ်တွင် မူဂျာဟစ်များ ထကြွ။
AD - ၁၉၄၈ - ဇန်န၀ါရီ (၄) တွင် ဗြိတိသျှအုပ်ချုပ်မှု အဆုံးသတ်။
လက်ရှိ မြန်မာအုပ်ချုပ်ရေးခေတ်
AD - ၁၉၄၈ - ရခိုင်တိုင်း ဆိုရှယ်လစ်ပါတီ ဖွဲ့စည်း။
AD - ၁၉၄၉ - ရခိုင်ရှိ ပြည်ထောင်စုတပ်နှင့် ပြည်သူ့ရဲဘော်တို့ တောခို၊ မူဂျာဟစ်များ သောင်းကြမ်း။
AD - ၁၉၅၀ - အစိုးရတပ်များ မြို့ဟောင်း၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင် မြို့ များကို ပြန်လည် သိမ်းယူ။
AD - ၁၉၅၂ - အထွေထွေ ရွေးကောက်ပွဲ၊ ရခိုင်တစ်သီးပုဂ္ဂလ အမတ်များ အဖွဲ့ကို ဖွဲ့စည်း။
AD - ၁၉၅၃ - ရတည ကိုဖွဲ့စည်း၊ မူဂျာဟစ်စခန်းများ တပ်မတော်မှ သိမ်းပိုက်။
AD - ၁၉၅၄ - ရခိုင်သံဃာ သမဂ္ဂီအဖွဲ့ကို ဖွဲ့။
AD - ၁၉၅၅ - ရခိုင်တိုင်းရင်းသား လူငယ်များ အစည်းအရုံးကို တည်ထောင်၊ ဘုံပေါက်သာကျော်နှင့် အဖွဲ့
မင်းပြားတွင် အလင်းဝင်။
AD - ၁၉၅၆ - ပါလီမန် ရွေးကောက်ပွဲတွင် ရတညမှ (၄၆) ရာခိုင်နှုန်း၊ ဖဆပလမှ (၅၄) ရာခိုင်နှုန်း ရရှိ။
AD - ၁၉၅၇ - ရခိုင်တောခို ပြောက်ကျားများ အလင်းဝင်။
AD - ၁၉၅၈ - ဦးစိန္တာနှင့် အဖွဲ့ မင်းပြားတွင် လက်နက်စွန့်၊ ကွန်မြူနစ် ပါတီမှ ဗိုလ်အောင်ကျော် နှင့်
အဖွဲ့၊ ပြည်သူ့ရဲဘော် ဗိုလ်စံသာကျော် တပ်ဖွဲ့၊ ဦးကျော်ထွန်း၏ တပ်ဖွဲ့၊ ကျောက်ဖြူခရိုင်
ဂွမြို့နယ် တို့မှ ပြည်သူ့ ရဲဘော် အဖွဲ့တို့ လက်နက်စွန့်ကြ။ ရခိုင်အမျိုးသား ညီညွတ်ရေး
တပ်ပေါင်းစု ဖွဲ့။
AD - ၁၉၆၀ - ပါလီမန်ရွေးကောက်ပွဲ၊ ရခိုင်အမတ် နေရာများတွင် ရတညမှ (၆၀) ရာခိုင်နှုန်း၊
ဖဆပလမှ (၄၀) ရာခိုင်နှုန်းရရှိ။
AD - ၁၉၆၁ - မူဂျာဟစ် (၂၉၀) ဦးအလင်းဝင်။
AD - ၁၉၆၃ - ရခိုင်ပြည် ကွန်မြူနစ်ပါတီ နှင့် တော်လှန်ရေးပါတီ တို့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေး။
AD - ၁၉၆၇ - ကျောက်တော်ကို ဗကပတို့ ၀င်စီး၊ ဆန်ရှားပါးမှုကြောင့် စစ်တွေတွင် ရုန်းရင်းဆန်ခတ် ဖြစ်၊
ဆန်တောင်းခံ ဆန္ဒပြသူများအား တပ်မတော်မှ ပစ်ခတ်မှုကြောင့် ရခိုင်သူ/သား ရာပေါင်းများစွာ
သေဆုံးခဲ့ရ (သြဂုတ် - ၁၃)။
AD - ၁၉၆၈ - အမ်းမြို့ကို ဗကပ ဗိုလ်သက်ဆွေနှင့် အဖွဲ့ ၀င်စီး။
AD - ၁၉၇၀ - မင်းပြားကို ဗကပတို့ ၀င်စီး။
AD - ၁၉၇၁ - အမှတ် (၇) ဒေသပါတီ အမည်ဖြင့် ရခိုင်တိုင်းအတွက် ဒေသပါတီကို ဖွဲ့စည်း။
AD - ၁၉၇၂ - ANUP ပါတီမှ ဥက္ကဌ ဗိုလ်ကြီးကြာလှအောင် အလင်းဝင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို
စစ်တွေတွင် ဖွင့်လှစ်။
AD - ၁၉၇၃ - ALP ပါတီခေါင်းဆောင် ပီတာဘချိုတို့ အလင်းဝင်သည်။ ကုလားဇော်ဖား ဌာနချုပ်ကို
တပ်မတော်မှ သိမ်းပိုက်။
AD - ၁၉၇၄ - ရခိုင်တိုင်းမှ ရခိုင်ပြည်နယ် ဟု ပြောင်းလဲ သတ်မှတ်။
AD - ၁၉၇၃ - ဗိုလ်ခိုင်မိုးလင်း ထောင်မှ လွတ်မြောက်။
AD - ၁၉၇၄ - ဗိုလ်ခိုင်မိုးလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ဖွဲ့စည်း။
AD - ၁၉၇၆ - ဗိုလ်ခိုင်မိုးလင်း နှင့် တပ်ဖွဲ့ ရခိုင်ပြည်သို့ စစ်ကြောင်းခရီး စတင်၍ ချီတက်။
AD - ၁၉၇၇ - ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ခိုင်မိုးလင်း ချင်းပြည်နယ် တွန်းဇံတံတား
အနီးတွင် မိမိကိုယ်ကို အဆုံး စီရင်ခဲ့။ (ဇန်န၀ါရီ ၄)
အေအိုင်အေ ခေါင်းဆောင် ဦးစံကျော်ထွန်း ဟုမ္မလင်း တောတွင်းတွင် ကျဆုံး။ (ဇူလိုင် ၂၄)
AD - ၁၉၈၀ - AIA ဥက္ကဌ ထွန်းရွှေမောင်၊ ရခိုင်ပြည်နယ် ကွန်မြူနစ်ပါတီ ဥက္ကဌ ကျော်ဇံရွှီ၊ ဗိုလ်သက်ထွန်းတို့
အလင်းဝင်။
AD - ၁၉၈၈ - ရန်ကုန်မြို့ရှိ ရခိုင်အမျိုးသား များသည် ရခိုင်အမျိုးသား သမဂ္ဂကို ဖွဲ့စည်း၍ အမျိုးသားရေး
ဆန္ဒများကို ထုတ်ဖော်ပြသ။
AD - ၁၉၉၀ - မေလရွေးကောက်ပွဲ၊ ရခိုင်ပါတီများတွင် ALD မှ အင်အားအကောင်းဆုံးကို ပြသခဲ့။
AD - ၁၉၉၂ - ALD ဖျက်သိမ်းခြင်း ခံရ။
AD - ၁၉၉၆ - ကျောင်းသားများ ဆန္ဒပြမှု ရခိုင်သို့ ကူးစက်။ ကျောင်းသားအချို့ ထွက်ပြေးတိမ်းရှောင်ရ။
AD - ၂၀၀၇ - ကုန်ဈေးနှုန်း မြင့်မားမှုကြောင့် စစ်တွေမှ ရဟန်း၊ ပြည်သူများ စတင်ဆန္ဒပြ။
AD - ၂၀၀၉ - စစ်တွေမှ အမျိုးသားရေးရာ တက်ကြွသူ လူငယ်တစ်စု ထိန်းသိမ်းခံရ။
AD - ၂၀၁၀ - RNDP စတင်ဖွဲ့စည်း။
AD - ၂၀၁၂ - RNDP ရာနှုန်းပြည့် မဲရရှိမှုဖြင့် အင်အားအကောင်းဆုံး ပါတီဖြစ်လာ။
AD - ၂၀၁၂ - ……………………………………… ??? .
ရည်ညွှန်း -
၁။ ရခိုင်ပြည် နိုင်ငံရေး ဖြစ်စဉ်သမိုင်း
၂။ သီရိဝစ္ဆ အမှတ် (၁)
၃။ မဇ္ဈိမဒေသ အရေးတော်ပုံကျမ်း
၎။ စစ်တကောင်းမှသည် ရန္တပိုဆီသို့
..............................................................................................................
RNDP တိုးတက်ရေး သတင်းလွှာ အတွဲ - ၁၊ အမှတ် - ၁၄၊ (၃၀၊ ဒီဇင်ဘာ၊ ၂၀၁၁) က
ဆောင်းပါးကို ပြန်လည် ကူးယူဖော်ပြပါသည်။
ကမ္ဘာ့ အကြီးဆုံး ခေါင်းလောင်းများ
ကမ္ဘာ့ အကြီးဆုံး ခေါင်းလောင်းများ
ပထမ အကြီးဆုံး = ဓမ္မစေတီ ခေါင်းလောင်း
အလေးချိန် = ၂၉၃ တန်၊
နေရာ = ရန်ကုန်တိုင်း ဒေါပုံမြစ်အတွင်း၊ မြန်မာနိုင်ငံ၊
ဓမ္မစေတီခေါင်းလောင်းကြီး အချက်အလက်များ
ဓမ္မစေတီမင်းသည်ထိုခေါင်းလောင်းကိုဒဂုံ(ယခုရန်ကုန်)ရှိရွှေတိဂုံစေတီတော်သို့လှူဒါန်းခဲ့သည်။ ရှေးခေတ်
စာမှတ်တမ်းများအရ၄င်းခေါင်းလောင်းကြီးတွင်ကြေးနီအပြင်ရွှေ၊ငွေတို့လည်းပါသည်ဟုဆိုသည်။ခေါင်းလော
လောင်းထဲတွင်မြ နှင့် နီလာ ရတနာ တို့လည်းမြှုပ်ထားသည်ဟုဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာဖြစ်နိုင်သည်။
ခေါင်းလောင်းကြီးသည်(၁၂)တောင်မြင့်ပြီး(၈)တောင်ကျယ်သည်။တစ်ပြိုင်တည်းမှာပင်၅၀၀ပိဿာရှိခေါင်းေ
လောင်းအသေးလည်းသွန်းလောင်းလှူဒါန်းခဲ့သည်ဟုဆိုသည်။အပိန္နသော်’အမည်ရှိဓမ္မစေတီ’ ခေါင်းလောင်း
ပင်ဖြစ်သည်။ခေါင်းလောင်း၏ဘွဲ့အမည်မှာမြန်မာဘာသာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမဆုံးခေါင်းလောင်းဖြစ်သည်။
ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ ( တစ်သိန်း ရှစ်သောင်း ) ရှိသည်။၎င်းကိုတန်ဖွဲ့ပါက၂၉၀တန်ရှိသည်။ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည်စာကိုလိုကောခေါင်း
လောင်းထက်မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ အထက်ပါ အဆိုကိုထောက်ကာသမိုင်းပညာရှင်တို့သည်ဓမ္မစေတီခေါင်းလောင်းအားကမ္ဘာ့အကြီးဆုံးအဖြစ်မှတ်တမ်းတင်
ထားဆဲပင် ဖြစ်သည်။
ဓမ္မစေတီခေါင်းလောင်း သမိုင်း
အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေစာရင်းကောက်ရန် တာဝန်ပေးခဲ့သည်။ အမတ်များကအိမ်စာရင်းသာမကအိမ်တိုင်းမှကြေးကိုပါကောက်ခံခဲ့ရာကြေးစင်တစ်သန်းနှင့်ရှစ်သိန်းရရှိခဲ့သည်။ မင်းကြီးကကြေးပါကောက်ယူခဲ့သောအမတ်လေးဦးအားအပြစ်ဒဏ်ပေး၏။ကြေးများကိုကာယကံရှင်များအားပြန်
ပေးစေသည်။ပိုင်ရှင်များကပြန်မယူပဲမင်းကြီးသင့်တော်သလိုသာအသုံးပြုရန်လျှောက်ထားလေသည်။ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည်ဤကြေးများဖြင့်အမတ်ကြီးဗညားအိမ်ကိုအကြီးအမှူးခန့်၍ ခေါင်းလောင်းသွန်းလုပ်စေ
သည်။
အမတ်ကြီးသည်လည်းဆရာတို့အခါပေးသည့်အတိုင်းတပေါင်းလဆန်း(၈)ရက်ကြာသာပတေးနေသိဟ်လဂ်တွင်
ပွဲကြီးသဘင်ပြု၍ခေါင်းလောင်းကြီးကိုပြုလုပ်တော်မူသည်။သို့သော်ခေါင်းလောင်းကြီးမှာထူးထူးခြားခြားအသံမ
မြည်ပဲရှိခဲသည်။ ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏအမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်း
လုပ်ပြီးလျှင်အပြစ်အနာအဆာမရှိချောမောလိမ့်မည်။သို့သော်အသံကားမြည်မည်မဟုတ်ဟုမင်းကြီးအားလျှောက်
၏။မင်းကြီးကအကြောင်းစုံမေးမြန်းရာခေါင်းလောင်းပြုလုပ်ရန်ဆရာတို့ပေးသောအခါသည်နက္ခတ်ခြောက်လုံးဖြစ်
သည်။ခြောက်လုံးမှာမိကျောင်းနက္ခတ်ဖြစ်သဖြင့်မိကျောင်းမှာလျှာမရှိ၍အသံမမြည်နိုင်ချေ။မင်းကြီးလည်းခေါင်းေ
လောင်းကို ‘ အပိန္နသော်’ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင်ချိတ်ဆွဲထားစေသည်။
စာကိုလိုကောခေါင်းလောင်းသည်၁၈ရာစုတွင်သွန်းလုပ်သောခေါင်းလောင်းဖြစ်ပြီးဓမ္မစေတီခေါင်းလောင်းမှာအေ
ဒီ၁၅ရာစုကသွန်းလုပ်ခဲ့သောခေါင်းလောင်းဖြစ်သဖြင့်နှစ်၃၀၀ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည်ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။
သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်း မလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့ကဓမ္မစေတီခေါင်းလောင်းကိုအမြောက်သွန်းလုပ်ရန်ဖောင်ဖြင့်သန်လျင်သို့သယ်ဆောင်ခဲ့သည်
ဒါပုံမြစ် အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်းရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။
$$$$$$$$$
ဒုတိယ အကြီးဆုံး = ( Tsar Kolokol ) ဆာ-ကိုလိုကိုး ခေါင်းလောင်း
အလေးချိန် = ၁၈၀ တန်၊
နေရာ = မောစကိုမြို့ ၊ ရုရှားနိုင်ငံ၊
ရုရှား ကြေးသွန်းခေါင်းလောင်းကြီး
ယင်း ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင်နန်းတော်ရှိ (Tsar Kolokol) ဆာ-ကိုလိုကိုးဖြစ်သည်။ထိုခေါင်းလောင်းကြီးကိုလက်မှုပညာရှင်(၂၀၀)ကျော်ကျော်ဖြင့်သွင်းလုပ်ထားခြင်းဖြစ်
သည်။ ( ၆.၁၄ ) မီတာ မြန်မာအခေါ်အားဖြင့် (၂၀.၁၄) ပေ အမြင့်ရှိပြီး (၆.၆) မီတာ ( သို့ ) (၂၁.၆၅) ပေ အချင်းရှိ၏။ထိုခေါင်းလောင်းကြီးမှာတစ်ချိန်ကအရှင်းလင်းအကြည်မြဆုံးသောသံစဉ်ထွက် ခေါင်းလောင်းကြီြး
ဖြစ်ခဲ့သည်။အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သောတန်(၁၈၀)အလေးချိန်ရှိထိုခေါင်းလောင်းကြီးမှာခေါင်းလောင်းသွန်းလုပ်စဉ်ကတစ်နေရာပဲ့
သွား၍ပဲ့သွားသည့်အစသည်ပင်အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟုဖော်ပြပြီး
Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ ဒုတိယအကြီးဆုံးခေါင်းလောင်းနောက်တလုံးသည်လည်းမော်စကိုမြို့မှာပင်ရှိ၍အလေးချိန်၁၂၈ တန်ရှိသည် ဟု မှတ်သားရပါသည်။
http://www.russianbells.com/interest/biggest.htmlမှာလည်း လေ့လာနိုင်ပါသည်။
$$$$$$$$
စတုတ္ထ အကြီးဆုံး = မင်းကွန်းခေါင်းလောင်း
အလေးချိန် = ၉၃ .၅၅ တန်၊
နေရာ - မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းတိုင်း၊
မင်းကွန်းခေါင်းလောင်းတော်ကြီး
မြန်မာနိုင်ငံတွင်လက်ရှိအကြီးဆုံးခေါင်းလောင်းမှာမင်းကွန်းခေါင်းလောင်းကြီးဖြစ်သည်။ယင်းခေါင်းလောင်းကို
ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။ခေါင်းလောင်း၏ အတိုင်းအတာကိုလည်း အ၀အချင်း ၃၁တောင် ၄သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင်၁မိုက် ၄သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃တောင် ၁မိုက် ၄သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟု ဖော်ပြခဲ့သည်။တန် ၈၀ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏ အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။
ပဉ္စမ အကြီးဆုံး = Chion-in ချီယွန်အင် ခေါင်းလောင်း၊
အလေးချိန် = ၆၇ တန်၊
နေရာ = ကျိုတိုမြို့၊ ဂျပန်နိုင်ငံ၊
ကျိုတိုမြို့ ချီယွန်အင် ( Known for its massive gate, Chion-in is the head temple of Pure Land Buddhism )ကျောင်းတော်တွင်တည်ရှိသော ခေါင်းလောင်းကြီးမှာ ( ၁၆ ၃၃ ) ခုနှစ်တွင်သွင်းလုပ်၍ ( ၆၇ ) တန် အလေးချိန်ရှိ၏။ဂျပန်တွင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၄င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါးလိုအပ်မည်ဖြစ်သည်။http://www.sacred-destinations.com/japan/kyoto-chionin.htmမှာလည်း လေ့လာနိင်ပါသည်။
ဆဋ္ဌမ အကြီးဆုံး = Yongle ရွန်ဂဲလ် ခေါင်းလောင်း၊
အလေးချိန် = ၄၅ တန်၊
နေရာ = ဘေဂျင်းမြို့၊ တရုတ်နိုင်ငံ၊
တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း ( ၆၀၀ ) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။ယခုအခါ ဘေဂျင်းမြို့သိုပြောင်းရွှေ့ထားသည်ဟု သိရသည်။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ ( ၄၅ ) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (၀.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင်မျက်နှာစာအပြည့်ကို တရုတ်အက္ခရာ ( ၂၂၇, ၀၀၀ ) ဖြင့် ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို ထွင်းထူပူဇော်ထားသည် ဟု သိရပါသည်။http://www.chinatour.com/attraction/big_bell_temple.htmမှာလည်း လေ့လာနိုင်ပါသည်။